From : သန့်စင်ဦး
ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ အောက်တိုဘာ ၈ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁၀မိနစ်တွင် မြန်မာနိုင်ငံသံရုံးတွင် သံအမတ်ကြီးနှင့် အဖွဲ့ဝင်များ ပညာသင်ကြားရန် ရောက်ရှိနေသော မြန်မာပညာသင်သားများနှင့် တွေ့ဆုံစဉ် သမ္မတကြီး ဦးသိန်းစိန် ပြောကြားခဲ့သော ဆုံးမ စကားများကို မှတ်မိသလောက် တင်ပြလိုက်ပါသည်။ ““ သူများတိုင်းပြည်တွေမှာ တိုးတက်ဖို့ ကြိုးစားနေကြတဲ့ အချိန်မှာ တို့နိုင်ငံမှာတော့ ထင်းစည်းလေးချိုးပြပြီး စည်းလုံးညီညွတ်ဖို့ သင်နေရတယ်။ တစ်ချောင်းထဲဆိုရင် ကျိုးတယ် သုံးချောင်းလောက်ဆိုရင် မကျိုးဘူး ဆိုပြီး။ ဒါကြောင့် ငြိမ်းချမ်းရေးရအောင် ကြိုးစားရတယ်။ အရင်က နှစ် ၂၀ လုံးအဖက်ဖက်က ပိတ်ဆို့တာတွေ မဆက်ဆံတာတွေ ဆန့်ကျင်တာတွေ ခံခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ၀န်းရံနေတဲ့ ပါတီတွေဆိုရင်လည်း အရင်က ကျောခိုင်းနေရာက အခုမျက်နှာချင်းဆိုင် လက်ဆွဲနှုတ်ဆက်လာအောင် ကြိုးစားခဲ့ပြီ။ ကိုရီးယားနိုင်ငံ မှာ ပညာသင်ကြားဖို့ ရောက်ရှိနေတဲ့ သမီးတို့ သားတို့လည်း နိုင်ငံခြားရောက်ရင် ပြီးရော ဆိုတဲ့စိတ် မမွေးပါနဲ့ သူများနိုင်ငံတွေမှာ ဘယ်လိုတွေ ကြိုးစားနေလည်း လေ့လာပါ။ အတုယူပါ။ ကိုရီးယားနိုင်ငံ တိုးတက်နေတာဟာ သူတို့လူမျိုးတွေက ၀ီရိယ ကောင်းတယ်။ ကျောက်တောင်တွေကို တူးဆွပြီး သီးနှံကို နိုင်ငံတော်အတွက် စိုက်ပျိုးတယ်။ တို့နိုင်ငံဟာ သယံဇာတ ဆိုရင်လည်း မထွက်တာ မရှိသလောက်ပဲ။ ရေမြေ ရာသီဥတုလည်း မဆိုးဘူး အဖက်ဖက်က ပြည့်စုံ နေပေမယ့် ဘာကြောင့်ဆင်းရဲနေသလဲ ဆိုတော့ brain လိုနေလို့။ ဒါကြောင့် နည်းပညာတွေ သင်ကြားကြပါ။ သင်ကြားတတ်မြောက်ပြီးရင်လည်း ကိုယ့်နိုင်ငံကို ပြန်လာပါ။ အခုလည်း ခရီးတွေ ဆက်နေတော့ ပင်ပန်းပါတယ်။ တစ်နေ့ကပဲ အမေရိကန်ကို သွားရတယ်။ ဟိုမှာလည်း ကိုယ့်နိုင်ငံ အတွက် စီးပွားရေး အခွင့်အလမ်းတွေအတွက် ဟီလာရီကလင်တန်ကို မျက်နှာချိုသွေးရတယ်။( ဒီနေရာ မှာ ကျွန်တော် ၀မ်းနည်းမိပြီး မျက်ရည်ကျမိတယ် အ၇င်ကတည်းက င့ါအဖေသာဆိုရင် အောက်ကျနောက်ကျ မခံစေချင်ဘူး ဆိုတဲ့ အတွေးမျိုး ၀င်မိသွားလို့ပါ)။ သူတို့ကလည်း စီးပွားရေးနဲ့ လိုအပ်တဲ့ အကူညီတွေ ပေးနေပါပြီ။ အမေရိကန်ကို ချစ်လွန်းလို့ အားကိုးလွန်းလို့ မဟုတ်ဘူး။ ကိုယ့်နိုင်ငံက နောက်ကျကျန်နေလို့ ၁၀ လှမ်းနဲ့ မမီလို့ အပြေးလိုက်နေရပြီ။ နိုင်ငံခြားက မိတ်ဆွေတွေက မေးတယ် ခင်ဗျားတို့ နိုင်ငံမှာ အလုပ်လက်မဲ့တွေ ဘယ်လို ထမင်းစားလဲ ကျွန်တော် တို့နိုင်ငံမှာတော့ အလုပ်မရှိရင် ထမင်းစားဖို့ မရဘူး တဲ့ ကျွန်တော်တို့နိုင်ငံမှာ အလုပ်လက်မဲ့တွေတော့ ရှိတယ် ဒါပေမဲ့ ထမင်းမငတ်ဘူး လို့ပြောတော့ အံ့သြသွားတယ်။ ဟုတ်တယ်လေ စားစရာ မရှိရင် ဘယ်ဘုန်းကြီးကျောင်းတက်စားစား ရတယ်။ အလှုရှင်တွေကလည်း နေ့တိုင်းရှိတယ်။ ဒါကြောင့် နည်းပညာလိုနေတဲ့ အတွက် စာကိုကြိးစားသင် ယူကြပါ။ နောင်ကျရင် နိုင်ငံတော်အနာဂတ်က မင်းတို့လူငယ်တွေ လက်ထဲ လွှဲခဲ့ရမှာပဲ။ တို့က အသက်ကြီးပြီ။””အထက်ပါ သမ္မတကြီးပြောကြားသော ဆုံးမစကားများကိုကြားနာခဲ့ရပါသည်။
Myanmar Express

11 comments:
yes. our president.we will obey
ကျေးဇူးတင်ပါတယ် သမ္မတကြီး ခင်ဗျာ ။ လူငယ်တွေကို ယခုလို ပွင့်ပွင့်လင်းလင်း အသိပေး ဆုံးမစကား ပြောကြားခဲ့တဲ့ သမ္မတကြီး ရဲ့ စကားအတွက် လေးလေးနက်နက် ကျေးဇူးတင်ပါတယ် ။ ဒီလိုစိတ်ထားမျိုး ဟိုယခင် လူကြီးမင်းများရဲ့ စိတ်ထဲမှာ ရှိခဲ့ရင် ကျွန်တော်တို့ နိုင်ငံဟာ ဒီလောက်ထိ အဆင့်အတန်း နိမ့်ပါးစရာ မရှိနိုင်ပါဘူး ။
"(ဒီနေရာ မှာ ကျွန်တော် ၀မ်းနည်းမိပြီး မျက်ရည်ကျမိတယ် အ၇င်ကတည်းက င့ါအဖေသာဆိုရင် အောက်ကျနောက်ကျ မခံစေချင်ဘူး ဆိုတဲ့ အတွေးမျိုး ၀င်မိသွားလို့ပါ)။"
သိပ်မှန်သောစကားဖြစ်ပါသည်၊ သမ္မတကြီး ကို အမေ၇ိကန်ခရီးစဉ် မှာ တွေ့ မြင်ခဲ့ရာမှာ အသက်အရွယ်နှင့်မမျှခရီးပန်းတဲ့ ဒဏ်။ နေ့နဲ့ည အချိန်ကွာခြားမှုဒဏ်တွေနဲ့ အလွန်ပင်ပန်းနေမှာဘဲလို့ အတွေးရောက်မိပါတယ်၊ သို့သော် သမ္မတကြီး က လုံးဝ စိုးစဉ်းမျှ နွမ်းလျမှုကို မမှုဘဲ မနားတမ်း လုပ်ငန်းဆောင်တာတွေကို အားသွန်ခွန်စိုက်ဆက်တိုက် လုပ်ဆောင်သွားခဲ့တာတွေ့ ရလို့ သားသမီးတစ်ဦးက မိဘ၇ဲ့ ကျန်းမာရေးကို စိုးရိမ်သလို စိုးရိမ်စိတ်များ သနားစိတ်များ စိတ်မကောင်းမှုများ ဖြစ်ပေါ်ခံစားခဲ့ ရပါတယ်၊ မိမိနိုင်ငံအတွက် အသက်အရွယ်ကြီးရင့်တဲ့ သမ္မတကြီး က ဤမျှထမ်းရွက်နေတာတွေ့ ရတော့ ကျေးဇူးလည်းတင် အားလည်းနာမိပါတယ်၊ သမ္မတကြီးရဲ့မွန်မြတ်တဲ့ လုပ်ငန်းစဉ် များ အောင်မြင်ဖို့အတတ်နိုင်ဆုံးဝိုင်းဝန်းကူညီခြင်းဖြင့် သမ္မတကြီး ကို အားပေးထောက်ခံကြပါစို့၊
