ပြည်သူ့လွှတ်တော်ဥက္ဒ္ဒ္တ္ဂ္ခ္ခ္ခ္ခ္ခ္ကဌ ကြီးပြောသည်
((((( ယနေ့ ကာလသည် “ လူနှင့် အုပ်ချုပ်ခြင်းမဟုတ်ဘဲ မူဖြင့်
အုပ်ချုပ်နေခြင်းဖြစ်ကြောင်း’’ အဆိုပါမူများက လွှတ် တော်က
ဆောင်ရွက်နေခြင်ြး ဖစ်ကြောင်း၊
လွှတ်တော်က ချမှတ် သဘောတူလိုက်သည့် ဥပဒေကြမ်းများကို သမ္မတက (၁၅)ရက်အတွင်း
အတည်ပြု ပေး ရကြောင်း၊ မှတ်ချက်နှင့် ပြန်ပို့လျှင် လွှတ်တော်က
ပြန်လည်ဆွေးနွေးပြီး မူလအတိုင်း အတည်ပြုပါက လက်မှတ်
မထိုးလျှင်(၁၅)ရက်အတွင်းအတည်ြ
ဖစ်ကြောင်း၊ လွှတ်တော်က တင်သွင်းသည့်
ဥပဒေကြမ်း သည် ပြည်သူက ရွေးချယ်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များ သာမ က
ကော်မတီများ၊ ပညာရှင် များ ကပါ ပါဝင်ဆောင် ရွက်ခြင်းဖြစ်၍ပြည်သူက
ပြဌာန်းခြင်းဖြစ်ကြောင်း၊ ပြဋ္ဌာန်းပြီးလျှင် အားလုံးက လိုက် နာ ရ
မည်ဖြစ်ကြောင်း၊ ပြည် သူ့ ဆန္ဒ၊ ပြည်သူ့ အသံ၊ ပြည်သူ့သဘော ထားဖြင့်
အုပ်ချုပ်သည့် ခေတ် တစ်ခေတ် ဖြစ်ကြောင်းလည်း သူရ ဦးရွှေမန်း က
ပြောသွားခဲ့ကြောင်း ပြည်သူ့လွှတ်တော် အွန်လိုင်းသတင်း မှာ ဖော်ပြထားပါတယ်။
)))))
ဘာပဲပြောပြော အကောင်းဘက်ဦးတည်လာတာပဲလို့ ရှုမှတ်ချင်ပေမဲ့
အသုံးအနှုန်းတွေထဲမှာ သံသယ ဖြစ်စရာ အနာဂတ်မှာ အငြင်းပွားစရာတွေများ
ဖြစ်လာမလားရယ်လို့စဉ်းစားမိလို့ ရေးဖြစ်ပြန်ပါပြီ ဆိတ်ဖွားကို ကြည့်ပြီး
စိတ်ပျက်တာကြောင့် မဝေဘန် မြင်တိုင်းမပြောပဲကောင်းတယ်လို့
ဆုံးဖြတ်ထားခဲ့တာပါ။
ဒီသတင်းဖတ်မိတာရယ် သတင်းစာက ဆိတ်ဖွားကြော်ငြာ လေးပါတွေ့တော့ ရေးအုံးမှပေါ့။
၁။ မူဖြင်အုပ်ချုပ်သည် ဆိုခြင်းထက် ဥပဒေနှင့် အညီ ဆောင်ရွက် အုပ်ချုပ်
ဟုသုံးကပိုသင့်မည်ဟု
ယူဆမိပါသည်။
၂။ (((((( ပြဋ္ဌာန်းပြီးလျှင် အားလုံးက လိုက် နာ ရ
မည်ဖြစ်ကြောင်း)))))))ပြောသွားပါသည် ဘာကို ဘယ်သူ့ကိုရည်ရွယ်သည်
လိုက်မမှီပါ။၊ဥပဒေကိုသမတမှအစ နိုင်ငံသားအားလုံးလိုက်နာရပါသည်ဟုတော့
