Subscribe to our RSS Feed

ပြည်တွင်းရှိ ရုပ်သံလိုင်းများအား Analog စနစ်မှ Digital စနစ်သို့ ပြောင်းလဲ သွားမည်

From : mrtv4


ပြည်တွင်းမှာရှိတဲ့ TV-Channel တွေကို Analog စနစ်မှ Digital စနစ်ကို ပြောင်းလဲ ထုတ်လွှင့် သွားဖို့ စီစဉ် ဆောင်ရွက် လျက်ရှိတယ်လို့ ပြန်ကြားရေး
ဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်ရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို Analog စနစ်မှ Digital စနစ် ပြောင်းလဲဖို့ အတွက် ကိုတော့ အာဆီယံ နိုင်ငံတွေမှာ သတ်မှတ် ထားတဲ့ အချိန်အတိုင်း ပြောင်းလဲ သွားမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် လာမယ့် ၂၀၁၄-၂၀၁၅ မှာအပြီး ပြောင်းလဲ သွားဖို့ ပြုလုပ် ဆောင်ရွက် နေတယ်လို့ သိရပါတယ်။

လက်ရှိ မှာတော့ အခုလို ဒစ်ဂျစ်တယ် စနစ် ပြောင်းလဲဖို့ အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနနဲ့ ပုဂ္ဂလိက အဖွဲ့များ ဆွေးနွေး ဆောင်ရွက်မှုတွေ ပြုလုပ်လျက် ရှိပါတယ်။ လက်ရှိမှာ ထုတ်လွှင့်မှုပိုင်း အတွက် ဘာသာ ၁၈ မျိုးနဲ့ ထုတ်လွှင့် လျက်ရှိပြီး နောက်ပိုင်းမှာ ပြန်ကြားရေး ၀န်ကြီးဌာန အနေနဲ့ မြန်မာဘာသာ စကားနဲ့ သာမက ဘာသာ ပေါင်းစုံနဲ့ PSB စနစ် အထိ တိုးမြှင့် လုပ်ဆောင် နိုင်ဖို့ကိုလည်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ တိုးချဲ့ထားတဲ့ တိုင်းရင်းသား အစီအစဉ် တွေကို ပိုမိုတိုးချဲ့ လုပ်ဆောင် သွားဖို့ စီစဉ် လျက်ရှိပြီး ဒီလိုပြုလုပ် ဖို့မှာတော့ အခက်အခဲများ ရှိတာကြောင့် နိုင်ငံတကာ အကူအညီတွေ  လိုအပ်မှာ ဖြစ်ပါတယ်။

အခုလို ရုပ်သံလိုင်း တွေကို အဆင့် မြှင့်တင်ရာမှာ ပြည်တွင်းရဲ့ စတုတ္ထ မဏ္ဍိုင်ကို ပိုမို ကောင်းမွန်အောင် ပြုလုပ် ဆောင်ရွက်တာ ဖြစ်တာကြောင့် မီဒီယာ ဥပဒေကို ရေးဆွဲနေပြီ ဖြစ်ပါတယ်။ ဒီလို ရေးဆွဲ လျက်ရှိတဲ့ မီဒီယာ ဥပဒေ ပြီးသွားပါက Myanmar Broadcasting ကော်မတီ MBC ကို ဖွဲ့စည်း သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်