From : မြဝတီ
Myanmar Express
Yahoo!News(Reuters);Oct-11(Thu)
၂ဝ၁၃
ခုနှစ်တွင် ကုန်ဆုံးတော့မည့် နျူကလီးယားနှင့် ဓာတု လက်နက်များ
ဖျက်သိမ်းရေး သဘော တူညီမှု စာချုပ်အား အမေရိကန်နှင့် အသစ် ထပ်မံ ချုပ်ဆိုမည်
မဟုတ်ကြောင်း ရုရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Sergei Ryabkovက
အောက်တိုဘာလ ၁ဝ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ ၁၉၉၁ ခုနှစ် ကတည်းက စတင်
ချုပ်ဆိုခဲ့သော အဆိုပါ စာချုပ်သည် အသစ်(၂)ကြိမ် ထပ်မံ ချုပ်ဆိုခဲ့ပြီး
ဖြစ်ပါသည်။ စစ်အေး ကာလအတွင်း စာချုပ်အား ထပ်မံ၍ ပြုပြင်မွမ်းမံ
ခဲ့သောကြောင့် အဆိုပါ စာချုပ်အား ယုံကြည်မှု မရှိတော့ကြောင်း သိရှိ ရပါသည်။
အဆိုပါ စာချုပ်သည် ၁၉၉၁ ခုနှစ်က တွေးခေါ်မှု ကောင်းစွာဖြင့် ပြင်ဆင်လုပ်ဆောင်
ခဲ့သော်လည်း အလွန် မြင့် မားသော အခြေအနေ အဆင့်အတန်းမျိုး မတွေ့ရှိ
ခဲ့ကြောင်းနှင့် လက်ရှိ ဖြစ်ပေါ်နေသည့် ကိစ္စများနှင့် စဉ်းစား သုံးသပ်လျှင်
စိတ်ကျေနပ်ဖွယ် မရှိကြောင်း Ryabkov က ပြောကြား ခဲ့ပါသည်။
အမေရိကန် လွှတ်တော်အမတ် Richard Lugar
၏ သြဂုတ်လ အတွင်း သွားရောက်ခဲ့သည့် ရုရှား ခရီးစဉ် အတွင်း အဆိုပါ
လက်နက်များ၏ ခြိမ်းခြောက်မှု လျှော့ချရေး ပူးပေါင်း ဆောင်ရွက်ခြင်း
အစီအစဉ်အား ထပ်မံ ချုပ်ဆိုရန် တွန်းအားပေး ခဲ့ပါသည်။ ယခင် ဆိုဗီယက်
ပြည်ထောင်စု အတွင်းရှိ နျူကလီးယားနှင့် ဓာတု လက်နက်များ ဖျက်သိမ်းရေးကို
ရည်ရွယ်သည့် အဆိုပါ စာချုပ်အား ရုရှား နိုင်ငံမှ ၂ဝဝ၆ ခုနှစ်တွင် အတည်ပြု
လက်မှတ် ရေးထိုး ခဲ့ကာ အဆိုပါ စာချုပ်သည် ၂ဝ၁၃ ခုနှစ်တွင် သက်တမ်း
ကုန်ဆုံးမည် ဖြစ်ပါသည်။ ထိုစာချုပ်၏ ရလဒ်အရ မဟာ ဗျူဟာမြောက်
ဒုံးကျည်ထိပ်ဖူး ၇,၆၅ဝ ကျော်ကို ဖျက်သိမ်းရမည် ဖြစ်ကြောင်း သိရှိ ရပါသည်။
ရုရှားနိုင်ငံ အနေဖြင့် အဆိုပါ လုပ်ငန်းစဉ် များအား နိုင်ငံပိုင်
ဘဏ္ဍာငွေဖြင့် လုပ်ဆောင်နိုင်ပြီး အခြား မိတ်ဖက်နိုင်ငံ များနှင့်လည်း
ပူးပေါင်း ဆောင်ရွက်ရန် စိတ်ဝင်စားကြောင်း Ryabkov က ပြောကြား ခဲ့ပါသည်။ အမေရိကန် လွှတ်တော်အမတ် Lugar
က ၎င်း၏ ရုရှား ခရီးစဉ် အတွင်း ဆီးရီးယား နိုင်ငံ၌ ဓာတု လက်နက်များ
လျှော့ချရေး အတွက် ရုရှားနှင့် အမေရိကန် နိုင်ငံတို့ ပူးပေါင်း
လုပ်ဆောင်ရန် ရှိခဲ့သော်လည်း ရုရှား နိုင်ငံ၏ တုံ့ပြန်မှုကြောင့် ၎င်း၏
အကြံဥာဏ်များ ရပ်တန့် ခဲ့ရကြောင်း ပြောကြား ခဲ့ပါသည်။ အဆိုပါ စာချုပ်တွင်
တာဝေးပစ် လက်နက်များ ထုတ်လုပ်မှု လျှော့ချရေး ကိစ္စ ပါဝင်ကြောင်း သိရှိ
ရပါသည်။ ရုရှားနိုင်ငံ အတွင်းရှိ အမေရိကန်၏ အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုး
တိုးတက်ရေး အေဂျင်စီ ရုံးအား ပိတ်ပစ်ရန် ရုရှားမှ ဆုံးဖြတ် ခဲ့ပြီးနောက်
နှစ်နိုင်ငံ အကြား တင်းမာမှုများ ရှိလာ ခဲ့ပါသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်