သိပါသည်။ သို့ရာတွင် ပုဒ်မ ၁၄၄ ကိုပင် ဂရုမစိုက်တာတွေမြင်လာရတော့
စဉ်းစားစရာဖြစ်လာသည်။
၃။ ((((( ပြည် သူ့ ဆန္ဒ၊ ပြည်သူ့ အသံ၊ ပြည်သူ့သဘော ထားဖြင့် အုပ်ချုပ်သည့်
ခေတ် တစ်ခေတ် ဖြစ်ကြောင်း )))))) ဟုတ်သလိုလိုနှင့် တွေးတွေးကြည့်လေ
မဟုတ်လေ ဟုထင်လာသည်။လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိသည်ဆိုခြင်းကြောင့်
ပြောကြည့်ပါအုံးမည်။
၎။ဒီမိုကရေစီတွင်္ဒ္ဒဤသို့ဖွင့်ဆိုထားခြင်းမဟုတ်ဟုထင်ပါသည်။
သိသူများဆွေးနွေးပါ။ မြန်မာ့လွှတ်တော် ဆောင်ပုဒ်ဖြစ်ခြင်းကြောင့်
ပြည် သူ့ ဆန္ဒ၊ ပြည်သူ့ အသံ၊ ပြည်သူ့သဘော ထား = လွှတ်တော် သဘောထား
ပြည် သူ့ ဆန္ဒ၊ ပြည်သူ့ အသံ၊ ပြည်သူ့သဘော ထားဖြင့်
အုပ်ချုပ်သည့် ခေတ်
= လွှတ်တော်ဖြင့်အုပ်ချုပ်
ဟုအဓိပ္ပါယ်သက်ရောက်နေပါသည်။
၅။ ယနေ့အစိုးရသည် ပြည်ခိုင်ဖြိုးအစိုးရ လွှတ်တော်သည်လည်း
ပြည်ခိုင်ဖြိုးလွှတ်တော် ဟုဆိုလည်း
မမှားနိုင်။
၆။ သို့သော် ဒီပါတီ ဒီအစိုးရ ဒီလွှတ်တော် ဘာများ ဆော်ပလော် မတော် မလျော်
ဖြစ်နေသလဲပေါ့။ပြည်သူအများသတိထားမိ ကြာလှဧ။်။ခုံရုံးကစပြု ဟုထင်ပါသည်။
၇။ ဒီပါတီကပဲ ပါတီအကျိုးထက် ပြည်သူ့အကျိုး အဓိကထားလို့ ဒီမိုသိပ်ဆန်လို့ပဲ ဆိုရမလား
အပြန်အလှန် ထိန်းကြောင်းမှု ကောင်းတယ်လို့ဆိုရမလား ။
၈။ ထိန်းကြောင်းမှုကနေ ထိန်းချုပ်မှုဆိုတာဖြစ်လာရင်လည်း
ဒီမိုကရေစီလမ်းပေါ်က သွေဖယ်သွားနိုင်ပါတယ်။ဒီသဘောဆန်လာသလိုများလား
ပြည်သူများစဉ်းစား
နေကြပါတယ်။သတိမမူ ဂူမမြင်ဆိုတာဖြစ်တတ်တာမို့ပါ။ယခုကာလကြည့်ရသည်မှာ အစိုးရ
အပေါ်လွှတ်တော်မှအားပြိုင်နေသလိုထင်နေရပါသည်။
၉။ စမ်းတစ်ဝါးဝါးနဲ့ တစ်လှမ်းချင်းသွားနေရမဲ့အချိန် ဦးသိန်းစိန်
နားချိန်မထား အပြေးသွားနေတာ နိုင်ငံတကာ ကပါ ကူကာညီကာ ချီးကျူးကာ
ဖြစ်နေပေမဲ့ လွှတ်တော်ကတော့
တိတ်ဆိတ်လို့နေ အားပေးစကား လေသံတောင်မကြားရတာလည်း ထူးနေပါတယ်။
