Subscribe to our RSS Feed

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းများက တစ်အိမ် တစ်ယောက် စစ်သားစုဆောင်းနေမှုကြောင့် တိမ်းရှောင်နေရသူများကို လှူဒါန်း

From : .. The Myanma Age


ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆမ်းမြို့နယ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းများက တစ်အိမ် တစ်ယောက် စစ်သားစုဆောင်း နေမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော လီဆူးတိုင်းရင်းသားများ ခိုလှုံလျှက်ရှိရာ လားရှိုးမြို့နယ် အီနိုင်းကျေးရွာသို့ ဘာသာပေါင်းစုံမှ ပြည်သူများနှင့် ဒေသခံမီဒီယာသမားအချို့က အစားအသောက် များနှင့် အဝတ်အထည်များကို ဧပြီလ(၅)ရက်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

“ဒီရွာမှာရောက်နေတဲ့ဒုက္ခသည်တွေအားလုံးက လီဆူးတိုင်းရင်းသားတွေပါ၊ တစ်အုပ်စုလုံး တစ်ခါတည်းရောက်လာ ခဲ့ကြတာ မဟုတ်ဘဲ တစ်မိသားစုခြင်း ခွဲပြေးလာရာကနေခြောက်လ ခုနှစ်လအတွင်းမှာ ကျွန်တော်တို့ အီနိုင်း ကျေးရွာကို ရောက်ရှိလာတဲ့ အိမ်ထောင်စုပေါင်းက(၅၄)စု၊ လူဦးရေက ကလေးတွေအပါဝင်(၃၂၆)ယောက်ရှိသွားပါပြီ၊ သူတို့အားလုံး နေထိုင်ဖို့ရာ ကိုလည်း ကျွန်တော်တို့ရွာသားတွေကပဲ တစ်အိမ်ကိုလေးငါးယောက်ခွဲပြီး နေထိုင်ဖို့ကူညီထားခဲ့ကြတာပါ၊ သူတို့ရဲ့ ရွေ့ပြောင်းပုံစံနဲ့ လူဦးရေစာရင်းတွေကိုလည်း သက်ဆိုင်ရာကအသိမှတ်ပြုပေးဖို့ ကျွန်တော်တို့ရွာသားအဖြစ် စာရင်းဝင်ဖို့ သက်ဆိုင်ရာကို တင်ပြတောင်းခံထားပြီးပါပြီ၊ သူတို့အတွက်စားရေးသောက်ရေးကတော့ လူငှားအဖြစ် ကြုံရာကျဘမ်း လုပ်ကိုင်စားသောက် နေကျတာပါ”ဟု အီနိုင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းလှဝင်းက ပြောကြားသည်။ အီနိုင်းကျေရွာသည် လားရိုးမြို့နှင့် ဆယ်မိုင်ခန့် ကွာဝေး၍ လားရိုးမှ နမ္မတူဘော်တွင်းသွားကားလမ်းနဘေးတွင် တည်ရှိပြီး နမ့်ဆမ်မြိုံနှင့်မိုင်(၈ဝ)ခန့်ကွာဝေးသော တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်သည့်ကျေးရွာကြီးတစ်ခု ဖြစ်သည်။


ထွက်ပြေးသိမ်းရှောင်လာသောလီဆူးမိသားစုများနှင့်အတူပါလာသည့် မူလတန်းပြ ဆရာမတစ်ဦးက “ကျွန်မတို့ ဒီရွာကို ရောက်လာတဲ့အချိန်ကစပြီး အခုအချိန်ထိ ဘယ်အဖွဲ့စည်းကမှ အခုလိုလာရောက်ကူညီဖူးတဲ့ လူတွေမရှိခဲ့ပါဘူး၊ စာနယ်ဇင်းသမားအချို့ရောက်လာပြီးမှ ကျွန်မတို့ရဲ့အဖြစ်ပျက်ကို လားရိုးမြို့ပေါ်ကလူတွေသိသွားကြတာပါ၊ ကျွန်မတို့ ကလည်း တစ်ကြိမ်တည်း စုပြုံရောက်လာကြတာမဟုတ်လို့ အဖွဲ့စည်းအသီးသီးက မသိကြတာလည်းဖြစ်မှာပါ၊ အခုလို အကူညီလာပေးကြတဲ့ မီဒီယာသမားများနဲ့ စေတနာရှင်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်”ဟု ပြောသည်။


“အခုလိုကျွန်မတို့ တစ်ရွာလုံးနီးပါး ပြေးလာကြတော့ အီနိုင်းကျေးရွာမှာ တဖြည်းဖြည်း လူများလာပြီး နေထိုင်ရေးအတွက် မြေနေရာ ခက်ခဲနေပါတယ်၊ ကျွန်မလိုပဲ ဂန့်ဂေါမြို့နယ်ကနေ တာဝန်လာကျတဲ့ ဆရာမတစ်ယောက်လည်းပါလာပါတယ်၊ နှစ်ယောက်လုံး ဝန်ထမ်းဖြစ်နေတော့ နမ့်ဆမ်မြို့နယ်ကိုလည်း ပြန်မသွားရဲကြတော့လို့ ဖြစ်နိုင်ရင် လားရိုးပတ်ဝန်းကျင်ကို ရွေ့ပြောင်းနိုင်ဖို့ တာဝန်ရှိတဲ့လူတွေအနေနဲ့ ကူညီပေးစေလိုပါတယ်”ဟု ယင်းဆရာမက ဆက်လက်ပြောသည်။


နမ့်ဆမ်မြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်လီဆူးတိုင်းရင်းသားမိသားစုများကို လာရောက်လှူဒါန်းကြသည့် စေတနာရှင်များတွင် ဗုဒ္ဒဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူနှင့် ခရစ်ယာန်ဘာသာဝင်များ ပါဝင်ပြီး ဒုက္ခသည်များ လိုအပ်လျှက်ရှိသော ဆန်၊ဆီ၊ဆား၊ငရုပ်၊ကြက်သွန်၊ခေါက်ဆွဲထုပ်များ၊ ဆေးဝါးနှင့် အဝတ်အထည်များကို မိသားစု ငါးယောက် ရှိသော အိမ်ထောင်တစ်စုအတွက်(၅)ရက်စာခန့် စားသုံးနိုင်စေရန် ရွာခံရပ်မိရပ်ဖများ၏ အကူညီဖြင့် လှူဒါန်းပေးနိုင်ခဲ့ကြောင်း သိရသည်။       
 

.. www.MyanmarExpress.net
 

KIA ဆက်ကြေးကောက်ခံနေ၍ ရွာသားများ မကျေမနပ်ဖြစ်နေ

From : .. ဧရာဝတီမြစ်ဖျား

မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ မိုင်းနောင်ရွာမှ ဒေသခံရွာသားများ၏ ထင်းသယ်ကားများကို KIA မှ ဆက်ကြေးကောက်ခံနေ၍ ရွာသားများ မကြေမနပ် ဖြစ်နေကြကြောင်း သတင်းရရှိသည်။   

အဆိုပါ မိုင်းနောင်ရွာမှ ဒေသခံရှမ်းရွာသားများ၏ ထင်းသယ်ကားများကို ၄င်းမိုင်းနောင်ရွာ၏ အနောက်တောင်ဘက်           ၁ မိုင်ခန့်အကွာ နန့်သလွန်ချောင်းဘေးတွင် တပ်စခန်းထိုင်ထားသည့် KIA ယင်း(၆)မှ အင်အား (၅၀)ခန့်သည် အိမ်သုံးရန် ထင်းများ ခွေယူသယ်ဆောင် စုဆောင်းကြသော ရွာသားများ၏ ထင်းသယ်ကားများကို ဆက်ကြေးကောက်ခံတာ ဖြစ်တယ်။

ထင်းနှစ်ကားခွဲဆန့် ထင်းကားတစ်စီးလျှင် ထင်ခြမ်းအကြီး နှစ်ခြမ်းနှင့် ဒီဇယ်ဆီ နှစ်ပုလင်းစီ ဆက်ကြေးပေးဆောင်ရတာ ဖြစ်တယ်။ အခုတလော ထင်သယ်ကားတွေက နေ့တိုင်းလိုလို အိမ်သုံးဖို့ သယ်ယူစုဆောင်းနေတာဖြစ်တယ်။ အခုလို ဆက်ကြေးကောက်ခံနေတာလည်း တစ်လလောက်ရှိပြီဖြစ်တယ်၊ ထိုကဲ့သို့ ဒေသခံ ရှမ်းရွာသားများအပေါ် KIA မှ ဆက်ကြေးကောက်ခံနေသောကြောင့် ရွာသားများမှာ မခံမရပ်နိုင် ဖြစ်နေကြပေမယ့် ဘယ်သူ့ကိုမှလည်း မပြောရဲကြဘူးလို့ ဧရာဝတီမြစ်ဖျားသတင်းထောက် စိုင်းပြေညီမ်းက မိုင်းနောင်ရွာကနေ သတင်းပေးပို့ထားပါတယ်။   

မြန်ပြည်မြောက်ပိုင်း၊ မိုးညှင်းမြို့နယ်၊ ၄င်းမိုင်းနောင်ရွာသည် အိမ်ခြေ(၈၀၀)ကျော်ရှိပြီး တိုင်းလျန်(ရှမ်းနီ)လူမျိုး များ နေထိုင်ကြတာလည်း ဖြစ်ပါတယ်။

.. www.MyanmarExpress.net
 

ဒေါ်စု လုံးဝ မသွားသည့် ဦးဝင်းတင်ထံသို့ အရှင်ဦးဝီရသူ သွားရောက်အားပေး

From : ..Messenger News Journal


ကျန်းမာရေး ချို့ယွင်းမှု ကြောင့် ရန်ကုန် ဆေးရုံကြီး တွင် ဆေးကုသ မှုခံယူ နေသော သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အမြန်ဆုံး ကျန်းမာ လာစေရန် အရှင် ဦးဝီရသူ မှ ဧပြီလ (၅) ရက် နေ့တွင် ဆေးရုံသို့ သွားရောက် အားပေးခဲ့သည်။

ဦးဝင်းတင်ဟာ မြန်မာပြည်သူပြည် သားအားလုံးအတွက် အရေးပါတယ်။ ဒီမိုကရေစီမရမချင်း ဆရာကြီး ဦးဝင်းတင်ရှိနေဖို့ လို အပ်တယ်။ အမြန်ဆုံး ကျန်းမာလာပြီး နိုင်ငံရေး ဟောပြောမှုတွေ ဟောနိုင်ပြောဖို့ မျှော်လင့် ပါတယ်””ဟု အရှင်ဦးဝီရသူက မိန့်ကြားသည်။ အရှင်ဦးဝီရသူ မှ ဟံသာဝတီ ဦးဝင်းတင် ကျန်းမာ လာ စေရေးအတွက် အားပေးမှုများ ပြုလုပ် ခဲ့ကာ ဗောဇ္ဈင်္ဂသုတ် ကိုးခေါက် ရွတ် ဖတ်ခဲ့ပြီး ၀တ္ထုငွေ ကျပ်တစ် သိန်း ကိုလည်း ထောက်ပံ့ ပေးခဲ့ကြောင်း ဆရာတော် ထံမှ သိရ သည်။ ဟံသာဝတီ ဦးဝင်းတင် သည် မတ်လ (၁၂) ရက်နေ့က Green Cross ဆေးရုံတွင် တက်ရောက်ကုသခဲ့ပြီး၊ မသက် သာ ၍ ၀ိတိုရိယ ဆေးရုံသို့ ထပ်မံ ပြောင်းရွှေ့ကုသခဲ့သည်။ မတ်လ (၂၉)ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး သို့ ထပ်မံပြောင်းရွှေ့ကုသခဲ့ပြီး လက်ရှိ တွင် ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်အဆောင် တွင် ဆေးကုသလျက်ရှိသည်။

လက်ရှိတွင် ဟံသာဝတီဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေ တိုးတက် ကောင်းမွန် လာနေပြီဖြစ်ပြီး အမြန်ဆုံး ပြန်လည်သက်သာ မည်ဟု မျှော်လင့်ကြောင်း ဟံသာဝတီ ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေအား သွား ရောက် ကြည့်ရှုခဲ့သည့် နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦးက ပြောသည်။ ဟံသာဝတီ ဦးဝင်းတင် ၏ ကျန်းမာရေး အမြန်ဆုံး သက် သာလာစေရန် ဧပြီလ (၄)ရက်နေ့ကလည်း မန္တလေးမြို့၌ အထက်မြန်မာပြည် စာပေ ပညာရှင်များက ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။
 

.. www.MyanmarExpress.net
 

သန်းခေါင်စာရင်ကောက်သည့် ဝန်ထန်းများကို လုံခြုံရေးယူပေးနေသည့် စစ်တပ်ဒုတပ်ရင်းမှူးအား KIA ချောင်းမြောင်းပစ်ခတ်



သန်းခေါင်စာရင်း ကောက် ယူရာတွင် စာရင်းကောက် ၀န် ထမ်းများနဲ့ ကျာင်းဆရာ/ ဆရာမ များအား KIA မှခြိမ်း ခြောက်မှုများရှိနေတဲ့ အတွက် မြန်မာ့တပ်မတော်စစ်ကြောင်း များမှ လုံခြုံရေးဆောင်ရွက်ပေးနေစဉ် မြန်မာစစ်တပ် ဒုတပ်ရင်းမှူးတစ်ဦးကို KIA မှ ချောင်းမြောင်း ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

 ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က KIA ထိန်းချုပ်သည့် နယ်မြေမဟုတ်သော ဒေသများတွင် သန်းခေါင်စာရင်း ကောက်ယူနေသည့် ဝန်ထမ်းများကို လုံခြုံရေးယူပေးသော မြန်မာစစ်တပ် ခမရ(၅၆၇) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူုးမျိုးညွန့်စိုး ၏ ကားအား KIA မှ ချောင်းမြောင်းပစ်ခတ်ခဲ့ရာ ဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ဆေးရုံ သေဆုံးသွားကြောင်း သိရပါတယ်။ 

၎င်း ကိစ္စနှင့် ပတ်သက်၍ မြန်မာစစ်တပ်မှ KIA ကို အကြောင်းကြားပြီးမှ သွားတာဖြစ်ကြောင်း၊ အပစ်ခံရသော နေရာမှာ KIA ထိန်းချုပ်ထားသော နယ်မြေတွင်းမဟုတ်ကြောင်း နဲ့ လူအင်အား လက်နက်အင်အား မပါရှိပဲ သန်းခေါင်စာရင်းဝန်ထမ်းတွေ အကူအညီပေးခြင်းသာဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးမှအခုလို ပြောပါတယ်။

‘‘တရားဝင်အကြောင်းကြား ပြီးမှသွားတာ။ လူအင်အားလည်း အများကြီးမဟုတ်ဘူး။ဒါတောင် သူတို့နယ်မြေထဲကိုလည်း ရောက် တာမဟုတ်ပါဘူး။ ချောင်းပစ်ခံရ တာပါ’’ လို့ ဆိုပါတယ်။

လက်တလောမှာ ကေအိုင်အေဒုတိယစစ်ဦး စီးချုပ်ဗိုလ်ချုပ်ဂွန်မော်ဟာ အစိုးရနဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ တက်ရောက်ရန်အတွက် ဧပြီ ၃ရက်မှစ တင်ပြီး ရန်ကုန်မြို့သို့ရောက်ရှိနေတာဖြစ်ပါတယ်။

သန်းခေါင်စာရင်းကောက် ယူခြင်းကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့်ဆောင် ရွက်နေချိန်မှာ ကေအိုင်အေ ကလည်း ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ မပခမှ ထိပ်တန်းအရာရှိကပြောပါတယ်။ မတ်လ ကုန်ပိုင်း သန်းခေါင်စာရင်း စတင်ကောက်ခံချိန်များကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ သန်းခေါင်စာရင်းကောက်သူ ဝန်ထမ်းများကို KIA မှ ခြိမ်းချောက်ရန်ရှာမှုတွေ လုပ်ခဲ့ကြောင်း သိရပါတယ်။

