Subscribe to our RSS Feed

လူမသိတဲ့ (၃) နာရီ



ဇူလိုင်လ ၂၉ ရက်နေ့ကလူမသိတဲ့ (၃) နာရီအကြာအဖြစ်ပျက်လေးတစ်ခုပါ။ ယခုနှစ်မိုးရာသီမှာ ဇာတိမြေအပြန်မှာ ထူးထူးခြားခြားမိုးများတာကြောင့် မကြုံစဖူးရေကြီးမှုနဲ့ ကြုံခဲ့ရပါတယ်။ဘီးလင်းမြို့ အပါအဝင် မွန်ပြည်နယ်တစ်ခုလုံးနဲ့ ကရင်ပြည်နယ်တွေမှာစိုးရိမ်ရေမှတ်ဆိုပြီးပြောနေတာတွေ ရှိပေမယ့် စိုးရိမ်ရေမှတ်ဆိုတာဘယ်အမှတ်လဲဆိုတာတော့ ကိုယ်တွေ့ မကြုံရသေးတော့ မသိသေးပါဘူး။ မြန်မာနဲ့ ထိုင်းကြားကအရှည် ဆုံးတံတားကျိုးတယ်ဆိုတဲ့ သတင်းကြောင့် အပြန်လမ်းမှာ တံတားဖြတ်တိုင်း ရင်တထင့်ထင့်နဲ့ပါပဲ။ 

စစ်တောင်းတံတားပေါ် အရောက်မှာ စစ်တောင်းမြစ်ကိုမြင်ရချိန်မှာသွေးပျက်စ ပြုလာပါတယ်။ စစ်တောင်းမြစ်ရေကနောက်ကျိနေပြီးအပျက်အစီးတွေ မြစ်ထဲမှာမျောနေပါတယ်။ ကားဆရာကလည်းမိုးသည်းလွန်းတာကြောင့် ဖြည်းဖြည်းလေးပဲမောင်းနေတော့ မြန်မြန်ရောက်ချင်တဲ့လူအတွက် ပိုပြီးအချိန်ကြာနေခဲ့ပါတယ်။ သိမ်ဇရပ် ရောက်ချိန် တံတားသစ်က ဖြတ်တော့ လည်း မြင်ကွင်းတွေက စိုးရိမ်စရာတွေချည်း ပါပဲကျိုက်ထိုကိုကျော်လာပြီးမှာ ကားလမ်းတွေကပိုဆိုးလာပါတယ်။ လမ်းတွေမှာရေကျော်တာကြောင့် စက်ပယာက အမြဲလိုလိုကားပေါ်နဲ့ ကားအောက် ပြေးဆင်း လိုက် ပြေးတက်လိုက်နဲ့ ကားဆရာကို ဆရာပြန်လုပ်နေခဲ့ရပါတယ်။ 

မိုင်တိုင် ၁၂၇ အကျော်မှာ ဘီးလင်းချောင်းရေတွေကကားလမ်းအပေါ် အတော်လေးကျော်နေတာကို စပြီးတွေ့ရပါတယ်။ ရှေ့မှာကားတွေ တန်းစီနေလို့ ဖြည်းဖြည်းချင်းမောင်းပြီး ကျွန်တော်တို့ကားလည်း တန်းစီလိုက်ရပါတယ်။ တံတားကြောင့်လား၊ လမ်းကြောင့်လားဆိုတာကားပေါ်ကလူတွေ တီးတိုးငြီးသံတချို့ ကြားရပါတယ်။ ဒီနေရာကလမ်းကရေကျော်နေကြဆိုတာသိပေမယ့် ဘယ်လောက်ထိကျော်နေလဲဆိုတာ မခန့်မှန်းနိုင်သေးပါဘူး။ မိုးရွာနေလို့ အောက်မဆင်းနိုင်ပေမယ့် ကားပြတင်းကရှေ့ကိုလှမ်းကြည့်တော့ မျက်စိတဆုံးကကားတန်းကြီးပါပဲ။ စိတ်ကိုလျှော့ကာဆိုဖာပေါ်မှီပြီး ပြန်ထိုက်လိုက်ပါတယ်။ တဖြည်းဖြည်းနဲ့ ကားရွေ့သွားချိန်မှာတော့ လုံးဝမျှော်လင့်မထားတဲ့ မြင်ကွင်း တစ်ခုကို မြင်လိုက်ရပြီး ကျက်သိန်းမွေးညင်းများက ထ မိပါတယ်။ တကိုယ်လုံးစိုရွှဲနေတဲ့ စစ်သားလေးတွေက မိုးရွာထဲမှာရပ်ပြီးကားတွေကိုလမ်းပြပေးနေကြတာပါ။ 

