From :
..popular
လွှတ်တော်နှင့် နိုင်ငံတော် သမ္မတ ရုံးတို့ကြား မပြေလည်မှုများ ရှိနေသည်ဟု ပြည်သူလူထု အထင်အမြင်မလွဲစေလို ကြောင်း ပြည်ထောင်စု လွှတ်တော်ဥပဒေ ကြမ်းပူးပေါင်းကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် က ပြောသည်။
ယခုလဆန်းပိုင်းတွင် နိုင်ငံတော် သမ္မတမှ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သော ၂ဝ၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် အဂတိလိုက်စားမှု တိုက်ဖျက် ရေး ဥပဒေ တို့နှင့် ပတ်သက်သော သ ဝဏ်လွှာ နှစ်စောင်ကို နိုင်ငံပိုင် သတင်း စာများတွင် ထည့်သွင်းဖော်ပြခြင်း၊ နိုင်ငံ တော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ် ပြန်ချက်အမှတ် (၁၄/၂ဝ၁၃နှင့် ၁၅/ ၂ဝ၁၃)တို့ဖြင့် ကြေညာ လိုက်ခြင်းသည် ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် များ၏ ဥပဒေပြုရေး ဆောင်ရွက်ချက် များကို ပြည်သူလူထုအနေဖြင့် အထင် အမြင်လွဲမှားမှုများ ဖြစ်စေနိုင်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော် မဲဆန္ဒနယ်မှ ဦးကျော်နိုင်ဌေးက ပြည် ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။
ထို့ကြောင့် ဥပဒေပြုခြင်းကိစ္စနှင့် စပ်လျဉ်း၍ ဥပဒေများတွင် အကျုံး မဝင် သော သဝဏ်လွှာများ၊ သတင်းထုတ် ပြန်ချက်များသည် ဥပဒေပြုရေး အပိုင်း နှင့် တရားစီရင်ရေး အပိုင်းအပေါ် လွှမ်းမိုးစွက်ဖက်ရာ ရောက်ေ ကြာင်း၊ နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာပါ အကြောင်းအရာနှင့် သတင်း ထုတ်ပြန် ချက်များသည် ပြည်ထောင်စုလွှတ်တော် အပေါ် အများပြည်သူက အထင်အမြင် လွဲမှားမှုများ၊ နားလည်မှု၊ လွဲမှားမှုများ ဖြစ်ပေါ် စေနိုင် သည့်အပြင် ပြည် ထောင်စုလွှတ်တော်၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်ေ စနိုင်ကြောင်း ကိစ္စသည် ပြည် ထောင်စုလွှတ်တော်နှင့် နိုင်ငံတော် သမ္မတရုံးတို့အကြား ဆက်သွယ်ဆက်ဆံ ရေး မပြေလည်မှု များ ဖြစ်နေ သကဲ့သို့ ထုတ်ဖော်ရာ ရောက်ကြောင်း ဥပဒေ ကြမ်းပူးပေါင်းကော်မတီ ဥက္ကဋ္ဌက ပြည် ထောင်စုလွှတ်တော်တွင် တင်ပြအစီရင် ခံခဲ့သည်။