.. www.MyanmarExpress.net
 

Titanic ရုပ်ရှင်ရဲ့ခြောက်လှန့်ခြင်းကိုခံနေရဆဲဖြစ်နေတဲ့ Kate Winslet

From : Trend Myanmar
Kate Winslet ဟာ Titanic ရုပ်ရှင်ထဲက ၀တ်လစ်စလစ် ဇာတ်ဝင်ခန်းရဲ့ခြောက်လှန့်ခြင်းကို ခံစားနေရဆဲဖြစ်ပါတယ်။
၁၉၉၇ ခုနှစ်ကထွက်ရှိပြီး အကြီးအကျယ်အောင်မြင်ခဲ့တဲ့ အဆိုပါရုပ်ရှင်ဇာတ်ကားမှာ သူမရဲ့လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း Leonardo DiCaprio ရဲ့ဇာတ်ကောင် Jack Dawson က သူမရဲ့ဇာတ်ကောင် Rose DeWitt Bukater ရဲ့ဝတ်လစ်စလစ်ပုံကို ရေးဆွဲပေးတဲ့ ဇာတ်ဝင်ခန်းမှာ Kate Winslet ဟာ ကိုယ်တုံးလုံး ချွတ်ခဲ့ရတာဖြစ်ပြီး အဲဒီ့ရုပ်ရှင်ရဲ့အချို့သောအခန်းတွေက ကြည်ရှုဖို့သိပ်အဆင်မပြေကြောင်းနဲ့ အဲဒီ့မူရင်းပုံရဲ့ ဓာတ်ပုံနဲ့ ပြန်လည်ဖန်တီးထားတဲ့ပုံတွေမှာ လက်မှတ်ထိုးပေးဖို့ငြင်းဆန်ပါတယ်။

သမီးကလေးကိစ္စ

From : https://www.facebook.com/win.win.988926?hc_location=timeline




ဧပြီ ၄ ရက်နေ့က သမီးကလေးအဖွဲ့ ပြောင်းတယ်။

DKBA က ဗိုလ်မှူးကြီးစောအောင်ဆန်း လာခေါ်တယ်။
သူက ရိုးသားတယ်။ စိတ်ရင်းစေတနာကောင်းတယ်။
(၁၂) ဘီးကား (၄)စီးယူလာတယ်။ သူ့ ကားလေးနဲ့ပေါ့။

အဲဒီမှာ နော်အုံးလှကူပါလိုက်မယ်ပေါ့။ သူ့ကား (၁) စီးနဲ့
နောက်ပြီးတော့ လူတွေလည်းတော်တော်များများ ပါလာတယ်။

DKBA ပြောက်ကျားဝတ်စုံဝတ် မွတ်စလင်များမှ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားဂိတ်ဝတွင် ပြည်သူများအပေါ် လက်နက်များဖြင့် ရမ်းကား


- News Watch Journal


ဧပြီလ(၁)ရက်နေ့ မွန်းလွဲ(၃းဝ၀)နာရီအချိန်က မွတ်စလင် ဘာသာခြား(၆)ဦးသည် မဲဆောက်သို့ သွားရန် မြဝတီမြို့ ချစ်ကြည်ရေးတံတားကြီးဂိတ်ဝတွင် နိုင်ငံကူးလက်မှတ်များ ပြုလုပ်နေစဉ် တဖက်နိုင်ငံ သို့ ခရီးသည်များ ပို့ဆောင်ပေးနေသော ရွှေမြန်မာမော်တော်ယာဉ်လိုင်းမှ စာရေးဝန်ထမ်းတစ်ဦးသည် ဆိုင်ကယ်ရပ်ရန် ဘေးသို့ အနည်းငယ် ဖယ်ခိုင်းစဉ် မွတ်စလင်တစ်ဦးနှင့် အခြေအတင် စကားများခဲ့ကြသည်။


ထိုသို့ စကားများခဲ့ကြပြီး မွတ်စလင်တစ်ဦးသည် မြဝတီမြို့တွင်း ပြန်သွားကာ DKBA တပ်ဖွဲ့ဝင်တစ်ချို့အား ကား(၁)စီးဖြင့် ခေါ်ဆောင်လာခဲ့ပြီး ၎င်းကိုယ်တိုင်လည်း DKBA ပြောက်ကျားဝတ်စုံကိုဝတ်ဆင်လာခဲ့ကာ အထက်ပါစကားများခဲ့သည့်ကိစ္စကို မကျေနပ်၍ ရွှေမြန်မာယာဉ်လိုင်း စာရေးဝန်ထမ်းအား လက်သီးနှင့်ထိုးရာ စာရေးဝန်ထမ်းက ပြန်လည်ထိုးကြိတ်သဖြင့် ရုန်းရင်းဆန်ခက်မှုများ ဖြစ်ပွားခဲ့ပြီး DKBA ဝတ်စုံဝတ်ထားသူ ဘာသာခြားတစ်ဦးက ၎င်း၏ ခါးမှ သေနတ်အတိုအား ဆွဲထုတ်၍ ချိန်ရွယ်စဉ်
ရွှေမြန်မာယာဉ်လိုင်းမှ အောင်မိုးဆိုသူက သေနတ် ကိုင်ထားသော လက်အား ပုတ်ချခဲ့မှုကြောင့် သေနတ်လွင့်ကျသွားခဲ့သွားခဲ့သည်။ ထိုသို့ သေနတ်လွင့် ကျသွားခဲ့သဖြင့် ၎င်းဘာသာခြားက ရင်ဘတ်တွင် ချိတ်ထားသော လက်ပစ်ဗုံးအား ဖြုတ်ယူလိုက်စဉ် ချစ်ကြည်ရေးတံတားတွင် တာဝန်ကျနေသော တပ်မတော်တပ်ထိန်းက ဝင်ရောက်တားဆီးနိုင်ခဲ့သဖြင့် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခြင်းမရှိခဲ့ကြောင်း သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ချစ်ကြည်ရေးတံတားကြီး မှ တာဝန်ရှိသူများက ဖြေရှင်းထိန်းသိမ်းနိုင်ခဲ့ကြသည်။

DKBA ဝတ်စုံဝတ် မွတ်စလင်များသည် ဒေါသများထွက်နေကြပြီး ချစ်ကြည်ရေးတံတားကြီး ဂိတ်ဝရှိ သံစကာများအား စိတ်ရှိ လက်ရှိ ကန်ကြောက်ခဲ့ကြသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်း- မြန်မာ ချစ်ကြည်ရေးတံတားကြီးဂိတ်ဝ မြို့မျက်နှာစာဖြစ်သော နိုင်ငံတကာဝင်ပေါက်တွင် DKBA ယူနီဖောင်းဝတ် မွတ်စလင်များ၏ လုပ်ဆောင်မှုများသည်
ပြည်သူများ အထိတ်တလန့်ဖြစ်ရခြင်း၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) ၏ ဂုဏ်သိက္ခာကျဆင်းရခြင်းတို့ကို ဖြစ်ပေါ် စေ၍ DKBA အဖွဲ့အား အမြန်ဆုံးဖောတ်ထုတ်အရေးယူပေးပါရန် မြဝတီမြို့၊ 
DKBA ဆက်ဆံရေးရုံးနှင့်သက်ဆိုင်ရာဌာနအသီးသီးသို့ ရွှေမြန်မာမော်တော်ယာဉ်လိုင်း 
ဥက္ကဌ ဦးချစ်ဝိုင်းမှ တိုင်ကြားထားကြောင်းသိရသည်။

DKBA ဆိုသည်မှာ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်ဟု သိရှိရပြီး ယခုကဲ့သို့ 
ကရင်တပ်မတော် ထဲတွင် မွတ်စလင်များကို ဒီကေဘီအေ ဝတ်စုံများနှင့် တွေ့မြင်နေရသည်မှာ အံ့ဩစရာကောင်း ပါကြောင်း ရွှေမြန်မာအသင်းဥက္ကဌက News Watch သို့ ပြောကြားသည်။

ကိုကိုမောင် (မြဝတီ)

News Watch

ဆင်ခြင်တုံတရားမဲ့ စကားများနဲ့ မင်းကိုနိုင် (အပိုင်း-၁)



“စကား စကား ပြောပါများ.. စကားထဲက ဇာတိပြ” ဆိုတဲ့ မြန်မာစကားပုံတစ်ခု ရှိပါတယ်။ လူတွေ ဟာ အမူအယာနဲ့ ဘယ်လောက်ပဲ ဖုံးကွယ်ဟန်ဆောင်ထားပါစေ စကားများများပြောလိုက်ရင် သူတို့ရဲ့ မူလဇာတိတွေကတော့ ပေါ်လာတာပါပဲ။ ဒီကနေ့ ကျောင်းသားခေါင်းဆောင် လို့ လူအချို့ သတ်မှတ်ထားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ စကားတွေကလည်း တဖြည်းဖြည်းနဲ့ ဆင်ခြင်တုံတရားမဲ့ လာတာတွေကို သတိထားမိလာပါတယ်။ 

နည်းနည်းချင်း သတိပြုမိခဲ့တာတော့ ကြာပါပြီ။ အရင်တုန်းက ပြောစကားတွေက ခံစားချက်တွေကို ဦးစားပေးပြောလာပေမယ့် တဖြည်းဖြည်းနဲ့ လူဗြိန်းကြိုက်စကားလုံးတွေနဲ့ စည်းရုံးလာသလိုဖြစ်နေပါတယ်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်အောင်ဆန်းကို ပင် ဗိုလ်ချုပ်ဟု ခေါ်စရာမလို ဦးအောင်ဆန်းဟုသာ ခေါ်ရမည်ဟု ဆိုလာပြန်ပါတယ်။ စစ်တပ်မရှိပဲ ရပ်တည်နိုင်ကြောင်း ပြောလာပြန်ပါတယ်။ အမေရိကန်၊ ဥရောပ တခွင် ခြေဆန့်နေပြီး ကမ္ဘာလှည့်နေသူ တစ်ဦးအနေနဲ့ ဤမျှ ဗဟု သုတ မခေါင်းပါး သင့်ပါ။ ဤကဲ့သို့သော ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ စကားမျိုးတွေ မပြောသင့်ပါ။ စစ်တပ်ကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သလို စစ်တပ်ကြောင့်ပဲ မြန်မာနိုင်ငံ ဒီမိုကရေစီ ရခဲ့တာပါ။ ကမ္ဘာမှာ စစ်တပ်မရှိတဲ့ နိုင်ငံတွေ ရှိသလို စစ်မှုမထမ်းမနေရ စနစ် ကျင့်သုံးနေတဲ့ နိုင်ငံတွေလည်း အများအပြားရှိပါတယ်။

မြန်မာနိုင်ငံလို တိုင်းရင်းသားလက်နက်ကိုင် အများအပြား ရှိတဲ့ နိုင်ငံကို စစ်တပ်မရှိလို့ ဘာမှမဖြစ်ဘူးလို့ ပြောတဲ့ ကိုမင်းကိုနိုင်ကို စိတ်ပျက်မိပါတယ်။ စစ်တပ်မရှိရင် မြန်မာရေပိုင်နက်ထဲ တခြား သင်္ဘောတွေ ဝင်နေချိန် ၈၈ ကျောင်းသားတွေ ဘာလုပ်ပေးနိုင်မှာလဲ? မြန်မာ့လေပိုင်နက်ထဲ တခြားလေယာဉ်တွေ ပျံနေရင် ကိုမင်းကိုနိုင်တို့ ဘယ်လို ထိန်းချုပ်နိုင်မှာလဲ? စကားကိုဆာ ပြောတိုင်းလည်း မကောင်းတာကို အသက် ၅၁ နှစ်အရွယ်ရောက်တဲ့ ကိုမင်းကိုနိုင် အနေနဲ့ သတိထားသင့်တယ်လို့ထင်ပါတယ်။ အထူးသဖြင့် ကိုမင်းကိုနိုင် ခဏခဏ ပြောတဲ့ သမိုင်းဆိုတာ မေ့လို့မရဘူးဆိုပြီး ရဲဘော် သုံးကျိပ်ရဲ့ သမိုင်းတွေ၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွေနဲ့ ဗကပ လက်အောက် ရန်ကုန် အစိုးရ ဟု ပြောရလောက်အောင် တစ်နိုင်ငံလုံး မီးဟုန်းဟုန်းတောက်နေခဲ့တဲ့ သမိုင်းတွေကိုလည်း မေ့မပစ်ဖို့လိုပါတယ်။ 

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်အောင်ဆန်း၊ ဒို့ဗမာ အစည်းအရုံးဝင် သခင်အောင်ဆန်း ကို ရှေ့က ဂုဏ်ဒြပ်တွေ ဖျောက်ပြီး ဦးအောင်ဆန်း လို့ ခေါ်တာက သမိုင်းကို ဖျက်ဖို့ ကြိုးစားတာဖြစ်သလို ၊ အမျိုးသား ခေါင်းဆောင်တစ်ဦးကို စော်ကားတာနဲ့ အတူတူပါပဲ။ 
ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာအများစုက ဗိုလ်ချုပ်အောင်ဆန်းလို့တောင် ခေါ်လေ့မရှိပါဘူး။ ဗိုလ်ချုပ်လို့ပဲ ချစ်စနိုးနဲ့ ခေါ်ကြတာ လူတိုင်းသိပါတယ်။ တစ်စုံတစ်ယောက်က ဗိုလ်ချုပ်အကြောင်း မေးတယ်ဆိုတာနဲ့ ဘယ်ဗိုလ်ချုပ်လဲလို့ ပြန်မေးဖို့မလိုပဲ ဗိုလ်ချုပ်အောင်ဆန်းကို မေးတယ်ဆိုတာ တန်းသိပါတယ်။ ပြည်သူတစ်ရပ်လုံး နှုတ်ကျိုးနေတဲ့ ဗိုလ်ချုပ် ကိုတောင် ဦးအောင်ဆန်း လို့ ပြည်သူ့ပြောင်းပြန် လုပ်ခြင်းဟာ အင်မတန် မိုက်မဲလွန်းပြီး ပညာမဲ့တဲ့ လုပ်ရပ်လို့ထင်ပါတယ်။

သြဂုတ်လ ၈ ရက်နေ့က ရှစ်လေးလုံး ငွေရတုလုပ်လိုက်တာ သိန်း နှစ်ထောင်ကျော် ရတယ်လို့ သိရပါတယ်။ ဒီငွေတွေကို ဘယ်လိုသုံးလဲဆိုတာ ပွင့်လင်းမြင်သာစွာ ပြောဆိုချပြတာ မရှိပါဘူး။ အဲဒီပွဲလုပ်တုန်းက သြဂုတ်လ ၈ ရက်နေ့ တစ်နေ့တည်းမှာကို လူ ၂ သောင်းကျော်တက်ပြီး ဒံပေါက်ကျွေးတယ်လို့ သိရပါတယ်။ ကိုမင်းကိုနိုင်တို့ ၈၈ ကျောင်းသားတွေက ရန်ကုန်မြို့မှာ ဒီလောက် ကြီးကျယ်တဲ့ အခမ်းအနား၊ ဒီလောက် ငွေကုန်ကြေးကျများတဲ့ ပွဲကြီးလုပ်နေချိန်မှာပဲ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် မှာ မိုးများပြီးရေကြီးလို့ မွန်နဲ့ ကရင်တိုင်းရင်းသားတွေ သောက်စရာ ရေ တောင်မရှိဖြစ်နေခဲ့တာ လည်း အားလုံးအသိပါ။ ဒုက္ခသည်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်ကတောင် ငွေ ၂၅ သိန်း လှူဒါန်းခဲ့ပေမယ့် ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက်တွေက လုံးဝမလှူပဲ အခမ်းအနားကြီးခြိမ့်ခြိမ့်သဲ ကျင်းပဖို့ကိုပဲ အာရုံစိုက်နေခဲ့ကြတာပါ။ အလှူငွေတွေ သိန်းထောင်ချီရပေမယ့် ဒီကနေ့ထိ လှူတာ တန်းတာ မတွေ့ရသေးပါဘူး။