စစ်သားလေးတွေ တော်တော်များပါတယ်။ တချို့က မိုးကာလေးတွေ မလုံ့တလုံဝတ်ထားပေမယ့် တကိုယ်လုံးကတော့ ရွှဲရွှဲစိုနေပါတယ်။ ရေကြောင့် လမ်းတလမ်းလုံးဘာမှမမြင်ရပါဘူး။ စစ်သားလေးတွေ က လမ်းဘေးတဖက်တချက်မှာရပ်ပြီးလမ်းမမြင်ပဲဆက်မောင်းသွားရင် ကားချောက်ထဲကိုကျသွားမည်ဖြစ်လို့ လမ်းကို ပြပေးထားပါတယ်။ စစ်သားလေးတွေ လမ်းမပြရင်လည်းကားတွေ တစ်စီးပြီးတစ်စီးဘေး ကမြောင်းထဲကိုထိုးကျတာနဲ့ လမ်းတစ်လမ်းလုံး ပိတ်နေလောက်ပါပြီ။ မိုးရွာထဲကမိုးရေထဲမှာ လမ်းနှုတ်ခမ်းတွေ ကိုနင်းပြီးရပ်နေတဲ့ ရေထဲကစစ်သားလေးတွေရဲ့ ကြားထဲမှာကားတွေက တစ်စီးပြီးတစ်စီးမောင်းနေပါတယ်။


တချို့ကားတွေ ရှေ့ဆက်မရုန်းနိုင်ချိန်မှာစစ်သားလေးတွေကဝိုင်းတွန်းကြပြန်ပါတယ်။ ကားကပုံမှန်ချိန်ထက် ပိုကြာနေတာကြောင့် ဗိုက်ဆာတာနဲ့ ပါလာတဲ့ ပေါင်မုန့် တစ်လုံးကိုကိုက်ရင်းမှန် ကနေအပြင်ကိုငေးကြည့်တော့ မျက်လုံးပေါ်မှ မိုးရေစက်များကိုသုတ်ပြီးမော့ကြည့်နေတဲ့ စစ်သားလေးတစ်ယောက်ကို မြင်တော့ စိတ်ထဲမှာခံစားမှုတစ်မျိုးရလိုက်ပါတယ်။ နေ့လည် တစ်နာရီထိုးနေပါပြီ။ စစ်သားလေးတွေကြည့်ရတာ ဘာမှစားရသေးဟန်မတူ။ စိတ်မကောင်း လည်းဖြစ်မိသလို မိုးလုံကားထဲက စိုဖာပေါ်မှာ ထိုင်ပြီးပေါင်မုန့်စားပြမိတဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီးရှက်မိပါတယ်။ 

မိုးနဲနဲစဲတာနဲ့ မှန်တံခါးကိုဖွင့်ပြီးဓာတ်ပုံရိုက်လိုက်ပါတယ်။ စစ်သားလေးတွေ ကတော့ ပတ်ဝန်းကျင်ကိုသိပ်ပြီးစိတ်ဝင်စားဟန် မရှိ။ အထက်ကခိုင်း၍လုပ်ရသည်လား၊ တာဝန်အရကြောင့် လားမသိရပေမယ့် ကားတစ်စီးပြီးတစ်စီးရဲ့ ဘီးတွေကိုသေချာ စူးစိုက်ပြီးကြည့်နေကြပြီး တစ်စီးရပ်သွားတာနှင့် ဝိုင်းတွန်းကြသည်၊ ရေထဲကတက်သွားမှ စိတ်ချသွားသည့် ဟန်ဖြင့် နောက်တစ်စီးကိုဆက်ပြီးအာယုံစိုက်နေကြသည်။ရေထဲကနေလမ်းပေါ် ကားရောက် လာတော့မှာ မြင်ကွင်း တစ်ဆုံးကရေပြင်ကြီးဖြစ်နေမှန်း သတိထားမိပါတယ်။ ဘီးလင်းမြို့လမ်းအားလုံး နီးပါးကတော့ ရေကခါးတစ်ဝက်ကျော် အထိကိုတက်လာပြီးအိမ်တွေလည်းမြုပ်၊ ကားတွေ လည်းရေမျောကုန်ပါတယ်။ 

