From :
..popular
.. www.MyanmarExpress.net
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က အမေရိကန်မြို့ကြီးများအား တိုက်ခိုက်မည့် ဒုံးကျည်များ ချထားရေး အစီအစဉ်အား
လက်မှတ်ရေးထိုး ခဲ့သည့်အပြင် အိမ်နီးချင်းတောင်ကိုရီးယားနှင့်လည်း
စစ်မက်ဖြစ်ပွားသည့် အခြေအနေအဖြစ် ထုတ်ဖော်ပြောဆိုခဲ့သည်။
နိုင်ငံပိုင် KNCA သတင်းဌာနက ထုတ်လွှင့်ချက်အရ “တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား မည်သည့်အရေးကိစ္စမဆိုအား စစ်မက်ဖြစ် ပွားနေသည့် ကာလအတိုင်း ဆောင်ရွက်သွားမည်”ဟု မြောက်ကိုရီးယားတို့က ဆိုထားပြီး အမေရိကန်မြို့ကြီးများအား တိုက်ခိုက်မည့် အစီအစဉ်ဟု ဖော်ပြထားသော ပုံကြမ်းတစ်ရပ်ကိုလည်း ထုတ်လွှင့်သွားခဲ့သည်။
အဆိုပါ ပုံကြမ်းတွင် တိုက်ခိုက်မည့် ပစ်မှတ်များအဖြစ် ကယ်လီဖိုးနီးယား၊ နယူးမက္ကဆီကို၊ အရီဇိုးနား၊ တက္ကဆပ်၊ အာကင်ဆတ်၊ အိုကလာဟိုးမား၊ မစ္စစ္စပီ၊ ဂျော်ဂျီယာ၊ အလာဘားမားနှင့် တောင်ကယ်ရိုလိုင်းနား တို့ကို ဖော်ပြထားသည်။
ဖေဖော်ဝါရီလအတွင်းက မြောက်ကိုရီးယားတို့၏ တတိယမြောက်နျူ စမ်းသပ်မှုအပြီး ကုလသမဂ္ဂနှင့် အနောက်နိုင်ငံတို့၏ ထပ်မံ၍ ပိတ်ဆို့ အရေးယူမှု ခံရပြီး ကတည်းက တိုက်ခိုက်မှုများ ပြုလုပ်သွားမည့် မြောက်ကိုရီးယားတို့က နေ့စဉ်လိုလို ခြိမ်းခြောက်မှု ပြုခဲ့ကြသည်။

5 comments:
မြောက်ကိုရီးယားနဲ့အီရန်နိုင်ငံပါလက်စတိုင်းတို့ဂြိုလ်ထနေတာနဲ့ပဲကမ္ဘာစစ်ကြီးဖြစ်ပြီးလူတွေသေကြရအုံးမယ်

ကြုတ် ကြပ် လှီး ကြ ပါ ကွာ ။ အ ကုန် လုံး ဂိန် နေ အုံး မယ် ။
လူ့ ဘ ဝ ရ ခဲ တယ် နော် ။
ကင်ကျုံအမ်ဆိုတဲ့စောက်ခလေးကလေလုံးထွားနေတာပါတကယ်မလုပ်ရဲပါဘူး
အမေရိကန် ကိုင်ရတွယ်ရခက်နေတာ
ခြောက်မရ ချော့မရဖြစ်နေတာ
ကမ္ဘာမှာ အီရန်နဲ့ မြောက်ကိုရီးယားပဲ ရှိတော့တယ်။
ဗင်နီဇွဲလားလည်း ပါတာပေါ့လေ။
အထူးသဖြင့် သေမင်းနှုတ်ခ၀က မြောက်ကိုရီးယားကိုတော့
အမေရိကန်ကြီး တော်တော်လန့်နေတာ သေချာတယ်။
တောင်ကိုရီးယားကလူတွေ ဘယ်လိုနေကြသလဲမသိ။
ဒီချိန်ထိ အလုပ်မပျက် အကိုင်မပျက် နေနိုင်ကြတာ။
စစ်မဖြစ်တာတော့ အကောင်းဆုံးပါ။
ပြည်သူက မြေဇာပင်ကိုး။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်