From : MRTV4
မြန်မာနိုင်ငံမှာ
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်တာနက် အသုံးပြုနိုင်ရန် ဆောင်ရွက်မှု
တွေကို ပြည်ပ အဖွဲ့အစည်း တစ်ခုနှင့် ပူးပေါင်း ဆောင်ရွက်
သွားဖို့ ရှိတယ်လို့ စက်တင်ဘာလ ၂၉ ရက်နေ့က မြန်မာ အင်ဖိုတက် ထဲမှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် နှစ်ပတ်လည် အခမ်းအနားမှာ ဆက်သွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒီလို ပြုလုပ်ရာမှာ ယခု အောက်တိုဘာလ ဒုတိယပတ် ၀န်းကျင်မှာ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီး ဌာနနဲ့ ကိုရီးယား နိုင်ငံမှ Ministry of Puplic Adminastration Security မှ IAC (Information Acess Center) နဲ့ MoU ရေးထိုးပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။
အဆိုပါ ဆောင်ရွက်မှု မှာတော့ အင်တာနက် အသုံးပြုမှုနဲ့ ပတ်သက်တာ တွေကို သင်တန်းများ ပြုလုပ်ပေးခြင်း၊ သုတေသန ဆောင်ရွက်မှုများ ပြုလုပ်ခြင်းနဲ့ ဆွေးနွေးပွဲများ ပြုလုပ်ပေးမှု တွေကို ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ဆောင်ရွက်မှု တွေမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အင်တာနက် အသုံးပြုနိုင်ရန် အတွက် သင်တန်း ပေးမှုတွေနဲ့ ပတ်သက်တာ တွေကို ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပညာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက် ဖို့လည်း ထပ်မံ လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဆောင်ရွက်ရာမှာ e-goverment ၊ e-commerce နဲ့ e-education အစရှိတာတွေကို ဆောင်ရွက် နိုင်ရန် နည်းပညာပိုင်း ဆိုင်ရာ အဆင့် မြှင့်တင်မှုများ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်လို့ သိရှိပါတယ်။

Myanmar Express

.jpg)
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်