၁၀။ ပြည်သူ့------------------- ဆိုတာတွေဟာလည်း မှန်ကန်ဖို့ လိုပါတယ်
မမှန်လို့အမှုရှုံးတာကအစ
လွှတ်တော်ထဲရောက်လာတာ မှန်ရင်တော့ထားပါ မမှန်တော့ ရှက်စရာ
လုပ်စရာမရှိတော့တာလား ပြောစရာဖြစ်တာပေါ့။
၁၁။ မူ မိမိသဘောအရတော့ ဥပဒေနှင့် အုပ်ချုပ်ချိန်တွင် ဥပဒေ မလိုက်နာပါက
သမတ မှစ နိုင်ငံသား
အားလုံး အရေးယူလို့ရပါသည်။
၁၂။ ပြည် သူ့ ဆန္ဒ၊ ပြည်သူ့ အသံ၊ ပြည်သူ့သဘောထား ဆိုတဲ့ကြား ပယောဂတွေ
ရောသွားပြီးမမှန်တဲ့အသံ မမှန်တာလုပ် မမှန်တာပြော ဥပဒေကို ဘေးထုတ် ဝေလေလေ
ဥပဒေသမား(ရှေ့နေ)များအပါ အော်နေကြတာ နိုင်ငံတော်တစ်ဝှမ်းလုံး
မဟုတ်တာတွေကို ပွင့်လင်းဆိုပီး ပြောချင်ရာပြော ဟိုနိုင်ငံဒီနိုင်ငံ
ခဏခဏသွား ကိုယ့်နိုင်ငံတံတွေးခွက်ပက်လက်မျောအောင်ပြောနေကြသူများ
ဘာဥပဒေနဲ့ထိန်းကြမလဲ။
၁၃။ မူနဲ့အုပ်ချုပ်နေတယ်ဆိုတဲ့ခေတ်မှာ မူကိုလည်းမလိုက်နာ လူကိုလည်း
စော်ကားမော်ကား ဥပဒေကိုလည်း မလေးစား လက်တစ်လုံးခြားနဲ့ လွတ်လပ်စွာ
ဆိုတဲ့စကားနဲ့ လုပ်စား ဒီလိုအသံတွေများ မကြားမိလေသလားပေါ့။
၁၄။ ကျနော်တို့ သာမန်လူတန်းစားတွေက အေးချမ်းချင်တယ် တိုင်းပြည်မပျက်
မဆူစေချင်ဘူး စီးပွားပျက်ငတ်တဲ့အရသာ ထောင်ထွက်လာသူတွေ
နိုင်ငံခြားကအော်နေသူတွေ သေချာမသိပါဘူး။
၁၅။ ကုန်ဈေးနှုန်းတွေ ဒေါ်လာဈေး ရွှေဈေးတွေ မတက်စေချင်ဘူး ဒေါ်လာဆိုတာ
လူနည်းစုပဲကိုင်တာ
ရွှေဆိုတာလည်းမဆိုင်ဘူးထားလို့ရပေမဲ့ ကုန်ဈေးနှုန်းကတော့ ဒေါ်လာဈေးတက်လို့ တဲ့ ။
၁၆။ဒါဆိုဘာလို့များတက်ချင်နေကြလည်းပေါ့ စဉ်းစားလို့မရပါဘူး။
ရွှေကလည်းဒေါ်လာကြောင့်တဲ့ ဒီဇယ်ကားခကအစ ဒေါ်လာဈေးတက်တော့မှာမို့
ဈေးတက်လို့တဲ့ နောက်ဆုံးရေခဲရေ တောင်ဒေါ်လာဈေးတက်လို့တဲ့။
၁၆။ ဘယ်လိုပြည်သူတွေက ဒေါ်လာဈေးတက်အောင် အသံပေးနေလည်းပေါ့ ဒီအသံ ဒီဆန္ဒ
ဒီသဘောထား ဘယ်တောသား ကများ ကြားအောင်သွားပြောနေလည်း။ခေါင်းရွက် ဗျတ်ထိုး
