အမေရိကန် ကွန်ဂရက်မှာ ၂၀၀၈ ခုနှစ် အိမ်ထဲမှာ ထိုင်နေစဉ်က ရရှိခဲ့သော ဆုကို ဒေါ်အောင်ဆန်းစုကြည် ယနေ့ လက်ခံယူစဉ်တွင် လက်ခုပ်တီးသူများအားလုံးကို လက်အုပ်ချီ ရှိခိုးဦးချ ပြီးနောက် ယနေ့ မြန်မာနိုင်ငံတော် ဒီမိုကရေစီ ထူထောင်ရေးလုပ်ငန်းများသည် သမ္မတကြီး ဦးသိန်းစိန် နှင့် ပြည်ထောင်စု လွှတ်တော်ကြောင့် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ ဝန်ခံ ပြောကြားသည်။
"ကျမတို့ရဲ့ ဒီနိုင်ငံတော်ထူထောင်ရေးလုပ်ငန်းစဉ် တွေဟာ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်ခဲ့တဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်တွေကြောင့် ဖြစ်ပေါ်လာရတာပါ။ သမ္မတကြီး နဲ့အတူ အခုသက်တမ်းနုနယ်သေးပေ မယ့် အလျင်အမြန်ရင့်ကျက်လာနေပြီဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်၊ ဒါ့အပြင် ဒီမိုကရေစီတန်ဖိုးတွေ ကို တစိုက်မတ်မတ်တန်ဖိုးထားကြတဲ့ လူထုကြီးတရပ်လုံးဟာ ကျမတို့ လိုလားသ လို ခေတ်သစ် ကမ္ဘာကြီးထဲမှာ ကျမတို့နိုင်ငံတော်ကို နေရာမှန်ရစေဖို့အတွက် အားအင်အပြည့်နဲ့ ရှေ့တိုးဆောင်ရွက် သွားစေနိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဦးစီးဆောင်ရွက်နေတဲ့ ၀န်ကြီး ဦးအောင်မင်းကိုယ်တိုင်လည်း အခု လာရောက်ခဲ့တဲ့အတွက် ကျမ သိပ်ကိုအားတက်မိပါ တယ်။ ပြုပြင်ပြောင်း လဲရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး အနာဂတ်အပေါ် ကျမရဲ့ ယုံကြည်မှုတွေ ကိုလည်း ပိုပြီးတိုးပွားလာစေပါတယ်။"
ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
မြန်မာ့အရေးကို တစိုက်မတ်မတ် အားပေးထောက်ခံခဲ့တဲ့ နယူးယောက်မြို့နယ်က ဒီမိုက ရက် အောက်လွှတ်တော်အမတ် Joseph Crowley က လွန်ခဲ့တဲ့နှစ်နှစ်အတွင်း မြန်မာနိုင်ငံမှာ တိုးတက်ဖြစ်ထွန်းမှုတွေ အများကြီးတွေ့ရတဲ့အကြောင်း၊ ဒီလို အပြောင်းအလဲတွေပေါ် လာအောင် ဆောင်ရွက်နိုင်ခဲ့တဲ့သူတွေကို ချီးကျူးရမှာဖြစ်ပြီး အဲဒီအထဲမှာ လက်ရှိ အစိုးရ ခေါင်းဆောင်တွေကိုလည်း ထည့်သွင်းရမှာဖြစ်တယ်လို့ ထည့်သွင်း ပြောဆိုသွားပါတယ်။
အခမ်းအနားသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသိန်းဆွေ လည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
Myanmar Express
2 comments:
so daw aung san su kyi is working together with our president and supporting the Myanmar government and said good things about the government. everyone is working together for better future. when will Myanmar express going to be work together with government and daw aung san su kyi? when will Myanmar express stop bad mouthing daw ag san su kyi? our president work together with daw ag san su kyi and never said bad things about her but Myanmar express work against her. is myanmar express opposing our president's ways?
ဘဝဆက်တိုင်းဒေါ်စုလိုဘာမှမလုပ်ပဲဆုများရပါစေ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်