Subscribe to our RSS Feed

ထိုင်းရုပ်သံပေါ်က မြန်မာ့ သနပ်ခါး အကြောင်း

From :  Myanmar Online News


 မြန်မာ့ သနပ်ခါး အကြောင်း ထိုင်းနိုင်ငံက ရုပ်မြင်သံကြား တခုမှာ အကျယ်တ၀ံ့ ဖော်ပြထားတာပါ။ ထိုင်း သတင်းဌာနက မြန်မာ့သနပ်ခါး ဇာတ်လမ်းအစ၊ အဆုံး ကို သေချာ မှတ်တမ်းရိုက်ကူးထားတာ လည်းဖြစ် ပါတယ်။ သနပ်ခါးမှာ ကျောက်ပြင်နဲ့ တွဲသုံးရတာမို့ ကျောက်ပြင်လုပ်ငန်းကိုပါ စနစ်တကျ မှတ်တမ်းရိုက်ကူး ပြသ ထားပါတယ်။ စိတ်ဝင်စားစရာ အလွန်ကောင်းစွာနဲ့ ထိုင်းတွေလည်း မြန်မာစကားတွေ ပြောပြီး တင်ဆက် ထားတာပါ။ ထိုင်း ရုပ်သံ နာမည်ကြီးတွေနဲ့ တင်ဆက်ထားတာဖြစ်ပါတယ်။ ထိုင်းတွေလည်း မြန်မာ့သနပ်ခါးရဲ့ အသားအရေးကို ကောင်းစေတဲ့ လျို့ဝှက်ချက်တွေ ကို ကောင်းကောင်း သိလာပြီး ကျယ်ကျယ်ပြန့်ပြန် သုံးစွဲဖို့ ဖြစ်လာနေပါပြီ။ မြန်မာမိန်းကလေးတွေကတော့ ကိုယ့်ရိုးရာ သနပ်ခါးရဲ့ ကောင်းခြင်းတွေကို မေ့ပြီး တိုင်းတပါးက ဓာတုaဆးဝါးတွေနဲ့ ဖန်တီးထားကြတဲ့ မိတ်ကပ်တွေ ကိုပဲ ဈေးကြီးပေးသုံးနေကြတာ စိတ်မကောင်းစရာပါ။ မြန်မာ့ သနပ်ခါးဟာ အသားအရေကို တကယ်ကောင်းမွန် နူညံ့သိမ်မွေ့စေပြီး ထူးခြားတဲ့ အစွမ်းသတ္တိတွေ ကို ပေးစွမ်းတယ်ဆိုတာ မြန်မာတွေထက် နိုင်ငံရပ်ခြားက သူတွေက ပိုသိ၊ ပိုမြင်လာနေကြပါတယ်။ 

Myanmar Express 

1 comments:

မြန်မာ့သနပ်ခါးအကြောင်း Thai Media ကဖေါ်ပြတာကောင်းတာပေါ့။Media အားကောင်းတဲ့နိုင်ငံကဆိုတော့မြန်မာ့ရိုးရာဓလေ့ပါးပြင်ကလေးပေါ်ပါးကွက်လေးတွေအကြောင်းကမ္ဘာကစိတ်ဝင်စားမှာပါ။ပြည်တွင်း Media တွေကလည်းမြန်မာ့သနပ်ခါးMiss မြန်မာ့သနပ်ခါးModel girl ကျေးလက်မြန်မာ့သနပ်ခါး Miss မြန်မာ့သနပ်ခါးလှယဉ်ကျေးမယ်စသဖြင့်ပေါ့လုပ်မယ်ဆိုရင်အများကြီးရှိပါတယ်။တချို့ကျေးလက်တွေမှာယောက်ကျားလေးကာလာသား တွေတောင်သနပ်ခါးပါးကွက်ကျားနဲ့ဆိုတော့ယောက်ကျားလေးပွဲတောင်လုပ်ခြင်ရင်လုပ်လို့ရတယ်။မြန်မာ့ Media များလုပ်နိုင်ကြပါစေ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်