ခါးကျိုးအောင်ထမ်းနေ ပြည်သူတွေဆန္ဒ ဒေါ်လာဈေးကျ ရင် ဆန် ဆီ ရွှေ
အကုန်ကျကုန်ဈေးနှုန်းအကုန်ကျ ဆိုတာသာနားလည်ကြတာမို့ ရှင်းပြကြပါဗျို့
ဘယ်သူ့အသံလဲ။
၁၇။ ဥပဒေသည် မကြာခဏ ပြင်ဖျက်မလုပ်သင့် မူဆိုသည်မှာ
ထိုဥပဒေနှင့်အညီချီတက်ချိန်တွင် လျှောက်လှမ်းမည့် လမ်းကြောင်း သို့မဟုတ်
ပုံစံ ထိုအရာကို အစိုးရ သို့မဟုတ် အကြီးအမှူးတစ်ဦးဦးကရွေးချယ်သည့်
သတ်မှတ်ချက်ကို မူဟုခံယူလိုပါသည်။
၁၈။ ဥပဒေနဲ့သွားသွား မူနဲ့သွားသွား လူတွေလိုက်နာမှဖြစ်ပါမည်။
သူ့ခေတ်သူ့အခါအလိုက် လိုက်လျောညီထွေ မူတွေကောင်းခဲ့တာလည်း၇ှိမည်
လူတွေမကောင်းခဲ့တာလည်းသိမည်။ -ျီးခြောက်ရေနှူးနေပါက
နံတာပဲအဖတ်တင်ပီးနောက်ပြန်ရောက်သွားမည်။မဆွေးနွေးတော့ပါ။
၁၉။ အကောင်းအဆိုး ဆိုတာဒွန်တွဲနေတာမို့ ကောင်းမည် ကောင်းသည်ဟု ထင်ရသူများ
မကောင်းတာလည်းတွေ့ရသည်။
၂၀။ မကောင်း ဆိုးသူများ ပိုဆိုးပေါ်ပေါ်တင်တင်ဆိုးနေတာလည်းမြင်ရသည်။
၂၁။ မကောင်း ဆိုးမည်ထင်ရပေမဲ့ကောင်းနေတာလည်းတွေ့နေရသည်။
၂၂။ ယခုမျက်မြင်ဒိဠိမှာ ဥိးသိန်းစိန် ဘပြောင်
တကယ်ကိုပြောင်းနေပါသည်။တချို့ ယခင်လိုထင်နေသူအနည်းငယ်ရှိနေပါသေးသည်။
ချက်ချင်းအကုန်တော့ ဖြစ်ချင်သည့်အတိုင်းမဖြစ်နိုင်သေးပါ။
၂၃။ ကိုယ့်အိမ်ကိုယ့်မိသားစုတောင် ဖြစ်ဖို့ခဲယဉ်းပါသည်။လက်ရှိ
ဘပြောင်ကိုပြည်သူ ချစ်သည်။နိုင်ငံတကာကလည်းလက်ခံသည်။
၂၄။ လက်မခံနိုင်သူတွေလည်းဒုနဲ့ဒေ ရှိအုံးမည်။
ဒါကိုလက်ခံနိုင်ပါသည်။သို့သော် တိုင်းပြည်ပျက်အောင်တော့မလုပ်သင့်တော့ပါ။
၂၅။ ဒီမို ကိုအသုံးချပီး ယခင်က အပြင်က မြေအောက်ကလူများ ယခုအခါ
ပြောင်ပြောင်တင်းတင်း အတွင်းအပြင် UG ,OG ၂လီမက မွှေနေကြပြန်ပါပီ။
၂၆။ နံပါတ် လေး မဏ္ဍိုင်ဆိုတာကလည်း အူအတက် လို ဒုတ်ခပေးဖို့ပဲရှိတာကြောင့်
(ဖြတ်ပစ်ဖို့) ဒါတွေကိုလည်း ပြည်သူ့အတွက်ထည့်တွက်ပီး
ထိန်းကြောင်းပေးရန်မှာပြည်သူ့အသံပါလို့ ဗျို့ ဟစ်လိုက်ပါတယ်။
