Thursday, March 14, 2013
ME
From :
..ဖီလော်ဆိုဖာမောင်မြသာ. 13.3.2013
ယနေ့ဖေ့ဘုတ်ခ်စာမျက်နှာများတွင်ရုတ်တရက်ပွက်လောရိုက်ပြီးလူထုအကြားလှုပ်လှုပ်ရှားရှားဖြစ်လာသောသတင်းမှာကားမုံရွာတဖက်ကမ်းရှိလက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းနှင့်
ပတ်သက်သော ဒေါ်အောင်ဆန်းစုကြည်ဥက္ကဌအဖြစ်ဦးဆောင်သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏အစီရင်ခံစာထွက်လာအပြီးတွင်ဖြစ်ပွားလာသော လှုပ်ရှားမှု့များပင်ဖြစ်လေတော့သည်။
ထိုသတင်းများကိုဖတ်ပြီးကျနော်သည်လွန်စွာစိတ်အပျက်ကြီးပျက်လေတော့သည်၊ ထို့ကြောင့်ထိုကြေးနီစီမံကိန်းအကြောင်းသည်ကျနော့်အတွေးအာရုံတွင်တရေးရေးပေါ်လာတော့၏.. ထိုစီမံကိန်းသည်မဆလခေတ် ဗိုလ်နေ၀င်းလက်ထက်က စတင်ခဲ့သောစီမံကိန်းပင်ဖြစ်၏၊ ထိုစဉ်အခါက ကျနော်သည်
အလယ်တန်းကျောင်းသားဘ၀.. မုံရွာကြေးနီစီမံကိန်းသည် ကြေးနီတူးဖေါ်ရင်းမှ ရွှေ တွေ ထွက်နေ
သည်၊ ငွေ တွေထွက်ပေါ်နေသည်အစရှိသဖြင့်လူထုကြားတွင်ကောလဟလ သတင်းလိုလို၊ အမှန်လိုလိုပြန့်နှံ့နေသည်မှာလည်းထိုခေတ်အခါကသိမှီခဲ့သူများနှင့်စိတ်ဝင်စားသောသူများသိရှိကြ၏၊အဘယ်ကြောင့် ကျနော်ထိုစဉ်ကထိုသတင်းကိုသိရှိသနည်းဟူသည်ကားကျနော့်အထက်ကအကို
ကြီး၏သူငယ်ချင်းများသည်ထိုစီမံကိန်းတွင်ကားမောင်းရန်အတွက်စိတ်ဝင်စားနေသောကြောင့်
ထိုအကြောင်းကို ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကျနော်သိရှိခဲ့ခြင်းပင်ဖြစ်သည်။
ဒါသည်ပင်လျှင် ယနေ့ ဖေ့ဘုတ်ခ်စာမျက်နှာများနှင့်လူထုအကြားတွင်ဟိုးလေးတကျော်ဖြစ်လာမည့်လက်ပန်းတောင်းတောင်မုံရွာကြေးနီစီမံကိန်း၏ အစ ...ထို့နောက် န၀တ..နအဖ.ယနေ့စစ်တပ်တပိုင်း
ဦးသိန်းစိန်အစိုးရ ...ထို့နောက် ဒေသခံလယ်သမားများဆန္ဒဖေါ်ထုတ် သည့်ကာလ၊ နောက် ..သပိတ်စခန်းဖွင့်သည့်ကာလ၊နောက်ထိုသပိတ်စခန်းအားလက်ရှိအာဏာပိုင်များမှမီးလောင်ဗုံးဖြင့်
ရက်ရက်စက်စက်ဖြိုခွဲသည့်ကာလ၊ထို့နောက်ဒေါ်အောင်ဆန်းစုကြည်သည်ဒေသခံရွာသူရွာသားများ
နှင့်တွေ့ဆုံစဉ်..ထိုမီးလောင်ဗုံးဖြင့်ရက်ရက်စက်စက် ဖြိုခွဲခဲ့ခြင်းအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ပြော
ဆိုခဲ့လေသည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည်တက်ရောက်လာသောဒေသခံလူထု၏
၂.သဘောထားခံယူပြီးနောက်မြန်မာတွင်မကကမ္ဘာကပါလေးစားကြည်ညိုသောဒေါ်အောင်ဆန်းစု
ကြည် ဥက္ကဌအဖြစ်ဦးဆောင်သည့်စုံစမ်းရေးကော်မရှင်၏အစီရင်ခံထွက်ပေါ်လာသောအခါ
... ဒေါ်အောင်ဆန်းစုကြည် ကို ပုတ်ခတ်စော်ကားကားချင်သော၊ နိုင်ငံရေးအာဏာ