ကားကတော့ တရွေ့ရွေ့နဲ့ ဆက်ပြီးမောင်းနေဆဲ ဖြစ်သလိုမိုးကလည်း သဲနေဆဲပါပဲ။ ချမ်းလာတာကြောင့် အကျီအိပ်ထဲကို လက်နှိုက်လိုက်တော့ စားလက်စပေါင်မုန့်ကို စမ်းမိချိန်မှာ ခုနက မြင်ကွင်းကို ပြန်မြင်မိပြန်ပါတယ်။ ဘယ်တော့မှမေ့လို့မရတဲ့ မြင်ကွင်းတစ်ခုပါပဲ။ ၃ နာရီလောက် မြင်ခဲ့ရပေမယ့် နောင် နှစ် ၃၀ ကျော်ထိတိုင် မေ့နိုင်မယ်မထင်ပါ။ နောက်တနေ့ သတင်းထဲမှာ ထိုင်းနိုင်ငံက ဆည်ဖောက်ချလို့ သောင်ရင်းမြစ်ရေကြီးတာကို ထိုင်းနိုင်ငံကထောက်ပံ့တယ် ဆိုပြီးဝတ်စုံအပြည့်ဝတ်ထားတဲ့ ကယ်ဆယ်ရေးသမားတွေကို ဂျာနယ်တချို့မှာတွေ့ရပါတယ်။ ရန်ကုန်-မော်လမြိုင်လမ်းပေါ် ဘီးလင်းနားကမိုး ကာတစ်ပိုင်းနဲ့ စိုရွှဲနေတဲ့ စစ်သားလေးတွေ ပုံကိုတော့ ဘယ်ဂျာနယ်မှာမှ မတွေ့ရတော့ စိတ်မကောင်းဖြစ်မိတာကြောင့် ရင်နာစရာကောင်းတဲ့ အမေ့ခံပုံရိပ်တစ်ခုအဖြစ် မှတ်တမ်းတင်လိုက်ရပါတယ်။
.
. www.MyanmarExpress.net
 

10 comments:

