From : မော်ဒန်
ကောလာဟလထွက်ပေါ်တဲ့ ပုဂ္ဂလိကဘဏ်တစ်ခုမှာ ငွေထုတ်သူတွေ အဆင်ပြေဖို့ ဗဟိုဘဏ်က ရုံးပိတ်ရက် ဖြစ်တဲ့ စနေ၊ တနင်္ဂနွေမှာ ငွေထုတ်ပေးတယ်လို့ ဗဟိုဘဏ်မှ သိရပါတယ်။ ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ‘ဗဟိုဘဏ်က စနေ၊ တနင်္ဂနွေဖွင့်တာ လုပ်လေ့လုပ်ထမရှိပေမဲ့ လာထုတ်သမျှ အကုန်ပေးနိုင်အောင် လိုအပ်ချက်အရ လုပ်ပေးတာဖြစ်တယ်၊ သောကြာနဲ့ တနလာင်္နေ့ပဲ လာထုတ်တဲ့သူ များတယ်။ အခုတော့ ပုံမှန်ပြန်ဖြစ်နေပြီ’ လို့ ပြောပါတယ်။ ငွေထုတ်ယူမှု များတဲ့နေ့တွေမှာ တချို့က တစ်ယောက်တည်းနဲ့ သိန်းပေါင်းသောင်းချီ ထုတ်ယူတာတွေ ရှိပါတယ်။ ပုဂ္ဂလိကဘဏ် ခိုင်မာမှုရှိပေမဲ့ ပိုက်ဆံအလျင်မီဖို့ ထုတ်သမျှ သူတွေရဖို့ ဗဟိုဘဏ်အနေနဲ့ အခုလို ဆောင်ရွက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ယင်းဘဏ်က ပုံမှန်နီးပါး ပြန်ဖြစ်နေပြီလို့ သိရှိရပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်