ကိုဖြတ်လမ်းကယူချင်သူတို့သည် ရိုးသားသောဒေသခံတောင်သူများအားရှေ့သို့တွန်းထုတ်ကာ ၄င်းတို့၏ မဟာဗျူဟာကို စတင်အကောင်အထည်ဖေါ်လာပြီဟု ကျနော်ရိုးသားစွာနားလည်မိတော့သည်၊
ရိုးသားသော၊သတ္တိရှိသော၊စွန့်လွှတ်စွန့်စားဝံ့သော ဖြူစင်ရိုးသားသည့်ဒေသခံတို့၏ ရှေ့ဆောင်မသွဲ့သွဲ့ဝင်း၊မသွဲ့သွဲ့အေးတို့ကိုကျနော်အားကျ၏၊လေးစား၏၊ကြည်ညိုမိ၏..သို့သော်....ယနေ့နိုင်ငံခြားသတင်းမီဒီယာတခုနှင့်အင်တာဗျူးတွင်မသွဲ့သွဲ့ဝင်းလား..မသွဲ့သွဲ့အေးလား..ကျနော်မသဲကွဲလိုက်...တရုတ်ဝမ်ပေါင်ကုမ္မဏီအားရပ်ဆိုင်းသည်အထိဆက်လက်တိုက်ပွဲဝင်သွားမည်ဟုပြောဆိုသံကိုကြားလိုက်ရသောအခါ ...ရိုးသားသောပကတိဖြူစင်သောကျနော့်ညီမလေးများကို ကျနော်ရိုးသားစွာမေးချင်သောမေးခွန်းများ
ကျနော့်ခေါင်းထဲတွင်အစီအရီပေါ်ထွက်လာလေတော့သည်။
ယခုဖြစ်ပေါ်ခဲ့သောပြသာနာအားလုံးတို့သည် ၀မ်ပေါင်ကုမ္မဏီဝင်ရောက်လုပ်ကိုင်ခြင်းမှ စတင်သော
ပြသာနာမဟုတ်၊ ပြသာနာ၏အစကို သေချာစွာ မြင်ရန်ကြည့်တတ်ရန်လိုအပ်သည်၊
( resolution is the problem , true understanding ) မှာလွန်စွာအရေးကြီးလှပေတော့သည်။
ပြသာနာ၏အစကို မှန်မှန်ကန်ကန်မမြင်နိုင်ပါက တိုင်းပြည်အတွက်မလိုလားအပ်သော ရှုပ်ထွေးမှု့များကိုဖြစ်ပေါ်စေမည့်အပြင်ကျနော်တို့တောင့်တသောလိုချင်သောဒီမိုကရေစီတိုင်းပြည်ပေါ်ထွက်လာရေး၊နှင့်အာဏာရှင်စံနစ်ချုပ်ငြိမ်းရေးတို့သည်လမ်းကြောင်းပြောင်းသွားကာ..အလုပ်သမားလယ်သမားနှင့်ပြည်သူပြည်သားများကိုအာမခံချက်မပေးသော၊သွယ်ဝိုက်ဖိနှိပ်နှိပ်စက်သောအုပ်ချုပ်သူလူတန်းစားတဖြစ်လည်း အရပ်သားအာဏာရှင်စံနစ်၊သို့မဟုတ် ...ဓနရှင်အာဏာစံနစ် သို့ကူးပြောင်းသွားတတ်သည်ကိုလည်းသတိထားရန်အထူးလိုအပ်ပေလိမ့်မည်။
.ဒေသခံလယ်သမားတို့သည် ၀မ်ပေါင်ကုမ္မဏီ ၀င်ရောက်လုပ်ကိုင်ခြင်းကို အလိုမရှိခြင်းမဟုတ်၊ အတင်းအားဓမ္မ မတရားသောနည်းဖြင့်လယ်ယာမြေများကို သိမ်းခြင်း၊ ပတ်ဝန်းကျင်ပျက်စီးမှု့ကို
ဖြစ်ပေါ်စေခြင်းတို့ကို အလိုမရှိခြင်းပင်ဖြစ်သည်ဟု ကျနော်နားလည်မိသည်။
အကယ်၍ ၀မ်ပေါင်ကုမ္မဏီနေရာအစားအခြားနိုင်ငံတခုမှကုမ္မဏီတခုဝင်ရောက်လုပ်ကိုင်ပါကလည်း
အလားတူ လယ်ယာမြေများကို အားဓမ္မသိမ်းခြင်း၊ပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေခြင်းများကိုဖြစ်ပေါ်
ပါက ဒေသခံတို့သည်လက်ခံနိုင်လိမ့်မည်မဟုတ်ဟု ကျနော်ယုံကြည်သည်။
ယခုအခါ ဖြူစင်သောရိုးသားသောဒေသခံတို့သည်အဘယ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုအလိုမရှိဖြစ်နေပါသနည်း...?
