Subscribe to our RSS Feed

ဒဂုန်တာရာ အတွက် သမ္မတကြီး ဦးသိန်းစိန် ဝမ်းနည်း

From : ..မြဝန်းရံ


ရန်ကုန်၊ သြဂုတ် ၂၁ - ငြိမ်း ချမ်းရေး စာရေးဆရာကြီး ဒဂုန် တာရာ၏ မိသားစုထံ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပုဂ္ဂိုလ်ရေး ဝမ်းနည်းကြောင်းသဝဏ်လွှာ တစ်စောင်နှင့် ဆရာကြီး၏ဈာ ပနအတွက် ကူငွေ ကျပ်နှစ်သိန်း ကို သက်ဆိုင် ရာ ဒေသအာဏာ ပိုင်များမှတစ်ဆင့် ယနေ့ ညနေ ပိုင်းကပေးပို့ခဲ့ကြောင်း မိသားစု ဝင်တစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ပြောကြားသည်။

''အခုလေး တင်ပဲ စာအိတ် ဖွင့်ကြည့်လိုက်ပါတယ်။ သမ္မတ ကြီးထံက ဝမ်းနည်းကြောင်းသဝဏ် လွှာနဲ့ နာရေးကူငွေကျပ် နှစ်သိန်း ရယ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ရဲ့ နာရေးကူညီငွေ ကျပ် တစ်သိန်း ရယ်ကို လက်ခံရရှိပါတယ်''ဟု အ ဆိုပါ မိသားစု ဝင်ကပြောသည်။

ယနေ့ မွန်းလွဲ ၂ နာရီတွင် ဆရာကြီးဒဂုန်တာရာအား အောင် ပန်းမြို့ မင်းဂူသုသာန်တွင် မီး သင်္ဂြိုဟ်ခဲ့သည်။ ဈာပနအခမ်း အနားသို့ ကျော်ကြားသော နိုင်ငံ ရေးသမားများ၊ စာပေအနုပညာ ရှင်များနှင့် ဆရာကြီးကို ချစ်ခင် သော ပြည်သူများက လိုက်လံ ပို့ ဆောင်ခဲ့ကြောင်းသိရသည်။


 .. www.MyanmarExpress.net
 

2 comments:

ဟာ
ဖိုတိုက ဆရာကြီးဒဂုန်တာယာ၇ဲ့အခေါင်းပေါ်
ခွပ်ဒေါင်းအလံကြီး လွှမ်းထားတာလား။
ဘာကောင်တွေတုန်းဟ
ဒီခွပ်ဒေါင်းကောင်တွေက တော်တော်ထင်ပေါ်ချင်တာ
လုပ်စားချင်တာ များနေပြီနော်။
ဆရာကြီးက မင်းတို့တစ်ပါတီထဲ ဆိုင်တာမဟုတ်ဘူးကွ။
မင်းတို့ စောက်မြင်ကတ်အောင်လည်း သိပ်မလုပ်ကြနဲ့နော်။
ဘယ်လိုကောင်စားတွေမှန်းကိုမသိတော့ဘူး။

what this flag on his coffin? what idea?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်