Subscribe to our RSS Feed

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး မိတ္ထီလာမြို့ တည်ငြိမ် အေးချမ်းရေး၊ ကယ်ဆယ်ရေး လုပ်ငန်းများအား လှည့်လည် ကြည့်ရှုစစ်ဆေး

From : ..မြဝတီ

နေပြည်တော် မတ် ၂၅
မိတ္ထီလာမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ  ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသည် တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းတွင် သာသန ဝေပုလ္လ ကျောင်းတိုက်ရှိ   ကယ်ဆယ်ရေး စခန်း၌ နယ်မြေခံ တပ်မတော် ဆေးရုံမှ နယ်လှည့် ဆေးကုသရေး အဖွဲ့က ဒေသခံ ပြည်သူများအား ဆေးကုသပေး နေမှုနှင့် ကျန်းမာရေး စောင့်ရှောက် ပေးနေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားသည်။
ထို့နောက် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသည် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်နှင့် အတူ ဝမ်းတော်ပြည့် ကျောင်းတိုက် ဆရာတော်အား ဖူးမြော် ကြည်ညို၍ လှူဖွယ် ပစ္စည်းများ ဆက် ကပ်လှူဒါန်းသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးသည် မိတ္ထီလာမြို့ ချမ်းအေးသာယာ ရပ်ကွက် မကျီးကုန်း ကျောင်းတိုက် ဆရာတော်အား ဖူးမြော် ကြည်ညို၍ အလှူငွေများ ဆက်ကပ် လှူဒါန်းပြီးနောက် ကယ်ဆယ်ရေး၊ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေး ဆောင်ရွက် ထားရှိမှုကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက  လိုအပ် သည်များ ဖြည့်ဆည်းမှာ ကြားပြီးမီးဘေးသင့် ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားသည်။
ထို့နောက် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသည် ချမ်းအေးသာယာ ရပ်ကွက်နှင့် မကျီးကုန်း ရပ်ကွက် မီးလောင်ပျက်စီးမှု အခြေအနေများကို သွားရောက်ကြည့် ရှုစစ်ဆေးရာ တာဝန် ရှိသူများက ရှင်းလင်း တင်ပြပြီး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ဒေသခံ ပြည်သူများ၏ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေး၊ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ရှိ သူများကို လိုအပ်သည်များ ဖြည့်ဆည်း မှာကြားပြီး ဒေသခံ ပြည်သူ များအား  ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးသည် မိတ္ထီလာမြို့ တည်ငြိမ်အေး ချမ်းနေမှုနှင့် စိတ်အေးချမ်း သာယာစွာ လုပ်ငန်းခွင်မပျက် သွားလာလှုပ်ရှား ဆောင်ရွက်နေမှု အခြေအနေများကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ယနေ့ အချိန်အခါတွင် မိတ္ထီလာ မြို့ပေါ်၌ တည်ငြိမ် အေးချမ်းလာပြီ ဖြစ်သဖြင့် ဒေသခံ ပြည်သူများ စိတ်အေးချမ်းသာစွာ ပုံမှန်လုပ်ငန်းများ သွားလာလှုပ်ရှား နေထိုင် ဆောင်ရွက်လျက် ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။


.. www.MyanmarExpress.net
 

3 comments:

ကေကာင်းပါတယ် ပြည်သူတွေ စိတ်ချမ်းသာတာပေါ့ အမြဲတမ်း အရံသင့် ပြည်သူအတွက် ရှိနေပါစေ

KIA သူ ပုန် တွေ တိုက် တုးံ က အဲ ဒါ လေး တွေ နဲ့ စမ်း ထု ကြည့် ရ မှာ

လှိုင်မြို့နယ်သုခလမ်းမှတ်တိုင်အနီးဗလီနဲ့သမိုင်းလမ်းဆုံဗလီမှာလည်းကုလားများလက်နက်လူသူစုဆောင်းနေကြောင်းသတင်းရရှိ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်