လက်ပန်းတောင်းသပိတ်စခန်းအားအာဏာပိုင်များမှရက်ရက်စက်စက်ဖြိုခွဲ
အပြီး ဒေါ်အောင်ဆန်းစုကြည်သည်ဒေသခံများနှင့်တွေ့ဆုံစဉ်တွင် ဒေသခံများအားသဘောတူညီချက်မေးခွန်းတခုကိုမေးခဲ့သည်၊ ထိုသဘောတူညီချက်မေးခွန်းကား ..
.( ကျမ ၀င်ရောက်ကြားဝင်ဆောင်ရွက်ပေးတာကို သဘောတူပါသလား ..? ဟုမေးမြန်းခဲ့ရာတွင် ..သဘောတူပါသည်ဟု” တက်ရောက်နားထောင်သူဒေသခံအများစုမှညီညီညွတ်ညွတ်ဖြေဆိုသံကိုကျနော်နားနှင့်
ဆတ်ဆတ်ကြားခဲ့ရပါသောဖြူစင်သည့်ဒေသခံများတို့၏အသံများ....
ယနေ့လက်ရှိတွင်ကမ္ဘာကလေးစားကြည်ညိုသောဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံအားမြေကြီး
ပေါ်ပစ်ချပြီး “ ဒေါ်အောင်ဆန်းစုကြည် အလိုမရှိ ” ကြွေးကြော်ဆန္ဒပြနေသည့် ဖြူစင်သည့်ဒေသခံ
တောသူတောင်သားတို့၏ ရင်းတွင်းဆန္ဒသည် တကယ်ပဲ အလိုမရှိ တော့ဘူးလား..?
ထိုကြေးနီစီမံကိန်းသပိတ်စခန်းဖြိုခွဲအပြီး ဒေါ်အောင်ဆန်းစုကြည်ဒေသခံများနှင့်တွေ့ဆုံစဉ်က
ပြောကြားခဲ့သော ( သဘောတူပါတယ် ) ဟူသော ဒေသခံတို့၏ဖြူစင်သောအသံတို့သည်
ယခုအခါ အရောင်ပြောင်းသွားလေခြင်းမှာ ရိုးသားမှု့ မှထွက်ပေါ်လာသောအသံ မဟုတ်တန်ရာ..
နိုင်ငံခေါင်းဆောင် သို့.. လူထုခေါင်းဆောင် ...မည်သည့်ခေါင်းဆောင်ဖြစ်စေ ခံစားမှု့ကို ရှေ့တန်း
၎မတင်ပဲ ...ဥာဏ်ပညာဖြင့်သေချာဝေဖန်ပိုင်းခြားကာ မိမိဖြစ်ချင်သောအနာဂတ်ကို ပုံဖေါ်ထုဆစ်ရပေလိမ့်မည်။ ခေါင်းဆောင်လုပ်သူ၏အတွေးအမြင်နှင့်သာမန်လူတို့၏
အတွေးအမြင်များသည် ရုတ်တရက်ထပ်တူမကျနိုင်၊ ဤသည်မှာလည်း သဘာဝ ကျသည်၊ ခေါင်းဆောင်အရည်အချင်းနှင့်နောက်လိုက်အရည်အချင်းတို့၏တာဝန်ယူတွေးခေါ်မြော်မြင်မှု့တို့၏ခြားနားချက်ပေတည်း၊
စစ်မှန်သောခေါင်းဆောင်တို့သည် အတိတ်ကို သင်ခန်းစာယူကာပစ္စုပ္ပန် နှင့်အနာဂတ်ကို ကြည့်၏ ..
