Sunday, October 14, 2012
ME
နိုင်ငံတော်
သြ၀ါဒစရိယ၊ အဘိဓဇမဟာရဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက မြတောင်တိုက်
အဓိပတိမဟာနာယက ဘဒ္ဒန္တသာသနာဘိဝံသ ရွှေဝါ၀င်းကျောင်းဆရာတော်ကြီးမှ သဘောထားထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးနေစဉ်။
၁။ Eleven Media Group မှ၂၀၁၂ခုအောက်တိုဘာလ ၅ရက်နေ့တွင်ထုတ်ဝေသော Bi
Weekly Eleven ဂျာနယ် တွင်ဖော်ပြသည့် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နှင့်ပတ်သက်သောသတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို ကင်မရာလက်ဆောင်ပေးအပ်ခဲ့ကြောင်း
သတင်းများပျံ့နှံ ခေါင်းစဉ်ပါသတင်းတွင် “အထူးသဖြင့် မန္တလေး နှင့်
နယ်သတင်းထောက်များအကြား လက်ဆောင်ရယူခြင်းများက ရှိနေဆဲဖြစ်ကြောင်းသိရပါသည်” ဟု ရေးသားထားပါသည်။
၂။ အထက်ပါရေးသားချက်သည် စတုတ္ထမဏ္ဍိုင်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေသော
မန္တလေး သတင်းထောက် အများစု၏ ဂုဏ်သိက္ခာကိုထိခိုက်ပါသည်။ Eleven Media Group ၏
ရေးသားချက်ကို ဝေဖန်ထောက်ပြသူများကိုလည်းတရားစွဲဆိုမည်ဟု အသိပေးမှုပြုလုပ်ကြောင်း သိရသဖြင့် စိတ်မချမ်းမြေ့ ဖြစ်ရပါသည်။
၃။ မန္တလေးမြို့သည် ဘာသာ၊ သာသနာကို ဦးထိပ်ထားပြီး မြို့မိမြို့ဖလူကြီးသူမများ၏
ဆုံးမသြ၀ါဒ အောက်တွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုများကို
အစဉ်အဆက်ဆောင်ရွက်ခဲ့သည့် မြို့ဖြစ်သည်။ ထို့ကြောင့်
မည်သည့်လုပ်ငန်းဖြစ်စေ အလွှာတစ်ခုစီက သီးခြားသဘောဆုံးဖြတ်ခြင်း
ဆောင်ရွက်လုပ်ကိုင်ခြင်း မရှိဘဲ အဆင့်ဆင့် ကြီးကြပ်ကွပ်ကဲသည့်
သြ၀ါဒအောက်၌သာ အလေးမူဆောင်ရွက်သော မြန်မာမှုယဉ်ကျေးမှုကို အထူးအရေးထားသည့်
မြို့ဖြစ်သည်။ ထို့ကြောင့် လွတ်လပ်ရေးတိုက်ပွဲကာလ
နိုင်ငံေ၇းလှုပ်ရှားမှုများမှအစ ၁၉၈၈ခု ဒီမိုကရေစီလှုပ်ရှားမှုများအလယ် မျက်မှောက်ခေတ်နိုင်ငံရေး၊ လူမှုရေးလှုပ်ရှားမှုများအဆုံး ဆရာတော် သံဃာတော် မြို့မိမြို့ဘများ၏ သြ၀ါဒအောက်တွင် စည်းလုံးညီညွတ်စွာ ထာဝစဉ်ပါဝင်လုပ်ကိုင်နေထိုင်နေကြ
သည်။ အခမ်းအနားကြီးများတွင် လက်ဆောင်ဂါရ၀ပစ္စည်းများ ပေါ်ပေါ်ထင်ထင်ပေးနေ၊
ယူနေဆဲဖြစ်သော ခေတ်ကာလ၌ မန္တလေးမြို့တွင်နေထိုင်သော သတင်းမီဒီယာသမားအချို့
ကျင့်ဝတ် ဖောက်ဖျက်မှုရှိနိုင်ပါသည်။ သို့ရာတွင် “မန္တလေး”
ဟူသောအသုံးအနှုန်းဖြင့် အားလုံးအပေါ်ခြုံပြီး အထင်အမြင်သေးစွာ
စွပ်စွဲပြစ်တင်သော မည်သည့်ရေးသား၊ ဟောပြော၊ ထုတ်လွှင့်ခြင်းကိုမဆို
အလေးအနက်ကန့်ကွက်သည်။
၎။ မြန်မာနိုင်ငံတော်သည် ဒီမိုကရေစီစနစ်ကို
ဦးတည်နေချိန်တွင် စတုတ္ထမဏ္ဍိုင်ပီပြင်ရေး၊ လွတ်လပ်တရား မျှတရေး၊
စွမ်းအားရှိရေးအတွက် အခက်အခဲအမျိုးမျိုးကြားမှ သတင်းမီဒီယာသမားများက
ကြိုးစားကာကွယ် တည်ဆောက်နေကြပါသည်။ စတုတ္ထမဏ္ဍိုင်အပါအ၀င်ဖြစ်သော
သတင်းမီဒီယာသမားများကို အထင်အမြင် လွဲမှားအောင် သေးသိမ်အောင် ရေးသား၊