မှ န် ပါ တယ် ။ တ ကယ် တော့ စ စ် သား လေးေ တွ က. ခို င်း ရာ လု ပ် ။စေ ရာ သွား ။ထား ရား နေ ဘ ၀ လေးေ တွ ပါ ။ သူ တို့ ခ မျာ ရာ ထူး ပို င် ဆို င် မူ့  ဘာ မှ မ ရှိ သ လို ခံ စား ခွင့် ။ ပို င် ဆို င် ခွ င့် လဲ ဘာ မှ မ ရှိ ကြ ပါ ဘူး ။ တ ကယ် တော့ သူ တို့ ဘ ၀ လေးေ တွ က. အ ထက် အ ရာ ရှိေ တွ ရဲ့တောက် တို ဘ ၀ လေးေ တွ ပါ ။ နိ င် ငံ တော် အ စိုး ရ မှ လဲ ထို စ စ် သား လေး တွေ ကို ရာ ထူး မ ရှိ လို့ ဥ ပ စ် ခါ ပြု သ လို ဖြ စ် နေ တာ တွေ ရ ပါ တယ် ။ ထို သူ တို့ ကို နေ ထို င် စား သော က် မူ့  အ စ စ အ ရာ ကို ပြ ည့် ၀ စွာေ ထာ က် ပံ့ သ င့် တယ် ထ င် ပါ တယ် ။ နိ င် ငံ တ နိ င် ငံ မှာ အ ရာ ရှိ တွေ ပဲ ရှိ နေ လို့ မ ပီး ပါ ဘူး ။ အ ဆ င့် ဆင့် ရှိမှ ဖြ စ် မှာ ပါ။
ထို လ မ်း ပြ နေ တဲ့ သူ တွေ ထဲ မှာ အ ရာ ရှိ ေ တြ မ ပါ တာ ေ တာ့ သေ ချာ ပါ တယ် ။ ဆော င်း ပါး ရှ င် ကို လည်း တ ဆက် ထဲ ပြော ပါ ရ စေ ။ကျေး ဇူး တင် သ လို လေး စား မိ ပါ တယ် ။ မိ မိ တို့ နိ င် ငံ က. ကော င်း တာ ၁၀၀ လု ပ် ပီး မေ ကာ င်း တာ ၁ ခု လု ပ် ပြ လို က် ရ င် ကော င်း ကွ က် ကိုေု ဖြာ က် မ ကော င်း တာ ကို ပဲ ဖော် နေ ကြ တော့ တာ ပဲ။ ယ ခု ဆော င်း ပါး ရှ င် လို မျိး ဘယ်သူ က မှ စ စ် သား ေ းလး ေ တြ အ ေပါ မွာ အ ေ ကာ င်း မြ င် တဲ့ စိ တ် အ တော် ရှား ပါ တယ် ။ စစ် တပ် မ ကော င်း တာ လော က် ပဲ ဖော် ပြ နေ တဲ့ အ တွ က် ပြ ည် သူေ တွ ရဲ့ ယုံ ကြ.်ည် မူ့ မ ရှိ တော့ တာ ပေါ် လွ င် နေ တယ် လို့ ထင် ပါ တယ် ။
မြန် မာ ချ စ် သူ

တပ်မတော်သားတွေဆိုတာနိုင်ငံနဲ့လူမျိုးအတွက်ဘဝတစ်ခု
လုံးပေးထားပြီးသားပါ
အနောက်မျှော်မီဒီယာသစ္စာဖောက်တွေအသိအမှတ်မပြုလဲ
ဂရုမစိုက်လောက်ပါဘူးခင်ဗျားတို့လိုအမှန်မြင်တဲ့သူတွေလဲ
ရှိကြတာပဲလေဒီနေ့လမ်းတံတားကစတည်ဆောက်ရေးလုပ်
ငန်းတွေမှာတပ်မတော်သားတွေရဲ့လုပ်အားတွေအများကြီးပါ
တာပေါ့လိုအပ်ရင်အသက်တောင်စွန့်ကြသေးတာဆိုတော့လဲ
ဒါလေးတွေကတော့အသေးအဖွဲပေါ့ဗျာ
စာရေးသူကိုလဲကျေးဇူးပါလို့