သာမန်လူတို့သည် စိတ်ခံစားမှု့ကိုကြည့်၏ ဦးစားပေး၏.. ဤကား ကွာခြားမှု့ပေတည်း၊ ထို့အပြင်
ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်နှင့်လူထုမျက်နှာကိုကြည့်၏..တိုင်းပြည်နှင့်လူထုအရေးကို
အမြဲတွေး၏ ..လုပ်၏ ကိုင်၏ ..တိုင်းပြည်နှင့်လူထုအရေးသည် သူ့အရေး၊ သူ့ဘ၀ ဟု ခံယူထားသူ
ဖြစ်သည်မှာလည်း မြေကြီးကိုလက်ဝါးနှင့်ရိုက်မလွဲ မှန်၏ ...အာဏာနှင့်ပကာသနစည်းစိမ်ကိုယစ်မူး
သူမဟုတ်၊ အပြောတမျိုးအလုပ်တမျိုးမလုပ်တတ်၊တိုင်းပြည်လူထုအကျိုးရှိမည်ဆိုရင် မည်သူ့ကို
အောက်ကျခံရသည်ဖြစ်စေ၊ မည့်သည့်အလုပ်ကိုလုပ်ရသည်ဖြစ်စေ လုပ်မည့်သူဖြစ်သည်၊ တိုင်းပြည်လူထုအကျိုးရှိမည်ဆိုရင်ဒေါ်အောင်ဆန်းစုကြည်သည်ပြတ်သားရဲသည်၊ မျိုးရိုးစဉ်ဆက်တိုင်းပြည်နှင့်လူထုအပေါ်သစ္စာရှိသော၊ ချစ်သော သူမ မေတ္တာကို နားမလည်နိုင်သောသူတို့ကို ကျနော်များစွာအံ့သြမိ၏..ထို့အထဲတွင်ရိုးသားသောဖြူစင်သောဒေသခံညီမလေးမသွဲ့သွဲ့ဝင်းမသွဲ့သွဲ့အေးတို့အပါအ၀င်ဒေသခံတောသူတောင်သားများမပါစေချင်သည့်စေတနာသည်ကျနော့်စိတ်
အရင်းခံဖြစ်သည်ကိုကျနော်ရဲရဲဝံ့ဝံ့ပြောရဲသည်။အမှန်အတိုင်းဆိုရပါမူ ကျနော်သည်တရုတ်ကြီးကို နိုင်ငံရေးအရလုံးဝမကြိုက်၊မကြည်ဖြူ၊သို့သော်
လက်ရှိအရေးတွင်ပစ္စုပ္ပန်နှင့်အနာဂတ်ကိုသေချာတွေးတောဆင်ခြင်ဖို့လွန်စွာလိုအပ်သည်ဟု
ကျနော်နားလည်သောကြောင့်ပင်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ကို အလိုမရှိလျှင် မည်သူကိုအလိုရှိသနည်း..?
တရုတ်ဝမ်ပေါင်ကုမ္မဏီကိုအလိုမရှိပါက ထိုကုမ္မဏီဝင်ရောက်စဉ်ကမည့်သည့်အတွက်ကြောင့်မတားမြစ်သနည်း..?
ဒေသခံတို့သည် ၀မ်ပေါင်ကိုအလိုမရှိခြင်းမဟုတ်၊ လယ်ယာမြေများကို မတရားသောအဓမ္မနည်းဖြင့်
အနိုင်ကျင့်ပြီးသိမ်းယူခြင်းနှင့် ပတ်ဝန်းကျင်ပျက်စီးမှု့ကိုဖြစ်ပေါ်စေခြင်းတို့ကိုအလိုမရှိခြင်းမှာ
သေချာသည်၊
ထိုပြသာနာသည်သာဒေသခံအားလုံးတို့အတွက်ပြသာနာ၏အရင်းခံဖြစ်သည်မှာသေချာသည်မို့ ထိုပြသာနာကိုဒေါ်အောင်ဆန်းစုကြည်သည်ဒေသခံလူထုအတွက်မှန်ကန်သော၊ကောင်းမွန်သော
နည်းလမ်းများဖြင့်ဆုံးရှုံးမှု့မဖြစ်ရလေအောင်ညှိနှိုင်းဆောင်ရွက်ပေးနိုင်သူမှာ
ဒေါ်အောင်ဆန်းစုကြည်သာလျှင်ဖြစ်ပေလိမ့်မည်၊
ထို့ထက်ဆိုရပါမူ........
