Subscribe to our RSS Feed

သစ်ခိုးထုတ်မှုဆိုးရွားနေ၍ စစ်တပ်အကူအညီဖြင့် ဖမ်းဆီးရန်စီစဉ်

From : ..7 day


ရန်ကုန်-ရှမ်းပြည်နယ်တွင် တရားမ၀င် သစ်မှောင်ခိုထုတ်ယူပြီး တရုတ်နိုင်ငံဘက်သို့ ရောင်းချနေမှုများ ဆိုးရွားစွာဖြစ်ပေါ်နေလျက်ရှိရာ တားဆီးနိုင်ရေးအတွက် စစ်တပ်အကူအညီ တောင်းထားကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ သစ်တောနှင့် သတ္ထုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

သစ်မှောင်ခိုထုတ်ယူမှု များပြားနေသလို တားဆီးရန်ကြိုးစားသည့် သစ်တောဝန်ထမ်းအချို့ကိုပင် ရန်ပြုခံရခြင်းကြောင့် ပြည်နယ်အစိုးရအနေဖြင့် တောတွင်းသို့ သွားရောက်တားဆီးရန် မလွယ်ကူကြောင်း၊ သစ်မှောင်ခိုထုတ်သူများကို ဖမ်းဆီးနိုင်ရန်အတွက် စစ်တပ်မှ အကူအညီပေးရန် စာရေးသား အကူအညီတောင်းထားခြင်းဖြစ်ကြောင်း ၀န်ကြီး ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

ရှမ်းပြည်နယ်မှ သစ်ခိုးထုတ်မှု များပြားနေပြီး အထူးသဖြင့် နယ်မြေတည်ငြိမ်မှုမရှိသည့် ဒေသများမှ ခိုးထုတ်ကာ တရုတ်နိုင်ငံသို့ ရောင်းစားနေခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများဖြစ်သည့် မဘိန်းနှင့် မိုးမိတ်ဒေသများတွင် သစ်မှောင်ခိုထုတ်ယူခြင်းများ ပြုလုပ်လျက်ရှိကြောင်း ၀န်ကြီးက ပြောသည်။

“နမ့်ခမ်းတစ်ဝိုက်မှာ၊ ရွေလီကူးတို့ဆိပ်တစ်ဝိုက်မှာ တောက်လျှောက်ပေါ့။ တပ်ကို စာပို့ထားပြီး အကူအညီတောင်းထားတယ်။ စစ်တပ်နဲ့ ပိတ်ဆို့ဖမ်းဆီးဖို့ စီစဉ်ထားတယ်” ဟု ၀န်ကြီးက ပြောသည်။သစ်ခိုးထုတ်မှုများပြားသည်ဆိုသည့် မဘိန်းနှင့် မိုးမိတ်ဒေသများသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ရှိပြီး ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့နှင့် ဆက်စပ်ဒေသများဖြစ်သည်။ ၎င်း ဒေသတွင် ကချင်နှင့်ရှမ်း လက်နက်ကိုင်အဖွဲ့များရှိသည်။

မဘိန်းနှင့် မိုးမိတ်ဒေသမှ သစ်များထုတ်ယူပြီး တရုတ်နိုင်ငံဘက်သို့သာမက ရေလမ်း၊ ကားလမ်းများမှတစ်ဆင့် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးသို့တိုင် တရားမ၀င်သယ်ဆောင်မှုများရှိသည်ဟု ၎င်းဒေသသို့ လိုင်းကား မောင်းနှင်သွားလာလေ့ရှိသည့် ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

သစ်မှောင်ခိုထုတ်ယူမှုများ တားဆီးရန်ကြိုးစားခဲ့ရာမှ ပြန်လည်ရန်ပြုခံရသဖြင့် သစ်တောဝန်ထမ်းတစ်ဦး သေဆုံးခဲ့သလို လွန်ခဲ့သောလပိုင်းက အခြားဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည်နယ် သစ်တောနှင့် သတ္ထုဝန်ကြီးက ပြောသည်။

