From :hotnews
မြန်မာနိုင်ငံ၏ ပွင့်လင်းမြင် သာသော ပြုပြင်ပြောင်းလဲမှုများ နှင့်အတူ စီးပွားရေး၊ကုန်သွယ်ရေး နှင့်ခရီးသွားလုပ်ငန်းများအတွက် မြန်မာဘဏ်တချို့နှင့်ချိတ်ဆက် ပြီး ခေတ်မီအီလက်ထရောနစ် ငွေပေးချမှုစနစ်သုံး VISA က မြန်မာနိုင်ငံမှာ အခြေချရန် ပြင်ဆင် လျက်ရှိကြောင်း သိရှိရသည်။
ပြီးခဲ့သော စက်တင်ဘာလ အတွင်း ရန်ကုန်မြို့တွင်ကျင်းပခဲ့သော VISA Card Partner အလုပ်ရုံ ဆွေးနွေးပွဲများ၊စာနယ်ဇင်းရှင်းလင်း ပွဲများတွင် ဘဏ်တချို့တက် ရောက်လာကြပြီး ခေတ်မီအီလက် ထရောနစ် ငွေပေးချေမှုစနစ် အတွက် နိုင်ငံတကာ လိုအပ်ချက် များနှင့် အကောင်အထည်ဖော် နိုင်ရန် လမ်းပြမြေပုံတို့ကို မိတ် ဆက်ခဲ့သည်။ထို့အပြင် ယင်း လုပ်ငန်းများအတွက် အဓိက အရေးကြီးသော လိုအပ်ချက်များ၊ ရေရှည်ရည်မှန်းချက်နှင့်ချက်ချင်း အကောင်အထည်ဖော်ရန်လိုအပ် ချက်များကို ဦးစားပေးဆွေးနွေးခဲ့ သည်။
““မြန်မာနိုင်ငံဟာ နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှု၊တင်းကျပ်မှု များ ဖြေလျော့ပေးခြင်းခံရမှုရလဒ် အားဖြစ်နိုင်ငံတကာမှခရီးသွားဧည့် သည်များအတွက်လည်းကောင်း၊ ၂၀၁၃ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲနှင့်ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်မည့် ဧည့် သည်များကငွေပေးချေနိုင်မှုကတ် ပြားများကို မြန်မာနိုင်ငံတွင် သုံး စွဲနိုင်တော့မည့် အခြေအနေကို VISA ကဆောင်ကြဉ်းပေးနိုင် တော့မှာဖြစ်ပါတယ်။ထို့အပြင် မြန်မာနယ်ပယ်ကို ၀င်ရောက်ချိတ် ဆက်မည့် လမ်းကြောင်းကို ယခု အလုပ်ရုံဆွေးနွေးပွဲက စိတ်ချယုံ ကြည်ရမယ့် လမ်းကြောင်းအနေ နဲ့ ရှင်းလင်းသိသာမြင်သာစေမှာ ပါ။ ယခုကျွန်တော်တို့ရဲ့ ကမ်းလှမ်း ချက်များကို စိတ်ပါဝင်စားမှုနှင့် အတူ အကျိုးတူပူးပေါင်းလိုသူ များရှိသလို မြန်မာနိုင်ငံမှ ဘဏ် များအနေနဲ့လည်း အီလက်ထ ရောနစ်ငွေပေးချေမှုစနစ်၏ လိုအပ် ချက်များကို မြန်နိုင်သမျှမြန် အောင်ဖြည့်တင်းထောက်ပံ့ပေးဖို့ တာဝန်ယူမည့် အနေအထားရှိ နေပါတယ်””ဟု ထိုင်းနိုင်ငံနှင့်မြန်မာ နိုင်ငံဆိုင်ရာ Visa Country Manger ဖြစ်သူ Krebteeranon က ပြောကြားခဲ့သည်။
VISA သည်တစ်ကမ္ဘာလုံးဆိုင် ရာ ငွေပေးချေမှုနည်းပညာကုမ္ပဏီ ဖြစ်ပြီး နိုင်ငံပေါင်း(၂၀၀)ကျော်မှ စီးပွားရေးလုပ်ငန်းများ၊ဘဏ္ဍာရေး အဖွဲ့အစည်းများနှင့်အစိုးရအဖွဲ့ များအား ဆက်သွယ်ပေးနေသော မြန်ဆန်၊စိတ်ချ၊ယုံကြည်အားထား ရသော ဒစ်ဂျစ်တယ် ငွေကြေးဖြစ် သည်။Visa Net သည် ဒစ်ဂျစ်တယ် ငွေကြေးသည် ကမ္ဘာ့အဆင့်မြင့် ဆုံးသော လည်ပတ်နေသည့် ကွန်ရက်တစ်ခုဖြစ်ပါသည်။၎င်း သည် တစ်စက္ကန့်အတွင်း အရောင်း အ၀ယ်သတင်း အကြောင်းကြား စာ နှစ်သောင်းကို သုံးစွဲသူများ အတွက် လိမ်လည်အလွဲသုံးစား ပြုခံရမှုမှ ကာကွယ်ပေးခြင်းနှင့် အတူ လုပ်ငန်းရှင်များအတွက် လည်း အာမခံနိုင်သော ငွေပေး ချေမှုမှုမျိုးအဖြစ်ဆောင်ရွက်နိုင်ပါ သည်။ VISA သည် ဘဏ်မဟုတ် သလို စားသုံးသူများအတွက် ငွေ ကြေးကတ်များထုတ်ပေးခြင်း၊အကြွေး ယူနိုင်ကောက်ခံခြင်းတို့ကို မလုပ်ပါ။ သို့ရာတွင် VISA ၏ဆန်းသစ်တီထွင် မှုသည် ၎င်း၏ ဖောက်သည် ဘဏ္ဍာရေးအဖွဲ့အစည်းများမှ သုံး စွဲသူများအတွက် ကြိုတင်ပေးအပ် ထားသည့် ငွေကြေးနှင့်ယခုလက် ငင်းပေးချေခြင်း(သို့မဟုတ်)နောက် မှပေးချေနိုင်သည့် အကြွေးဝယ် ယူခြင်းစသည်ဖြင့် ရွေးချယ်မှုများ စွာကို ကမ်းလှမ်းနိုင်သည်။အသေး စိတ်သိလိုလျှင် www.corporate. visa.com တွင် ၀င်ရောက်ကြည့် ရှုနိုင်ပါသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်