Subscribe to our RSS Feed

ရုရှား နိုင်ငံသည် စစ်ဘက် တပ်ဖွဲ့ဝင် များ၏ လစာပိုမို တိုးမြှင့်ပေးသွား မည်ဟုဆို

From :မြဝတီ


ရုရှား နိုင်ငံတွင် စစ်သည် များ၏ လစာကို တိုးမြှင့်ပေးလျက် ရှိကြောင်း၊ သို့ရာတွင် လာမည့်နှစ် များ၌စစ်မှုထမ်း အမျိုးအစား ပေါ်တွင် မူတည်၍ ပိုမိုတိုးမြှင့် ပေးသွားမည်

ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီး အနာတိုလီ ဆာဂျူး ကော့ဗ်က အောက်တို ဘာလ ၈ ရက်နေ့ တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားခဲ့ သည်ဟု Newsnow သတင်းတစ်ရပ် အရ သိရှိ ရပါသည်။

ရုရှားနိုင်ငံ ပစိဖိတ် ရေယာဉ်စုရှိ နျူက လီးယား ဒုံးပျံတင် ရေငုပ် သင်္ဘော များတွင် တာဝန် ထမ်းဆောင် လျက်ရှိသည့် ရေယာဉ် မှူးများ အနေဖြင့် ၂ဝ၁၃ ခုနှစ် ဇန်န ဝါရီလ ၁ ရက်နေ့မှ စတင်၍ လစာတိုးမြင့် ရရှိမည် ဖြစ်ကြောင်း၊ တပ်မှူး တစ်ဦးသည် ကမ်ချက်ကာ အခြေစိုက် စခန်းတွင် တာဝန် ထမ်းဆောင်လျှင် လစာပိုမို ရရှိမည် ဖြစ်ကြောင်း ဆာဂျူး ကော့ဗ်က ပြောကြား ခဲ့ပါသည်။ 

  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်