၂၇။ ထူခြားအံ့ဖွယ်အနေနဲ့ ၂၀၀၈
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ပဲဆိုဆို
ပြင်ဖို့ပဲပြောပြော ပြည်ခိုင်ဖြိုးက နံပါတ် ၂ အဆင့်ရှိတဲ့ ဦးအေးမြင့်
(သူရ) ကအရေးကြီးအဆိုတင် စစ်သားတွေပါထောက်ခံတာတွေ့ရတော့ စဉ်းစားစရာပေါ့။
၂၈။ မိမိအယူအဆပါ လွတ်လပ်စွာ ကွဲလွဲနိုင်ပါသည်။ပြင်သင့်တာတွေပြင်တာကောင်းပါသည်။
၂၉။ အများထင်နေသည်မှာ ဒေါ်စု သမတ လုပ်လို့ရအောင်ပြင်ရမည် ပြင်မည်ဟု ထင်နေ
မျှော်လင့်နေသည်ဟုယူဆမိပါသည်။
၃၀။ ဒေါ်စု ယခုလျှောက်နေသောလမ်းကြောင်းပဲဆိုဆို မူပဲဆိုဆို ယခင်နှင့် မတူတော့ပါ
ယခင်က လွှတ်တော်ထဲရောက်ခါစအထိ ဒီမိုကရေစီအရေးတစ်ခုသာ
ဇောင်းပေးခဲ့သည်ဟုထင်ပါသည်။
၃၁။ ယခုဒေါ်စု လျှောက်လှမ်းပုံသည် အမျိုးသားအကျိုးစီးပွား
အမျိုးသားရေးဆိုတာရှေ့မှာထားလာသလိုမျိုးမြင်လာရပီး သူ့အဖေ ကျနော်တို့
လွတ်လပ်ရေးဖခင် ဗိုပ်ချုပ် ဆန္ဒ ကို ဖြည့်ဖို့ လုပ်လာသည် ဒီအတိုင်းဆိုရင်
သီတဂူစကားငှားပြောရပါမည်။
အောင်ဆန်းသမီးတစ်ယောက်ရလိုက်တာကံကောင်းတယ်ဆိုတာ တကယ်ပဲ-----------?
၃၂။ စာပိုဒ် ၂၇၊၂၉ ကိုဆက်ပြောရရင် ဒေါ်စုအရင်လို မဟုတ်တော့ဟုထင်မိသည်။
၂၀၀၈ -------အရ ဒေါ်စု သမတဖြစ်ရန်အကြောင်းမရှိ သို့သော်
သမတဖြစ်မှတိုင်းပြည်ကောင်းအောင်လုပါလို့ရမှာလား။
၃၃။ဒီဥပဒေပါ အချက်သည် ဒေါ်စုသမတ ဖြစ်မှာစိုးလို့ဆိုတာထက် ဒေါ်စုနေရာမှာ
ဒေါ်စု လို့မစဉ်းစားပဲ မွတ် တစ်ယောက်ဖြစ်နေရင် ဒီဥပဒေပါ
ဒီအချက်ကိုပြင်မလား?ဟိုး ရှေ့ မမြင်ရသေးတဲ့ကာလ
ထိကြိုကြည့်ကြဖို့လိုပါမယ်။
၃၄။ မိမိ သာဒေါ်စုနေရာမှာဆိုရင် တိုင်းပြည်မျက်နှာ နိုင်ငံမျက်နှာ ဖေဖေ့
မျက်နှာ ဗိုလ်ချုပ်မျက်နှာ ကြည့်ပီး သိပ်လုပ်ချင်သပ
ပြည်သူကသိပ်လုပ်စေချင်နေသပ ဆိုရင် ငါ့ကိုပဲပြင်မယ်--------
((((( ငါ့သား ၂ယောက် အမွေပြတ်ကြေငြာမလား ? ))))))