ဒီကနေ့ ကိုမင်းကိုနိုင် လုပ်ခဲ့သမျှ နဲ့ ကိုမင်းကိုနိုင် ပြောခဲ့သမျှတွေက နောင်တစ်ချိန်မှာ သမိုင်း တစ်ခုအနေနဲ့ ကျန်ခဲ့မှာပါပဲ။ လွန်ခဲ့တဲ့ ၂၅ နှစ်က သမိုင်းကို ကိုမင်းကိုနိုင် ခုချိန် ပြန်ပြောနိုင်ပေမယ့် လွန်ခဲ့တဲ့ ၁ နှစ် က သမိုင်းကိုတော့ ကိုမင်းကိုနိုင် ဘယ်လို ကုန်ဆုံးခဲ့လဲ၊ ဘာတွေ ပြောခဲ့လဲ ဆိုတာ နောင်တချိန် လူတွေက ပြောနေကြမှာပါ။ ဒီကနေ့ ခိုင်မာတဲ့ အလုပ်တိတိကျကျ မရှိပဲ ကားစီးနေတာ၊ တိုက်ထဲမှာ နေနေတာတွေကလည်း နောင်တချိန် သမိုင်းတစ်ခု ဖြစ်နေမှာပါ။ မွတ်ဆလင်တွေဆီက စပွန်စာယူပြီး အမေရိကန် နဲ့ ဥရောပ သွားခဲ့တာတွေကလည်း တနေ့ကျ စာလုံးမဲကြီးတွေနဲ့ နောက်လူတွေ ဖတ်ကြပါလိမ့်မယ်။ ကိုမင်းကိုနိုင် ကိုယ်တိုင် ပြောခဲ့တဲ့ “ကျနော်တို့ ခွပ်ဒေါင်းအလံကို ကိုင်မယ့်လက်ဟာ လူမျိုးဘာသာ မခွဲခြားပါဘူး၊ အခု အစ္စလမ်ဘာသာဝင်တွေကို နေရာပေးထားတာ သက်သေပါ” ဆိုတဲ့ စကားကို နောင်တချိန်မှာ ဗုဒ္ဓဘာသာဝင်များက စိတ်ပျက်စွာ ပြောဆိုနေကြပါလိမ့်မယ်။ 

အပိုင်း (၂) ဆက်လက်ဖော်ပြပါမည်...............

မောင်မင်းကြီးသား (ခေတ္တမလေးရှား)

၈၈ မျိုးဆက်(ငြိမ်း/ပွင့်) ကိုကိုကြီးမှ မင်္ဂလာဆောင် စရိတ်များအတွက် ၈လေးလုံး ရန်ပုံငွေများထဲမှ သုံးစွဲခဲ့ဟုဆို



၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးသည် ကလေးမြို့နေ မခင်သူသူဝင်း နှင့် လက်ထပ်စဉ် မင်္ဂလာဆောင်အတွက် လိုအပ်သော စားရိတ်စက များကို ၈လေးလုံး ငွေရတု အခမ်းအနား ပြုလုပ်စဉ်က ကောက်ခံရရှိထားသော ရန်ပုံငွေ များထဲမှ သုံးစွဲထားသည်ဟု ၈၈မျိုးဆက်(ငြိမ်း/ပွင့်)မှကိုအောင်လင်း က ပြောကြားခဲ့ပါသည်။ မတ်လ ၂၆ ရက်နေ့ ပခုက္ကူမြို့မှာ ပြုလုပ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္နပြပွဲအပြီး ပါဝင်ဆန္နဖော်ထုတ်ခဲ့ကြတဲ့ နိုင်ငံရေး အင်အားစုများကို ကိုအောင်လင်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

“ ဆရာ ကိုကိုကြီးဟာ ကလေးမြို့မှာ မင်္ဂလာဆောင်ဘို့အတွက် သွားလာစရိတ်၊ ပြင်ဆင်စရိတ်၊ ကျွှေးမွေး ဧည့်ခံစရိတ်၊ အသုံးအဆောင် နှင့်အ၀တ်အစားစရိတ်၊ နေစရိတ်၊ စားစရိတ်နဲ့ တောင်းရမ်းစရိတ်တွေအပြင် ဟန်းနီးမွန်းစရိတ်တွေအတွက်ပါ အသုံးပြုဖို့ အတွက် ကျပ်သိန်း ၂၀၀ ကိုကြိုတင်ထုတ်ထားပါတယ်” လို့ ၄င်းက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဧပြီလ ၆ ရက်နေ့ ရန်ကုန်မှာ ပြုလုပ်မယ့် မင်္ဂလာဆောင်အတွက်လည်း ဦးကိုကိုကြီးဟာ ၈ လေးလုံး ရန်ပုံငွေများထဲမှ နောက်ထပ် ငွေကျပ် သိန်း ၂၀၀ ထပ်မံထုတ်ယူသွားမယ်လို့ လည်း ကိုအောင်လင်း ထပ်မံ ပြောကြားခဲ့ပါတယ်။ အဆိုပါ ငွေကြေးများကို ဦးကိုကိုကြီးဟာ ရန်ကုန်မှာ ကျင်းပမယ့် မင်္ဂလာဧည့်ခံပွဲအပြီး ရရှိသော လက်ဖွဲ့ငွေများထဲမှ ပြန်လည်ပေးဆပ်သွားမှာ ဖြစ်တဲ့အကြောင်း ကိုလည်းပြောကြားခဲ့ပါတယ်။ 

ပခုက္ကူမြို့နယ်မှ နိုင်ငံရေးအင်အားစုများကတော့  “ အဖွဲ့အစည်းအတွင်း ညီညွတ်ဖို့သာ လိုတာပါ ၊ ပြန်ပေး ဆပ်ရင်ပြီးတာပါပဲ ”လို့ အကောင်းမြင်သူတွေရှိသလို “ အဖွဲအစည်းရန်ပုံငွေကို အခုလိုမသုံးသင့်ဘူး”လို့ ဝေဖန် သူများလည်းရှိနေပါတယ်။ ၈ လေးလုံးငွေရတု အခမ်းအနားအတွက် စုစုပေါင်းရရှိသော ရန်ပုံငွေ ၂၀၁,၁၈၁,၄၇၆ ကျပ်ဖြစ်ပြီး ငွေရတု အခမ်းအနား အတွက်သုံးစွဲငွေ ၁၅၅,၈၃၀,၂၈၉ ကျပ်ဖြစ်တဲ့အတွက် လက်ကျန်ငွေ ၄၅,၃၅၁,၁၈၇ ကျပ်တိတိ ပိုလျှံ ကြောင်းသိရှိရပါတယ်။

ဦးဝင်းတင် ဆေးရုံတက်နေရသော်လည်း လူနာမေးရန် သွားရောက်ခြင်းပင် မပြုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား NLD ပါတီဝင်များ မေးခွန်းထုတ်



Wednesday, April 3, 2014

NLD ပါတီ၏ သံမဏိ ၀င်းတင် အမည်ရ ကွန်မြူနစ်လက်ကျန် နာယကအဖွဲ့ဝင် ဆေးရုံစသို့ သေလုမျောပါးအနေအထားဖြင့် ကုသနေချိန်တွင် လူနာမေး သတင်းမေးပင် ရောက်ရှိမလာသော ဒေါ်အောင်ဆန်းစုကြည်အား NLD ပါတီဝင်များက မေးခွန်းထုတ်လာကြောင်း သိရှိရသည်။

ဟံသာဝတီဦးဝင်းတင်သည် ၀ိတိုရိယဆေးရုံတွင် တက်ရောက်ကုသခဲ့ရာမှ အခြေအနေမကောင်းသဖြင့် ဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်သို့ ပြောင်းရွှေ့ခဲ့ရပြီ ဖြစ်ရာ သတိလစ်မေ့မျောသွားခဲ့ကြောင်း၊ ၄င်းနောက် ပြန်လည်သတိရလာခဲ့သော်လည်း သွေးဝမ်းသွား၍ အခြေအနေ ပြန်လည် ယိမ်းယိုင်သွားခဲ့ကြောင်း၊ နောက်ဆုံးအခြေအနေမှာ နှလုံးအား ပြန်ကောင်းလာသော်လည်း စိုးရိမ်ရသည့် အခြေအနေတွင်သာ ရှိနေသေးကြောင်း သိရှိရသည်။

ဦးဝင်းတင်သည် မတ်လ ၂၆ ရက်နေ့တွင် ၀ိတိုရိယဆေးရုံသို့ စတင်ပြသခဲ့ခြင်း ဖြစ်ပြီး ယခုဆိုလျှင် ရက်သတ္တပတ် တစ်ပတ်အထိ ကြာမြင့်လာပြီ ဖြစ်သော်လည်း ရန်ကုန်မြို့တွင် ရှိနေသည့် ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် သွားရောက် သတင်းမေးခြင်း မရှိသေးသည်ကို ပါတီဝင် အချို့က မကျေမနပ် ဖြစ်နေကြကြောင်း သိရှိရသည်။

“ဒေါ်စုက ပါတီဥက္ကဌ၊ ဘဘဦးဝင်းတင်က ဗဟိုနာယကပါ။ ပါတီအတွက် လုပ်ကိုင်ခဲ့တာ မနည်းပါဘူး။ ခုချိန်အထိ ထောင်သားဝတ်စုံကြီး ၀တ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေအတွက် တတ်နိုင်သမျှ ကူညီထောက်ပံ့မှု ပေးနေတာပါ။ NLD မှာ ဘဘဦးဝင်းတင်လို ပြတ်သားပြီး မှန်ရာကို ပြောတတ်တဲ့ လူမျိုး နှစ်ယောက် မရှိပါဘူး။ ဦးကိုနီတို့၊ ဒေါက်တာ မြတ်ဥာဏစိုးတို့၊ ဦးဝင်းမြင့်တို့က ဘဘဦးဝင်းတင်ကို စာရင်းထဲ မထည့်၊ ဂရုမစိုက်ကြပေမယ့် ဒေါ်စုအနေနဲ့ ဘဘဘက်က ရပ်တည် ပေးသင့်တယ်။ NLD မှာ သူခိုးတွေ ရှိတယ် လို့ ဘဘဦးဝင်းတင်က ပြောခဲ့တာကို ဒေါ်စုနဲ့ နေပြည်တော်အဖွဲ့က စိတ်ဆိုးတယ် လို့ ကြားပါတယ်။ ဒီကိစ္စနဲ့ သေကောင်ပေါင်းလဲဖြစ်နေတဲ့ ဘဘဦးဝင်းတင်ကို အချိန်ပေးပြီး မကြည့်နိုင်တာကတော့ ရင်နာစရာပါ" ဟု ရန်ကုန်တိုင်းဒေသကြီး ပါတီတာဝန်ခံ တစ်ဦးက ပြောဆိုသည်။

NLD ပါတီတွင် နောက်ပေါက်သည့် ရွှေကြာပင်များကို နေရာပေးနေခြင်းမှာ တုံ့ပြန်ပြောကြားမည့်သူ မရှိစေ၍ ဖြစ်မည် ထင်ကြောင်း၊ ဦးဝင်းတင်မှာ ဒေါ်စု မှားနေသည်ကိုမြင်လျှင် မှားသည် ဟု ထောက်ပြရဲသူ ဖြစ်ကြောင်း၊ ယခုအခါ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာပြီးနောက် ဦးဝင်းတင်နှင့် ဦးဥာဏ်ဝင်းတို့ကို ချောင်ထိုး၍ နေရာဖယ်လိုက်ကြောင်း၊ ဦးကိုနီကို လွန်စွာမှပင် အရေးပေး၍ နယ်ဟောပြောပွဲများတွင်လည်း အစဉ်အမြဲ ခေါ်ယူ သွားလေ့ရှိကြောင်း၊ မည်မျှပင် အဃာတရှိသည်ဖြစ်စေ သေကာနီးပါတီဝင် တစ်ဦးကိုတော့ ယခုကဲ့သို့ ပစ်ထားသည်မှာ မသင့်တော်ကြောင်း၊ ပါတီဝင်များ အနေဖြင့် ရင်နာနာဖြင့် မျိုသပ်ထားရခြင်း ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

မြန်မာနိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အချိန်(၂)နာရီခန့် ပေးလျှင် ကျေနပ်ကြောင်း၊ ယခုတော့ အချိန် (၂)နာရီပင် မပေးသည့် သဘောဖြစ်နေကြောင်း ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အဘဦးဝင်းတင် တက်ရောက်ကုသမှုခံယူနေသော ရန်ကုန်ဆေးရုံကြီးသို့ သွားရောက်ပြီး၊ အဘဦးဝင်းတင်ကို ကုသနေသော ဆရာဝန်ကြီးများ၊
ပြုစုစောင့်ရှောက်နေသူများ နှင့်စိုးရိမ်ကြောင့်ကြမှုများစွာဖြင့် ရောက်ရှိနေကြသူများကိုတွေ့ဆုံအားပေး၊ စကားပြောနိုင်မည်ဆိုလျှင် ကောင်းလေစွဟု စိတ်ထဲပေါ်လာပါသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်၊ အားလပ်မှု ရှိ၊ မရှိ အသေအချာမသိရှိရပါ။ ယနေ့အထိ ဒေါ်အောင်ဆန်းစုကြည်သည် လူကိုယ်တိုင် မရောက်လာသေးသည်မှာ အသေအချာဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်၊ အချိန်နှစ်နာရီခန့် အားလပ်မည့်အချိန်တွင် ရန်ကုန်ဆေးရုံကြီးသို့သွားရောက်ပြီး၊ လူနာမေး၊ နှစ်သိမ့်အားပေးသင့်ပါကြောင်း တိုက်တွန်းလိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ပင် အရောက်သွားစေလိုပါကြောင်း ထပ်မံတိုက်တွန်းလိုက်ရပါသည်” ဟူ၍ ဒေါက်တာရန်မျိုးသိမ်းက ၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ဖော် ရေးသားခဲ့သည်။

မူလက မတ်လ ၃၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လူနာမေး လာရောက်မည် ဟု ကြားသိခဲ့ရသော်လည်း ရောက်မလာခဲ့သောကြောင့် ကြံ့ဖွတ်ပါတီအကြီးအကဲများနှင့် ရွှေလမ်းငွေလမ်းဖောက်ကာ သူရဦးရွှေမန်းနှင့် တက်ညီလက်ညီထောက်ခံမှုပြုနေချိန်တွင် ပါတီအပေါ် သစ္စာ ရှိရှိ ဒုက္ခခံကာ ရပ်တည်ခဲ့မှုကို လျစ်လျူရှုရာ ရောက်နေကြောင်း NLD ပါတီဝင်များက ဝေဖန်လျက် ရှိသည်။