''ဒီအတွက် ပြည်သူတွေအတွက် ထိခိုက်မှု မရှိပါဘူး။ ပြည်သူ့ အတွက် ရေရှည်မှာ ရပ်တည်နေထိုင်မှု ကောင်း အောင် ကြိုးစားပြီး လုပ်နေတဲ့ ဥပဒေပြု ရေးတွေချည်းပါပဲ''ဟု ဦးတီခွန်မြတ်က ထပ်ေ လာင်းပြောသည်။
လွှတ်တော် ပေါ်ပေါက်လာပြီး နောက်ပိုင်း ၂ဝ၁၂ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်များ နုတ်ထွက် သွား ခြင်းနှင့် အသစ်ပြန်လည် ခန့်အပ်ခြင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ဆိုင်ရာဥပဒေနှင့် တိုင်းဒေသ ကြီး သို့မဟုတ် ပြည် နယ်ဆိုင်ရာ လွှတ် တော် ဥပဒေတို့နှင့်ပတ်သက်သော ကိစ္စ အချို့ကြောင့် ပြည်ထောင်စုလွှတ်တော် နှင့် နိုင်ငံတော်သမ္မတရုံးတို့ အကြား သဘောထားကွဲလွဲမှုများ ရှိနေသည်ဟု အထင်အမြင် လွဲမှားဖွယ်ရာရှိသည်။
''သမ္မတကြီးကတော့ တစ်ယောက် တည်းအနေနဲ့ အားလုံးကို သေေ သ ချာချာကြည့်ဖို့ ခက်လိမ့်မယ်။ ဒါပေမဲ့ ဝန်းရံ ထားတဲ့ သမ္မတ အကြံပေးတွေက မှန်မှန်ကန်ကန် တင်ပြနိုင်ဖို့ လိုတယ်။ ဒါမှ လည်း အထစ်ငေါ့ မရှိ ဖြစ်သွားမှာ ပါ'' ဟု အထက်ပါ ပုဂ္ဂိုလ်က ပေါ်ပြူလာ နယူးစ်ဂျာနယ်သို့ သြဂုတ်လ ၂၆ ရက် တွင် ပြောသည်။
လတ်တလောတွင် ပြည်ထောင်စု လွှတ်တော်၌ တင်ပြဆွေးနွေးနိုင်ရ န်နှင့် အတည်ပြုနိုင်ရန် တောင်သူလယ်သမား များ ကာကွယ်စောင့်ရှောက်ေ ရး ဥပဒေ ကြမ်း၊ ဆက်သွယ်ရေး ဥပဒေကြမ်းနှင့် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်း တို့ကို အလေးထား လုပ်ဆောင်နေရ ကြောင်း သိရသည်။
''လွှတ်တော်နဲ့ အစိုးရတစ်သံတည်း ထွက်နေရင် တိုင်းပြည်အတွက် လည်း ကောင်းမှာ မဟုတ်ဘူး။ နိုင်ငံတကာမှာ လည်း လွှတ်တော်နဲ့ အစိုးရပိုင်းက အတိုက်အခံဖြစ်နေတဲ့ အချက်တွေ ရှိပါ တယ်။ အတိုက် အခံဖြစ်နေရင် ပိုပြီးတိုး တက်မှု ရှိမယ်လို့ ထင်ပါတယ်''ဟု ပြည် သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက သုံး သပ်သည်။
.. www.MyanmarExpress.net

8 comments:
တော်ပါတော့ ဦးသိန်းစိန် အစက တကယ်လေးစားခဲ့ဒါ နောက်တော့ နောက်လိုက်တွေ အလွဲသုံးစားကောင်တွေကို ဘယ်လိုမှ မထိန်းနိုင်တဲ့ လူညံ့ကြီး ဖြစ်ရော ပြုပြင်ပြောင်းလဲရေး တကယ်လုပ်ချင်ရင် ခင်ဗျား တပည့်တွေကို အရင် အရေးယူဦး စည်ပင်တွေ အရမ်းလွတ် အရမ်းချမ်းသာ ကုန်ပြီ ပညာရေးက စစ်နားတွေလည်း ကြည့်လုပ်ဦး လယ်သမားတွေ ခင်ဗျားလက်ထက်မှာ ကိုလိုနီခေတ်ထက် ဆိုးကုန်ပြီ ခင်ဗျားတော့ နာမည်ပျက်နေပြီ