ဟောပြော၊ ထုတ်လွှင့်မှု မှန်သမျှကို အလေးအနက်ကန့်ကွက်သည်။
၅။
စတုတ္ထမဏ္ဍိုင် ပီပြင်ခိုင်မာမှသာ နိုင်ငံတကာစံမီ ဒီမိုကရေစီစနစ်
တည်တံ့မည်ဟု ယုံကြည်သည်။ သတင်း မီဒီယာသမားများ ကျင့်ဝတ်ဖောက်ဖျက်ရန်
တံစိုးလက်ဆောင်ဖြင့် ဖျားယောင်းသွေးဆောင်သူများ၊ သတင်းမီဒီယာသမားအရေခြုံကာ တံစိုးလက်ဆောင်ရယူပြီး သတင်းမှားများကို ဘက်လိုက်ရေးသားသူများရှိက မည်သူကိုမဆို ရှုတ်ချပါသည်။
၆။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို
ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာစေရန် နှစ်ပေါင်းများစွာ အသက်၊ ဘ၀များ
ရင်းနှီးပြီး ထူထောင်နေကြရသော အချိန်အခါဖြစ်ပါသည်။ ဒီမိုကရေစီကို
မြတ်နိုးသူများအနေဖြင့် နှောက်ယှက် ဟန့်တားမှု၊ နောက်ပြန်ဆွဲမှု၊
အာဏာလက်မလွှတ်လိုမှုများကို ရင်ဆိုင်နေဆဲဖြစ်နေသည်။ စိန်ခေါ်မှုကြီးများကို
ရင်ဆိုင်ရင်း အမျိုးသားညီညွှတ်ရေးကို တည်ဆောက်နေရသော
အချိန်အခါလည်းဖြစ်ပါသည်။ ယုံကြည်ချက်တူသူများ ကြီးငယ်မဟူ
အတူလက်တွဲပြီးအပြန်အလှန်ညှိနှိုင်းကာ ပူးပေါင်းဆောင်ရွက်နေရမည့် အချိန်တွင် အချင်းချင်းအထင်အမြင်သေးစွပ်စွဲခြင်း၊ အင်အားချိနဲ့အောင် နည်းမျိုးစုံဖြင့်ဆောင်ရွက်ခြင်း၊ ပြည်သူလူထုအထင်အမြင်လွဲမှားအောင် ဖန်တီးခြင်းများ မပြုလုပ်ကြဘဲ ပြည်သူလူထုမျှော်မှန်းနေသော ပန်းတိုင်ကိုရောက်ရှိအောင် ညီညွှတ်မျှတပြီး သဘောထားကြီးစွာ ဆောင်ရွက်ကြရန်လိုအပ်ပါသည်။
၇။ ဤသဘောထားထုတ်ပြန်ချက်ကို ပူးတွဲစာတွင် လက်မှတ်ရေးထိုးထားသောပုဂ္ဂိုလ်များက
မန္တလေးမြို့က ဆရာတော် သံဃာတော်များ၊ မြို့မိမြို့ဖနှင့်
မြို့သူမြို့သားများ၊ စာပေအနုပညာရှင်များ၊ သတင်းမီဒီယာသမားများ၏
ကိုယ်စားထုတ်ပြန်သည်။ Eleven Media Group က လိုလားတောင်းဆိုပါက
မြို့သူမြို့သားများ၏ လူအင်အားဖြင့်လည်း သဘောထားကိုဖော်ပြနိုင်ပါသည်။
Myanmar Express
4 comments:
ELEVEN ဂျာနယ်ဝယ်မဖတ်တော့ဘူးကွာတရားစွဲအုံးမှာလားကဲ။ မန္တလေးသားဟေ့။
မန္တလေးကိုမထိခိုက်နဲ့ ငါတို့ကခံမှာမဟုတ်ဘူး။မန္တလေးကိုချစ်ရင် ELEVEN ဂျာနယ်မဖတ်ပါနဲ့
ELEVEN MIDEA GROUPS ကထုတ်တဲ့  ဂျာနယ်ပေါင်းစုံ၊ ဗလာစာအုပ်တွေနဲ့  ဘာတွေပဲဖြစ်ဖြစ် သပိတ်မှောက်တယ်ကွာ။ အကယ်၍ EMG က ဂျာနယ်တွေကို လမ်းဘေးက ဆိုင်တွေမှာ တင်ရောင်းနေတာတွေ့ ရင် မေးမယ်. ဆိုင်တွေက ငွေရေးကြေးရေး မပြတ်သေးလို့ ပါ ဆိုရင် အချိန်ကာလ တစ်ခု စောင့် ကြည့် မယ်။။ အေးးးးပြီးလို့ ကတော့  ဟင်းးးတွေကြသေးတာပေါ့ ကွာ။ စောက်ရူးeleven ဒေါက်တို သန်းထွဋ်အောင် နဲ့  The voice က ဖာခေါင်းကျော်မင်းဆွေ....
ဟေ့ eleven journal က အယ်ဒီတာဝေဖြိုး,,,, မင်းသတ္တိရှိရင် byname တပ်ပြော,,, မင်း ငါတို့ မန္တလေး ကို မထိခိုက်နဲ့ ကွာ။ သတင်းဖြစ်ပြီးရော ဆိုပြီး,, ရောရိတ်မချနဲ့ ကွ။ ငါတို့ က စာနယ်ဇင်းသမားတွေ မဟုတ်ဘူး။ အေးးးးးးး ဒါပေမယ့် ငါတို့ မြို့ ကိုတော့  မပြောနဲ့ ကွ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်