From :
..rfa
ထိုင်း မြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်းတစ်ခုဖြစ်တဲ့ မယ်ဆူရင်း စခန်းမနေ့က မီးလောင်ရာမှာ စခန်းတွင်း နေထိုင်ကြတဲ့ ဒုက္ခသည်သေဆုံးသူ ၄၅ ဦး၊ မီးလောင်ဒဏ်ရာရသူ ၁၀၀ နဲ့ အိမ်ခြေ ၄၀၀ လောက် မီးထဲပါသွားခဲ့တယ်လို့ ထိုင်းအစိုးရ ပြည်ထဲရေးဌာနက မတ်လ ၂၃ ရက် ဒီကနေ့ တရားဝင်ကြေငြာပါတယ်။
ဒါ့အပြင် စခန်းတွင်း ဒုက္ခသည်ဦးရေ ၂၃၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
သေဆုံးသူ အများစုဟာ အသက်အရွယ်ကြီးသူ ကလေးတွေနဲ့ အမျိုးသမီးတွေ များတယ်လို့ မဲဟောင်ဆောင်ခရိုင် အစိုးရ တာဝန်ရှိသူတွေက စခန်းမီးလောင်တာကို သွားရောက်စစ်ဆေးအပြီးမှာ ပြောခဲ့တာပါ။
အဲဒီ ကရင်နီဒုက္ခသည်စခန်းမှာ အိုးအိမ်အားလုံးနီးပါးလိုလိုဟာ ဝါးအပြင် သက်ကယ်မိုးအိမ်လေးတွေ ဖြစ်တဲ့အတွက် မီးလောင်ချိန်မှာ လေတိုက်တာကြောင့် မီးကိုမထိမ်းနိုင်ပဲ အလျင်အမြန် ကူးစက်ခဲ့တာလို့ ဆိုပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တာဝန်ရှိသူတွေက မီးဘေးဒုက္ခရောက်သူ စစ်ပြေးဒုက္ခသည်တွေအတွက် နေစရာနဲ့စားစရာ အချိန်မီထောက်ပံ့နိုင်အောင် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
.. www.MyanmarExpress.net

3 comments:
ကောင်းတယ် ဒုက္ခသည်ဆိုတဲ့ အမည်ခံထားပြီးအချောင်သမားတွေ နိုင်ငံခြားသွားရမလားဆိုပြီးဒုက္ခသည်လုပ်နေတာ ဟိုရောက်တော့ ဘ၀မေ့  အောက်ခြေလွတ် အလားကား ဟာတွေ ခုလဲ နိုင်ငံခြား ကမခေါ်တော့ ဘူးလို့ အသံတွေကြားနေလို့ ကိုယ်တိုင်မီးရို့ ပြီးတကယ်ဒုက္ခရောက်နေတဲ့ ပုံဖန်တည်းတာ သေတာတောင်နည်းသေးတယ် ဟိုရောက်ရင်မြန်မာပြည်ဘာဖြစ်တယ်ညာဖြစ်တယ် ရျောက်ပြောမဲ့ ဟာတွေ အမျိုးဖြတ်မဲ့ ဟာတွေ ခြေနှစ်ချောင်း လက်နှစ်ချောင်း ရှိပြီးဒုက္ခသည် အဖြစ် အချောင် နေအချောင်စား သူတောင်းစာတွေ
ဘာလဲဟ သတင်းခေါင်းစဉ်က။ဘယ်စစ်တပ်ရှို့တာလဲ သတင်းထဲမှာလည်း ဘာမှမပါဘူး။ယိုးဒယားစစ်တပ်ကရှို့တာလား။rfa ကဘယ်လိုသတင်းထောက်က ရေးလိုက်တာလဲ။
အားလုံးမေ့နေကြမှာစိုးလို. သတိပေးချပင်ါတယ်…..
( ၁ ) ဘာသာခြားကို သ်ရတလင်ဲ ပါဏာတိပါတာ ကံထိုက်ပါတယ်… ဘာသာခြင်းမတူလို.ဆိုပြီး အကုသိုလ်က ခွင့်မလွှတ်ပါဘူး….
သူများအသိုက်အမြုံကို ဖ်ျရကင် အကုသိုလ် ဖြစ်ပါတယ်…ဘာသာမတူတဲ့လူတွေ ရဲ.အသိုက်အမြုံ မို.လို. ဆိုပြီး ကင်းလွတ်ခွင့်ပေးမထားပါဘူး…….
