Subscribe to our RSS Feed

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်များ၏ ကတိသစ္စာပြုချက် (၆) ချက်

From : ကိုရင်သာဂိ


 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဗဟိုကော်မတီဝင်သစ်များ ယနေ့ရွေးချယ် တင်မြှောက်မည်ဖြစ်ရာ ရွေးချယ်ခံ ဗဟိုကော်မတီဝင် များက ကတိသစ္စာပြုချက် ၆ချက် ကို လေးနက်တည်ကြည်စွာဖြင့်ကတိသစ္စာပြုရမည်ဟု သိရသည်။

 ရွေးချယ်ခံဗဟိုကော်မတီဝင်များ ကတိပြုရမည့် အချက်၆ချက်မှာ -

 ၁ ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နှင့် နိုင်ငံသားများ အပေါ် သစ္စာစောင့်သိ ရိုသေပါမည်။ 
၂ ။ တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးရေး၊ အပြန်အလှန်ကူညီရိုင်းပင်းရေး၊ အခွင့်အလန်းနှင့် အခွင့်အရေးများ တန်းတူရည်တူရရှိရေး ကြိုးပမ်းဆောင်ရွက်ပါမည်။
 ၃ ။ ပါတီ၏ဦးဆောင်မှုကို အလေးအနက် ခံယူလိုက်နာပါမည်။
 ၄ ။ ပါတီအဆင့်ဆင့် ဖွဲ့စည်းမှု၊ စည်းလုံးညီညွတ်မှု ခိုင်မာကျစ်လစ်ရေး၊ သဘောတရား ခံယူကျင့်သုံးမှု တိုးတက်မြင့်မားရေးနှင့် စည်း၇ုံးေ၇း လုပ်ငန်းရှင်သန် ထက်မြက်နေစေရေး အတွက် အစဉ်ကြိုးပမ်းဆောင်ရွက်ပါမည်။
 ၅ ။ ပြည်သူ့သဘောထား အလေးထားပါမည်။ ပြည်သူ့အခွင့်အရေး ဦးစားပေးပါမည်။ ပြည်သူ့လိုအပ်ချက် ဆောင်ရွက်ပေးပါမည်။
 ၆ ။ ပါတီ၏ မူဝါဒလမ်းစဉ်များနှင့်အညီ ပေးအပ်သော လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် ပါမည်ဟု လေးနက် တည်ကြည်စွာ ကတိသစ္စာပြုပါသည် 

တို့ဖြစ်ကြသည်။ 

 Myanmar Express

1 comments:

အင်း...စာပါအတိုင်း တစ်ကယ်လုပ်ကြမှာလားဟင်?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်