သေနာကျတွေဒင်းတို့ဒါတွေကျမမြင်ဘူး ရေးကျပါလားချီးကျူးကြပါလား

အသုံးချခံ လေးတွေပါ

မိုင်းထိ ကျည်ဆံမှန် လို့ EA 1/ EA 2 ဖြစ်ပြီး အလုပ်မရှိ အကိုင်မရှိနဲ့

စစ်ဝတ် တစ်ပိုင်းဝတ်ပြီး စာအုပ်တွေ လိုက်ရောင်းပြီး ဝမ်းရေးကို

ဖြေရှင်းနေကြတဲ့ စထဟ တွေရှိပါတယ် FOR SHOW မဟုတ်ပဲ

လက်တွေ့ စောင့်ရှောက်ပါက ပိုကောင်းပါမယ်။

တိုင်းဒေသကြီးတစ်ချို့မှာ နယ်လုံ ဝန်ကြီးတွေ အောက်ခြေ လွတ်နေတယ်

တိုင်းရဲတပ်ဖွဲ့ မှူးနဲ့ လဲမတည့် ကျန်တဲ့ ဝန်ကြီးတွေ သူလောက်မတတ်ဘူး

ဆိုတဲ့ အမြင်နဲ့ ဖြစ်နေတယ် ဘဝမှန်ပြန်သိအောင် နဗဟ မှူးနဲ့ ရှေ့တန်ပို့သင့်ပါတယ်။

အထက်အကြီးအကဲများ အောက်ခြေပြန်ကြည့်ကြပါ

အဆိုးဆုံးက မြန်မာပြည်အောက်ပိုင်း ခြေထောက်ပိုင်းဖြစ်ပါတယ်

တပ်ချုပ်ကြီးပြန်စိစစ်သင့်နေပါပြီ။

အစ်ကို့ စေတနာကို လေးစားပါတယ် အဲဒီလိုစိတ်မျိး မြန်မာနိုင်ငံသားတိုင်းမှာ ရှိနိုင်ပါစေ

1-THE ARMED FORCES INCLUDING POLICE
FORCES IS VERY IMPORTANT FOR MYANMAR;
TO MAINTAIN LAWS,ORDERS,NATIONAL
SAFETY AND SECURITY IS TOTALLY DEPEND
UPON ALL ARMED FORCES.
2-THE ARMED FORCES AND THE MYANMAR PEOPLE
NEED TO REBUILD BETTER UNDERSTANDING,
RELATIONSHIP AND TRUST FOR THE BENEFIT
OF ALL CONCERN.
4-MYANMAR EMPIRE LOST THREE WARS AGAINST BRITISH INDIA BECAUSE NOT STRONG ARMED FORCES AND NOT SUFFICIENT MODERN WEAPONS.
5-THIS IS A GREAT LESSON THEREFORE WE
MUST BUILD STRONG ARMED FORCES AND
WELL EQUIP WITH ULTRA MODERN WEAPONS.
6-EVERY MYANMAR SHOULD UNDERSTAND
MYANMAR HAVE MANY THREATS AND CHALLENGES AND MUST DEFEND MYANMAR
NAING GAN TAW BECAUSE NO BODY WILL
COME AND HELP MYANMAR.


7-THE DESTINY OF SOLDIERS IS PEACE.
8-THE DESTINY OF EVERYBODY IS PEACE.

9-PLEASE LISTEN AND UNDERSTAND MYANMAR NATIONAL SONG AND
MYANMAR KYWE KYAW THAN SONG BY
(DAW MAY HLA MYAING AND MA MYA PHYU AND MAY THET HTAR SWE) HAVE THE COMPLETE
MEANING AND GUIDING TO ALL OF US HOW
TO RESPECT EACH OTHER AND HOW TO
BUILD A BETTER COUNTRY FOR ALL OF US
AND OUR FUTURE FUTURE GENERATIONS.

FOR THE COUNTRY AND FOR THE PEOPLE.

သတင်း​ရေးတဲ့​နေရာမှာ ပြည်​တွင်းမှာဖြစ်​ပျက်​​နေတဲ့အဖြစ်​ အပျက်​အားလုံးကို ​ရေး​စေလိုပါတယ်​။ ကိုယ်စိတ်​ထဲမှာ ခံတွင်း​တွေ့မှ ​ရေးတာမျိုး​တွေမဖြစ်​​စေချင်​ပါ။ ​ဝေဖန်​​ရေး သားမှုက တစ်​ဖက်​သတ်​ ဆန်​​စေပါတယ်​။ တကယ့်
အဖြစ်​မှန်​တိုင်း ဂဃနဏ ​ရေးသား​စေလိုပါတယ်​။
မြန်​မာ့မီဒီယာ​တွေ ခိုင်​မာ​မှုရှိပြီး ပြည်​သူ အတွက်
အားကိုးအားထားဖြစ်​​စေလိုပါတယ်​။ စိတ်​ခံစားချက်​ကို
ဦးစား​ပေး​ရေးမယ်​ဆိုရင်​ သတင်းမ​ရေးဘဲ ဝတ္ထု​ရေးတာသာ အ​ကောင်းဆုံးဖြစ်​ပါတယ်​။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်