Subscribe to our RSS Feed

"ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက်တွေ ဘာမှ မဖြစ်သေးဘူး" ~ ဦးလှရွှေ (၁၉၆၂ ကျောင်းသားသမဂ္ဂခေါင်းဆောင်)

From : .. သံတော်ဆင့်

ဘာမှ မဖြစ်သေးဘူးလေ။ အကြမ်းဖျင်း ကြည့်လိုက်ရင်တော့ ဘာမှ မဖြစ်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့ကိစ္စ တွေကလည်း ဒီလို အချိန်ကာလ ချိန်ဆပြီးတော့ ဆောင်ရွက်လို့ ရတဲ့ကိစ္စ မဟုတ်ဘူး။ အထူးသဖြင့် နိုင်ငံရေး ကိစ္စတွေဆိုတာ အချိန်နဲ့ တွက်ဆလို့ မရဘူး။ ဒီနေ့လက်တွေ့ လိုအပ်ချက်ဖြစ်တဲ့ နံပါတ်(၁) ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးပေါ့။ နောက်တစ်ခု တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေးပေါ့။ ဒါတွေဘာမှ မဖြစ် သေးဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေးကလည်း ဘာမှ မဖြစ်သေးသလို တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ အမျိုးသား တန်းတူရေး၊ ဖက်ဒရယ် ပြည်ထောင်စုတို့ ဖက်ဒရယ် တပ်မတော်တို့ တည်ဆောက်ဖို့ ဆိုတာလည်း ဘာမှမဖြစ်သေးဘူး။ မနှစ်က ချမှတ်ထားတဲ့ လုပ်ငန်းလေးတွေ ဒီနှစ်ဖြစ်ဘူးဆိုရင်တော့ No ပါပဲ။

.. www.MyanmarExpress.net
 

2 comments:

They are all clowns. Su Kyi is a clown, Min Ko Naing, Htay Kywe, Mya Aye, Jimmy, Ko Ko Gyi are all clowns. Even this man U Hla Shwe himself is a clown. The program they claim to do is no more than childish program

၈၈ ဆိုတာဘာမှမလုပ်နိုင်ပါဘူး အရည်အချင်းမှမရှိတာဗျာ ဟုတ်လား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်