From : မေသစ်လွင်
ယနေ့ (၁၄-၁၀-၂၀၁၂) မွန်းလွဲ (၂)နာရီခန့်က ရမည်းသင်းမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ရွာများမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ အစ္စလာမ်ဘာသာဝင် ခေါင်းဆောင် အချို့အား ခရိုင် အုပ်ချုပ်ရေးမှူးရုံသို့ ဖိတ်ခေါ်၍ လတ်တလော ဖြစ်ပွားခဲ့သော ရမည်းသင်းမြို့ ပဋိပက္ခနှင့် စပ်လျဉ်း၍ အဖြစ်မှန်များကို ဆွေးနွေးခဲ့ကြ ကြောင်းသတင်းရရှိပါသည်။ ယင်းဆွေးနွေးပွဲသို့ လတ်တလော ဖြစ်ပွားခဲ့သော ရမည်းသင်းမြို့ ပဋိပက္ခနှင့် စပ်လျဉ်း၍ ကွတ်ကဲဖြေရှင်းရန် ရမည်းသင်းမြို့ သို့ရောက်ရှိ တာဝန်ထမ်းဆောင်နေသော မန္တလေးတိုင်း ဒေသကြီး ဒုတိယရဲတပ်ဖွဲမှူး ထွန်းနိုင် ကိုယ်တိုင် တတ်ရောက်ကြောင်း သိရှိရပါသည်။ ထိုပြင် ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်သန်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ရမည်းသင်း လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်၊ ပြည်ခိုင်ဖြိုး ပါတီမှ ကိုယ်စားလှယ်များ၊ အထူးစုံစမ်းရေး(SB) အဖွဲ့မှ တာဝန်ရှိသူအချို့ နှင့် ခရိုင် သာသနာရေး ဦးစီးမှူး တို့လည်းတတ်ရောက်ကြောင်း သတင်းရရှိပါသည်။ ယင်းဆွေးနွေးပွဲတွင် မန္တလေးတိုင်း ဒေသကြီး ဒုတိယရဲတပ်ဖွဲမှူး နှင့် ခရိုင် အုပ်ချုပ်ရေးမှူး တို့မှ လတ်တလော ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် စပ်လျဉ်း အဖြစ်အပျက်များကို ဆွေးနွေး ပြောကြားရာတွင် ယမန်နေ့က ခိုက်ရန်ဖြစ်ပွားမှုတွင် ဒဏ်ရာရရှိသူ သေဆုံသွားပြီ ဆိုတာ လုံးဝမဟုတ်မှန်ကြောင်း၊ အမှန်တကယ်မှာ နံရိုး နှစ်ချောင်းကြိုး၍ ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း၊ ဒီကစ္စဟာ အရက်ဆိုင်တွင် ခိုက်ရန်ဖြစ်ပွားမှု ဖြစ်ကြောင်း၊ အစ္စလာမ် ဘာသာဝင်များမှ လုပ်တာ မဟုတ်ကြောင်း၊ ဘောလုံးပွဲရန်စကြောင့် အရက်ဆိုင်တွင် ခိုက်ရန်ဖြစ်တာဖြစ်ကြောင်း၊ လူမျိုးရေး၊ ဘာသာရေးမပါဝင်ကြောင်း၊ "ရတနာ စာလွတ်ကျောင်း" မှ ဆရာတော်တစ်ပါးအား ရိုက်နှက် ဆော်ကားလိုက်တယ်ဟု အင်တာနက် "သစ်ထူးလွင်" web site တွင် ဖော်ပြထားတာ လုံးဝမဟုတ်ကြောင်း၊ ထိုဆရာတော်အား သွားရောက် တွေ့ဆုံပြီး ဖြစ်ကြောင်း၊ ကျန်းကျန်းမာမာရှိကြောင်း၊ ကောလဟာလများ၊ ၀ါဒဖြန့်မှုများအား မယုံကြရန် အကျယ်တ၀င့် ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ ထိုပြင် ရမည်းသင်း လွှတ်တော် ကိုယ်စားလှယ်မှ ရှင်းလင်းဆွေးနွေရာ ဒီကိစ္စကြားကြားခြင်း ဆေးရုံသို့ သွားခဲ့ကြောင်း၊ လူနာအနားတွင် ရှိနေစဉ် အခြားရွာများမှ သံဃာတော်များမှ ဖုန်းဆက်၍ "သံဃာတစ်ပါး ဒဏ်ရာရသွားကြောင်း၊ ဓါးထိုးခံရတဲ့ ကောင်လေး သေးသွားပြီကြားကြောင်း" ပြောကြားရာ လွှတ်တော် ကိုယ်စားလှယ်မှ "ကျွန်တော်ကိုယ်တိုင် လူနာအနားမှာရှိကြောင်း လူနာကသက်သာနေပြီ လမ်းတောင် လျောက်နေနိုင်ပြီဖြစ်ကြောင်း ဘုန်းဘုန်းတို့ ကောလဟာလများကို မယုံပါနဲ့" ဟု လျောက်တင်ခဲ့ကြောင်း ဆွေးနွေးပြောကြားသွားပါသည်။ ယနေ့ညတွင် အကြမ်းဖက်မှုများ ပြုလုပ်မည်ဟု သတင်းရရှိသဖြင့် ဘာသာရေးအဖွဲ့များနှင့် ရပ်ရွာ အုပ်ချုပ်ရေး တာဝန်ရှိသူများမှ မလိုလားအပ်သော အခြေအနေများ မဖြစ်စေရန် ၀ိုင်းဝန်း ထိမ်းသိမ်းကြရန်နှင့် လုံခြုံရေး ကိုလည်း မိမိတို့ဘက်မှ တာဝန်ယူမည်ဖြစ်ကြောင်း ခရိုင် အုပ်ချုပ်ရေးမှူး မှ ညွန်ကြားခဲ့ကြောင်းသိရှိရပါသည်။ ရမည်းသင်းမြို့ရှိ အရက်ဆိုင်များကိုလည်း ည (၇)နာရီ နောက်ဆုံးထား ပိတ်သိမ်းရန် ညွန်ကြားထားကြောင်း သိရှိရသည်။ ရပ်ကွက်များတွင်လည်း တာဝန်ရှိသူများမှ လော်စပီကားများဖြင့် ကောလဟာလများကို မယုံကြရန်နှင့် လုံခြုံရေးကို တာဝန်ယူထားကြောင်း အသိပေးနိုးဆော် နေကြာင်း သိရှိရပါသည်။
Myanmar Express

15 comments:
မြန် မာ မွတ်စလင် ဆိုဒ် မှာ တော့ ဗမာ တွေ အကြမ်း ဖက်
ဖို့ ကြိုးစား နေ တယ် ဆို ။ တကယ် လိမ်နေတာ ဘယ်သူ
လဲ။ မြန်မာပြည်သူတွေ မှာ စဉ်စားဉာဏ်နှင့် နား မျက်စိ
ပါ ပါတယ်။
ငါဘယ်ဘက်ကလဲ?
ငါဘယ်ကိုလဲ ?
ငါဘာလဲ ?
အ မှန် ကို သိ ပြီး မှ ရေး သင့် မှ ရေး တာ ကောင်း ပါ တယ်
ကောလဟာလဆိုတယ်ယုံတတ်ကြသကိုး
နှစ်ဖက်စကားတော့ ကြားပြီးပြီ ကိုယ်တိုင် နဲ့ ဆိုသုံးဖက်ပေါ့
ုကု လား တွေ ကို မ နိုင် တော့ ဘူး လား။
ငါရှင်းလိုက်မယ် မင်းကိုဘာလုပ်တုန်းသေချာပြော။
ချင့်ယုံကြပေါ့။ဘယ်သူက ဘာမှန်းမှ မသိတာ ။ကောလဟာလ မှန်တတ်တာလဲ ဗမာ့ရိုးရာကိုး တူမကြီးရဲ့ ။
အတင်းပြော ကိုယ်ထင်ရာမြင်ရာပြောလို့ ရတဲ့fb ပါငါ့ ညီတို့ အမှန်လည်းပါမယ် အမှားလည်းပါမယ်
ဒါပါပဲ စဉ်းစားစရာပါ
အားလုံးကတမြေထဲမှာနေကြတဲ့ညီအစ်ကိုတွေပါ!အယူဝါဒတွေကွဲပြားနေကြတော့ရန်သူတွေလို့ အမြင်တွေပြောင်းလဲကုန်တာမဖြစ်သင့်ကြပါဘူး .ဘယ်သူတွေကမှရန်သူတွေဆိုတာကွဲကွဲပြားပြားသိသင့်ကြပါပြီ။
ထစ်ကနဲဆို ခြောက်တွန်းဖို့ ပဲစဉ်းစားနေကြတာ
နိုင်ငံခြားအားမကိုးဘူးလို့ ပါးစပ်ကပဲပြောနေတာ
လက်တွေ့ ကြတော့ အမေရီကန်သမ္မတလာတာကိုအလုပ်ပျက်ခံပြီးSky netစောင့် ကြည့်ကြတာဘယ်သူတွေလဲ ?
နဂိုတုန်းကတော့်ကုလားဖြူတွေဆို
အခုတော့ လဲလေပြောင်း လဲခဲြ့ပီလေ
သြော် ဗမာများတည်ခက်ပါလားနော်
အရောင်ပြောင်းတတ်လိုက်တာ ။
တကယ်တော့လည်း ဒီလိုပါဘဲလား
အားလုံးအားလုံး လူသားချင်းစာနာပါ
လူသားချင်းစာနာရင်
မြန်မာတွေ ခွေးဖြစ်သွားလိမ့်မယ်။
ဘာသာရေးနဲ့ နိုင်ငံရေးကို တို့လူငယ်တွေ
မရောမိစေနဲ့ ထလော့မြန်မာ။
???
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်