သမ္မတကြီးကို လေးစားသလို၊ ခင်ဗျားရဲ့ကောမန့် တွေကိုလည်း လေးစားပါတယ်။
You cann't see that kind of "Outstanding President" like U Thein Sein in the world, he is a conspicuously excellent for Myanmar, of cousre if we had that kind of Leader last 50 years ago our country is as rich as South Korea, Japan and Singapore. We cann't say too late but we must put high gear and need to run and try to be working hard much more over than other countries, so some day, who knows?............
THANKS
လေးစားပါတယ် သမ္မတကြီးခင်ဗျား။
ဒီပို့စ်က ကျွန်တော်ရေးသားတာပါ။ ဒါကို ကျွန်တော်ရေးကြောင်း လုံးဝမဖော်ပြတာ ဘာလို့ပါလည်း။
ဒီနေရာမှာ ကျွန်တော်ဝမ်းနည်းပြီး မျက်ရည်ကျမိတယ် ငါ့အဖေသာဆို.....
အခုမှ ဖတ်မိလို့ သိရပါတယ်။ အဲဒီစာသားဟာ ကျွန်တော် အာဘော်ပါ။
ဒီပို့စ်ကို ကျွန်တော်ရေးတာပါ။ ဘာလို့ from သန့်စင်ဦး ဖြစ်သွားတာလည်း?
(ဒီနေရာမှာ ကျွန်တော်ဝမ်းနည်းပြီး မျက်ရည်ကျမိတယ်။ ကျွန်တော့်အဖေသာဆိုရင်......) အဲဒီ စာသားဆိုရင် ကျွန်တော့် အာဘော်ပါ။ သမ္မတကြီးကို တကယ်လေးစားပါတယ်။ ဒါပေမဲ့ သတင်းဖော်ပြတာမှာ အမှန်တကယ် ရေးသူကို ဖော်ပြသင့်ပါတယ်။ ကျွန်တော့်ပို့စ်ကို ရေးသူ တစ်ခြားတစ်ယောက် အဖြစ်မြင်ရတာ လက်မခံနိုင်ပါဘူး။
ဒီပို့စ်ကို ကျွန်တော်ရေးတာပါ။ ဘာလို့ from သန့်စင်ဦး ဖြစ်သွားတာလည်း။ ( ဒီနေရာမှာ ကျွန်တော် မျက်ရည် ကျမိတယ်) ဆိုတဲ့စာသား ဟာ ကျွန်တော့် အာဘော်ပါ။ မူရင်းရေးသားသူကို မဖော်ပြတာတော့ မသင့်တော်ပါဘူး။ စာမူခ လိုချင်လို့ မဟုတ်ပေမဲ့ ဒီလိုကြီး လုပ်တာတော့ ကန့်ကွက်ပါတယ်။
ဒီပို့စ်ကို ရေးသားသူ တစ်ယောက်အနေနဲ့ မူရင်း ရေးသူကို မဖော်ပြတာကို ကန့်ကွက်ပါတယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်