((((( ငါ့ သား၂ပါး မြန်ပြည်သားခံမလား ? ))))))
၃၅။ သဘောပြောတာပါ ဒါဖြစ်မလာဘူးမထင်နဲ့ မိမိထင်သည် ဒေါ်စု သမိုင်းတွင်အောင်
ဗိုလ်ချုပ်သမိုင်းကို အဖေလို ((ရိုင်းတာမဟုတ်ပါ )) အသေထွက်အဖြစ်မခံဘဲ
အရှင်ထွက်နည်းနဲ့ တိုင်းပြည်အတွက်ငဲ့ကွက်တာပဲလုပ်လိမ့်မယ်လို့ထင်ပါသည်။
၃၆။ ထင်ပါသည် ဒါဆိုရင်ဒေါ်စု ဂရုသာပြု ခေတ်သစ် ဂဠုန် တစ်စု အဖြစ် ၈၈
၊ကွန်မြူနစ် သစ်ဟောင်း ဗကသအပေါင်း ကိုလိုနီနဲ့ပေါင်းပြီး
အဖေ့လမ်းကြောင်းအတိုင်း မောင်းထုတ်ဖို့လုပ်လာနိုင်တာမို့ သတိပေးပါမည်။
၃၇။ မိမိထင်သည် ဒေါ်စုသဘော ကျနော်ပြောသလို ကိုယ်ကျိုးကိုမကြည့်
တိုင်းပြည်မျက်နှာသာ ကြည့်မယ်လို့သာ ဆုံးဖြတ် စစ်တပ်ဆိုတာလည်း
မားမားမတ်မတ်ရပ်လာမည်မလွဲဟု ထင်မိ။
တကယ်တော.စစ်သားတွေဟာ သနားစရာလို့ဆိုရပါမယ်။ ကြားညပ်တာ ကာလကြာမို့
လုပ်သမျှ မျက်နှာမရ ပြန်ကြည့်ရင် သူမရှိ မဖြစ်ဆိုတာလည်း
ငြင်းလို့မရနိုင်တာတွေ့ရပါတယ်။
၃၈။ သေချာတစ်ခု နားလည်မှုရှိဖို့က သူတို့ဟာ စစ်သား အမိင်္န့နာခံရသူများဆိုတာ
ခံစားကြည့်ပေးရင် ကေအိုင်အေ ကိုဖိတ်ခေါ်တဲ့ ကာချုပ်ရဲ့ သဘောထားဟာ
ဒီမိုကရေစီကိုတကယ်လိုလားတာလို့ထင်ပါတယ်။
၃၉။ ယနေ့ နိုင်ငံအခြေအနေက ဦးသိန်းစိန် ဒေါ်စု လွှတ်တော် တပ်မတော်
လမ်းမှန်ပေါ်အကုန်ရောက်နေတယ်လို့ထင်ရမြင်ရပေမဲ့ သတိမလွတ်သင့်တာကတော့ လက်
ထက် ခွက်နဲ့ပဲ လုပ်စားသူတွေ အသက်ကြီးပေမဲ့ ဖျက်စီးဖို့ပဲ တွက်နေသူ
ကြီးမိုက်တွေ ကျောင်းမပြီးပေမဲ့ တိုင်းပြည်ရောင်စားဖို့
ပင်စင်နားနီးနေပေမဲ့ ကျောင်းသားလို့ ဆိုနေဆဲ ထိုသူတွေ ပတ်မကြီးထိုးဖောက်
ပြည်ပရောက် ပြည်ဖျက်ပိုးတွေ ဒါတွေဒါတွေကိုထိန်းကြောင်းဖို့ လွှတ်တော်
အပေါ်မူတည် ထိုသူတွေစံထား အမေရိကန်များလိုပေါ့
အမိမြေလုံခြုံရေး အမိမြေ တည်ငြိမ်ရေး အမိမြေကာကွယ်ရေး ဥပဒေ ရေးဖို့
လွှတ်တော်မှတစ်ပါး အားထားရာမရှိပါကြောင်း။
..
www.MyanmarExpress.net