From : ဆားပုလင်းနှင်းမောင်
Eleven သမိုင်းကြောင်းကို Myanmar Express Group ကဖော်ပြသင့်သလောက်ဖော်ပြပြီးပြီဆိုတော့ အကျယ်မချဲ့တော့ပါဘူး။ ဖြစ်စဉ်လေးတွေကို ပြည်တွင်းမီဒီယာတွေသိအောင်တော့ ပြောပြချင်တယ်။ 2000 ၀န်းကျင်က အင်တာနက်ဆိုတာ မူးလို့ရှူစရာမရှိ၊ လူတန်းစားတစ်ခုအတွက် ကန့်သတ်ထားတဲ့ပစ္စည်းဖြစ်ပါတယ်။ ဒီအချိန်မှာ ဘောလုံးဂျာနယ်တွေဖြစ်တဲ့ အင်အားနဲ့တံခွန်က နိုင်ငံခြားသတင်းစာတွေအားပြုပြီး ထုတ်ဝေနေရတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ သန်းထွဋ်အောင်က ထောက်လှမ်းရေးနဲ့ပေါင်းပြီး စစ်ရုံးကအင်တာနက်ရယူ ပညာရှင်တွေနဲ့ပေါင်း ဂျာနယ်ထုတ်ပါတယ်။ အောင်မြင်တော့ ပညာရှင်တွေကို ကန်ထုတ်ပါတယ်။ တစ်ချို့ဆိုရင် တရားစွဲခံရတဲ့အထိဖြစ်ပါတယ်။ သူရဲ့အကြောင်းကို ဇော်သက်ထွေးတို့အသိဆုံးဖြစ်မှာပါ။ ဇော်သက်ထွေးက eleven မှာတာဝန်ခံအယ်ဒီတာဖြစ်ခဲ့ဖူးပါတယ်။ ဇော်သက်ထွေးအဖမ်းခံရတော့ eleven က ဇော်သက်ထွေးကိုကန်ထုတ်ခဲ့ပါတယ်။ မာဂျေလည်း ထို့အတူပါပဲ။ အားလုံးကိုရှင်းပြီးချိန်မှာ eleven ဟာ သန်းထွဋ်အောင်လက်ထဲရောက်လာပါတယ်။ ထုတ်ဝေသူက ထုတ်ဝေသူနေရာမှာမနေဘဲ အယ်ဒီတာတွေ၊ သတင်းထောက်တွေကို ချယ်လှယ်၊ စည်းကမ်းအပြင်းတွေထုတ်ပြီး အုပ်ချုပ်ခဲ့ပါတယ်။ သန်းထွဋ်အောင်ဟာ သာမန်စီးပွားရေးသမားဘ၀က တက်လာတော့ အရမ်းနာမည်ကြီး၊ လူရာတွင်ဖြစ်ချင်သူပါ။ သူ့ကိုယ်သူမီဒီယာလောကရဲ့ဖခင်လိုလိုခံယူထားတာလည်းဖြစ်ပါတယ်။
ပြောချင်တာက Eleven ရဲ့စီးပွားရေးတိုက်ကွက်နဲ့မူဝါဒတွေကို သုံးသပ်တာဖြစ်ပါတယ်။
1။ အင်အားနဲ့တံခွန်ကိုအပြတ်ရှင်းပါတယ်။ တံခွန်က သက်လုံမကောင်းတော့နားလိုက်ရပါတယ်။ အင်အားကတော့ ရှောင်ပြီး ရက်ပြောင်းရပ်တည်လို့ ခုချိန်ထိရှိနေဆဲပါ။ ရက်တူလိုက်ထွက်လွန်းလို့ စာပေစိစစ်ရေးက ၀င်ထိန်းရတဲ့ အထိသန်းထွဋ်အောင်က အငြိုးကြီးပါတယ်။
2။ eleven အင်အားကြီးထွားလာတာနဲ့အမျှ ပြိုင်ဘက်တွေကို ချေမှုန်းတော့တာပါပဲ။ အလုပ်ကလည်း ဂျာနယ်ကလွဲပြီး တစ်ခြားဘာမှလုပ်စရာမတော့ ဒါကိုပဲဦးစားပေးလုပ်ခဲ့ပါတယ်။ ဖြန့်ချိရေးတွေကို eleven တစ်စောင်တည်းရောင်းဖို့၊ တစ်ခြားဂျာနယ်ရောင်းရင် eleven မပေးဘူးဆိုပြီး စိတ်ပျက်ဖွယ် စီမံချက်တွေကို ချမှတ်ခဲ့တာ သန်းထွဋ်အောင်ပါ။ ဒါကြောင့် ဖြန့်ချိရေးတွေနဲ့အခုထိ အဆင်ပြေတယ်လို့မရှိသေးပါဘူး။ ပိုက်ဆံကြိုသွင်းခိုင်းတာ၊ မရောင်းရရင် ဖိအားပေးတာတွေအခုထိရှိနေဆဲပါ။
