From : ခေတ်လူငယ်
ဂျပန်ထိပ်တန်း ကားထုတ်လုပ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်သော ဆူဇူကီး ကားထုတ်လုပ်ရေး ကုမ္ပဏီက ရန်ကုန်မြို့မှ ၂၅ မိုင်အကွာ သီလဝါ အထူးစီးပွားရေးဇုန်၌ ကားထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရန် စီစဉ်နေပြီဖြစ်ကြောင်း ဆူဇူကီး မော်တော်ကော်ပိုရေးရှင်းက ပြောကြားသည်ဟု အောက်တိုဘာ ၁၁ ရက်တွင် အာဆီယံဆိုင်ရာ သတင်းတစ်ရပ်၌ ဖော်ပြထားသည်။ အဆိုပါ ကားထုတ်လုပ်ရေး စက်ရုံသည် ၂၀၁၅ ခုနှစ်တွင် ပြီးစီးလိမ့်မည်ဖြစ်ကြောင်း အဆာဟိရှင်ဟွန်း သတင်းစာ ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။ ယင်းစက်ရုံမှ တစ်နှစ်လျှင် ကားစီးရေ ၂၀၀၀၀ မှ ၃၀၀၀၀ အထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ဆူဇူကီး ကုမ္ပဏီ တာဝန်ရှိသူများက ပြောကြားသည်။ လက်ရှိ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော ကားစီးရေ ၂ ဒသမ ၃ သန်းခန့်ရှိရာ အများစုမှာ ဂျပန်နိုင်ငံမှ တင်သွင်းသော ကားများဖြစ်သည်။ ဆူဇူကီးကုမ္ပဏီသည် သီလဝါ အထူးစီးပွားရေးဇုန်၌ မြေဧရိယာ အကျယ်အဝန်း ဟက်တာ ၄၀ ပေါ်တွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း အဆာဟိရှင်ဘွန်း သတင်းစာကရေးသားဖော်ပြခဲ့သည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်