From : voa
Myanmar Express
၂၀၁၂ခုနှစ် ငြိမ်းချမ်းရေး နိုဘဲလ်ဆုအတွက် မျှော်လင့်မထားတဲ့ ဥရောပသမဂ္ဂကို
ရွေးချယ်လိုက်တာနဲ့ ပတ်သက်ပြီး ဥရောပနိုင်ငံတချို့ရဲ့ ဝေဖန်မှုတွေလည်း
ရှိနေပါတယ်။
ဆင်းရဲနွမ်းပါးမှုနဲ့ ရုန်းကန်နေရတဲ့ သာမာန်ပြည်သူတချို့ကတော့ ဒီဆုရွေးချယ်မှုအတွက် အံ့အားသင့်ပြီး ရွေးချယ်မှုအတွက် စိတ်ပျက်မိတယ်လို့ ဆိုကြပါတယ်။ ယူရိုငွေကြေးဇုန်အတွင်း အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဒီ ငြိမ်းချမ်းရေးဆုကို ချီးမြှင့်လိုက်တာဟာ အဆီအငေါ်မတည့်တဲ့ ဟာသပြက်လုံးတခုလို ဖြစ်နေတယ်လို့ ဆိုကြပါတယ်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်