From : popular
Myanmar Express
အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ အရာရှိကြီးများနှင့်ဆက်သွယ်ရေးဥပဒေပြုသူများကောင်စီတို့၏ခေါင်းဆောင်များ
အလွတ်သဘောအစည်
အလွတ်သဘောအစည်
းဝေးပထမနေ့ကိုအောက်တိုဘာ၂ရက်က ပုဂံရွှေနန်းတော်ဟိုတယ်နှင့် နန်းမြင့်မျှော်စင်အစည်းဝေးခန်းမတွင်ကျင်းပသည်။
တက်ရောက်လာသူများက အာဆီယံ အိုင်စီတီမဟာဗျူဟာစီမံချက်၂၀၁၅နှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များ ကော်မတီမှကြီးမှူးကျင်းပသောအာဆီယံဒေသတွင်းနိုင်ငံများ၏လုံခြုံရေးဆိုင်ရာဥပဒေများနှင့် ပတ်သက်
၍နှီးနှောဖလှယ်ပွဲကို မြန်မာရှေ့နေနှစ်ဦးတတ်ရောက်မည်ဟုသိရသည်။
ရန်ကုန်ရှေ့နေအသင်းမှအလုပ်အမှုဆောင် ဦးသန်းဋ္ဌေး
(တရားလွှတ်တော်ရှေ့နေ) နှင့် (Myanmar Law) မှ
ဦးခင်မောင်ဝင်း(အထက်တန်းရှေ့နေ) တို့နှစ်ဦးအား အပြည်ပြည်ဆိုင်ရာ
ဥပဒေပညာရှင်များကော်မတီ (ICJ) မှရွေးချယ်ဖိတ်ကြားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ ဘန်ကောက် ရှိ The Sukosol Hotel တွင် အောက်တိုဘာ ၄ ရက်မှ ၅ ရက်ထိ နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ပြီး အာဆီယံနိုင်ငံ
များဖြစ်သော မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာ၊ထိုင်း နှင့် ဖိလစ်ပိုင် (၅) နိုင်ငံတို့မှဥပဒေပညာရှင်များ တွေ့ဆုံပြီး နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများတွင် ဖြစ်ပေါ်နေသော ဥပဒေများနှင့် ပတ်သက်၍ဆွေးနေင်္းကြမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံမှရှေ့နေကိုယ်စလှယ်များမှ လူ့အခွင့်အရေးချိုးဖောက်သူများကို တရားဆွဲဆိုခြင်းနှင့် ထိုသို့ဆွဲဆိုရာတွင် ကြုံတွေ့ရမည့် အခက်အခဲများအကြောင်း အဓိကထား၍ဆွေးနွေးသွား
မည်ဖြစ်ကြောင်းသိရသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်