“ဒေါ်စုအနေနဲ့ ကျန်တဲ့သူတွေ ပြောနေတာ မသိဘူး မဟုတ်ဘူး သိတယ်။ သိလို့လဲ ၃၀ ရက်နေ့ သွားကြည့်မယ် ဆိုပြီး ခြံထဲက လူတွေက သတင်းပေးတယ်။ ကျွန်တော်တို့ကတော့ ဒေါ်စုလာမယ် ဆိုပြီး မျှော်နေခဲ့တာ။ ဘုရားမပြီးသေးဘူး ငြိမ်းဖျက်ပစ်တာ လို့ ကျွန်တော်တို့ ခံစားရတယ်။ ဘဘဦးဝင်းတင် ဒီရောဂါတွေ ဘာဖြစ်လို့ ရခဲ့သလဲ။ NLD အပေါ် သစ္စာ ကြီးကြီးနဲ့ မာမာတင်းတင်း ဘယ်သူ ရပ်ခဲ့သလဲ။ ဘဘဦးဝင်းတင်က ဖောက်ပြန်ရေးသမားမဟုတ်ဘူး။ ဒေါ်စု နည်းလမ်းတွေ လက်မခံပေမယ့် ဒေါ်စုကို ချစ်တဲ့စိတ်နဲ့ ထောက်ခံခဲ့တယ်။ အခု ဦးရွှေမန်းတို့ နဲ့ ပေါင်းတော့ ဒီလူတွေ မယုံရဘူး ဆိုပြီး ဘဘဦးဝင်းတင်က ပြောတယ်။ နောက်ဆုံး ၂၀၁၅ ရွေးကောက်ပွဲမှာ NLD နိုင်လို့ ဒေါ်စုကို သမ္မတ အဖြစ် တင်လို့မရရင် ဦးရွှေမန်းကို မတင်နိုင်ဘူး ဆိုပြီး အပြတ်ပြောတယ်။ ဒါကို ဒေါ်စုက ကြိုက်ပုံမရဘူး။ ဒီလူကြီး ငါလုပ်တာတွေ ကန့်လန့်တိုက်နေတယ် ဆိုပြီး နောက်ပိုင်းCEC အစည်းအဝေးတွေမှာ ဘဘဦးဝင်းတင်ကို မတက်ခိုင်းတော့ဘူး။ သိပ် ကြောက်ဖို့ကောင်းတယ်။ အတ္တတွေ အကျိုးစီးပွားတွေ ၀င်လာတဲ့အချိန်မှာ လူတွေရဲ့ စိတ်ထားတွေ ဖောက်ပြန်သွားကြတာ မျက်မြင် ကိုယ်တွေ့ပဲ။ ဘဘဦးဝင်းတင် စိတ်ဓါတ်က မာပါတယ်။ ဒေါ်စုနဲ့ ပတ်သက်လို့တော့ ဘဘက ဘယ်တော့မှ စိတ်မဆိုးဘူး။ သူ အမြဲပြောတာ ရှိတယ်။ ဒေါ်စုက ဘယ်တော့မှ မမှားဘူး။ အေး နည်းနည်း လွဲနေတာပဲ ရှိတယ် ဆိုပြီး ပြောတယ်။ ဘာကြောင့် ပြောရသလဲ ရှင်းပြတယ်။ ဒေါ်စုကို မှားတယ်လို့ ဘယ်တော့မှ မပြောနဲ့ ဆိုပြီး။ ဒီအတိုင်းလည်း ဘဘဦးဝင်းတင် ရပ်တည်ခဲ့ပါတယ်။ အခုလို သူများတွေ မြင်မကောင်းဘူး၊ ကြားမကောင်းဘူး ဆိုပြီး ၀ိုင်းပြော ၀ိုင်းတိုက်တွန်းမှ ဘဘဦးဝင်တင်ကို လာမကြည့်ပါနဲ့။ စိတ်ထဲက မပါဘဲ ဟန်ဆောင်တဲ့ အတတ်ပညာကို ဘဘဦးဝင်းတင်က မုန်းတယ်။ ကျွန်တော်တို့လည်း မုန်းတယ်။ သင်ခန်းစာပေါ့ဗျာ" ဟု ဦးဝင်းတင်၏ အနီးကပ် လူယုံ NLD ပါတီဝင်တစ်ဦးက မျက်ရည်စများဖြင့် ပြောဆိုသည်။

"ဒေါ်စုက ကျားတွေကို ကြောင်တွေ မှတ်နေတာ။ ကိုယ့်လူတွေကို ပြန်ပြီး သတ်နေတာ ဆိုပြီး ဘဘဦးဝင်းတင် အမြဲပြောတယ်။ ဘာပဲ ဖြစ်ဖြစ် ဒေါ်စု နောက်မှာ ငါတို့ ရပ်ပေးမယ်။ နောက်ဆုံး အသက်သိဥာဉ် ချုပ်ငြိမ်းတဲ့အထိ ပေါ့ကွာ ဆိုပြီး ပြောခဲ့တာ။ အမှန်တစ်ကယ်မှာလည်း သေတဲ့ အထိ ဒေါ်စုဘက်မှာ ရပ်တည်သွားမယ့် သဘောပါ။ အရင်းက အဖျားဖြစ်၊ မိတ်ဆွေအစစ်က ရန်သူ ဖြစ်ရတဲ့ အခြေအနေပါ။ ဦးကိုနီနဲ့ ဦးဝင်းတင် ဘယ်သူ့ကို ယုံမှာလဲဗျာ။ ဦးရွှေမန်းနဲ့ ဦးဝင်းတင် ဘယ်သူ့ကို ယုံမလဲဗျာ။ ကျွန်တော်တို့က အဖြည့်ခံတွေပါ။ ဒေါ်စု နင်းတက်ဖို့ ကျွန်တော်တို့ နှလုံးသားတွေကို ခင်းပေးခဲ့တာပါ။ နောင်တ မရပါဘူး။ ဒီလိုပဲ အနစ်နာခံ ဘေးရောက်သွားရတဲ့ အညတြတွေ အများကြီးပါ" ဟု ၄င်းက မချိတင်ကဲ ပြောကြားသည်။

ဤသို့ သတင်းများ ထွက်ပေါ်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လူမြင်ကောင်းရန်နှင့် ဝေဖန်မှုများ လျော့ပါးစေရန် ဦးဝင်းတင်အား လူနာမေး သွားနိုင်ဖွယ်ရာ ရှိကြောင်း ၄င်းက သုံးသပ်ပြောကြားသည်။


- Civil Power

ဒီလိုလူတွေကို ဘယ်လိုလုပ်သင့်လဲ

ဗွီဒီယိုဖိုင်လေးကို ဆုံးအောင်ကြည့်ပါ။ သူတို့ရဲ့ စိတ်သဘောကို အထင်းသားမြင်ရမှာ။ သမ္မတကြီးအပါအ၀င် ရဟန်းသံဃာတော်များကို ယုတ်မာရိုင်းစိုင်းစွာဆဲဆိုအော်ဟစ်နေကြတဲ့ ဘင်္ဂလူလူမျိုးများ...


မြန်မာ့ရေပိုင်နက်တွင် နိုင်ငံခြားသင်္ဘောများ ငါးဖမ်းခြင်းကို ဧပြီ ၁ ရက်နေ့မှစကာ တရားဝင်ပိတ်ပင်၊ ကျူးကျော်ဝင်ရောက်လာပါက ပစ်ခတ်နစ်မြုပ်သွားမည်ဖြစ်



From : .... Mizzima

မြန်မာ့ရေပြင်ပိုင်နက်တွင် နိုင်ငံခြား ငါးဖမ်းရေယာဉ်များက မြန်မာ့မျိုးရင်းငါးများ ၀င်ရောက်ဖမ်းဆီးခြင်းကို ဧပြီလ ၁ ရက်မှစ၍ တရားဝင်ပိတ်ပင်တားဆီးလိုက်ပြီ ဖြစ်သည်ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဟန်ထွန်းက ဧပြီလ ၁ ရက်တွင်
မဇ္ဈိမကို ပြောသည်။

ဦးဟန်ထွန်းက “ မြန်မာ့ရေပြင်တစ်ခုလုံးမှာ နိုင်ငံခြားသဘောင်္တွေက မြန်မာ့ မျိုးရင်းငါးတွေ ၀င်ရောက် ဖမ်းဆီးတာကို ဧပြီလ ၁ ရက်ကစပြီး ပိတ်ပင်လိုက်တာပါ။ ပြည်တွင်းရေလုပ်ငန်းရှင်တွေက တောင်းဆို တာရယ်၊ မြန်မာ့ငါးသယံဇာတ လျှော့နည်းလာတာရယ်ကြောင့် ဖမ်းဆီးခွင့် ပိတ်ပင် လိုက်တာပါ” ဟုပြော သည်။

သို့သော် နိုင်ငံတကာ ရေပြင်ပိုင်နက်တွင်သာမကဘဲ မြန်မာ့ရေပြင်ပိုင်နက်သို့ပါ ၀င်ရောက်ကျက်စားလေ့ရှိသော တူနာ ငါးမျိုးများကိုမူ နိုင်ငံခြားငါးဖမ်းသဘောင်္များ ၀င်ရောက်ဖမ်းဆီးနိုင်ရန် ခွင့်ပြုပေးထားသည် ဟု ဦးဟန်ထွန်းက ပြောသည်။

“ တူနာငါးတွေဖမ်းဖို့ မြန်မာနိုင်ငံက ငါးဦးလုပ်ငန်းဦးစီးဌာနမှာ ခွင့်ပြုချက် တောင်းခံရပါတယ်။ ငါးဦးစီးဌာနက ဖမ်းဆီးခွင့်လိုင်စင်ချပေးရင် ဘယ်သူမဆို တူနာငါးတွေကို ဖမ်းဆီးလို့ ရပါတယ်” ဟု ဦးဟန်ထွန်းက ပြောသည်။

မြန်မာရေပိုင်နက်အတွင်းသို ၀င်ရောက်၍ ပိတ်ပင်မှု ပြုလုပ်ထားသည့် ငါးများကို ဖမ်းဆီးပါက ပင်လယ်ပြင် လှုံခြုံ ရေးတာဝန်ယူထားသည့် တပ်မတော် ရေတပ်နှင့် ပင်လယ်ပြင်တွင် တာဝန်ယူထားသည့် ငါးဦးစီးဌာနတို့က ဖမ်းဆီးမှုများ ပြုလုပ်သွားမည် ဖြစ်သည်ဟုလည်း ဦးဟန်ထွန်းက ပြောသည်။

ဟင်္သာတ ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ခရိုင်ဥက္ကဋ္ဌ ဦးစံဝင်း က “နိုင်ငံအတွင်းမှာက အလုပ်လက်မဲ့တွေများ တယ်။ တစ်ခြားနိုင်ငံကို ပင်လယ်ရေပြင်မှာ ငါးဖမ်းဆီးမှု ပိတ်ပင်လိုက်တဲ့အတွက် ပြည်တွင်းရေလုပ်ငန်း ရှင်တွေအတွက် အကျိုးရှိတယ်။ တစ်ခြားနိုင်ငံကို ဖမ်းဆီးခွင့်ပေးထားတာ မဖြစ်သင့်ပါဘူး။ အခုလို ပိတ် ပင်လိုက်တဲ့အတွက် ရေလုပ်ငန်းလုပ်ကိုင်သူတွေ နယ်မြေတိုးချဲ့လို့ ရလာနိုင်တာပေါ့” ဟု ပြောသည်။

မြန်မာပင်လယ်ပြင်တွင် fishing right အစီအစဉ်ဖြင့် ငါးဖမ်းဆီးခွင့်ကို ၂၀၀၉-၂၀၁၀ တွင် စတင်ခွင့်ပြုပေးခဲ့ပြီး ၂၀၁၄ မတ်လတွင် ဖမ်းဆီးခွင့်သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။၂၀၀၉ မှ ၂၀၁၄ အထိ နိုင်ငံခြားငါးဖမ်း ရေယာဉ်များမှ အခွန်ငွေအဖြစ် အမေရိကန် ဒေါ်လာ ၁၃ သန်းကျော် ရရှိခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၁၄-၁၅ Mission

လက်နက်ကိုင် အမျိုးမျိုး၊ ပါတီအဖုံဖုံနဲ့ သွားနေရတဲ့ မြန်မာပြည်မှာ တမျိုးသားလုံး တလုံးတစည်းထဲနဲ့ အမျိုးသားအကျိုးစီးပွား တခုတည်းကို ဦးတည်ပြီး ရွေ့ကြမှာလားလို့ မေးစရာရှိလာပါတယ်....။
ဒီအပါတ်ထုတ် The Voice weekly မှာပါတဲ့ ဆရာပိုက်တင်ရဲ့ ဆောင်းပါးလေးကို ပြန်လည်
ဖော်ပြပေးလိုက်ပါတယ်။





မြန်မာနိုင်ငံသားများ အားလုံးရဲ့ ကိုးဆယ့်ကိုးရာခိုင်နှုန်းကျော် လောက်က ဒီမိုကရေစီစနစ်ကို
လိုလားကြတယ်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာတာကို မြင်တွေ့လိုကြတယ်လို့ ပြောရင် မှားမယ်မထင်ပါဘူး။

ဘာကြောင့်လဲ ဆိုတော့ အာဏာရှင်စနစ်ကိုပဲ ဆက်လက် ရှင်သန်နေစေချင်တဲ့သူတွေ 
ဒါမှမဟုတ် လူထုကြီးကိုဆင်းရဲတွင်းထဲ ဆက်နှစ်ထားပြီး ကိုယ်နဲ့ကိုယ့်အသိုင်းအဝိုင်းကိုတော့ ချမ်းသာသည်ထက်ချမ်းသာစေချင်ကြသူအာဏာယစ်မူးလိုကြသူတွေဟာ သန်းခြောက်ဆယ်ရဲ့တစ်ရာခိုင်နှုန်းတောင်မရှိနိုင်တာ သေချာနေလို့ဖြစ်ပါတယ်။

ဒီတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ထွန်းဖို့ဆိုတာ နှေးတာနဲ့မြန်တာပဲရှိနိုင်ပေမယ့် သေချာပေါက် မျှော်မှန်းနိုင်တဲ့အခြေအနေကိုရောက်နေပြီလို့ ဆိုနိုင်ပါတယ်။နောက်ကြောင်းပြန်လိုသူ ( ကိုယ်ကျိုးသက်သက်ကြည့်သူ ) တချို့ရဲ့ပါဝါတွေကလည်း လျော့သည်ထက်လျော့လာနေပြီလို့ယူဆရပါတယ်။ 

တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်တိုင်က
ဒီမိုကရေစီဘက်ကို ရွေ့ဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်ဆိုတာ လည်း တစ်နေ့ထက်တစ်နေ့ ထင်ထင်ရှားရှားမြင်လာတွေ့လာရပါတယ်။အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို မဖြစ် ဖြစ်အောင်လုပ်ဖို့ သံဓိဌာန်ချထားကြောင်း တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်ရဲ့ ပြောဆိုမှုက လူထုကြီးရဲ့ မျှော်လင့်ချက်ကို အတိုင်းအတာတစ်ခုအထိ ပိုမိုခိုင်မာလာစေတာလည်းဖြစ်ပါတယ်။


ဒီတော့ ဒီမိုကရေစီနဲ့ နီးသည်ထက်နီးဖို့ နိုင်ငံတော် လည်း မြန်နိုင်သမျှ မြန်မြန်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ လူထုတစ်ရပ်လုံးရောstakeholder အားလုံးပါ အားထုတ်ကြိုးပမ်းရမယ့်ကိစ္စဖြစ်ပါတယ်။ ဆိုလိုတာက ကိုးဆယ့်ကိုးရာခိုင်နှုန်းကျော်တဲ့ နိုင်ငံသားအပေါင်းကလိုလားတောင့်တနေတဲ့အခြေအနေတစ်ရပ်ကို မြန်မြန်ရောက်ဖို့ အထိရောက်ဆုံး အကောင်းဆုံးနည်းလမ်းမှန်သမျှကို အားလုံးက
လက်မလွတ်တမ်း ပိုင်ပိုင်နိုင်နိုင်အသုံးချကြဖို့ ဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးခရီးမှာ စိန်ခေါ်မှုတွေ အမြောက်အမြားရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါတယ်။ လောလောဆယ်လည်းကြုံတွေ့နေရဆဲဖြစ်သလို နောက်ထပ်လာမယ့် အခက်အခဲတွေကလည်း ရှေ့မှာတန်းစီ စောင့်ဆိုင်းနေမှာမုချဖြစ်ပါတယ်။ဘယ်လိုအခက်အခဲမျိုးတွေပဲ ကြုံရကြုံရ
ဘယ်လို စိန်ခေါ်မှုများနဲ့ပဲ ရင်ဆိုင်ရ ရင်ဆိုရ သန်းခြောက်ဆယ်ရဲ့ ကိုးဆယ့်ကိုးရာခိုင်နှုန်းကျော်က လိုလားတောင့်တနေတာဖြစ်လေတော့တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဒီမိုကရေစီပန်းတိုင်ကို သေချာပေါက်အရောက်လှမ်းနိုင်မှာပဲဖြစ်ပါတယ်။ဒီမိုကရေစီခရီးကို အမြန်ဆုံးလျှောက်လှမ်းပြီး
ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိဖို့ဆိုရင် လက်တွေ့ကျတဲ့ထိရောက်တဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေဖြစ်ရပါလိမ့်မယ်။

ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာသန်းခြောက်ဆယ်ရဲ့ vision ဖြစ်ပါတယ်။ နိုင်ငံရေးပါတီများ ၊တပ်မတော်၊အစိုးရ ၊လွှတ်တော်များနဲ့ လူထုတစ်ရပ်လုံးရဲ့vision ဖြစ်ပါတယ်။ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်များမှာ ထိရောက်တဲ့ mision ကို ချမှတ်ပြီး အားလုံးက အာရုံစူးစိုက်လုပ်ဆောင်ကြမယ်ဆိုရင်
ပန်းတိုင်နဲ့ မြန်မြန်နီးနိုင်မှာဖြစ်ပြီး လက်တွေ့ကျပြီး အလုပ်ဖြစ်မယ့် mision ကို အာရုံမစိုက်နိုင်ကြရင် ပန်းတိုင်ကို တော်တော်နဲ့ရောက်နိုင်ဖို့မလွယ်လှပါဘူး။ ဒီတော့ နိုင်ငံတည်ဆောက်ရေးအတွက် လက်ရှိအချိန်ကာလမှာ mision ကို ဘယ်လိုရွေးချယ်သတ်မှတ်မလဲဆိုတာကပဓါနကျလှတာကို
 တွေ့ရပါတယ်။

နိုင်ငံသစ်တည်ဆောက်ရေးဆိုတာဟာ ဒီမိုကရေစီပေါ်ထွန်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ပါတယ်။အဲဒီရလာဒ်ကိုရဖို့ လက်ငင်းအရေးကြီးတာဝန်များကိုပြောရရင်
ငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး ဆိုတဲ့ 
အဓိက လုပ်ငန်းကြီး သုံးခုကို မြင်တွေ့ကြရမှာပါ။
ဒီသုံးချက်ကိုအောင်မြင်အောင်ဆောင်ရွက်နိုင်တာနဲ့ ဒီမိုကရေစီလည်းထွန်းကားမှာဖြစ်သလို နိုင်ငံတော်လည်း သေချာပေါက် ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။

ဒါပေမယ့် လောလောဆယ်အနေအထားမှာ ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာရရှိဖို့ဆိုတာလည်း 
ခဲရာခဲဆစ် ကြိုးပမ်းနေကြရဆဲဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေးအဆင့်ကိုရောက်အောင်ပဲ လုပ်ရဦးမယ့်လုပ်ငန်းစဉ်တွေ ဖြတ်သန်းကျော်လွှားရဦးမယ့် စိန်ခေါ်မှုတွေ မြောက်များစွာ
ရှိနေတာတွေ့ရပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကိုလည်း ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ အကန့်အသတ်နဲ့သာ ဆောင်ရွက်နိုင်မယ်ဆိုတာ သေချာနေပါပြီ။ နှစ်ဆယ့်ငါးရာခိုင်နှုန်းကိစ္စ၊ ဖက်ဒရယ်ကိစ္စ စတာတွေကို ဘယ်လိုမှ ရာခိုင်နှုန်းပြည့်ပြင်ဆင်နိုင်ဦးမှာမဟုတ်သလို
ပုဒ်မ ၅၉ ပြင်ဆင်ရေးအတွက်လည်း အခက်အခဲတွေ ရှိနေဆဲဖြစ်ပါတယ်။ 

အခြေခံဥပဒေပြင်ဆင်ရေးကို ပြောရင် 
၁။ တပ်မတော် 
၂။ အာဏာရပါတီ
၃။အတိုက်အခံပါတီများနဲ့ 
၎။ တိုင်းရင်းသားများ အားလုံးသဘောတူညီမှုရရှိတဲ့အထိ 
ညှိနှိုင်းဆောင်ရွက်ကြရမှာဖြစ်တာကြောင့် အခုကျန်နေသေးတဲ့
လွှတ်တော်သက်တမ်းကာလမှာ ဘယ်လိုမှ အပြည့်အဝ ဆောင်ရွက်လို့ မရနိုင်တာ သေချာလှပါတယ်။ 

ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ ပြင်ဆင်ရေးတို့ဟာ ပြိုင်တူ တိုးတက်ဖြစ်ထွန်းအောင်ဆောင်ရွက်ရမယ့်ကိစ္စများဖြစ်ပြီး တစ်ခုအောင်မြင်မှသာ နောက်တစ်ခုလည်းအောင်မြင်နိုင်ဖို့ရှိပါတယ်။ဒီတော့ အဲဒီကိစ္စနှစ်ခုစလုံးကို ၂၀၁၅ ရွေးကောက်ပွဲကာလနောက်ပိုင်းအထိ စိတ်ရှည်လက်ရှည်နဲ့ ဇွဲကောင်းကောင်းနဲ့ ဆောင်ရွက်ကြဖို့
အားလုံးက သံဓိဌာန်ချမှတ်ထားသင့်ပါတယ်။

နောက်တစ်ခုက ဆင်းရဲမွဲတေမှု ပပျောက်ရေးပါ။ လက်ရှိအစိုးရရဲ့ ဦးစားပေးလုပ်ငန်းကြီးတစ်ခုလည်းဖြစ်ပေမယ့် လောလောဆယ်အခြေအနေအထိ
ထိရောက်အောင်မြင်အောင်ဆောက်ရွက်ဖို့ ခက်ခဲနေဆဲ ပြသနာကြီးလည်းဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုကို မတိုက်ဖျက်နိုင်ဘဲနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆီ တက်လှမ်းဖို့မဖြစ်နိုင်ဘူးဆိုတာ အားလုံးအသိဖြစ်ပါတယ်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများအလုံးအရင်းနဲ့ဝင်ရောက်လာရေးဟာ ဒီပြသနာပြည်လည်ရေးအတွက် တော်တော် အရေးပါတဲ့ကိစ္စဖြစ်ပေမယ့် လောလောဆယ်အနေအထားကိုသုံးသပ်ရသလောက်တော့ ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းမှသာ
ရင်းနှီးမြှုပ်နှံမှုများ သိသိသာသာ တိုးတက်လာမယ်လို့ ယူဆရပါတယ်။
( လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စမှာ အခက်အခဲတွေရှိနေသေးတာကိုလည်း
ထည့်တွက်ကြဖို့လိုအပ်ပါမယ်။)

ဒီတော့ လောလောဆယ် ( ၂၀၁၅ မတိုင်ခင်မှာ ) စောစောကပြောတဲ့ 
အဓိက လုပ်ငန်းကြီးသုံးရပ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်
နိုင်ကြဖို့ ဆိုတာ တော်တော်အခွင့်အလမ်းနည်းနေပြီလို့ပဲ ပြောရမှာဖြစ်ပါတယ်။
လာမယ့်၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းမှာ အဲဒီ အရေးကြီးလှတဲ့ လုပ်ငန်း
တာဝန်များကို အခုထက်အများကြီးပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ဆိုရင် 
၂၀၁၅ ရွေးကောက်ပွဲကို အားလုံးက လက်တွေ့ကျကျ အာရုံစိုက်ပြီး
အောင်မြင်ချောမွေ့စွာ ကျင်းပ ပြီးစီးနိုင်ဖို့ အခုကတည်းကလုပ်ကိုင်သင့်ပြီဖြစ်ပါတယ်။ 
၂၀၁၅ ရွေးကောက်ပွဲ ကို အောင်မြင်ချောမွေ့စွာကျင်းပပြီးစီးနိုင်ရေးဆိုတာ
တပ်မတော်အပါအဝင် အင်အားစု အားလုံးရဲ့ အရေးကြီးတဲ့ လုပ်ငန်းတာဝန်ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲဟာ ကျင်းပပြီးစီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲ တို့နဲ့ များစွာကွာခြားမှုရှိမှာဖြစ်ပါတယ်။ အာဏာရပါတီနဲ့ (တိုင်းရင်းသားများအပါအဝင် )အတိုက်အခံတို့
လွတ်လပ်စွာ တရားမျှတစွာယှဉ်ပြိုင်ခွင့်ရအောင် ကြိုးပမ်းကြရမှာဖြစ်ပြီး အတိုက်အခံတို့ နိုင်ခြေများနေတယ်ဆိုတာ အားလုံးက သိရှိနားလည် လက်ခံထားပြီးလည်းဖြစ်သလို
တစ်ကယ်တမ်း အတိုက်အခံတို့ အနိုင်ရခဲ့ရင်လည်း ( ၁၉၉၀ နဲ့ လုံးဝမတူဘဲ ) အတိုက်အခံအစိုးရ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ 

၂၀၁၅ ရွေးကောက်ပွဲကို အောင်မြင်အောင်ကျင်းပပြီး ဖြတ်သန်းနိုင်မယ်ဆိုရင် မြန်မာ့ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းစဉ်ရဲ့ ကြီးမားတဲ့ အရေးပါတဲ့ ခြေတစ်လှမ်း လှမ်းနိုင်မှာဖြစ်တယ်ဆိုတာ အားလုံးက မျက်ခြေမပြတ်သင့်
ပါဘူး။ လောလောဆယ်အတိုက်အခံပါတီကြီးအနေနဲ့ အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်နေတဲ့ အခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုများ ထိထိရောက်ရောက် အောင်မြင်ဖြစ်ထွန်းဖို့
ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှာ အများကြီးမျှော်လင့်လို့ရနိုင်တယ်ဆိုတာလည်း မျက်ခြေမပြတ်သင့်ပါဘူး။ ဒီတော့ ပြင်ဆင်ရေးကိစ္စ လောလောဆယ်ဆောင်ရွက်နေမှုများကို
ပထမဦးစားပေးအဆင့်မှာထားမယ့်အစား ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်ရေးကိစ္စကို ဦးစားပေးဆောင်ရွက်မယ်ဆိုရင် အများကြီးပိုပြီး အကျိုးများမယ်ဆိုတာ မျက်ခြေမပြတ်သင့်ပါဘူး။

၂၀၁၅ ရွေးကောက်ပွဲအောင်မြင်ရေးဟာ အခြေခံဥပဒေအရ stakeholder အားလုံးက အလေးအနက်ထားရမယ့်ကိစ္စလည်းဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို တစ်နည်းနည်း
နဲ့ ဖျက်လိုဖျက်ဆီး လုပ်လိုသူ မည်သူမဆို မည်သည့်အဖွဲ့အစည်းမဆိုဟာ အခြေခံဥပဒေကို ထိပါးရာရောက်မှာဖြစ်တဲ့အပြင် ဒီမိုကရေစီတည်ဆောက်ရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး
ကိုလည်း နှောက်ယှက်ဖျက်ဆီးရာရောက်မယ်ဆိုတာ အထူးတလည်ပြောဖို့လိုမယ်မထင်ပါဘူး။ 
၂၀၁၅ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ပါဝင်ကူညီရေး
ဆိုတာဟာ နိုင်ငံရေးသမားများအားလုံး၊နိုင်ငံသားအားလုံးနဲ့ တပ်မတော်ရဲ့ တာဝန်ဖြစ်ပါတယ်။ 

အထူးသဖြင့် အတိုက်အခံတို့အနေနဲ့ ပြင်ဆင်ရေးကို ၂၀၁၅ မတိုင်ခင်မှာ အာရုံစိုက်ပြီး
အတင်းတွန်းလုပ်ဖို့ကြိုးစားရင်း ရွေးကောက်ပွဲနဲ့ပတ်သက်လို့ပြင်ဆင်ဆောင်ရွက်ရမယ့်ကိစ္စတွေမှာ လစ်ဟင်းခဲ့မယ်ဆိုရင် ဒါဟာ အတိုက်အခံတို့အတွက်သာမက နိုင်ငံသားအားလုံးအတွက်
ထောက်ချောက်တစ်ခုဖြစ်သွားနိုင်ပါတယ်။ ဆိုလိုတာက ပြင်ဆင်ရေးကို ၂၀၁၅ မတိုင်ခင်မှာ ဘယ်လောက်ရနိုင်သလဲဆိုတာ တိုင်းတာတွက်ချက်ပြီး အနီးစပ်ဆုံးရရှိအောင်ကြိုးစားရင်း
တစ်ဖက်က ရွေးကောက်ပွဲကို အာရုံစိုက်မယ်ဆိုရင် ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထိရောက်ဆုံးဖြစ်မှာဖြစ်ပေမယ့် အခြေခံဥပဒေပြင်ဆင်ရေးကို အာရုံစိုက်သင့်တာထက်ပိုစိုက်မိရင်
ရွေးကောက်ပွဲအတွက် ပြင်ဆင်ရေးမှာ ဟာကွက်များပေါ်ပေါက်နိုင်ပြီး ဒီမိုကရေစီအရေးဟာ နှောင့်နှေးသွားနိုင်တာဖြစ်ပါတယ်။တခြားကိစ္စတွေကို ဒုတိယဦးစားပေးအဖြစ်သတ်မှတ်ပြီး
ရွေးကောက်ပွဲကို အားလုံးက အာရုံစိုက် ဆောင်ရွက်နိုင်ကြရင် ( ဥပမာအားဖြင့် ပြင်ဆင်ရေးကို အားသွန်ခွန်စိုက်တွန်းလုပ်လို့ တွေ့ကြုံလာရနိုင်တဲ့ တပ်မတော်နဲ့အတိုက်အခံအကြား
အထင်အမြင်လွဲမှားမှုများကိုရှောင်ရှားနိုင်ပြီး ) တပ်မတော်နဲ့လူထု ပိုမိုစည်းလုံးညီညွတ်ရေးအတွက်နားလည်မှုတည်ဆောက်နိုင်ရေးကိုလည်း ကျွဲကူးရေပါဆောင်ရွက်ပြီးသားဖြစ်မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီးဖို့ဆောင်ရွက်နိုင်ရင် ၂၀၁၅ နောက်ပိုင်းမှာ 
၁။ အပစ်အခတ်ရပ်စဲရေးဟာ ခရီးအတော်အတန်ရောက်နေမှာဖြစ်လို့ ငြိမ်းချမ်းရေးအတွက် 
တစ်ဆင့်တက်ဆောင်ရွက်နိုင်တဲ့ အခြေအနေ 
၂။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ အခုထက် ပိုမိုစီးဝင်လာမယ့်အခြေအနေ များဟာ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မယ့်အခြေအနေသစ်နဲ့
သေချာပေါက် တစ်ချိန်ထဲ မှာ တိုက်ဆိုင်ဖြစ်ပေါ်လာမှာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အခြေခံဖြစ်တဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး နဲ့ ဒီမိုကရေစီရေးအတွက် အခြေခံဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ 
အခြေခံဥပဒေပြင်ဆင်ရေးတို့ဟာလည်း များစွာအရှိန်အဟုန်ပိုကောင်းလာဖို့ရှိပါတယ်။

ဒီတော့ သက်ဆိုင်တဲ့ stakeholder အားလုံးအပါအဝင် နိုင်ငံသားအားလုံးဟာ ပန်းတိုင်နဲ့
ပိုနီးနိုင်မယ့် ခြေလှမ်းသစ်တစ်ရပ်ကို ပိုင်ပိုင်နိုင်နိုင်လှမ်းနိုင်ဖို့ ၂၀၁၅ ရွေးကောက်ပွဲအတွက် 
အခုကတည်းက ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ဖို့လိုအပ်ပါတယ်။ 
လက်တွေ့ကျတဲ့ အားထုတ်ကြိုးပမ်းမှုတွေကိုပဲရွေးချယ်ပြီး အာရုံစိုက်လုပ်ဆောင်သင့်ကြပါတယ်။ သန်းခြောက်ဆယ်ရဲ့vision ဟာ ဒီမိုကရေစီပေါ်ထွန်းရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဖြစ်တယ်ဆိုရင် 
အဲဒီ ပန်းတိုင်ကိုမြန်မြန်ရောက်ဖို့ အတွက်၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်များမှာ အားလုံးရဲ့ mission ဟာ "၂၀၁၅ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး " ဖြစ်ရမယ်လို့ ယူဆမိပါကြောင်း။ ။

- ပိုက်တင် 

သန်းခေါင်စာရင်းကောက်ယူနေသော ၀န်ထမ်းများအား KIA အဖွဲ့မှ နှောင့်ယှက်နေသည့်အပေါ် အရေးယူပေးရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (UN )သို့ ရှမ်းနီလူငယ်များမှ တိုင်ကြားခဲ့




ကျွန်တော်ဟာ ကချင်ပြည်နယ်မှာနေထိုင်တဲ့ ရှမ်းနီလူမျိုးတစ်ယောက်ပါ။
ပြီးတဲ့ရက်ကစပြီး ကျွန်တော်တို့ ကချင်ပြည်နယ်အပါအ၀င် တစ်နိုင်ငံလုံးမှာ သန်းခေါင်စာရင်းကောက်ယူနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကချင်ပြည်နယ်မှာ
KIA အဖွဲ့ကြောင့် သန်းခေါင်စာရင်းကောက်လို့မရပါဘူး။ သန်းခေါင်စာရင်းကောက်ဖို့လာတဲ့ ၀န်ထမ်းကို ပစ်သတ်မယ်၊ ရွာလူကြီးတွေကိုလည်း ပစ်သတ်မယ်လို့ ပြောထားပါတယ်။
အဲဒီအတွက် ၀န်ထမ်းတွေလည်း မလာရဲကြဘူးဖြစ်နေပါတယ်။
ကျွန်တော်သိသလောက်ကတော့ သန်းခေါင်စာရင်းကောက်တယ်ဆိုတာ
လူဦးရေတွေ၊ လူမျိုးတွေအတိအကျသိနိုင်ဖို့၊နိုင်ငံတော်မှာရှိတဲ့ ပြည်သူတွေရဲ့ စီးပွားရေး၊
စီမံခန့်ခွဲရေးကိစ္စတွေမှာ အရေးကြီးတဲ့ မူဝါဒတွေချမှတ်ဖို့၊ နိုင်ငံဖွံ့ဖြိုးရေးအတွက်
စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်နိုင်ဖို့ဆိုပြီး သိထားပါတယ်။

ကချင်ပြည်နယ်ထဲက ဝေးလံခေါင်ဖျားတဲ့ ပူတာအိုခရိုင်မှာဆိုရင် မြို့နယ်ခြောက်မြို့နယ်ကို သန်းခေါင်စာရင်း ကောက်ယူပြီးခဲ့ပါပြီ။ KIO/KIA ထိန်းချုပ်နယ်မြေထဲမှာတော့ တိုက်ပွဲဖြစ်နေလို့ ပူးပေါင်းဆောင်ရွက်ဖို့ မဖြစ်နိုင်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကောက်ခွင့်မရခဲ့ပါဘူး။ အဲဒီအကြောင်းပြချက်ဟာ KIO/KIA အနေနဲ့ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်လိုစိတ် မရှိဘူးဆိုတာ သက်သေပြနေတာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ကချင်ပြည်နယ်အတွက်ပြောပြော ကချင်ပြည်နယ်ထဲမှာရှိတဲ့ ကျွန်တော်တို့ ရှမ်းနီတိုင်းရင်းသားတွေအတွက် အများကြီးနစ်နာရပါတယ်။

 KIO/KIA ခေါင်းဆောင်ပိုင်းတွေက သူတို့ထိန်းချုပ် နယ်မြေတွေမှာ ကောက်ခွင့်မပေးတဲ့အပြင် အခု သန်းခေါင်စာရင်းကောက်နေတဲ့ ပညာရေးဝန်ထမ်းတွေကို ဟန့်တားနှောင့်ယှက်မှုတွေ ပြုလုပ်လာပါတယ်။

သန်းခေါင်စာရင်းစတင်ကောက်ယူတဲ့ နေ့မှာပဲ လွယ်ဂျယ်မြို့နယ်ခွဲ၊ ပန်ခတ်ကျေးရွာအုပ်စု၊ လူစုပါကျေးရွာမှာ သန်းခေါင်စာရင်းနဲ့ အိမ်အကြောင်းအရာလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ပညာဝန်ထမ်း နှစ်ဦးကို KIA အဖွဲ့က လာရောက်ဟန့်တားနှောင့်ယှက်မှုတွေ စတင်ပြုလုပ်လာပါတယ်။ ပန်ခတ်ကျေးရွာ မူ/အုပ် ဆရာ ဦးကျော်ညွန့်နဲ့ မူလတန်းပြဆရာမ ဒေါ်မေဇွန်ဖြူတို့ဆီကနေ စာရွက်စာတမ်းတွေ သိမ်းယူပြီး အဲဒီ ရွာကနေ မောင်းထုတ်ခံရတယ်လို့လည်း သိရပါတယ်။
ကျွန်တော်ပြောတာတွေနဲ့ ပတ်သက်ပြီး သံသယဖြစ်မယ်ဆိုရင် အချိန်မရွေး အထက်ပါနေရာတွေကို သွားရောက် စုံစမ်းနိုင်ပါတယ်။

ကချင်ပြည်နယ်ထဲမှာ နေထိုင်နေကြတဲ့ ကျွန်တော်တို့ ရှမ်းနီလူမျိုးတွေအများကြီးပါ။
ခုတော့ တဇောက်ကန်း KIA ကြောင့် ကျွန်တော်တို့လူမျိုးစု တစ်စုလုံးနဲ့ချီပြီး အခွင့်အရေးတွေ ဆုံးရှုံးရပါတယ်။ နိုင်ငံသားအခွင့်အရေးကို ထိပါးခံရပါတယ်။
အခုလိုမျိုး သန်းခေါင်စာရင်း မကောက်နိုင်တဲ့အတွက်  ကျွန်တော်တို့ ရှမ်းနီလူမျိုးစုဝင်တွေများစွာလည်း  စာရင်းပျောက်မှာဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ အဖြစ်မခံနိုင်ပါဘူး။

ဒီလိုသန်းခေါင်စာရင်းကောက်မှ အစိုးရအနေနဲ့ လုပ်ဆောင်စရာရှိတာတွေကို ဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပြီး ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ ဘ၀တိုးတက်ရေး၊
အလုပ်အကိုင် အခွင့်အလမ်းတွေဖန်တီးရေးစတဲ့ အခွင့်အလမ်းများစွာကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။
ကေအိုင်အေဌာနချုပ်ရှိတဲ့ လိုင်ဇာထိလာကောက်တာကို လက်မခံဘူးဆိုရင်ထားပါ။
အခုတော့ ကျွန်တော်တို့ရှမ်းနီတွေနေထိုင်တဲ့ ဒေသတွေကိုပါ သန်းခေါင်စာရင်းကောက်တာကို လက်မခံပဲ နှောင့်ယှက်နေတာကတော့လွန်လွန်းပါတယ်။
အားနည်းတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေကို အနိုင်ကျင့် ဖိနှိပ်နေတာနဲ့ အတူတူပါပဲ။

ဘာပဲပြောပြော အခုသန်းခေါင်စာရင်းကောက်ယူတယ်ဆိုတာ သမိုင်းမှတ်တိုင်တစ်ခုပါ။
အခုအချိန်မှမပေးရင် ကျွန်တော်တို့ဘယ်အချိန် သွားပေးရတော့မှာလဲ။ တိုင်းရင်းသားအခွင့်အရေးလို့ ရှေ့တန်းတင်ပြောဆိုနေပြီး ကျွန်တော်တို့ ရှမ်းနီတိုင်းရင်းသားတွေကို သက်သက်ဖိနှိပ်နေတာပါ။

သန်းခေါင်စာရင်းကောက်ယူတဲ့လုပ်ငန်းကို လူတစ်ဦးတစ်ယောက်ကဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုကဖြစ်ဖြစ်၊ တားမြစ်တာ၊ ပိတ်ပင်တာ၊ ခြိမ်းခြောက်တာ၊ နှောင့်ယှက်ဟန့်တားတယ်ဆိုတာက နိုင်ငံတော်နဲ့ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို ဖျက်လိုဖျက်ဆီးလုပ်ရာရောက်တဲ့အပြင် ကမ္ဘာ့ကုလသမဂ (United Nations) အဖွဲ့အစည်းကြီးနဲ့ နိုင်ငံတကာကိုလည်း ဂရုမစိုက်ဘူး ငါတို့ဒေသမှာ ငါတို့လုပ်ချင်ရာလုပ်မယ်ဆိုတဲ့သဘော သက်ရောက်နေပါတယ်။
KIA အနေနဲ့ ငါလုပ်ချင်ရာလုပ်မယ်ဆိုပြီး ရှမ်းနီလူမျိုးတွေအပေါ်  ထင်ရာစိုင်းနေတာကို ရပ်သင့်ပါပြီ။

အခုကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ရှမ်းနီတိုင်းရင်းသားများအဖွဲ့ချုပ်အနေနဲ့လည်း
ကမ္ဘာ့ကုလသမဂ (United Nations) ကို တရားဝင်တိုင်ကြားစာပေးပို့သွားမှာဖြစ်ပြီး
KIA အဖွဲ့အနေနဲ့လည်း သန်းခေါင်စာရင်းကောက်ယူတဲ့လုပ်ငန်းမှာ အနှောင့်အယှက်မပေးဘဲ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်မှီသေးတယ်လီု့ ပြောချင်ပါတယ်။

အဲဒီလိုမှမဟုတ်ဘဲ ရှမ်းနီလူမျိုးအပါအ၀င် နိုင်ငံနဲ့ပြည်သူလူထုတစ်ရပ်လုံးအတွက် အကျိုးရှိစေမယ့် သန်းခေါင်စာရင်းကောက်တဲ့ကိစ္စကို နှောင့်ယှက်ဟန့်တားခြင်း၊ ခြိမ်းခြောက်ခြင်း၊ တားမြစ်ပိတ်ပင်ခြင်းများမပြုဖို့နဲ့ ဆက်လက်ပြုလုပ်လာပါက နိုင်ငံတကာမှာလည်း ပြင်းထန်စွာ ဝေဖန်ရှုံ့ချခံရမယ့်အပြင် ဖြစ်လာမယ့် နောက်ဆက်တွဲ ကိစ္စအ၀၀အတွက်လည်း KIO/KIA အဖွဲ့မှာသာ တာဝန်ရှိမှာဖြစ်တယ်လို့ ကျွန်တော်တို့ ရှမ်းနီတိုင်းရင်းသားများအဖွဲ့က အသိပေးလိုက်ပါတယ်။

ဥပဒေစိုးမိုးရေး တွင်တွင်အော်နေသော်လည်း စည်းကမ်းမဲ့စွာဖြင့် အရှက်မဲ့စွာ ဆန္ဒပြခဲ့သည့် ၀င်းချိုနှင့် နေမျိုးဇင်အား တရားရုံးမှ သက်ညှာစွာဖြင့် ထောင်ဒဏ်သုံးလချမှတ်



ဆန္ဒထုတ်ဖော်မှုအများစုတွင် ပါဝင်လှုပ်ရှားသူ ပါလေရာငါးပိချက်ဟု လူသိများသူ ဦးဝင်းချိုနှင့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့ကို အနောက်ပိုင်း ခရိုင်တရားရုံးက ဧပြီ ၁ ရက်တွင် ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလစီ ချမှတ်လိုက်သည်ဟု ဦးဝင်းချို၏ဇနီး ဒေါ်အေးအေးသန်းက မဇ္ဈိမကို ပြောသည်။


“သုံးလလို့ပြောတယ်။ ဒဏ်ငွေဖြစ်မယ်လို့ ထင်ထားတာ မဟုတ်ဘဲ ထောင်ဒဏ်ချလိုက်တာ။ ဒီနေ့ ၁၂နာရီ က အမိန့်ချလိုက်တာ”ဟု ပြောသည်။

လယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူ ဦးဝင်းချိုနှင့် နေမျိုးဇင်တို့သည် ဇန်န၀ါရီလ ၈ ရက်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် တရားဝင်ခွင့်ပြုချက်မရရှိဘဲ မိမိသဘောဖြင့် ဆန္ဒထုတ်ဖော်ခဲ့ရာမှ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။

“ရုံးချိန်လေးကြိမ်မြောက်တွင် တရားရုံးက အမိန့်ချမှတ်လိုက်တာ”ဟု ဒေါ်အေးအေးသန်းက ပြောသည်။


- Mizzima

“မဟာဗျူဟာ သဘောဆောင်တဲ့ နိုင်ငံရေးပဋိဉာဉ်တစ်ခု ရှိဖို့လိုတယ်။ မြန်မာပြည်မှာ အဓိက လိုအပ်နေတာ အဲ့ဒါပဲ”

“မဟာဗျူဟာ သဘောဆောင်တဲ့ နိုင်ငံရေးပဋိဉာဉ်တစ်ခု ရှိဖို့လိုတယ်။
မြန်မာပြည်မှာ အဓိက လိုအပ်နေတာ အဲ့ဒါပဲ”

ဆရာကျော်ဝင်းနှင့် တွေ့ဆုံခြင်း


သမ္မတနိုင်ငံအဖြစ် ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးလာသည်မှာ မတ်လ ၃၁ရက်ဆိုလျှင် သုံးနှစ်ပြည့် ပြီဖြစ်သည်။ အစိုးရက နိုင်ငံရေး၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေးတို့တွင် အဓိကလုပ်ဆောင်ရန် လိုအပ်လျက် ရှိ သည့် နိုင်ငံရေးအကျပ်အတည်းများ နှင့်ပတ်သက်၍ မျက်မှောက်
မြန်မာ့နိုင်ငံရေးကို အစဉ်တစိုက်လေ့လာ ရေးသားလျက်ရှိသည့် ဆရာကျော်ဝင်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

- သမ္မတဦးသိန်းစိန် တာဝန်ယူခဲ့ရတဲ့ သုံးနှစ်တာအတွင်းမှာ နိုင်ငံရေး ယဉ်ကျေးမှုအသစ်ကို ဖော် ဆောင်နိုင်ခဲ့တယ်လို့ ပြောသွား ပါတယ်။ ဘယ်အချက်တွေက နိုင်ငံရေးယဉ်ကျေးမှုသစ်လို့ ပြောလို့ ရပါသလဲ။


သူပြောတဲ့ နိုင်ငံရေးယဉ်ကျေးမှုအသစ် ဆိုတာကတော့ ဆန့်ကျင်ဘက် အချင်းချင်း တွေ့ဆုံဆွေးနွေးပြီး အဖြေရှာတာကိုပြောတာ ဖြစ်တယ်။ အဲ့ဒါကိုတော့ သဘောတူတယ်။ မြန်မာပြည်မှာ တောက်လျှောက် ရင်ဆိုင် ခဲ့ရတာက ထိပ်တိုက်ရင်ဆိုင်ရေးပဲ။

ဆန့်ကျင်ဘက်အချင်းချင်း အပြန်အလှန် ဖယ်ထုတ်ဖို့ကြိုးစားခဲ့ကြတာ ချည်းပဲ။ အဲ့ဒီအတွက် ထင်ရှားတဲ့ သာဓက ကတော့ ပြည်တွင်းစစ်ပဲ။ ဘာလို့လဲဆိုတော့ အစိုးရအဆက်ဆက်ကလည်း လက်နက်ကိုင် ဖြုတ်ချရေး၊ သူပုန် အမြစ်ဖြတ်ရေး၊ လက်နက်ကိုင်အင်အားစု အဆက်ဆက်ကလည်း အစိုးရဖြုတ်ချရေး။ တကယ်တမ်းကျတော့ တစ်ဖက်မှအမြစ်မပြတ်ဘဲ တိုင်းပြည်သာ စုတ်ပြတ်သတ်သွားတယ်။

