Subscribe to our RSS Feed

ရန်ကုန်မြို့တော်စည်ပင်မှ နေ့စဉ်ရေဂါလန် သန်း ၁၆၀ ပေးဝေရာမှ ဂါလန် ၄၅ သန်း ထပ်မံ တိုးဝေမည်

From :ခေတ်လူငယ်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ဂျိုးဖြူမှ ရေဂါလန် ၂၇ သန်း၊ ဖူးကြီးမှ ရေဂါလန် ၅၄ သန်း၊ ငမိုးရိပ်မှ ရေဂါလန် ၄၅ သန်း၊ သဲဖြူမှ ရေဂါလန် ၁ သန်း၊ ရန်ကုန်ပေါက်မှ ရေဂါလန် ၂ သန်း၊ လှော်ကားမှ ရေဂါလန် ၁၄ သန်းနှင့် စိမ့်ဖြာရေစုတွင်းမှ ရေဂါလန် ၁ သန်း၊ အဝီစိတွင်းမှ ရေဂါလန် ၁၆ သန်း စုစုပေါင်း ရေဂါလန် သန်း ၁၆၀ ကို နေ့စဉ်ပေးဝေနေရာမှ ၂၀၁၃ ခုနှစ်တွင် ရေဂါလန် ၄၅ သန်း ထပ်မံတိုးမြှင့် ပေးဝေမည် ဖြစ်သည်။ ထိုကဲ့သို့ နေ့စဉ်ရေဂါလန် စုစုပေါင်း ၂၀၅ သန်းအထိ တိုးမြှင့်ပေးနိုင်ရန်အတွက် ငမိုးရိပ် ရေပေးဝေရေး (အထယု)စခန်း ဒုတိယရေသန့်စင်စက်ရုံကို ၂၀၀၆-၂၀၀၇ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ရာ ယခုအခါ တည်ဆောက်ရေးလုပ်ငန်း ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်၍ ရန်ကုန်မြို့၏ တောင်ပိုင်းခရိုင်နှင့် အရှေ့ပိုင်းခရိုင် အတွင်းရှိ မြို့နယ်များသည် မကြာမီ တိုးချဲ့ဖြန့်ဝေမည့် ရေဂါလန် ၄၅ သန်းကို ရရှိနိုင်တော့မည် ဖြစ်သည်။ အဆိုပါ ရေဂါလန် ၄၅ သန်း တိုးမြှင့်ပေးဝေနိုင်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် သုဝဏ္ဏမှ မင်္ဂလာဒုံအထိ ရေပို့ပိုက်မကြီးများ၊ ပိုက်လိုင်းများ သွယ်တန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။ ငမိုးရိပ် ရေပေးဝေရေး (အထယု)စခန်းရှိ ဒုတိယစီမံကိန်း ပြီးစီးနိုင်ရန် အနည်ထိုင်ကန် တည်ဆောက်ခြင်း၊ ရေယူအဆောက်အအုံ တည်ဆောက်ခြင်း၊ ရေသန့်စင်စက်ရုံ တည်ဆောက်ခြင်း၊ ရေတွန်းစက်ရုံ တည်ဆောက်ခြင်းနှင့် လျှပ်စစ်မီးသွယ်တန်းခြင်း စသည့် လုပ်ငန်းများကို နှစ်အပိုင်းအခြားနှင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။ 

   Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်