
Myanmar Express
-
မိမိဟာ ပညာမတက်သူတစ်ယောက် ဖြစ်ချင်ဖြစ်နေပစေ၊ ၈ တန်းအောင် တစ်ယောက်ဖြစ်ချင် ဖြစ်နေပါစေ၊ ဆရာဝန် တစ်ယောက် ဖြစ်ချင်ဖြစ်နေပါစေ၊ ကိုယ့်နိုင်ငံထဲမှာ အဆင်မပြေလို့ နိုင်ငံခြားကို ခိုလုံ သက်သာမှု ရှာသူ ဖြစ်နေကောင်း ဖြစ်နေပေမယ့် ပြည်တွင်းက ဆရာဝန်တစ်ယောက် မှားယွင်းစွာ ကုသမှုတွေဆိုရင် အရင်ဆုံး ထောက်ပြ ပြောဆိုရမယ်။ မိမိဟာ ထိုဆရာဝန်ကဲ့သို့ နိုင်ငံတွင်းမှာ ဆေးမကုနိုင်လို့ နိုင်ငံခြားမှာ နိုင်ငံခြားသားကို ကုသနေသူ ဖြစ်နေပစေ ပြည်သူတွေကို ကုသနေသူကိုတော့ ဦးအောင် အပြစ်တင်ရမယ်။ မိမိဟာ ပညာမတက်လို့ နိုင်ငံခြားမှာ အလုပ်ရှာဖို့ ထွက်လာရင်း တစ်ခုမှ အဆင်မပြေလို့ နိုင်ငံရေး ဝင်လုပ်နေရသူဖြစ်ပစေ၊ ပြည်သူ့အကျိုးပြုမပြောနဲ့ ကိုယ့်အကျိုးပြု ကိုတောင် ကောင်းကောင်းမလုပ်နိုင်သူ ဖြစ်ပစေ၊ နိုင်ငံခြားရောက် ၈ တန်းအောင် တစ်ယောက်က ပြည်တွင်းက ပြည်သူတွေကို ကုသနေတဲ့ ပါရဂူ တစ်ယောက်ကို ဝေဖန်သုံးသပ်မှုတွေ လုပ်ပေးရမယ်။တဖက်က လမ်းပေါ်မှာဆန္ဒပြနေတဲ့ သံဃာတွေကို အစိုးရက ရိုက်နှက်နှိမ်နင်းလို့ သာသနာဖျက်အစိုးရဆိုပြီး ပြင်းပြင်းထန်ထန်စွပ်စွဲ ပုတ်ခတ်နေတဲ့အချိန်မှာ၊ အခြားတစ်ဖက်ကလည်း ၀ိနည်းညီသံဃာတွေ၊ မိမိတို့ သံဃာအလုပ်ကို လုပ်ပီး ခရီးသွားလာနေတဲ့ သံဃာတွေကို သမိုင်းတစ်လျောက် အကြောင်းမဲ့ သတ်ဖြတ်မှုပေါင်း အတောမသတ်နိုင်အောင် လုပ်ခဲ့တဲ့ ကေအန်ယူသောင်းကျန်းသူတွေနဲ့ လက်တွဲ ဆောင်ရွက်တာတွေ၊ ကျဆုံးသွားတဲ့ ကေအန်ယူခေါင်းဆောင် တစ်ယောက်ကိုဆို အာဇာနည်လို့ ညွှန်းဖွဲ့ကြတာ တွေကို ပြုလုပ်ရမယ်။စစ်တပ်မှာရှိတဲ့ တစ်ခါတစ်လေတွေ့လိုက်ရတဲ့ လူငယ်ရုပ်စစ်သားလေးတွေတွေ့ရင် အတင်းဓါတ်ပုံတွေရိုက်ပီး ကလေးစစ်သားလို့ ကမ္ဘာကို ဓါတ်ပုံလေးပြပြ ပြောနေတဲ့အချိန်မှာ (ကလေးစစ်သားပုံက ဒီပုံတွေချည်း ထပ်နေရင် ထပ်နေပစေ) တဖက်ကလည်း သောင်းကျန်းသူတွေရဲ့ အမည်ပေါင်းစုံနဲ့တပ်တွေမှာရှိတဲ့ ကလေး စစ်သားပေါင်း များစွာတွေကိုတော့ မမြင်ချင်ယောင် ဆောင်နေရမယ်။စစ်တပ်အနေနဲ့ ရှေ့တန်းစစ်မျက်နှာ စစ်ဆင်ရေးတွေမှာ ရွာတွေထဲမှာ အယောင်ဖျောက်နေတဲ့ သောင်းကျန်သူတွေနဲ့ တိုက်ခိုက်မှုတွေဖြစ်ပွားတာမျိုး ရှိတဲ့အခါမျိုးမှာ ရွာသားတွေကို သတ်ဖြတ်နေပါပြီလို့ အော်ရမယ်။ တဖက်ကလည်း သောင်းကျန်းသူတွေရဲ့ ရွာလုံးကျွတ်သတ်ဖြတ်တာတို့၊ အလင်းဝင်ရွာတွေကို မီးရှို့တာတို့ ကို