Subscribe to our RSS Feed

မြန်မာမလေးများသို့ .....အင်္ကျီပါး အရေးတော်ပုံ .....

From : မင်းကိုကို


 ရှေးမြန်မာ ဘုရင်များလက်ထက်မှ ၁၂၅၃-ခုနှစ်လောက်ကျအောင် မြန်မာအမျိုးသမီး မှန်သမျှတို့သည် ထူထဲ ခိုင်ခံ့သော အ၀တ်အထည်များကို စနစ်ကျစွာ အင်္ကျီချုပ်လုပ် ၀တ်ဆင်ကြ ကုန်၏ ။ ထို့နောက်တွင်မှ ခေတ်ဆန်သည်ဆိုသော မြန်မာအမျိုးသမီးများမှ အင်္ကျီပါးများ ၀တ်ဆင်၍ ခေတ်စားစ ပြုလာခဲ့သည်။ ၁၉၇၁-ခုနှစ်အတွင်း ထုတ်ဝေသော သူရိယမဂ္ဂဇင်းတွင် အင်္ကျီပါးနှင့် ပတ်သက်သော ကာတွန်းများကို ဦးဘကလေးသည် ထိုအခါက မြန်မာအမျိုးသမီးများ အင်္ကျီပါးဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ကြရန် ကာတွန်းဆရာများ နှင့် သတင်းစာ ဆရာများက ဆုံးမခဲ့ကြလေသည်။ ၀ံသာနုခေတ် ကောင်းစားစဉ်ကာလတွင်မူကား မြန်မာအမျိုးသမီး အချို့သည် အင်္ကျီပါးကို သပိတ်မှောက်၍ မြန်မာဖြစ် ပင်နီ အင်္ကျီ နှင့် ယောထမီများကို ၀တ်ဆင်ကြလေသည်။ အင်္ကျီပါး နှင့် ပတ်သက်၍လည်း တပေါင်များလည်း ပေါ်လာခဲ့သည်။ " အင်္ကျီ- အင်္ကျီပါးရယ်နှင့် မျက်ထား-မျက်ထားချို ၊ ပြုံးသလိုလို ကျွန်မလက်ကိုဆွဲ ၊ စုတ်ပြဲလေလေကုန်ပေါ့ .. ကျွန်မ ဘင်္ဂါလီ" ဟူ၍ လည်းကောင်း ၊ " အင်္ကျီ- အင်္ကျီပါးရယ် နှင့် မျက်ထား-မျက်ထားချို ၊ ကုလားလိုလို ၊ ဗမာလိုလို ၊ ကျွန်မလက်ကိုဆွဲ ၊ စုတ်ပြဲလေကုန်ပေါ့၊ ကျွန်မ ဇာဘော်လီ " ဟူ၍ပင် တပေါင်များ ပေါ်လာခဲ့ပါသည် ။ ၁၃၀၀ ပြည့် အရေးတော်ပုံကာလတွင်မူ ရဟန်းပျိုများက သံချိပ်၊ ကတ်ကြေး၊ ကြိမ်လုံးများကို စစ်ကူခေါ်ပြီး အင်္ကျီပါးကို တိုက်ဖျက်ခဲ့ကြသည်။ မန္တလေး အမရပူရ နှင့် စစ်ကိုင်းမြို့များ၌ အင်္ကျီပါးများကို မီးရှို့ခဲ့ကြသည်။ မန္တလေး ၊ မဟာမုနိဘုရားရှေ့တော်၌လည်း အင်္ကျီပါးများကို ပုံ၍ပင် လှူခဲ့ကြသည်။ ၁၉၄၁-ခုနှစ်တွင် အင်္ကျီပါးစစ်ပွဲဟု ဆိုရမလောက်ပင် ဂျာနယ်ကျော်တွင်ပြုလုပ်၍ အင်္ကျီပါးဘက် မှ မြင်းခြံစိုးမြင့် .... အင်္ကျီပါး မ၀တ်ထိုက်သည့်ဘက်မှ မေမြို့ မခင်သန်းရီ တို့ နှစ်ဦး နှစ်ဖက် ချေပစာများ ထောက်ခံစာများတို့ဖြင့် ဂျာနယ်ကျော်တွင် ၄-၅ ပတ် အင်္ကျီပါး စစ်ပွဲ ဖြစ်ခဲ့ကြသည်။ ၁၉၄၁-ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့ထုတ် ဟံသာဝတီဂျာနယ်၊ ကာတွန်း ရုပ်ရှင်အခန်း ကဏ္ဍတွင်လည်း ခေတ်ကာလ အင်္ကျီပါး များ ပါးလွှာကျပ်တည်း ထင်ပေါ်လွန်းသည်ဟု အယူရှိကာ အမျိုးမျိုး ဆူပူ ကန့်ကွက် ရှုတ်ချခဲ့ကြသည်။ ကာတွန်းဆရာ ဦးဘဂျမ်းက... " အထက်မှ မတိုရလျှင် အောက်ဘက်မှလှည့်၍ တိုရန် ကြံစည်ပါက မည်သို့ အရေးယူကြမည်နည်း" ဟူသော စကားများဖြင့် ပင် ကာတွန်းများ ရေးဆွဲပြခဲ့ပါသည်..... ဤကား လွန်ခဲ့သော အတိတ်ကာလစီက အင်္ကျီပါး အရေးတော်ပုံတည်း ။ ယနေ့ ၂၀၁၁ -ခုနှစ် ..... " အထက်မှ မတိုရလျှင် အောက်ဘက်မှလှည့်၍ တိုရန် ကြံစည်ပါက မည်သို့ အရေးယူကြမည်နည်း" ဟူသော ကာတွန်းဆရာ ဦးဘဂျမ်း အား ယနေ့ ခေတ်ကာလကို တွေ့မြင်လိုက်စမ်းချင်ပါသည်။ "အထက်လည်းတို .... အောက်လည်းတို ..... သူမ ပျို -ပျို-ပျို ...အို-အို-အို " ဟုပင် ဆိုလိုက်ချင်သည်။ အများစု ..... ဂျာနယ်တွေ ... မဂ္ဂဇင်းတွေ... ကြော်ငြာဆိုင်းဘုတ်တွေမှာ .... ရေပေါ်ဆီ အလွှာစု ပါးလွှာ -တို -ပြတ်- ဟိုက်- အကုန်စုဝတ်လို့ နေပေပြီ.... ကော့ ... ကော် ... ကန်...ကား .... စတိုင်များနှင့် ... အလန်းဇယား များပြားနေပြီ.... ခေတ်ကာလကို နောက်ပြန်ဆွဲဘို့ မဆိုလိုချင်ပါ ...... ခေတ်ကာလ ရေစီးကြောင်း အတိုင်း ..... ခေတ်မီရပါမည် ....... ခေတ်သိပ်မဆန်ဘို့ လိုပါသည်။ ရဲရင့်ရပါမည် ........ မရဲတင်းဘို့တော့ လိုပါမည် ။ လှပအောင် ၀တ်စားပြင်ဆင်ရပါမည် ..... ယဉ်ကျေးမှုနှင့် မဆန့်ကျင်ဘို့တော့ လိုပေလိမ့်မည်။ ကျွန်တော်တို့ မြန်မာမိန်းကလေးများ သတိထား- သိထားဘို့တော့ ကောင်း၏။ 


