From : MRTV4
Myanmar Express
မန္တလေးတိုင်း
ဒေသကြီးမှာ အကြီးစား ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ ၂ ရုံ ဆောက်လုပ်
သွားဖို့ ရှိတယ်လို့ မန္တလေးတိုင်း ဒေသကြီး အစိုးရ
အဖွဲ့မှ တာဝန်ရှိ တစ်ဦးရဲ့ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို ဆောက်လုပ် သွားမယ့် ဓာတ်အားပေး စက်ရုံတွေ ထဲမှာ ဓာတ်အားပေး စက်ရုံ တစ်ရုံကို ကျောက်မီးသွေး သို့မဟုတ် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်ပေးစက်ရုံ ဆောက်လုပ် သွားမှာဖြစ်ပြီး မြင်းခြံ ခရိုင်၊ ငါန်းဇွန် မြို့နယ်၊ မြို့သာရွာမှာ ဆောက်လုပ်ဖို့ နေရာ သတ်မှတ် ထားတယ်လို့ သိရပါတယ်။
အဆိုပါ ဓာတ်အားပေး စက်ရုံ တည်ဆောက်မှုမှာ အမေရိကန် ဒေါ်လာသိန်း ၂၀၀ ခန့် ကုန်ကျစရိတ် ခန့်မှန်း ထားပြီး အကောင်အထည် ဖော်မည့် ကာလ ၅ နှစ်နဲ့ လျှပ်စစ် ဓာတ်အား ၂၀၀ မဂ္ဂါဝပ် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ထပ် ဆောက်လုပ် သွားမယ့် အကြီးစား ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတစ်ရုံ ကိုတော့ ပုသိမ်ကြီး မြို့နယ်မှာ ဆောက်လုပ်ဖို့ လျာထားပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်မှာ ဆောက်လုပ် သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ပုသိမ်ကြီး မြို့နယ်မှာ ဆောက်လုပ် သွားမယ့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံဟာ ၄၀၀ မဂ္ဂါဝပ် ထွက်ရှိမှာဖြစ်ပြီး မြန်မာငွေသန်း ၁၅၀၀ ကုန်ကျစရိတ် ကုန်ကျမှာ ဖြစ်တယ်လို့ သိရပါတယ်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်