မပြောရဘူး။ ကိုယ်နဲ့မဆိုင်ဘူး။မြန်မာအစိုးရက ပိုက်လိုင်းချတာတို့၊ စီမံကိန်းတို့ကြောင့် သင့်တော်ရာနေရာတွေကို ပြောင်းရွှေ့လုပ်ကိုင်ဖို့ စီမံပေးတာကို ရွာတွေကို အတင်းအကျပ် ရွှေ့ပြောင်းနေပါတယ်လို့ ရေးသားရမယ်။ တဖက်ကလည်း ရှေ့တန်းမှာ လက်နက်ချမှာစိုးရိမ်တာကြောင့် အကြပ်ကိုင်ဖို့ ရည်ရွယ်တာရော၊ နိုင်ငံရေးအမြတ်ထုတ်လို့ရအောင်ပါ.. သူတို့ သောင်းကျန်းသူ စစ်သားဆွေမျိုးသားချင်းတွေ.. ရွာသားတွေကို ဒုက္ခသည်စခန်းတွေဆီ အတင်းအကျပ်ရွှေ့ပြောင်းစေမှုတွေကိုတော့ မသိချင် ဟန်ဆောင်ရမယ်။ ပူးပေါင်းစီမံကိန်းချ ဆောင်ရွက်သူတွေ လို့ရေးသားရမယ်။အစိုးရရဲ့ ပိတ်ဆို့မှုများစွာကြားက စီးပွားရေးလုပ်လို့ရတဲ့ တရုတ်၊ ရုရှား၊ အာဆီယံ နိုင်ငံများနဲ့ ပုံမှန်နိုင်ငံတွေရှိရမဲ့ ဆက်ဆံမှုကို လက်ညှိုးထိုးစွပ်စွဲ ပြီး အမျိုးမျိုး အပြစ်တင်ရမယ်။ တဖက်မှာလည်း အတိုက်အခံတွေရဲ့ ပုံမှန်ထက် အများကြီးပိုတဲ့ စည်းတစ်ခုတောင် မထားတော့တဲ့ ခြေရှုပ်မှုတွေ၊ သတင်းဖလှယ်တာတွေ၊ လက်ဝါးရိုက်တာတွေကိုတော့ လက်ညှိုးကိုက်ပီး ကြည့်နေရမယ်။အစိုးရဟာ ပြည်သူတွေကို မကြည့်ဘူး၊ ရက်စက်တယ်လို့ အော်ချိန်မှာပဲ တဖက်ကလည်း တနိုင်ငံလုံး ပြည်သူတွေကို ထိခိုက်စေမဲယ့် စီးပွားရေးပိတ်ဆို့မှုကို ဘာမှမကြည့်ပဲကို အားရ၀မ်းသာ ထောက်ခံကြိုဆိုမှုတွေ၊ တိုက်တွန်းမှုတွေကို ရက်ရက်စက်စက် လုပ်ကောင်း လုပ်ရမှာပဲ။အဂတိလိုက်စားမှုတွေ အလွန်များပြားလို့ အစိုးရကို အပြစ်တင်ရမယ်။ တချိန်ထဲမှာပဲ ဒုက္ခသည်ခံချင်ရင် ဘယ်လောက်ဆိုတဲ့ သူတို့ရဲ့ နာမည်ပေါင်းစုံနဲ့ ဖွဲ့ထားတဲ့ အဖွဲ့တွေထဲမှာ ဈေးကွက်နဲ့ကို ပေါ်ပေါက်နေတဲ့ အရာတစ်ခုကိုတော့ မမြင်ချင်ယောင် ဆောင်နေရမယ် (မမြင်တာတွေ လည်း ရှိကောင်းရှိမယ်)။တဖက်မှာ အစိုးရဟာ ဥပဒေမဲ့လုပ်ရပ်တွေကို လုပ်ပါတယ်လို့ စွပ်စွဲရေးသားရမယ်။ တခြားတစ်ဖက်ကလည်း နိုင်ငံရေးနဲ့ ဘာမှမဆိုင်ပဲကို တကယ်အပြစ်လုပ်လို့ ပြစ်ဒဏ်ခံရတဲ့ ကိစ္စတွေကိုတောင် မတ၇ားဖမ်းဆီးပါတယ် ပြောလိုပြောရမယ်။ အဲလိုပြစ်မှုတွေနဲ့ ပြည်ပကို ထွက်ပြေးလာသူတွေကိုလည်း ဆီးကြိုနေရာပေးခြင်းများကို ပြုလုပ်ရမယ်။မုန်တိုင်းအတွက် နိုင်ငံတကာက လှူဒါန်းပစ္စည်းတွေ ဈေးကွက်ထဲ ရောက်နေတဲ့အချိန်မှာ ဘယ်လိုရောက်လဲတောင် မစုံစမ်းတော့ပဲ အစိုးရက ဖြတ်ခုတ်နေပါပြီလို့ အားရ၀မ်းသာ ကြေငြာအပြစ်တင်ချိန်မှာ တဖက်ကလည်း