From :
..Myit Makha Mediagroup on 26 Mar, 2013
..
www.MyanmarExpress.net
ဥရောပသမဂ္ဂအဖွဲ့သည်
လာမည့် ဧပြီလ ၂၂ရက်နေ့၌ မြန်မာနိုင်ငံကိုစီးပွါးရေးပိတ်ဆို့ထားခြင်းအပေါ်
ရုပ်သိမ်းသွားမည် ( သို့ )ဆက်လက်ထားရှိမည်ကို ပြန်လည်
သုံးသပ်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့်
၂၀၁၂ ဧပြီလ ၂၆ရက်နေ့တွင် စီးပွားရေးပိတ်ဆို့မှုဆက်လက်ထားရှိရန်
ဆုံးဖြတ်ခဲ့စဉ်က EU မှ
နိုင်ငံရေးအကျဉ်းသားများအားခြွင်းချက်မရှိလွှတ်ပေးရန်အပါအ၀င် ကချင်ပြည်နယ်၌
ဖြစ်ပွားနေသော စစ်ပွဲများကိုရပ်တန့်ရန် အစရှိသည်ဖြင့် တောင်းဆိုခဲ့သည်။
“
စီးပွားရေးပိတ်ဆို့မှုတွေ
ဖွင့်ပေးတာကောင်းတာပေါ့။ဒီမိုကရေစီနိုင်ငံတစ်ခုကို တည်ထောင်မယ်ဆိုရင်
ပိတ်ဆို့မှုတွေမဖြစ်မနေဖွင့်ပေးဖို့လိုတယ်။တိုင်းပြည်စီးပွားရေးတိုးတက်မှဒီမိုကရေစီနိုင်ငံဆိုတာကို
ပီပီပြင်ပြင်တည်ဆောက်နိုင်မယ်။ ငြိမ်းချမ်းရေးဆိုတာလည်းစီးပွားရေးကောင်းမှ
တည်ဆောက်နိုင်မှာ။ “ ဟု ရန်ကုန်မြို့တွင်နေထိုင်သော
တပ်မတော်သားဟောင်းတစ်ဦးက ပြောသည်။
ပြည်ပမှ
အဖွဲ့အစည်းတစ်ခုဖြစ်သည့် Burma Campaign UK က ကချင်ပြည်နယ်၌ဖြစ်ပွားနေသော
တိုက်ပွဲများမှာ မရပ်တန့်သေးသောကြောင့်စီးပွားရေးပိတ်ဆို့မှုများ
မရုပ်သိမ်းသင့်သေးကြောင်း အစရှိသဖြင့် တောင်းဆိုခဲ့သည်။
အဆိုပါ ကိစ္စနှင့်ပါတ်သက်၍ ပညာရှင်တစ်ဦးက အောက်ပါအတိုင်းပြောဆိုခဲ့သည်။“
အပြင်က ကြည့်တာနဲ့အထဲက ကြည့်တာနဲ့တော့ တူမှာ မဟုတ်ဘူးလေ။
တစ်နေရာမှာဖြစ်နေတာဟာ နိုင်ငံတစ်ခုလုံးမှာ ဖြစ်နေတာ မဟုတ်ဘူး။ “ဟု အဆိုပါ
ပညာရှင်ကသုံးသပ်ပြခဲ့သည်။
1 comments:
တော် တော် ပြော ရ ဆို ရ ခက် တဲ့ EU ဘဲ ခင် ဧျား တို့ ဆီမှာ ကော သူ ပုန် တွေ အ ကြမ်း ဘက် အ ဖွဲ့ တွေ မ ရှိ ဘူး လား
ဘယ် နိုင် ဖြစ် ပြစ် အ ကြောင်း အ မီူး မီူး ကြောင့် သူ ပုန် တော့ ရှိ ကြ တာ ပါ ဘဲ အ များ အား ဖြစ် တော့ ဘေး ပါတ် ဝန်း ကျင် မ ကောင်း လို့ ပါ က ချင် ပြည် နယ် စစ် ပွဲ များ ကို ရပ် တန့် ရ အောင် က အ ပြို ကွဲ ခံ ပြိး တော့ အ စိုး ရ က နောက် ဆုတ် ပေး ရ မှာ လား ဖြစ် ချင် လို့ ဖြစ် နေ နာ မ ဟုတ် ဘူး တိုင်း ပြည် ပြို ကွဲ မှာ စိုး လို့ စစ် ဖြစ် နေ ရ တာ
စစ် ပွဲ နောက် ထပ် မ ဖြစ် ရ အောင် EU က KIA သူ ပုန် တွေ ကို သွား ပြော ကြ ပေါ့
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်