 ကာလဖြင့် ပျက်နေပြီ 
ဖက်ရှင်တွေ ရှုပ်ထွေး 
အရှက်တွင် အဟုတ်ဝေးပါပေါ့ .... 
တို ပါး ပြတ် ဟိုက် ၀တ်ပုံလေး အစုံစုံ ။
 ကော့ ကော် ကန်ကား စတိုင်များနှင့် 
အမှန်ဖောင်းထောင်၍ ကြွပါလို့ ရှုမြင်ဘို့ မတင့်တယ် ပါတယ် ။ 
တီကောင်ကို ဆားပက် 
ဝတ်စားမက် အနေအထားပျက်လို့ကြုံ ။
 မောင်... အဘ ... သားချင်း နှစ်မ အားနာလျှင် .....
 မှားတာကို ပြင်ကြစို့လေး ....
 မြန်မာညွန့် ညှိုးမကုန်အောင် အမျိုးဂုဏ် ဆယ်ကြပါစို့... 
ဒို့ ... မြန်မာမလေးများသို့ .....

 Myanmar Express 

30 comments:

ကြည့်လို့တော့ကောင်းသားဗျ•••ကျန်းမာရေးအတွက်ဆေးကောင်းတစ်လက်ပဲ

ပွင့်လင်းမြင်သာမှု့ရှိပါတယ်

တော်တော်အရှက်မရှိတဲ့ဟာတွေ.... မြန်မာလို့မပြောနဲ့ ... ရှက်တယ်..... လုံလုံခြုံခြုံနဲ့ခေတ်မှီနဲ့ ၀တ်စားဆင်ယင်မှုတွေ တပုံကြီးရှိပါတယ်.... ဖော်ချွတ်လုပ်ပြမှမဟုတ်ဘူး.... သတ္တ၀ါတွေထဲမှာ အ၀တ်ဝတ်တာ လူပဲရှိတယ်။။ အ၀တ်အစားမ၀တ်ချင်ရင်... လူစိတ်မရှိတဲ့ တိရိစ္ဆာန်တွေဖြစ်သွားပြီ...

တော်တော်အရှက်မရှိတဲ့ဟာတွေ.... မြန်မာလို့မပြောနဲ့ ... ရှက်တယ်..... လုံလုံခြုံခြုံနဲ့ခေတ်မှီနဲ့ ၀တ်စားဆင်ယင်မှုတွေ တပုံကြီးရှိပါတယ်.... ဖော်ချွတ်လုပ်ပြမှမဟုတ်ဘူး.... သတ္တ၀ါတွေထဲမှာ အ၀တ်ဝတ်တာ လူပဲရှိတယ်။။ အ၀တ်အစားမ၀တ်ချင်ရင်... လူစိတ်မရှိတဲ့ တိရိစ္ဆာန်တွေဖြစ်သွားပြီ...

Moe Chit Thu... Seem like you are not interesting that kind of thing. But i don't believe you are not interesting in it. It is not concern about tradition because in 21st century everything are possible to be free. If they wear or they dont none of your business. They have their right to decide. Dont pretend to be hypocrite. Time flow, new tradition come new culture introduce nothing wrong. it is only depend on person

Anonymous ဆိုတဲ့အပေါ်ကတစ်ယောက်။ ငါမြန်မာလိုရေးထားတာကို ဖတ်နိုင်တယ်ဆိုကတည်းကိုက မင်းဟာမြန်မာတစ်ယောက်။ ဒီဆိုဒ်ကလဲ Myanmar express မြန်မာဆိုတဲ့ခေါင်းစဉ်အောက်မှာရောက်နေတယ်။
မြန်မာဆိုတဲ့ခေါင်းစဉ်အောက်မှာ ဒီလိုဖော်ချွတ်တွေရှိနေတာ ငါအနေနဲ့ ကြိုက်သလို ကွန်းမန့်ပေးပိုင်ခွင့်ရှိတယ်လေ... မင်းရဲ့သမီးတွေဖြစ်နေလို့ ငါ့ကို လာကောနေရတာလား။ ငါတို့ယဉ်ကျေးမှုလဲမဟုတ်ဘူး။ ကမ္ဘာမှာ အလုံခြုံဆုံး ၀တ်စားဆင်ယင်မှုကိုပြပါဆိုရင် မြန်မာပဲရှိတာကွ။ ဒီလိုပုံတွေကို sexy ဆိုဒ်မှာသွားတွေ့ရင် ဘာမှ ဝေဖန်စရာအကြောင်းမရှိဘူး။ လူတစ်ယောက်ရဲ့ အကျင့်သိက္ခာက သူပြောနေတဲ့စကားနဲ့ သူရေးထားတဲ့ စာတွေပေါ်ကိုကြည့်ရင်သိနိုင်တယ်နော်...ဥပမာမင်းကိုပေါ့။ ငါက စိတ်ဝင်စားရဲ့နဲ့ သူတော်ကောင်းယောင်ဆောင်ထားတယ်ဆိုရင်တောင် မင်းလိုကြိုက်မရှက်ငိုက်မရှက် အရှက်တရားကင်းမဲ့တဲ့ကောင်မဟုတ်ဘူး။ ဟန်ဆောင်နိုင်သေးတယ်ဆိုတာ နားလည်ထား။ မင်းပြောပုံအရဆိုရင် မင်းတို့အိမ်မှာရှိတဲ့ အမေ အမ ညီမ မင်းရဲ့သမီးတွေကတော့ အ၀တ်စားမပါဘဲ နေတဲ့ပုံပဲနော်... အဲ့ကျမှ မင်းမိသားစုဓါတ်ပုံကို ဒီဆိုဒ်မှာလာတင်ထားသိလား။ ငါကောင်းကောင်းကြည့်ပေးလိုက်မယ်။

