Subscribe to our RSS Feed

KIA စစ်သားများကြောင့် သေဆုံးသွားတဲ့ အကိုအတွက် အရေးယူပေးဖို့ သမ္မတထံ တိုင်ကြားစာပို့

From : မြဝတီ

ကေအိုင်အေ(KIA)၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ရွာသားသေဆုံး

ကချင်ပြည်သူလူထုအကျိုးနှင့် လူထုကိုယ်စားပြု အဖွဲ့အဖြစ် ကြွေးကြော်နေသည့် ကေကိုင်အို၊ ကေအိုင်အေ သည် လက်တွေ့တွင် မိုင်းခွဲ၊ လူသတ်၊ ဆက်ကြေး
တောင်းခြင်းကိုသာ ဆောင်ရွက်လျက်ရှိရာ ကေအိုင်အေတို
့၏ ယုတ်မာရက်စက်သည့် လုပ်ရပ်တစ်ခုအဖြစ် အောက်တို ဘာလ ၁ ရက် နေ့လယ် ၁၁ နာရီခန့်တွင် ဖားကန့်မြို့၊ မော်ဝမ်းလေးရွာနေ ဦးမင်းနိုင်(၃၅) နှစ်သည် ၎င်း၏နေအိမ်ရှေ့ခုံတန်းလျား၌ ဂျာနယ်ထိုင် ဖတ်နေစဉ် ကေအိုင်အေစစ်သည် ၂ ဦး အရပ်ဝတိ ဝတ်ဆင်လျက် ဆိုင် ကယ်ဖြင့် ရောက်ရှိလာပြီး ပစ္စတိုဖြင့်အကြောင်းမဲ့ ၃ ချက်ပစ်သတ်ပြီး ပြန်လေထွက်ခွာသွားခဲ့သည်။ ကေအိုင်အေတပ်ဖွဲ့ဝင်တို့၏ ပစ်ခတ်မှုကြောင့် ဦးမင်းနိုင်၏ ရင်ညွန့်၊
ဘယ်ပခုံး၊ ဝမ်းဗိုက်ထိမှန် ဒဏ်ရာဖြင့် နေရာတွင်ပင် သေဆုံးခဲ့သည်။ ကေအိုင်အေ၏ လူမဆန်ဘဲ ရက်စက်ကြမ်းကြုတ် သည့်လုပ်ရပ်များအပေါ် ကချင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားများက ရွံရှာမုန်းတီးလျက်ရှိကြောင်း သတင်းရရှိပါသည်။
 


 Myanmar Express 

3 comments:

KIA ဆိုတာစစ်သားမဟုတ်ပါ။လက်နက်ကိုင်အကြမ်းဖက်သမားပါ။ခေါင်စဉ်ပြင်ရေးသင့်ပါသည်။စစ်သားနှင့်သူပုန်ဆိုတာပေးဆပ်နေသည့်တန်ဖိုးခြင်သည်မတူပါ။စစ်သားကတိုင်းပြည်အတွက်ကိုယ်ကျိုးစွန့်နေသူများကို ခေါ်ဆိုတာပါ။KIAကနိုင်ငံ့ရန်သူပါ။နက်လက်ကိုင်အကြမ်းဖက်သမားပါ။အကြမ်းဖက်သမားဖေါက်ခွဲဖျက်ဆီးရေးကိုတစိုက်မတ်မတ်လုပ်နေတဲ့အဖွဲ့အစည်း။ဒီလောက်ဆိုပေါက်လောက်ပြီ။

မြန်မာနိုင်ငံတွင်စစ်တပ်ဆိုတောအဖွဲ့အစည်း(တရားဝင်)(၂)ခုမရှိသေးပါ။

Crush all KIA Terrorist group

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်