ဆယ်စုနှစ်နဲ့ချီပြီး နိုင်ငံတကာမှာ ဒုက္ခသည်တွေဗန်းပြ လှူဒါန်းငွေတွေကို အဖွဲ့အဆင့်ဆင့်က ဘယ်ရောက်လို့ ရောက်မှန်းမသိအောင် လုပ်ခဲ့တာကိုတော့ လစ်လျူရှုနိုင်ရမယ်။မြန်မာ့ပြည်တွင်းသတင်းဌာနကို သတင်းလွတ်လပ်ခွင့်မရှိလို့ စွပ်စွဲချိန်မှာ ရိုင်းစိုင်းမှုမပါတဲ့ ပုံမှန်ဆွေးနွေးတဲ့ ဆန့်ကျင်ဖက်အမြင်တွေကိုတောင် လွတ်လပ်မှုကို အသက်တမျှ မြတ်နိုးတယ်လို့ တကြော်ကြော် အော်နေပေမယ့် မကြိုက်တဲ့ ဘလော့တွေ ဆိုလဲ ဘန်းပစ်တာတွေ၊ သတင်းဌာနတွေဆိုလည်း မဖော်ပြတာတွေ၊ ကော်မန့်တွေ ဖျက်ပစ်တာတွေကို အံ့သြောဖွယ် အစဉ်တစိုက် လုပ်ဆောင်ရမယ်။အစိုးရကို ရိုးသားမှုမရှိပါဘူးလို့ ပြောနေချိန်မှာ တဖက်ကလည်း မမှန်မှန်းသိတဲ့ သတင်းတွေကိုတင်ရမယ်။ အဲဒါတွေကိုးကားပီး ဝေဖန်တာတွေ၊ လုပ်ကြံအင်တာဗျူးတွေ လွှင့်ရမယ်။ကယ်ဆယ်ရေးကို အပြင်းအထန်ကြီး လုပ်နေတဲ့ အစိုးရကို ဒုက္ခသည်ပြည်သူတွေကို အာရုံမစိုက်ဘူး၊ နိုင်ငံရေးလုံခြုံရေးကိုပဲ ကြည့်နေတယ်၊ ဒုက္ခသည်တွေကြားမှာ အသေအပျောက်တွေ များလာမှာစိုးတယ်လို့ တဖက်က အသေအကြေ စွပ်စွဲချိန်မှာ တဖက်ကလည်း အမေရိကန် အစရှိတဲ့ သင်္ဘောတွေ၊ အဆင်ပြေပြေမဟုတ်ပဲကို စစ်ရေးအရ၀င်အောင် နိုင်ငံရေးတိုက်ကွက်ဆင် လှုံဆော်ပြီး ဒုက္ခသည်တွေ အားလုံးအပြင် တနိုင်ငံလုံး ပြည်သူတွေကိုပါ စစ်ဒုက္ခထဲဆွဲသွင်းဖို့ စိတ်ပါလက်ပါ အားပေးအားမြောက် ပြုရမယ်။နောက်ဆုံးအဓိကဖြစ်တဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရတစ်ခုဖြစ်တဲ့ လွတ်လပ်စွာသဘောထား ကွဲလွဲခွင့်ကို လစ်လျှူရှုကောင်း ရှုထားပြီး ငါပြောသလိုမပြောရင် ငါ့ရန်သူပဲမြင်ကောင်း မြင်ရမယ်။ သတ်မယ်ဖြတ်မယ် ကျိန်းဝါးတဲ့အထိ အာဏာရှင် ဆန် ကောင်းဆန်ရမယ်။ လက်တလော ပက်စပို့ သည် အရေးအကြီးဆုံးဖြစ်ပြီး။ လက်တလော စားဝတ်နေရးသည် ဒုတိယ အရေး အကြီးဆုံးဖြစ်၏။ ဒေါ်လာရဖို့ အတွက်ဆိုရင် ကိုယ့်နိုင်ငံအကြောင်း မကောင်းတာ အကုန် ပြောနေရပေအုံးမယ်။ အားလုံးက နားလည်ပေးစေချင်ပါတယ်။
Myanmar Express
|
|
| Subscribe to Myanmar Express Group |
| Visit this group |
Myanmar Express Group သို့ စာမူ ပို့လိုလျှင် mm.exps@gmail.com သို့ လိပ်မူ ပေးပို့ နိုင် သည်။
အယ်ဒီတာ ထံသို့ အကြံပေး၊ တိုင်ကြား လိုလျှင် editor@myanmarexpress.net သို့ ပေးပို့ နိုင် ပါသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်