From : hot news
နွားထိုးကြီးမြို့တွင် ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်း ရေးတွင် ယာဉ်ထိန်းရဲမရှိ၍ ယာဉ် အန္တရာယ်နှင့် မြို့ခံတို့ရင်ဆိုင်နေ ကြသည်။
အညာမြို့တိုင်းတွင်နေရသော မော်တော်ဆိုင်ကယ်သောင်းကျန်း မှုမှာ နေ့စဉ်လိုလိုတိုက်ခိုက်နေ၍ လည်းကောင်း၊ ဆူညံစွာသွားလာ နေမှုကိုလည်းကောင်း တားမြစ် ဖမ်းဆီးမည်သူမရှိဖြစ်နေသည်။ ထော်လာဂျီကလည်း ၀င်ချင်သလို ၀င်၊ ထွက်ချင်သလိုထွက်အသံမည် တီးလျက်အိပ်နေသောကလေးများ တွက် နှိုးစက်ဖြစ်နေသည်။
နွားထိုးကြီးမြို့ကို ဖြတ်သန်း သွားလာနေသော ကားအသင်းများ ကလည်း အပြိုင်အဆိုင်မောင်းကြ၊ ရပ်ကြ၊ ခရီးသည်စောင့်လုကြနှင့် မကြာခဏယာဉ်တိုက်မှုဖြစ်မလို သည်းထိပ်ရင်ဖိုနှင့် ခံစားကြရ သည်။
နွားထိုးကြီးတွင် ထော်လာဂျီ အစီး (၁၅၀) ကျော်၊ ဆိုင်ကယ် (၃၀၀၀) ကျော်နှင့် ကိုယ်ပိုင်ကား၊ အငှားကား (၃၀) (၄၀) ကျော်ရှိ သည်။ ကုန်ကားကြီးများ (၁၀၀) ကျော်သည်။ မြို့အဓိကလမ်းတွေ မှာ ယာဉ်ထိန်းရဲမရှိ၍ ယာဉ် အန္တရာယ်နှင့် မြို့မံတို့တွေ့နေရ သည်။ ယခင်က မြို့နယ်ရဲမှူးရုံးက ယာဉ်စစ်တို့ရှိခဲ့သော်လည်း ယခုတွင် မြို့ဝင်၊ မြို့ထွက်ယာဉ်ရပ်တိုင်း ငွေမတောင်းရဆို၍ မြို့ပေါ်တွင် ယာဉ်ထိန်းမရှိဖြစ်နေ၍ အညာမြို့ လေးများ ယာဉ်ထိန်းရဲလိုနေပြီဖြစ် သည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်