ကိုမိုးချစ်သူပြောတာမှန်တယ် Anonymous နှာဘူးကြီး သူ့ညီမ အမေ နဲ့ အမျိုးတွေကိုအ၀တ်အစားမပါဘဲနေခိုင်းတယ်နဲ့တူတယ် ကိုမိုးချစ်သူရေးတဲ့ Comment ကိုသဘောကျတယ်

ကိုမိုးချစ်သူပြောတာမှန်တယ် Anonymous ဆိုတဲ့လူကမြန်မာမဟုတ်ဘူးလား အဲ့လောက့်ပွင့်လင်းပြီးမြင်သာထင်သာရှိနေရင်သူ့အမေ သူ့ညီမ သူ့အစ်မ တွေကိုအင်္ကျီ မ၀တ်ဘဲနေခိုင်းတယ်နဲ့တူတယ် ကိုမိုးချစ်သူပြောတာသဘာဝကျတယ် မြန်မာနိုင်ငံသားဖြစ်ပြီး မြန်မာလူမျိုးတို့ စိတ်ဓာတ် မရှိဘူး
Anonymous နှာဘူး

ကိုမိုးချစ် သူပြောတာဟုတ်တယ်....ထောက်ခံတယ်ကိုမိုးချစ်သူရေ...မြန်မာ ဟာ
မြန်မာပဲ...တိရိစ္ဆာန်တွေသာမလုံမခြုံနေတာ..လူမှန်ရင်တော့...စဉ်းစားပေါ့ဗျာ..ဘယ်လိုဝတ်စားရမလဲဆိုတာ

agree on Moe Chit Thu comment

သိပ် ပြီး ကြည်. လို. ကောင်း တယ် .နောက် လည်း ပြ ပါ ဦး အား ပေး နေ ဦး မယ်

အထူးပြုပြင်ထားတဲ့ပုံပါ ရွှေမြန်တွေရဲ့ လက်စလေ

ယဉ်ကျေးမှုဆိုတာ အနုပညာဖြင့်ပြင်လို့ရပါတယ်။ အခုတော့ အနုပညာဟာ အရိုင်းပညာဖြစ်ကုန်ပြီလား? လူငယ်တွေက မြန်မာရုပ်ရှင်ကြည့်ပြီး အတုယူရဲကုန်ကြပြီ။ ရုပ်ရှင်သရုပ်ဆောင်တွေကိုယ်တိုင်က အရှက်မရှိဝတ်ရဲမှတော့ ကျန်တဲ့ ငယ်ရွယ်အတုယူတတ်ကြတဲ့ မြန်မာ အမျိုးသမီး လေးတွေအတွက် ရင်လေးပါရဲ့။