3။ သန်းထွဋ်အောင်ဟာ Tabloid (အတင်းအဖျင်း)ကိုအထူးစိတ်ဝင်စားသူဖြစ်ပါတယ်။ FE မှာ The Sun၊ News of the world က အတင်းအဖျင်းသတင်းတွေအမြဲထည့်ခဲ့သူပါ။ တစ်ချိန်တုန်းက eleven ဖတ်ရင် အချင်းချင်းရန်ဖြစ်နေတာကိုတွေ့ရမှာပါ။ ဖာဂူဆန်နဲ့ဝင်းဂါး၊ ဖာဂူဆန်နဲ့မော်ရင်တိုဟာ သန်းထွဋ်အောင်ကြောင့် ပြည်တွင်းပရိသတ်ရဲ့ငပွကြီးတွေဖြစ်ရပါတယ်။
4။ သန်းထွဋ်အောင်ရဲ့သဘောက လူတွေနဲ့ဆန့်ကျင်ဘက်လုပ်ရင် လူတွေအပေါ်သြဇာ ရှိတယ်လို့ခံယူထားပုံရပါတယ်။ အခုထိသူများတွေ ကောင်းရင်၊ သူက ဆိုးမယ်။ သူများတွေ ဆိုးရင် သူကကောင်းမယ်။ ကန့်လန့်တိုက်တဲ့သဘောပါပဲ။ ရလဒ်ကတော့ တစ်နေ့ထက်တစ်နေ့ ပိုပြီးအဆဲခံရတာပဲဖြစ်ပါတယ်။ အစိုးရက ကားသွင်းခွင့်ပေးလို့ ပျော်နေတဲ့အချိန် ကားတွေများပြီး လမ်းပိတ်မယ်ဆိုတဲ့ ရူးကြောင်ကြောင်အတွေးနဲ့ ကန့်လန့်ထတိုက်ပါတယ်။ လမ်းပိတ်မှာစိုးရိမ်တဲ့ သန်းထွဋ်အောင်က ကားသွင်းတာ ပိုမိုက်မဲပါတယ်။ အပြောနဲ့အလုပ်နဲ့တစ်ခြားစီပါ။ ယာဉ်ကြောပိတ်ဆို့မှာကို သူ့လောက် အစိုးရကမတွေးဘူးလို့ထင်ပြီး မာန်တက်ခဲ့ပါတယ်။ ရလဒ်ကတော့ အစိုးရက ကားသွင်းမြဲ၊ လူတွေက ကားဝယ်မြဲ၊ လမ်းပိတ်တာတွေကို တံတားတွေဆောက်၊ လမ်းပြင်၊ မြို့ချဲ့သူ့ဟာသူ ဖြစ်သွားတာပါပဲ။ လမ်းပိတ်တာတစ်ခုတည်းကြည့်ပြီး ကားသွင်းခဲ့သူတစ်ယောက်ရဲ့ ဦးနှောက်ဘယ်လောက်ရှိတယ်ဆိုတာ…သိသင့်ပါတယ်။
အစိုးရက သန်းထွဋ်အောင်ဘာလဲဆိုတာ သိပြီးသားမို့….အဖက်တောင်မလုပ်ခဲ့ပါဘူး။
Myanmar Express

3 comments:
Eleven ကသန်းထွဋ်အောင် မီဒီယာ ဆရာကြီးလုပ်ချင်တယ်ဆိုရင် တော့ ဖင်အရင်ခံ လိုက်ပါလို့ Myanmarexpress ကတဆင့် ပြောကြား လိုက်ပါတယ်
Great...MEG going to be pron side vravo......i very proud..
http://www.yeyintnge.com/2012/10/zarganar-gossiping-about-myanmar.html
ဇာဂနာအတင်းချနေသည်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်