မင်းကဘယ်လောက်နားလည်လို့ နိုင်ငံတော်သမ္မတကြီးကိုဝေဖန်နေရတာလဲ မင်းကိုမင်းအရင်ဆန်းစစ်ကြည့်လိုက်ဦး ဘယ်အဆင့်ရှိလဲဘယ်လိုရပ်တည်နေရလဲဘယ်လောက်အောင်မြင်လဲဆိုတာတွေ
မင်းကဘယ်လောက်နားလည်လို့ နိုင်ငံတော်သမ္မတကြီးကိုဝေဖန်နေရတာလဲ မင်းကိုမင်းအရင်ဆန်းစစ်ကြည့်လိုက်ဦး ဘယ်အဆင့်ရှိလဲဘယ်လောက်အောင်မြင်လဲဘယ်လိုရပ်တည်နေရလဲဆိုတာတွေ
နှင်းမောင်ကအာချောင်ပြန်ပြီစန္ဒာမင်းစောက်ချေးယက်နေတဲ့ကောင်ကများ
သမ္မတကြီးကိုဟောင်ရတယ်လို့ ထောင်လိုးလို့ပေါင်ကျိုးနေဦးမယ်
စည်ပင်က အနိမ့်ဆုံး စာရေးတောင် တိုက်၂လုံး ၊ကား၃စီး၊ မိန်းမ ၂ယောက် ရှိနေမှတော့၊လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးအဖွဲ့ ညာတုပ်နေပြီတူတယ်။ လ၃၀ အလို အာဏာမစွန့်ခင်မှာ အစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုကို ပြင်း၂ထန်၂စစ်ရမယ်။အရမ်းဝါးထားရင် သေဒဏ်ပေးရမယ်။ ပြည်သူကဆင်းရဲမွဲတေလှပြီ။
အဘနှင်းမောင်----
သမ္မတကြီးကိုများခင်ဗျားလေးဘာလေးနဲ့ဘယ်အဆင့်ကလဲ
ကိုယ့်ထက်သာမနာလိုပေါ့
အများတကာတွေနေ့မအားညမနားအလုပ်လုပ်နေတာမြင်ရဲ့ လား
သူများမကောင်းကြောင်းကိုယ်ကောင်းကြောင်းထိုင်ပြီးပြောမနေပါနဲ့
မကြေနပ်ရင်ဝင်မမန့်နဲ့တိုင်လို့ရတယ်။
-------
မောင်နှင်းမောင်ရေ ဒီကနေပြန်ပြောလိုက်မယ် သန်း၆၀ အားလုံးကို တယောက်ချင်းလိုက်ကြည့်မနေနဲ့နိင်ဘူးကွ မင်းတို့လည်းပြည်သူတယောက်အနေနဲ့ ပြည်သူတာဝန်ရှိတယ် အာကြယ်တာထက် မမှန်တာလုပ်တဲ့အကောင်ကို ဓာတ်ပုံရိုက် ဝါးထာတာတွေစာရင်းလုပ်သက်ဆိုင်ရာတင် သက်ဆိုင်ရာက စီစဉ်လိမ့်မယ် နောက်ဆုံးသူတို့တွေမနိင်မှ ငါတို့အစိုးရအဖွဲ့ ဆုံးဖြတ်မည်
ငါတို့ တာဝန်ယူထားသူတွေ တိုင်းပြည်အတွက်အလုပ်လုပ်တာ နေ့တိုင်း အိပ်ချိန် ၈နာရီတောင်မရှိဘူး
ပုံသမ္မတကိုကြည်ညို၍ ကိုယ်စားခွင့်မတောင်းဘဲပြောမိသည်
စားထားတာ လူမိလို့ ကြောက်မနေပါနဲ့ အဘရယ်။ အရေးယူခံရတဲ့ အချိန်တွေ ရောက်တော့မှာပါ။ လာဘ်စားမှု၊ြ၊ ပည်သူ့ငွေ ဘုန်းမှု စုံလို့ပါပဲ။ စတီး လက်ကောက်တွေ ဝတ်ရချိန် နီးပါပြီ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်