ကိုမိုးချစ်သူ ပြောတာ အထူးထောက်ခံသည် .. မြန်မာမလေးတွေ ခုနောက်ပိုင်းအရမ်းကာရော သရုပ်ပျက်ဝတ်စားလာတာမြင်ရတာ စိတ်မကောင်းဖြစ်မိပါသည် .. အမျိုးသားကောင်းတ တစ်ယောက်အနေနဲ့ တကယ်နားလည်ပြီး ရွေးချယ်ပါဟေ့ ဆိုရင်တော့ ကျွန်တော်ကတော့ ဒီလိုမြန်မာမပီသတဲ့ မျက်နှာဖြူအထင်ကြီးအမျိုးသမီးတွေကို စိတ်မကူးဘူး ..တကယ်တန်ဖိုးရှိတဲ့ မိန်းကလေးတွေ အတုယူမှားမှာစိုးရိမ်စရာပါ ..်နောက်တချက်က ဒီလို Negative ဖတ်ပြောင်းလဲလာတာရဲ့ အဓိက အကြောင်းရင်းက ကိုရီးယားကားတွေထဲကလို စိတ်ကူးလျှောက်ယဉ်ပြီး ဒါခေတ်ပဲ ဆိုပြီး ဘာမှမစဉ်းစားတော့ပဲ လက်ခံလိုက်တဲ့ အကြော်ငးတွေအများကြီး ပါမှာပါ .. ကျွန်တော်အနေနဲ့တော့ မြန်မာမလေးတွေက မြန်မာဝတ်စုံနဲ့ မြန်မာ့စရိုက် မြန်မာ့ယဉ်ကျေးမှူနဲ့ဆို အရမ်းချစ်ဖို့ကောင်းပါတယ် .. ကျွန်တော်တို့ ပုရိသ အားလုံး အထင်ကြီးတန်ဖိုးထားပါတယ် .. အဲ့လိုသာဆိုရင် .. မြန်မာဆန်ပြီး ကို့ကိုကို ထိန်းသိမ်းတဲ့မိန်းကလေးအားလုံးဟာ ရွှေထက်တန်ဖိုးရှိတယ် .. မြန်မာမလေးများ အယူမလွဲစေချင်ပါ ..

အကောင်းဆုံးကတော့ဖော်ချင်တဲ့သူဖော်ပြချင်တဲ့သူပြခံချင်တဲ့သူခံကြ

ကောင်းကြရောကွာ

ကျေးဇူးပါ အခုလိုတင်ပေးတဲ့ အတွက်ကိုပေါ့ နှမချင်းကိုယ်ချင်းစာပေးလို့ ကျွန်တော်တော့ အထူးထောက်ခံပါတယ်။ နောက်ပိုင်းလဲ ထူးခြားချက်လေးတွေ တင်ပေးအုံး နော် တကယ်တော့ မြန်မာနိုင်ငံက အရင်ကဆို အင်မတန်မှကို ရှိးသားကြတယ် အခုတော့ အရမ်းလည်နေကြတယ်နော် တကယ်တော့ အခုလောက်မလည်သင့်ပါဘူး တော်ယုံဆိုကောင်းပါတယ်

မင်းရေးတဲ့ထဲမှာ ဒါအကောင်းဆုံးလို့ထင်တယ်။

မင်းရေးတဲ့ထဲမှာ ဒါအကောင်းဆုံးဘဲ။ ကိုယ်ကြိုက်တယ်။

ကြည်လို့တော့ ကောင်းသားပဲ..နောက်လည်း အားပေးအုံးမယ်နော်..မြန်မာ့ယဉ်ကျေးမှု ဆိုတာ ဒါကိုပြောတာလား.မြန်မာအမျိုးသမီးလေးတွေအတွက် ရင်လေးပါတယ်.

ဒါ မိန်းကလေးလား

ကောင် မ တွေခံချင် နေကြတာနဲ့ တူတယ်
ဘော်ဒါများ ဝိုင်ပြီး ဗျင်းလိုက်ကြပါဗျာ

ဒါမျိုးများများလေးတင်ပေးဗျာ

မြန်မာ့ ယဉ်ကျေးမှုတွေ အဆင့်မြင့်လာတယ် အားလုံးပေါ်လေ ယဉ်ကျေးလေပဲလို့ ထင်နေကြလား မသိပါဘူး

အရမ်း မိုက်တယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်