( ၂ ) ဗုဒ္ဓဘာသာကို စောင့်ရှောက်ဖို.အတွက် သူတပါးအသက်ကို သတ်ခွင့်၊ သူတပါး အကျိုးစီးပွားကို ဖျက်ဆီး ခွင့် ရှိတယ်လို. ဗုဒ္ဓတရားတော်မှာ ဟောကြားမထားပါဘူး…..
( ၃ ) ဗုဒ္ဓမြတ်စွာ ဘုရားရှင် ဟာ ရန်အေပါင်း ကို မေတ္တာဓါတ်နဲ. အောနငိုင်တော်မူ ခဲ့တာပါ… နာနာဂီရိဆင် ကို မြှားနဲ.ပစ်ပြီး အောနငိုခင်ဲ့တာမဟုတ်ပါဘူး….. မာရ်နတ်ကို ရဟန်းသံဃာ အအင်ားစု နဲ. တိုက်ပြီးအောနငိုခင်ဲ့တာမဟုတ်ပါဘူး…. ကြီးမားတဲ့ မေတ္တာတရား နဲ. အောနငိုခင်ဲ့တာပါ…….
( ၄ )ရောင်းမှားဝယ်မှားကိစ္စမှာ မတရားဘူးထရင်င် တရားဥပေဒအရဖြစ်အောင် ၀ိုင်းဝန်းကြိုးစား ကြဖို.ပဲ ရှိပါတယ်….
မျက်လုံးတစ်ဖက် အတွက် မျက်လုံးတစ်ဖက် ပြန်ပေးကြေး ဆိုတဲ့ ဥပေဒသ အတိုင်း ကျင့်သုံးကြမယ် ဆိုရင်ဖြင့် ကမ္ဘာပေါ်မှာ လူတစ်ယောက်မှ မကျန်မှ အဆုံးသတ်ပါလိမ့်မယ်……
( ၅ ) ခုတော့ဖြင့်….ဗုဒ္ဓဘာသာ ကို ကာကွယ်ဖို.တဲ့ ပါဏာတိပါတာ ကံ ကို တက်တက်ကြွကြွကျူးလွန်နေကြတာ…
မေတ္တာတရား နဲ.အောင်မြင်တော်မူခဲ့တဲ့ ဗုဒ္ဓဘုရားရှင် ရဲ.အဆုံးအမ ကို နာယူပြီး ဒေါသမီးတွေ ဟုန်းဟုန်းတောက်ပြေနကြတာ……….ဗုဒ္ဓ ဘာသာ ကို ကာကွယ်နေတာလား…..နာမည်ဖျက်နြေ ကတာလား..
ခဏေလာက် စိတ်ငြိမ်ငြိမ်ထားပြီး စဉ်းစားကြပါဦး….
( ၆ )ကိုယ်ကိုယ်တိုင် ၀မင်သတ်ဘူး ၊ ၀မင်ဖျက်ဘူးဆိုရင်တောင်…သတ်နေ ဖျက်နေကြတဲ့သူတွေ ကို အားပေးအားမြှောက်ပြုရာ ရောက်တဲ့ အပြုအမူအေပြာအဆိုတွေ ကို မလုပ်မိဖို. ဆင်ခြသင်င့်ပါတယ်… အကုသိုလ်ထဲ အမှုတွဲပါသွားမှာ စိုးလို.ပါ…..
( ၇ ) မေ့မသွားအောင် ထပ်ပြီးပြောချပင်ါတယ်.. ဘာသာခြားကိုသ်ရတလင်ဲ ပါဏာတိပါတာကံထိုက်ပါတယ် ဘာသာတူတူ မတူတူ သူများအသိုက်အမြုံကိုဖ်ျရကင် အကုသိုလ်ဖြစ်ပါတယ်….
( ၈ )ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားတဲ့ တရားဟာ ဓမ္မတရား ဖြစ်ပါတယ်… အဓမ္မတရားမဟုတ်ပါဘူး ခဗင်ျား…
( ၉ )မေတ္တာအစွမ်း၊ကမ္ဘာလွှမ်း ၊ ငြိမ်းချမ်းကြပါစေ
By Ukaythara Sayardaw
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်