အခု ဆန့်ကျင်ဘက်တွေ မျက်နှာချင်းဆိုင်တွေ့ပြီး ညှိနှိုင်းအဖြေရှာတဲ့နည်းကို သုံးလာတယ်။ အဲ့ဒါကြောင့် သူပြောတဲ့နိုင်ငံရေး ယဉ်ကျေးမှုအသစ် အကောင်အထည် ပေါ်လာခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ နည်းနည်းလေး ပြဿနာရှိလာတယ်။ သိပ်အားမကောင်း တော့ ဘူး။ နည်းနည်း လေး တင်းမာတဲ့လက္ခဏာတွေ တွေ့လာရတယ်။ ဘာပဲပြောပြော မြန်မာပြည်မှာ ဘယ်တုန်းကမှ အပေါ် စီးက မရတဲ့ နိုင်ငံရေး ပုံစံသစ် စမ်းသပ်ကျင့်သုံး လာတာတွေ့ရတယ်။
ဒါကိုတော့ ယေဘုယျ လက်ခံပါတယ်။


-နိုင်ငံရေးယဉ်ကျေးမှုသစ်က တဖြည်းဖြည်း အားနည်းလာတယ်ဆိုတာ ဘယ်လိုအချက်တွေကြောင့် လဲဆရာ။

အဓိကကတော့ နှစ်ချက်ပေါ့။ တစ်ချက်က လွှတ်တော်နဲ့ ထိပ်တိုက်တွေ့မှုတွေ များလာတယ်။ အမှန်တော့ မဖြစ်သင့်ဘူး။ ဒီမိုကရေစီနိုင်ငံတွေမှာ လွှတ်တော်နဲ့အစိုးရ အားပြိုင်ကြတယ်ဆိုတာမျိုးက အပြန်အလှန် ထိန်းကျောင်း တဲ့ သဘော။ အခုဟာက သာမန်အားပြိုင်မှုမျိုး မဟုတ်တော့ဘူ။ အပြန်အလှန် ထိန်းကျောင်း တာမျိုး မဟုတ်တော့ဘူး။


ထိပ်တိုက်ရင်ဆိုင်မှုတွေက ၂၀၁၃ အတွင်းမှာ နည်းနည်းစိပ်လာခဲ့တယ်။ ပါတီ၊ လွှတ်တော်ခေါင်းဆောင် တွေနဲ့ အစိုးရခေါင်းဆောင်တွေ ဆိုတာ တစ်ပါတီ တည်း။ သူတို့လာရာကို ကြည့်ရင်လည်း အားလုံးက တပ် မတော်သားဟောင်း တွေ။ သူတို့ အချင်းချင်းကလည်း ကာလုံမှာအမြဲတမ်းတွေ့နိုင်တာပဲ။ အဲ့ဒီကြားထဲမှာမှ ပွတ်တိုက်မှုတွေ သိပ်များလာတာကတော့ နိုင်ငံရေး ယဉ်ကျေးမှုသစ်က အားကောင်းတယ်လို့ ဆိုဖို့ခက် တာ ပေါ့။ နောက်တစ်ခုက အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး သွေးအေးလာတာ လူ တိုင်းသိတယ်။ ဒီအချက်တွေကို ပြောမယ်ဆိုရင်တော့ နိုင်ငံရေးယဉ်ကျေးမှုသစ် က ၂၀၁၃ ကလောက် အားမကောင်းတော့ဘူး။


- ကျန်သက်တမ်းမှာ နိုင်ငံရေးယဉ်ကျေးမှုအသစ် ဘယ်လို ဖော်ဆောင်သွားဖို့ လိုမလဲ။


အဓိကကတော့ မကြာခဏတွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့ပါ။ သဘောထားကွဲလွဲမှုတွေရှိရင် များများတွေ့ ပေးဖို့လိုတယ်။ လွှတ်တော်နဲ့ ပွတ်တိုက်မှုတွေ ကျော်ဖို့ဆိုရင်လွှတ်တော်နဲ့ များများတွေ့ဖို့ လိုတယ်။အတိုက် အခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောထားကွဲလွဲမှုတွေ မဖြစ်ဖို့ဆိုရင်လည်း ခဏခဏတွေ့ပေးဖို့ လို တယ်။


ဘာလို့လဲဆိုတော့ အခုထိပ်တိုက်တွေ့ နေရတာက အခြေခံဥပဒေပြဿနာ။ အခု သမ္မတရဲ့မိန့်ခွန်းထဲမှာ လည်း အခြေခံဥပဒေကို ပြင်ရမယ်။ ဒါပေမဲ့ အခန်း ၁၂ပါ မူဘောင်အတိုင်း ပြင်ရမယ်။ ပြဋ္ဌာန်းချက်အတိုင်း ပြင်ရမယ်ဆိုတော့ အဓိကက ပုဒ်မ -၄၃၆အတိုင်း ပြင်ရမယ်ဆိုတဲ့ သဘောပေါ့။ တကယ့် လက်တွေ့မှာ အင်န်အယ်လ်ဒီနဲ့ ရှစ်လေးလုံးအုပ်စုတွေက ဒီ ၄၃၆ ပြင်တာက စရမယ်လို့ ပြောထားတယ်။ ၄၃၆ က ပြင် ချင်သပဆိုရင် ၇၅ ရာခိုင်နှုန်းကျော် သဘောတူညီပြီးတော့မှ ဆန္ဒခံယူပွဲလုပ်၊ ဆန္ဒခံယူပွဲမှာ မဲပေးနိုင်သူ အားလုံးရဲ့ တစ်ဝက်ရမှဆိုတော့ လက်တွေ့မှာတော်တော် ပြင်ရခက်တဲ့ သဘောရှိတယ်။ ကာချုပ်နဲ့ သမ္မတ ပြောတာကိုကြည့်ရင် ဒီဟာကိုပြင်ပေးချင်တဲ့ သဘောထား သိပ်မရှိဘူး။


ဒီဘက်က ပြင်စေချင်တယ်။ အတိုက်အခံဘက်က စဉ်းစားရင် ၄၃၆ က ဆုံချက် အကျဆုံး။ နောက်ထပ် ဘာမှပြင်ဖို့ဆိုတာ လက်တွေ့မှာမလွယ်ဘူး။ အတိုက်အခံဘက်က စဉ်းစားတာလည်း အပြစ်လို့ပြောမရ ဘူး။ ဒါကလည်း မှန်နေတယ်။


သမ္မတနဲ့တပ်ဘက်ကလည်း ဒါကိုဘာကြောင့် မလျှော့ချင်ရတာလဲဆိုတော့ လျှော့လိုက်ရင် အခြေခံဥပဒေ ကိုတောက်လျှောက် အကုန်လုံးပြင်သွားမှာကို စိုးရိမ်နေပုံရတယ်။ တစ်နည်းပြောရင်တော့ မယုံတာပဲ။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ လွယ်မယောင်နဲ့ခက်နေတာက အပြန်အလှန် ယုံကြည်မှု မရှိလို့ပဲ။ အပြန်အလှန်ယုံကြည်မှုမရှိရင် သူပြောတဲ့ နိုင်ငံရေး ယဉ်ကျေးမှု အသစ်နဲ့ပဲဖြေရှင်းရမယ်။ အဲ့ဒါလုပ်ဖို့လို တယ်။ ဒီအနေအထားကို မရှင်းဘဲနဲ့ နှစ်ဘက်စလုံးတင်းခံနေကြရင် ၂၀၁၄ က အ လားအလာ မကောင်း နိုင်ဘူး။ ဒါကြောင့် နိုင်ငံရေး ယဉ်ကျေးမှုဟာ ၂၀၁၄ မှာ ထွန်းကားဖို့ အရေးကြီးတယ်။


- အတိုက်အခံနဲ့ အစိုးရကြားက တင်းမာမှုက နိုင်ငံရေးအကျပ်အတည်း ဖြစ်နိုင်မလား။


၄၃၆ကို မူတည်ပြီး နိုင်ငံရေးအကျပ်အတည်းကို ဦးတည်သွားနိုင်တယ်။ အဲ့လို ဦးမတည်ချင်ဘူးဆိုရင်၊ ဒီနိုင်ငံရေးအကျပ်အတည်းကို ရှောင်ချင်သပ ဆိုရင်တော့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ပဲ ရှိတယ်။ သို့သော် အပြန်အလှန် မယုံကြည်မှုတွေက သက်တမ်းတွေ သိပ်ကြာလာပြီဆိုတော့ တစ်ခါနှစ်ခါတွေ့ရုံ နဲ့တော့ ပြေလည်ချင်မှ ပြေလည်လိမ့်မယ်။ မပြေလည်မချင်း တွေ့ ပြီးဆွေးနွေး ရမှာပဲ။ ဒီနည်းကပဲ အခြေ အနေကို ဒီထက်ဆိုးမသွားစေမယ့်နည်းပဲ ဖြစ်တယ်။ အရေးကြီးတာက ကောင်းမလာရင်တောင် ဆိုး မသွားဖို့ အရေးကြီးတယ်။


- ၄၃၆ မပြင်နိုင်ခဲ့ရင် နှစ်ဖက်အင်အားစုကြားမှာ နိုင်ငံရေးအားပြိုင်မှုတွေ ပိုပြီးကြီးထွားလာနိုင် မလား။

အခုအနေအထားအရ အခြေခံဥပဒေ နဲ့ပတ်သက်ရင် ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် ရဲ့ရိုက်ခတ်မှုက နီးစပ်တယ်။ ထပ်တူကျ၊ မကျတော့မသိပေမယ့် အများကြီး နီးစပ်တယ်။ သို့သော် သမ္မတ နဲ့ ကာချုပ် တို့နဲ့ကတော့ သိပ်မနီးဘူးပေါ့။ သာမန်ကြည့်ရင်တော့ အားပြိုင်မှု တစ်ခုဖြစ်နေတယ်။ ဘာပဲဖြစ် ဖြစ် အားပြိုင်မှုဆိုတာ မဆန်းဘူးဆိုပေမဲ့ မဖြေရှင်းနိုင်ရင် မကောင်းဘူး။ ဖြေရှင်းဖို့ ကလည်း တွေ့ဆုံဆွေး နွေးရေး နည်းတစ်နည်းပဲ ရှိတယ်။ ဒါပေမဲ့ အသက်ရှူချောင်သွားတာက ဒေါ်စုနဲ့ သမ္မတလည်း တွေ့တယ်။ ဦးရွှေမန်းနဲ့လည်း တွေ့တယ်ဆိုတော့ ဒါမျိုးတွေ ခပ်စိပ်စိပ်တွေ့ ပေးဖို့တော့ လိုလိမ့်မယ်။


-ေ လးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးက နည်းလမ်းကောင်း ဖြစ်မလား။

ဒီနည်းလမ်းက ကောင်းပါတယ်။ ကျွန်တော့သဘောကတော့ လူသိရှင်ကြား လေးပွင့်ဆိုင် တွေ့နေဖို့ မလိုပါဘူး၊ ဘယ်လိုပုံမျိုး နဲ့တွေ့တွေ့ ထိပ်တိုက် သဘောဆောင်နေတဲ့ အယူအဆမတူတဲ့ အင်အားစုတွေ တွေ့တာ ကောင်းပါတယ်။ ချက်ချင်းမတွေ့ရင်တောင် ဖြေးဖြေးချင်းတွေ့လာနိုင်တယ်။ လုံးဝမတွေ့တာ မျိုးတော့ ဖြစ်လာမယ်မထင်ဘူး။


- အစိုးရရဲ့သုံးနှစ်အတွင်း နိုင်ငံရေး၊ စီးပွားရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားနည်းချက်၊ အား သာချက် ဘာတွေရှိခဲ့လဲ။


အခုသွားနေတာကိုက သုံးပွင့်ဆိုင်။ သုံးခုစလုံးမှာ အောင်မြင်တာရော၊ မအောင်မြင်တာရော ရှိတယ်။ နိုင်ငံရေးမှာ နိုင်ငံရေး ယဉ်ကျေးမှုသစ်ကိုတော့ လက်တွေ့ စလုပ်လာတာတွေ့တယ်။ ဒါပေမဲ့ ပြည့်ပြည့်၀၀ အောင်မြင်မှုမျိုး ရောက်အောင် လုပ်ဆောင်နိုင်တာ မတွေ့ရဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခြေအနေ ကောင်းလာပါတယ်။


သို့သော် အခုထိအပစ်အခတ်ရပ်စဲရေးက သမ္မတမျှော်မှန်းထားသလို မလုပ်နိုင်သေးဘူး။ နောက်ပြည် တွင်း အတိုက်အခံ အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးတယ်။သို့သော် အဖြေတစ်ခုရတဲ့အထိမျိုး မရောက် သေးဘူး။ နောက်အဓိက အကျဆုံးအချက် က နိုင်ငံရေးမှာ မြန်မာပြည်အတွက် အဓိက လစ်ဟာနေတဲ့ အချက် တစ်ချက်ရှိတယ်။ အပြောင်းအလဲတစ်ခု ညင်သာ ချောမွေ့ဖို့ဆိုရင် အစိုးရဘက်က ပြုပြင်ပြောင်းလဲ ရေး ၀ါဒီတွေနဲ့ အတိုက်အခံဘက်ကပျော့ ပြောင်းသူတွေကြားမှာ မဟာဗျူဟာသဘော ဆောင်တဲ့ နိုင်ငံရေး ပဋိဉဉ်တစ်ခု ရှိဖို့လိုတယ်။ မြန်မာပြည်မှာ အဓိက လိုအပ်နေတာ အဲ့ဒါပဲ။ အခုချိန်ထိ မြန်မာပြည်မှာ နိုင်ငံ ရေးပဋိဉဉ် မရှိသေးဘူး။ ဒါကြောင့် အပြောင်းအလဲက မညင်သာသေးတာ။ ဒါက ယေဘုယျနိုင်ငံရေးကို ချုပ် ပြောတာ။

နောက် စီးပွားရေးမှာ အောင်မြင်မှုကတော့ မက်ခရိုစီးပွားရေးတည်ငြိမ်မှုကို ပြောရမယ်။ ဒါပေမဲ့ သူမူလ စခဲ့တဲ့ ဆင်းရဲမှု တိုက်ဖျက်ရေးနဲ့ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဆိုတာကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် မအောင်မြင်သေးဘူး။ မအောင်မြင်တဲ့ အပြင်ထပ်ပြီး ပြဿနာတွေတက်နေတာက မြေကိစ္စတွေ။ နောက် စီးပွားရေးမှာ အဆိုးဆုံးလစ်ဟာမှုက စီးပွားရေးတစ်လုံးပြုပြင် ပြောင်းလဲမှု အတွက် တစ်ခုလုံးကိုခြုံငုံနိုင်တဲ့ Master Plan အခုထိမရှိဘူး။ ကြုံသလို ကျပန်းလျှောက်လုပ်နေသလို ဖြစ်နေတယ်။

နောက်တစ်ခုက တွေ့ဆုံဆွေးနွေးပွဲ အများကြီးလုပ်ခဲ့ပါတယ်။ အခုတစ်ခံနေတဲ့ ဟာကတော့ အစိုးရဘက် ကသွားမယ့် အပစ်ရပ်ရေးလက်မှတ်ထိုးပြီးမှ နိုင်ငံရေး ဆွေးနွေးမယ်ဆိုတဲ့မူနဲ့ လက်နက်ကိုင်တွေဘက် က နိုင်ငံရေးဆွေးနွေးပြီးမှ အပစ်ရပ်လက်မှတ်ထိုးမယ်ဆိုတဲ့ကိစ္စမှာ ဒါနဲ့ ဇာတ်မျောကြီးဖြစ်နေတယ်။ ဒါက သိပ်မျောနေရင်လည်း မကောင်းဘူး။


