From : mrtv4
Myanmar Express
အောက်တိုဘာလ
၁၈ ရက်နေ့က စတင်ကာ ရောင်စုံ ကာလာနဲ့ ထုတ်ဝေမယ့် နိုင်ငံပိုင်
သတင်းစာများကို ရန်ကုန်မြို့ မှာတော့ တစ်ပတ်ခြား စီသာ ထုတ်ဝေ
သွားမှာ ဖြစ်ပေမယ့် နေပြည်တော် နဲ့ မန္တလေး တို့မှာတော့ နေ့စဉ် ထုတ်ဝေ သွားမှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ထုတ်ဝေရာမှာ မန္တလေးနဲ့ နေပြည်တော် တို့မှာ မြန်မာ့ အလင်း သတင်းစာ၊ ကြေးမုံ သတင်းစာနဲ့ The News Light of Myanmar အင်္ဂလိပ် သတင်းစာ ၃ မျိုးလုံးကို ရောင်စုံ သတင်းစာ အဖြစ် နေ့စဉ် ထုတ်ဝေ သွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ရန်ကုန်တိုင်း ဒေသကြီး အတွင်း မှာတော့ မြန်မာ့ အလင်းနဲ့ ကြေးမုံ သတင်းစာ ၂ မျိုးတည်း ကိုသာ ရောင်စုံ ကာလာနဲ့ ထုတ်ဝေမှာ ဖြစ်ပြီး The News Light of Myanmar အင်္ဂလိပ် သတင်းစာ ကိုတော့ အဖြူ၊ အမဲနဲ့သာ ဆက်လက် ထုတ်ဝေ မှာဖြစ်ပါတယ်။ အခုလို ရန်ကုန်တိုင်း ဒေသကြီး အတွင်း တစ်ပတ်ခြားစီ ရောင်စုံ ကာလာနဲ့ ထုတ်ဝေမှုကို အောက်တိုဘာလ ၁၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၄ ရက်နေ့ အထိ ထုတ်ဝေ သွားမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၄ ရက် နောက်ပိုင်း မှာတော့ မြန်မာ့အလင်း၊ ကြေးမုံနဲ့ The News Light of Myanmar သတင်းစာ အားလုံးကို နေပြည်တော်၊ မန္တလေးမှာ ကဲ့သို့ ရောင်စုံ သတင်းစာ အဖြစ် နေ့စဉ် ထုတ်ဝေ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ နိုင်ငံပိုင် သတင်းစာ များကို ရောင်စုံ သတင်းစာများ အဖြစ် ပြောင်းလဲ ထုတ်ဝေပေမယ့် သတင်းစာ ဈေးနှုန်း ကိုတော့ တိုးမြှင့် ပြောင်းလဲမှု မရှိဘဲ လက်ရှိ ရောင်းချနေတဲ့ ဈေးနှုန်း အတိုင်းသာ ဆက်လက် ရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်။ ဒီလို သတင်းစာ ဈေးနှုန်းကို ပြောင်းလဲမှု မရှိပေမယ့် သတင်းစာ အတွင်း ထည့်သွင်းမယ့် ကြော်ငြာခများ ကိုတော့ နှုန်းထား အသစ်နဲ့ သတ်မှတ် လက်ခံ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်