ရှမ်းပြည်နယ်မှ ဖြတ်သန်းကာ သစ်နှင့် သစ်တောထွက်ပစ္စည်း၊ ကျောက်မျက်ရတနာနှင့် ရှေးဟောင်းပစ္စည်းများ တရုတ်နိုင်ငံဘက်သို့ တရားမ၀င်တင်ပို့မှု များပြားနေကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်က ပြောသည်။ ထိုသို့ တရားမ၀င်တင်ပို့နေမှုများအား စစ်ဆေးဖော်ထုတ်အရေးယူရန် လိုအပ်နေပြီဖြစ်ကြောင်း ပြီးခဲ့သည့်ဇွန်လက နောင်ချိုမြို့တွင် ပြုလုပ်သည့် တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ရွေ့လျားစစ်ဆေးရေးအဖွဲ့ လွှဲပြောင်းပွဲ၌ ပြောကြားခဲ့သည်။

အစိုးရအဖွဲ့သစ် တာဝန်ယူပြီးသည့်နောက်ပိုင်းတွင် တရားမ၀င်ခိုးထုတ်နေသော သစ်များမှာ တစ်နှစ်လျှင် တန်ချိန်လေးထောင်ခန့် နှစ်စဉ်ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။

ရှမ်းပြည်နယ်အကျယ် ၀န်း၏ ၅၁ ဒသမ ၈ ရာခိုင်နှုန်းမှာ သစ်တောဖုံးလွှမ်းမှုဧရိယာဖြစ်ပြီး ပြည်နယ်အကျယ်အ၀န်း၏ ၂၂ ဒသမ ၈ ရာခိုင်နှုန်းကို ကြိုးဝိုင်းသစ်တောများအဖြစ် သတ်မှတ်ထားကာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရှမ်းပြည်နယ်မှ ကျွန်းသစ်နှင့်သစ်မာ စုစုပေါင်း တန်ချိန် သုံးသိန်းကျော် ထုတ်ယူခဲ့ကြောင်း ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

တရားမ၀င် သစ်ခိုးထုတ်ခြင်းနှင့် သစ်များခုတ်လှဲကာ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့မှုများကြောင့် မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များက ပြောသည်။


 .. www.MyanmarExpress.net
 

4 comments:

အံ့ သြ စ ရာ

နိုင် ငံ ရေး သ မား က လဲ မြန် မာ အ စိုး ရ ကို ဘဲ အ တိုက် အ ခံ လုပ် ဆန္ဒေပြ ထ အေါ် တ ကယ် မီူး ချစ် စိတ် ရှိ ရင် က ချင် သူ ပုန် နယ် ဝ သူ ပုန် နယ် က ရင် သူ ပုန် နယ် ရှမ်း သူ ပုန် နယ် မှာ သစ် ခိုး တာ ဘိန်း လုပ် တာ ငွေ တု လုပ် တာ သတ္ထု ခိုး တူး တာ နိုင် ငံ တော် အ လံ မ ရှိ တာ တရုတ် တွေ ဝင် နေ တာ နယ် မြေ သီး ခြား ဖြစ် နေ တာ မြန် မာ စာ မြန် မာ စာ သင် ကျောင်း ရုးံ မ ရှိ တာ တံ တား တွေ ဖျက် ဆီး တာ ဒါ ကို ကြ တော့ ဘာ ဖြစ် လို့ ဆန္ဒ မ ပြ ကြ တာ လဲ တ ရုတ် ကျွန် ဝ ဆို ရင် အ ဆိုး ဆုးံ ဘဲ တ ရုတ် ရဲ့ နယ် ချဲ့ မူ ပ ရိယယ် အောက် ရောက် နေ ပြီ ဒါ တွေ ကို သိ ပါ သ လား နိုင် ငံ ရေး သ မား များ ခင် ဗျား မြန် မာ နိုင် အ ခြေ အ နေ ဟာ တ ရုတ် ရဲ့ နယ် ချဲ့ မူ ဗူ ဟာ အောက် ရောက် ပါ ပြီ