- မဟာဗျူဟာကျတဲ့ နိုင်ငံရေးပဋိဉာဉ်တစ်ခု ပေါ်လာနိုင်ဖို့ အလားအလာတွေ ရှိလား။

နှစ်ဖက်စလုံးမှာ ပြဿနာရှိတယ်။ လုပ်မယ်ဆိုရင် လုပ်နိုင်ပေမယ့် မသေချာဘူး။ အဲ့ဒါကတော့ သူတို့အပေါ် မှာပဲ မူ တည်ပါတယ်။ လုပ်နိုင်ရင်တော့ တိုင်းပြည် အတွက် ကောင်းတာပေါ့။ အဲ့ဒီမှာ အခြေအနေ သုံးခု ပြည့်စုံမှ အပြောင်း အလဲက ညင်သာမှာ။ ပထမအခြေအနေက ပြုပြင် ပြောင်းလဲလိုသူတွေက ပြုပြင်ပြောင်း လဲရေး မလိုလားသူတွေကို ထိန်းနိုင်ရမယ်။ အစိုးရတစ်ရပ်မှာ ပြုပြင်ပြောင်းလဲရေး မလိုလားသူတွေအပေါ် စီးရသွားလို့ မဖြစ်ဘူး။ ဒီလိုပဲ အတိုက်အခံတွေမှာလည်း ပျော့ပြောင်းတဲ့သူတွေက တင်းမာတဲ့သူတွေ အပေါ်ထိန်းနိုင်ရမယ်။ ဒီလိုမထိန်းနိုင် ရင် အတိုက်အခံဘက်ကလည်း အလွန်အကျွံတွေ ဖြစ်သွားနိုင်တယ်။ ဒါက သီအိုရီကိုပြောတာ။ ဒီလိုနှစ်ချက်ပြည့်စုံမှ တတိယအချက်အနေနဲ့ အစိုးရဘက်က ပြုပြင် ပြောင်းလဲရေးကို
လိုလားသူတွေနဲ့ အတိုက်အခံဘက်က ပျော့ပြောင်းတဲ့ သူတွေကြားမှာ နိုင်ငံရေးပဋိဉဉ် တစ်ခု ထွက်လာမှာ။ ဒီသုံးချက်ပြည့်စုံမှ အပြောင်းအလဲကညင်သာနိုင်မယ်။
ခက်တာက မြန်မာပြည်မှာ အခုထိ အဲ့ဒီသဘောမျိုးဆောင်တာ မတွေ့ရ သေးဘူး။


အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Mizzima - News in Burmese 

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို ကိုယ်ကျိုးရှာသမားများ ဟု ဝေဖန်




ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းအား ဖြောင့်မတ်သည် ဟု ဒေါ်အောင် ဆန်းစုကြည်က ထောက်ခံထားသော်လည်း မိဘအရှိန်အ၀ါဖြင့် လုပ်ကိုင် ဆောင်ရွက်နေသော ထူး-၂ (ထုးကုမ္ပဏီ၏အခွဲ)၊ ဧရာရွှေဝါကုမ္ပဏီ ၏ ဥပဒေအထက်တွင် တည်ရှိနေသည့် အထောက်အထားများ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ 

၂၂ ဘီးတပ် မော်တော်ယာဉ်ပေါင်း ၅၃ စီးအား အထူးအခွင့်အရေး ပေးအပ်ရန် တစ်နှစ်စာ ထုတ်ပြန်ထားသော အထောက်အထား စာအား လူမှုကွန်ရက်တွင် ထပ်ဆင့်ဝေမျှသူ များပြားလျက် ရှိကြောင်း၊ ရိုးရိုးသားသားဖြင့် ကြွယ်ဝချမ်းသာလာခြင်းသာ ဖြစ်ပြီး မိဘအာဏာကို အသုံးချခြင်း မရှိကြောင်း သူရဦးရွှေမန်းကိုယ်တိုင် မီဒီယာများအား ထုတ်ဖော်ပြောကြားထားရာ လိမ်လည်ပြောဆိုရာ ရောက်ရှိနေကြောင်း တက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင်က ပြောဆိုသည်။

"ဧရာရွှေဝါ ကုမ္ပဏီ ဘာလဲဆိုတာတော့ အားလုံး သိပြီးသားပါပဲ။ အာဏာရှင် စနစ်အောက်မှာ ဦးတေဇနဲ့ ပေါင်းပြီး ချမ်းသာလာတာ လူတွေ သိပ်မသိပါဘူး။ မိသားစုပိုင် ကုမ္ပဏီပေါင်း တစ်ရာကျော် ရှိတယ်။ အီးလိုက်တို့ ရက်ဒ်လင့်တို့ဆိုတာ လူတွေ သိနေပြီ။ ကျန်တဲ့ လူမသိသေးတဲ့ ကုမ္ပဏီတွေ အများကြီး ရှိသေးတယ်။ နိုင်ငံရေးသမားဆိုတာ လိမ်ညာပြီး ပြောနေတာပဲ။ ဟုတ်ဟုတ် မဟုတ်ဟုတ် လျှောက်ပြောကြမှာပဲ။ ဒါကို ပြည်သူတွေ အလွယ် တကူ မယုံကြဖို့ လိုတယ်။ ဒေါ်စုက ဘာဖြစ်လို့ ကာကွယ်ပေးနေသလဲ ဆိုတာတော့ ကျွန်တော်က NLD ပါတီကိစ္စတွေ မသိလို့ မှတ်ချက် မပေးလိုဘူး။ ဧရာဝတီတိုင်းမှာ လယ်မြေတွေ ထောင်နဲ့ချီပြီး သိမ်းခဲ့တာ၊ သုံးမရတဲ့ ဓါတ်မြေသြဇာတွေ တောင်သူတွေကို အဓမ္မရောင်း ငွေသိမ်း လယ်သိမ်း သီးနှံတွေ သိမ်းခဲ့တာ ဧရာရွှေဝါပဲ။ ဒီနိုင်ငံမှာ ဘယ်လူကြီး သားသမီးက ဘယ်လောက်တော်နေတာ၊ ထူးချွန်တာ ရှိသလဲ။ မိဘအရှိန်အ၀ါကို သုံး ခရိုနီတွေနဲ့ပေါင်းပြီး ချမ်းသာလာကြတာ။ ဒီစာ ဆိုရင် တစ်နှစ်စာ စာထုတ်ထားတယ်။ ကျွန်တော်တော့ ဒါမျိုး မတွေ့ဘူးဘူး။ အဓိပ္ပါယ်က ပြဿနာ မရှာနဲ့၊ လိုတာလုပ်ပေး၊ လာရစ်ရင် ဒုက္ခရောက်သွားမယ် ဆိုတဲ့ သဘောပဲ။ ဒါက အာဏာကို အသုံးချပြီး အခွင့်ထူးခံ လုပ်နေတာဗျ။ ဒီခေတ်ကြီးမှာ ဒီသောက်ကျင့်တွေ ဖျောက်သင့်ပြီ လို့ပဲ ပြောချင်ပါတယ်” ဟု ၄င်းက ပြောကြားသည်။

“ဒေါ်စုက ဘာကိုကြည့်ပြီး ဖြောင့်မတ်တယ် လို့ ပြောတာလဲတော့ မသိဘူး။ ဒီနိုင်ငံမှာ ပြည်သူတွေကို ကယ်ဖို့ တစ်ခွန်းမပြော၊ ခရိုနီတွေ အာဏာရှိသူတွေကို ဟိုဟာမျှော်သလို လုပ်နေတာ စိတ်ပျက်စရာကောင်းတယ်။ ပြန်ပြီး စဉ်းစားကြည့်။ ဆရာတော်ဦးဝီရသူကို မျက်နှာဖုံးတင်ပြီး ဗုဒ္ဓဘာသာကို နာမည် ဖျက်တုန်းက ဒေါ်စု ဘာတစ်ခွန်း ပြောခဲ့သလဲ။ ရိုဟင်ဂျာ အမည်ထည့်ရေးဖို့ကိစ္စ တစ်နိုင်ငံလုံးက အုန်းအုန်းကြွတ်ကြွတ် ကန့်ကွက်နေတာ။ သံဃာတွေရော ပြည်သူတွေရော။ ဒေါ်စု ပါးစပ်က ဘာတစ်ခွန်း ပြောခဲ့လဲ။ ဘင်္ဂလားဒေ့ရှ်သတင်းစာက ရေးတဲ့ ဆောင်းပါးကိစ္စ ဆန္ဒပြခဲ့တာမှာ သံဃာတွေလည်း ပါတယ်။ ဒေါ်စု ပါးစပ်က ဘာတစ်ခွန်း ပြောခဲ့တာ ရှိလဲ။ အမျိုးသားရေးနဲ့ ပတ်သက်ရင် ဒေါ်စုရဲ့ သဘောထားကို အားလုံး တွေ့ပြီးသားပဲ။ ဘယ်လိုနေရာတွေမှာ အားကိုးနိုင်မလဲ။ စဉ်းစားကြည့်ရင် အသိသာကြီးပဲ။ ဒေါ်စု လုပ်နေတဲ့ ပုံစံက သူ သမ္မတ ဖြစ်ရေးက လွဲလို့ ကျန်တာတွေ စိတ်မ၀င်စားဖူး ဆိုတဲ့ ပုံစံ။ NLD ပါတီကလူတွေလည်း ဒေါ်စု သမ္မတဖြစ်ရေးကိုပဲ ဆန္ဒပြတာတွေ လုပ်နေတယ်။ ရိုဟင်ဂျာ ကိစ္စ NLD ဘာအသံ ထွက်သလဲ။ ရှင်းရှင်းလေးပဲ။ ဒေါ်စုနဲ့ NLD ဟာ ကိုယ်အာဏာရရေးကိုပဲ ရှေ့တန်းတင်တဲ့ ဦးစားပေးတဲ့ ကိုယ်ကျိုးရှာသမားတွေပဲ" ဟု မြန်မာအမျိုးသား ကွန်ရက် တာဝန် ရှိသူတစ်ဦးက ပြောဆိုသည်။ 

“နိုင်ငံတော်အလံကိုတောင် အလေးမပြုနိုင်တဲ့ ခေါင်းဆောင်မျိုး ကျွန်တော်တို့ မလိုချင်ဘူး။ ကိုယ့်နိုင်ငံကို မကာကွယ်နိုင်တဲ့ ခေါင်းဆောင်မျိုး ကျွန်တော်တို့ လက်မခံနိုင်ဘူး။ ရိုဟင်ဂျာ ကိစ္စမှာ ဘာသံမှမထွက်တဲ့နိုင်ငံရေးပါတီ၊ နိုင်ငံရေး သမားတွေကို ကျွန်တော်တို့ မှတ်သားထားတယ်။ ဒီလူတွေဟာ ကိုယ်ကျိုးပဲ ကြည့်တဲ့သူတွေ။ အမျိုးသားရေးမှာ တစ်စက်မှ အားမကိုးရတဲ့၊ စိတ်မ၀င်စားတဲ့ သူတွေလို့ပဲ မှတ်ချက် ပေးချင်ပါတယ်" ဟု ပြည်သူ့ကွန်ရက်ခေါင်းဆောင်တစ်ဦးက ပြောသည်။


ပြည်သူ့အာဏာ

ဒေသခံ လီဆူးတိုင်းရင်းသူ မူကြိုဆရာမအား KIA တပ်ဖွဲ့ဝင်များမှ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်

From : Shan News



ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ အောင်မြေ(၃)ကျေးရွာနေ လီဆူးတိုင်းရင်းသူ မူကြိုဆရာမအား မတ်(၂၉) ရက်နေ့ ညပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ရပ်ကွက်(၅)နေအိမ်၌ မူကြိုဆရာမ မ…………သည် ဖခင်နှင့် ညီမဖြစ်သူတို့နှင့်အတူ အိပ်နေစဉ် ည ၈ နာရီခန့်တွင် နေအိမ်အောက်မှ ကချင်စကားဖြင့် အဖွားဟုခေါ်သဖြင့် ဖခင်ဖြစ်သူမှ သွားရောက်ကြည့်ရှုရာ KIA တပ်ဖွဲ့ဝင်(၄)ဦးမှ သမီး(၂)ယောက်ရှိသည့်အတွက် တစ်ဦးထည့်ပေးရမည်ဟု ပြောကာ မ…………အား အိမ်ပေါ်သို့တက်၍ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ရွာနှင့် (၂)မိုင်ခန့်အကွာရှိ လယ်တဲသို့ရောက်ရှိစဉ် မ………… အား ရိုက်နှက်၍ ၎င်းတို့(၄)ဦးမှ အလိုမတူဘဲ (၂) နာရီကြာ သားမယားအဖြစ် ၀ိုင်းဝန်းပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ၀ိုင်းမော်မြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

သူ့ ဆံပင်ပုံစံမညှပ်ရင် One Direction အဖွဲ့ ကို မြောက်ကိုရီးယားထဲ ၀င်ခွင့်မပေးဘူးဆိုတဲ့ အာဏာရှင် ကင်ဂျုံအန်

From : .Trend Myanmar 

 

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် အာဏာရှင် ကင်ဂျုံအန် က One Direction အဖွဲ့ သားတွေသာ ဆံပင် မညှပ်ဘူးဆိုရင် သူ့ နိုင်ငံထဲကို ၀င်ခွင့် ပိတ်ပင်မှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားမှာ One Direction အဖွဲ့ လာရောက်ဖျော်ဖြေချင်တယ်ဆိုရင် အဖွဲ့ သားငါးယောက်လုံးဟာ သူ့ ရဲ့ ဆံပင်တိုတိုပုံစံကို ညှပ်ဖို့ လိုကြောင်း ကင်ဂျုံအန်က အမိန့် ထုတ်ထားတာပါ။

ခေါင်းဆောင်ကြီးကင်ဂျုံအန်ဟာ ကမ္ဘာ့နံပါတ်တစ် အမျိုးသားအဆိုတော်အဖွဲ့ One Direction ရဲ့ ရပ်တည်မှုကို ယှဉ်ပြိုင်စိန်ခေါ်ဖို့ အတွက် အမေရိကန်အဆိုပြိုင်ပွဲ X Factor ပုံစံ ပြိုင်ပွဲတစ်ခုကို နိုင်ငံတွင်းပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကင်ဂျုံအန်ဟာ သူ့ ကိုယ်ပိုင် Un Direction လို့ နာမည်ပြောင်ပေးထားတဲ့ အဆိုတော်အဖွဲ့  အတွက် အဖွဲ့ ဝင်တွေကို ဒီအဆိုပြိုင်ပွဲကတဆင့် ရွေးချယ်သွားမှာလို့ သိရပါတယ်။

သန်းခေါင်စာရင်းကောက်ရာတွင် ဘင်္ဂလီများ ရုန်းရင်းဆန်ခတ်လုပ်လျှင်တပ်မတော်မှ အမိန့်အတိုင်းလုပ်ဆောင်သွားမည်

From : https://www.facebook.com/photo.php?fbid=651465808224076&set=a.611794258857898.1073741883.477299495640709&type=1&theater

 
★ ဘင်္ဂလီများက ရုန်းရင်းဆန်ခတ်လုပ်လျှင် သန်းခေါင်စာရင်းအတွက် ထုတ်ပြန်ထားသော တပ်မတော် အမိန့်အာဏာနဲ့ အညီ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

★ ဘင်္ဂလီရွာများသို့ ကွင်းဆင်းကောက်ခံရာမှာ ၎င်းရွာအပြင်ဘက်ကိုပါ တပ်မတော်မှ ဝိုင်းထားမည်ဖြစ်ကြောင်း နှင့် စာရင်းစစ် / စာရင်းကောက်များအား တစ်စုံတစ်ခု မဖွယ်မရာပြုခဲ့လျှင် အာဏာဖီဆန်မှုဖြင့် လိုအပ်သလို လုပ်ဆောင်သွားမှာဖြစ်ကြောင်း (ပြန်/ဆက်) သတင်းအရ သိရှိရသည်။