Subscribe to our RSS Feed

တစ်နှစ်တာ ဝင်ငွေအကောင်းဆုံး အားကစားမယ်စာရင်းတွင် ရှာပိုဗာ ဦးဆောင်

From : ..planet


ရုရှား တင်းနစ်မယ်သည် အားကစား ကဏ္ဍမှ ရရှိသော ဝင်ငွေ နည်းပါးခဲ့သည့်တိုင် ကြော်ငြာနှင့် စပွန်ဆာ ဝင်ငွေများစွာ ပိုင်ဆိုင်ခြင်းကြောင့် ဒေါ်လာ (၂၉)သန်းဖြင့် Forbes၏ ဝင်ငွေအကောင်းဆုံး အားကစားမယ် စာရင်းတွင် ပထမ နေရာအား ပြိုင်ဘက်မရှိ ရယူလိုက်ခြင်းဖြစ်

တစ်နှစ်တာ ဝင်ငွေအကောင်းဆုံး အားကစားမယ်စာရင်းတွင် ရှာပိုဗာ ဦးဆောင်
ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ဝင်ငွေအကောင်းဆုံး အားကစားမယ်များ စာရင်းတွင် မာရီယာ ရှရာပိုဗာက ထိပ်ဆုံးနေရာမှ ရပ်တည်နေကြောင်း သိရှိရသည်။ ရုရှား တင်းနစ်မယ်သည် အားကစား ကဏ္ဍမှ ရရှိသော ဝင်ငွေ နည်းပါးခဲ့သည့်တိုင် ကြော်ငြာနှင့် စပွန်ဆာ ဝင်ငွေများစွာ ပိုင်ဆိုင်ခြင်းကြောင့် ဒေါ်လာ (၂၉)သန်းဖြင့် Forbes၏ ဝင်ငွေအကောင်းဆုံး အားကစားမယ် စာရင်းတွင် ပထမ နေရာအား ပြိုင်ဘက်မရှိ ရယူလိုက်ခြင်း ဖြစ်သည်။ အင်္ဂါနေ့က ထုတ်ပြန်သော Forbes၏ စာရင်းသည် (၂၀၁၂)ခုနှစ်၊ ဇွန်လမှ (၂၀၁၃)ခုနှစ် ဇွန်လအတွင်း စုစုပေါင်း ဝင်ငွေများကို တွက်ချက်ခြင်း ဖြစ်သည်။



ရှရာပိုဗာသည် အဆိုပါ ကာလအပိုင်းအခြားအတွင်း ဒေါ်လာ (၂၉)သန်း ဝင်ငွေ ရရှိခဲ့သည်။ သူမသည် Sugarpova အမည်ဖြင့် သကြားလုံး ထုတ်လုပ်သည့် လုပ်ငန်းကို ပိုင်ဆိုင်ထားပြီး Nike၊ Head၊ Samsung၊ Tag Heuer၊ Evianတို့အပြင် မကြာသေးမီက Porsche မော်တော်ကား ကုမ္ပဏီနှင့်ပါ စပွန်ဆာ စာချုပ်များ ချုပ်ဆိုထားခဲ့သည်။ မော်ဒယ်လ်တစ်ဦး အဖြစ်ပါ အောင်မြင်နေသည့် အသက်(၂၆)နှစ်အရွယ် ရှရာပိုဗာသည် ဝင်ငွေစုစုပေါင်းအနက် ဒေါ်လာ (၂၃)သန်းမျှကို ကြော်ငြာနှင့် အခြားသော စီးပွားရေး လုပ်ငန်းများအတွက် ရရှိခဲ့ခြင်း ဖြစ်သည်။



သူမသည် တင်းနစ် အားကစားအတွက် ဆုကြေး ဒေါ်လာ (၆)သန်းမျှသာ ပိုင်ဆိုင်ခဲ့သည်။ ဒုတိယ နေရာတွင်မူ အခြားတင်းနစ်မယ် တစ်ဦးပင်ဖြစ်သော အမေရိကန်သူ ဆရီနာဝီလျံက ဒေါ်လာ (၂၀.၅)သန်းဖြင့် ရပ်တည်နေသည်။ Forbes၏ အဆိုအရ အမျိုးသားနှင့် အမျိုးသမီး အားကစား မောင်မယ်များကြား ဝင်ငွေ ကွာဟချက်မှာ သိသိသာသာ ကြီးမားနေဆဲဟု သိရသည်။ အမျိုးသားများအနက် ဝင်ငွေအကောင်းဆုံး အားကစားသမားဖြစ်သည့် ဂေါက်သီးချန်ပီယံ တိုက်ဂါးဝုဒ်သည် တစ်နှစ်အတွင်း ဒေါ်လာ (၇၈)သန်း ဝင်ငွေရရှိနိုင်ခဲ့သည်။ ယခုနှစ် Forbes မဂ္ဂဇင်း၏ ဝင်ငွေအကောင်းဆုံး အမျိုးသမီး အားကစားမယ် ထိပ်ဆုံး(၁၀) ဦးစာရင်းတွင် ထိပ်ဆုံး(၄)နေရာကို တင်းနစ်လောကမှချည်း သိမ်းပိုက်ခဲ့ပြီး ရှရာပိုဗာနှင့် ဝီလျံတို့အပြင် တရုတ်နိုင်ငံမှ လီနာက ဒေါ်လာ (၁၈.၂)သန်းဖြင့် တတိယ၊ ဘီလားရုစ်မှ ဗစ်တိုးရီးယား အဇာရန်ကာက ဒေါ်လာ (၁၅.၇)သန်းဖြင့် စတုတ္ထ နေရာများ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။
o 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်