From :http://www.kachindailynews.com/2013/03/blog-post.html
ကချင်စစ်ဘေးဒုက္ခသည်များအတွက် ကူညီရန်အတွက်
အလှူငွေရှာရန် ယမန်နေ့ညနေ ၆ နာရီခွဲမှစပြီး ရန်ကုန်မြို့ပြည်သူ့ရင်ပြင်တွင် မနောအလှဂီတည
ပွဲကိုပြုလုပ်ခဲ့သော်လည်း လာရောက်သူနည်းပါးကြောင်း သိရှိရပါသည်။
မနောအလှဂီတညပွဲတွင်
ကချင်လူမျိုးအဆိုတော် များစွာလာရောက်သီဆိုခဲ့ကြပြီး လာရောက် ကြည့်ရှု သူများအား DVD များကို
တစ်ခွေလျှင်(၂၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချခဲ့ကြောင်း သိရှိရပါတယ်။ အရင်တုန်း က လုပ်ခဲ့သည့်
ကချင်စစ်ဘေးအတွက် ဂီတပွဲများတွင် လူ(၁၀၀၀)ကျော် လာရောက်ကြည့်ရှု အားပေးခဲ့ သော် လည်း ယခုအချိန်တွင်
(၃၀၀)လောက် သာကြည့်ရှုခဲ့ ကြပါသည်။
လာရောက်ကြည့်ရှုသူများသည် လူသားချင်းစာနာ
ထောက်ထားသောအားဖြင့် စစ်ဘေး ကချင် ပြည်သူ များကို ကူညီဖို့အတွက် လာရောက်ကြည့်ရှုခဲ့ကြသည်။
အလှူငွေများကို ကချင်ဒုက္ခသည်အတွက် ရည်ရွယ် ခဲ့ သော်လည်း သွားရောက် လှူဒါန်းချိန်တွင်
KIA/KIO လူကြီးများက ဒုက္ခသည်များအတွက် ပြန်လည်ခွဲဝေ ပေးမည်ဟုဆိုကာ ဒုက္ခသည်များ အတွက်
လုပ်ဆောင်ပေးခြင်းမရှိဘဲ ကချင်ပြည်သူများကို ဒုက္ခပေးသည့် လုပ်ရပ်များကိုသာ လုပ်ဆောင်
နေခြင်းကြောင့် အကူအညီပေးမှုမှာ အရာမထင်ဘဲ ဒုက္ခများ ပိုပေးနေ သကဲ့သို့ ဖြစ်နေကြောင်း၊
လူသားချင်း စာနာထောက်ထားပြီး ကူညီလိုကြသော်လည်း KIA ၏ ခေါင်းပုံ ဖြတ်မှုများကြောင့် ရန်ကုန်လူထုက
ကချင် စစ်ဘေးသင့်ဒုက္ခသည်များ အတွက် လုပ်ဆောင်ပေးသော မနောအလှဂီတညကို တက်ရောက် အားပေးမှု
နည်းပါခဲ့ကြောင်း ပွဲစီစဉ်သူ တစ်ဦး ပြောပြချက်အရ သိရှိရပါသည်။
မနောအလှဂီတည ဂီတပွဲတွင် လက်မှတ်တစ်စောင်လျှင်(၁၀၀၀၀)ကျပ်၊
(၇၀၀၀)ကျပ်၊ (၅၀၀၀)ကျပ် ဖြင့် အသီး သီးရောင်းချခဲ့သော်လည်း လူအနည်းငယ်သာလာရောက် အားပေးခဲ့သည့်အတွက်
ပွဲစီစဉ်မှုတန်ဖိုး လောက်သာ ရရှိနိုင်ကြောင်း၊ ပွဲအတွင်းတွင် လူအနည်းငယ်သာ လာရောက်ခဲ့ကြောင်း၊
လာရောက်ကြည့်ရှု သူများသည် ကချင်စစ်ဘေးဒုက္ခသည်များကို အမှန်တကယ်အကူအညီများ လက်ထဲသို့ရရှိကြလိုကြောင်း၊
အလှူငွေများသည် ကချင်ပြည်သူတွေအတွက် အကူအညီသာဖြစ်လိုကြောင်း လာရောက်ကြည့်ရှုအားပေးခဲ့
သည့် ပရိသတ်တစ်ဦးမှ ပြောပြခဲ့ပါသည်။
.
www.MyanmarExpress.net
3 comments:
မူဆလင်ဆိုင်တွေမှာဈေးမဝယ်နဲ့
မူဆလင်တွေကိုလူရာသွင်းမဆက်ဆံနဲ့
ကိုယ့်ဗုဒ္ဓဘာသာမြန်မာလူမျိုးနဲ့မူဆလင်တွေအမှုအခင်းဖြစ်လာရင်မူဆလင်တွေကိုဝိုင်းတီးကြမယ်...အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ညီညီညွတ်ညွတ်ဆောင်ရွက်ကြပါစို့
မင်းကကောပြောတဲ့အတိုင်း လုပ်နေလားစောက်ရူးရဲ့
ဘာကောင်တွေလဲ။မင်းကိုယ်တိုင်ဘုန်းကြီးဝတ် ပြီးလူတွေ
ငရဲမရောက်အောင်အရင်လုပ်။ရန်မဖြစ်ခိုင်းနဲ့
ဒါမှတကယ့်ဗုဒဘာသာအစစ်ကွ။
မင်းကကောပြောတဲ့အတိုင်း လုပ်နေလားစောက်ရူးရဲ့
ဘာကောင်တွေလဲ။မင်းကိုယ်တိုင်ဘုန်းကြီးဝတ် ပြီးလူတွေ
ငရဲမရောက်အောင်အရင်လုပ်။ရန်မဖြစ်ခိုင်းနဲ့
ဒါမှတကယ့်ဗုဒဘာသာအစစ်ကွ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်