From : popular
Myanmar Express
OIC
နှင့်ပတ်သက်သည့် မည်သည့်အရာမျှ မြန်မာ့ကြက်ခြေနီရုံးတွင် မရှိကြောင်း
ရန်ကုန်မြို့ကမ်နားလမ်းရှိ အဆိုပါရုံးမှ တာဝန်ရှိသူများက အောက်တိုဘာလ ၁၆
ရက် မွန်းလွဲ ၁ နာရီက ပေါ်ပြူလာနယူးစ
်မှ သွားရောက်တွေ့ဆုံစဉ်ပြောကြားသည်။
အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာများ၌ OIC ရုံးခွဲမြန်မာနိုင်ငံတွင်ဖွင့်လှစ်ခွင့်မပြုဟုဆိုသော်လည်း ကြက်ခြေနီအသင်း အပေါ်ဆုံးထပ်တွင် လူ၎ ဦးဖြင့် စတင်ရုံးထိုင်ဟု သတင်းများပြန့်နှံ့နေခြင်းကြောင့် ပေါ်ပြူလာနယူးစ်မှ ယခုကဲ့သို့
သွားရောက်ကြည့်ရှုသတင်းရယူခဲ့ခြင်းဖြစ်သည်။
အဆိုပါကြက်ခြေနီအသင်းရုံးတွင် OIC နှင့်ပတ်သက်သည့်
မည်သည့်အရာမျှ မရှိကြောင်း အဆိုပါရုံး စီမံဌာနနှင့်ပြန်ကြားရေးဌာနတာဝန်ရှိသူအချို့ကပြောသည်။
““ OIC နဲ့ပတ်သက်ပြီး လုံးဝမရှိပါဘူး။ သမ္မတရုံးကလည်းဒါကို သတင်းဌာနကနေဖြေရှင်းပြီးသားပဲ။ ဒီမှာ OIC ရုံးအဖွဲ့လာထိုင်တယ်ဆိုတာ ကောလာဟလပါပဲ။ လုံးဝမရှိပါဘူး။””
ဟု ၄င်းတို့ကပြောကြားသည်။
NLA+SN

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်