ပထမ ကမ္ဘာ စစ် လို ဒု တိ ယ ကမ္ဘာ စစ် လို စစ် လက် နက် နဲ့ ကူး ကျော် နေ မှာ မ ဟုတ် ဘူး လူ သား မီူး နွယ် နယ် ချဲ့ မူ နယ် စပ် သူ ပုန် ကို မြှောက် ပင့် ပေး ပြိး နယ် မြေ ချဲ့ ထွင် ပြိး တ ရုတ် လူ မီူး တွေ ဝင် နေ ပြိး နောင် တ ချိန် ပြည် နယ် တောင်း ကိုယ် ပိုင် အုပ် ခူပ် မူ တောင်းး နောက် ဆုးံ နိုင် ငံ ထောင် မယ် တချိန် ချိန် ရင် လေး စရာ တိုင်း ပြည် ပြို ကွဲ သွား မယ့် အ ခြေ အ နေ ပါ

ဒါ တွေ ကို နိုင် ရေး သ မား တွေ သိ ပါ သ လား နိုင် ငံ တော် အ စိုး ရ ကို ဘဲ ဂန့် ဖဲ့ လုပ် နေ ကြ တော့ မှာ လား
နံမည် ကြိး ချင် တာ လား တိုင်း ပြည် ကို ချစ် တာ လား စဉ်း စား ကြည့် ကြ ပါ အ ရေး ကြိး တဲ့ အ ချိန် ရောက် နေ ပါ ပြိ

ကြောက် စ ရာ အ ကောင်း ရန် သူ ဟာ တ ရုတ် ကြိး ပါ
မြန် မာ နိုင် ငံ ကို နယ် မြေ ဖဲ့ ယူ မယ့် သူ တ ရုတ် ကြိး ပါ ဗူဟာ ကျ ကျ လုပ် နေ ပြိ ဒါ တွေ ကို ကျ နော် လို အ ည သ ရ လူ တောင် ပြေး မြင် တယ် နိုင် ငံ တော် အ ကြိး အ ကဲ တွေ နိုင် ငံ ရေး သ မား တွေ မ သိ ကြ တာ လား အ ရေး ကြိး ဆုးံ အ ရာ ကို လုပ် ခြင်း ဖြစ် ပြည် သူ ကို ချစ် ကြ ပါ ကယ် ကြ ပါ တိုင်း ပြည် ကို ကယ် ကြ ပါ

ပခက တာ တီး

please quick action to them

သေ ချာ လည်း လုပ် ကြ ပါ အုန်း ။ စစ် တပ် က လည်း သစ် နဲ့ ဘဲ ချမ်း သာ နေ ကြ တာ နော် ။တရုပ် နယ် စပ် ဂိတ် ထိုင် တဲ့ တပ် နဲ့ ရဲ မ ပါ ဘဲ ဘာ မှ လုပ် လို့ မ ရ ဘူး နော်။စုံ စမ်း ကြည့် ကြ ပါ။

အဲ ဒါ ပြော တာ မင်း ဘယ် မှ မ ရောက် ဘူး ဘူး ဆို တာ ပေါ်လွန် နေ ပြိ ကချင် သူ ပုန် နယ် ဝသူ ပုန် နယ် ကို စစ် တပ် ရဲ ဗမာ အ ရပ် သားဝင် လို့ မ ရဘူး င တုးံ ရဲ့ မင်း သွား ကြည့် ပါ လား သီး ခြား နိုင် ငံ လေး ဖြစ် နေ ပြိ နယ် စပ် က ပိတ် ထိုင် နေ တာ က ဝ က ချင် သူ ပုန် တွေကွ လေ့ လာ ပါ အုန်း ကွာ




ပခက တာ တီး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်