မြန်မာပြည်သူပြည်သားများအတွက်ကြောက်ရွံ့မှု့မှကင်းဝေးစွာဖြင့်လုံခြုံစိတ်ချစွာလုပ်ကိုင်
စားသောက်နိုင်သောဘ၀အခြေအနေအဆင့်အတန်းများကို ဖေါ်ဆောင်နိုင်သူမှာ လည်း
“ဒေါ်အောင်ဆန်းစုကြည်မှ တပါး အခြားမရှိ ” ဟု ကျနော်ရိုးသားစွာယုံကြည်မိပါတော့သည်။
..
www.MyanmarExpress.net
28 comments:
ဒေါ်စုခွေးစကားပြောပြီ
"ဆန္ဒပြတာတွေကို ဥပဒေနဲ့အညီ ခွင့်တောင်းပြီး ပြစေချင်တယ်။ ဥပဒေနဲ့မညီဘဲပြရင် အရေးယူဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ကျွန်မအနေနဲ့ အကြံပြုထားတယ်"
Need martial law for Let Pa Daung Taung!
အမေစု ကိုမှ မကြိုက်ဘူးဆိုရင် ဘာမှမသိတတ်တဲ့ ရွာသားတွေ လယ်သမားတွေ နဲ့လုပ်စားတတ်တဲ့ ပညာမတတ် စာမတတ် မင်းကိုနိုင် ကုလားမြအေး တို့ လက်ထဲ တိုင်းပြည်ဝကွက် အပ်လိုက် ကြပေါ့ကွာ ချီးထဲမှ ဥာဏ်မရှိတဲ့ကောင်တွေ
Like!
to B.E. what do u think who can handle this case better then Daw Su ??? She keep make understand our ppl in most intelligent way to resolve peaceful solution...this is basic of Democracy....hope u understand what u are talking ?
ဘီ အီး
အ မေ စု ကိ ပြည် သူ မုန်း အောင် မ လုပ် နဲ့
ဖာစုအလိုမရှိ
အ မေ စု လို ခေါင်း ဆောင် ကောင်း ကို မှ အ လို မ ရှီ ရင် ကိုယ့် ကိုယ် ကို ရူး နေ ပြီ မှတ်
ဘီအီး ဆိုတဲ့ အတိုင်း စောက်ဆင့်မရှိတဲ့ စကားပြောတဲ့ကောင် မင်းအဆင့်က တပိုင်း ၁၀၀ တန် ဦးနှောက်ပဲရှိတဲ့ကောင် ဘီအီးကနေ ခွေအီး ဖြစ်မဲ့ကောင်
ဖာစုကိုမင်းအိမ်ခေါ်ထားပြီးကိုးကွယ်လိုက်ပါလားစောက်ရူး
ဖာစုကိုမင်းအိမ်ခေါ်ထားပြီးကိုးကွယ်လိုက်ပါလားစောက်ရူး
ဒေါ်စုလည်းနောက်ဆုံးတော့စားပြီးဝါးပြီးသစ္စာမဲ့လေပြီဒေါ်စုအလိုမရှိအင်္ဂလိပ်မယားအင်္ဂလန်ပြန်တော့
ဒေါ်စုလည်းနောက်ဆုံးတော့စားပြီးဝါးပြီးသစ္စာမဲ့လေပြီဒေါ်စုအလိုမရှိအင်္ဂလိပ်မယားအင်္ဂလန်ပြန်တော့
ဘီ အီး
ဥ ပေ ဒ ကို လို က် နာ နို င် မှ ဒီ မို ကေ ရ စီ ရ မ ယ်
ေ ထာ င် နို င် တဲ့ နား ရှိ မှ အ ဓိ ပ္ပါ ယ် ကို သိ မ ယ်
နား ရှိေ ပ မဲ့ နွား ခြံ ထဲ သီ ချ င်း ဆို ပြ သ လို ဖြ စ် မ ယ်
ေ ဒါ် စုေ ရ နွား ကေ လး ပျော် ပါ စေ ဆို ပြီး က မ ပြ နဲ့
နွားေ ဝှ့  ခံ ရ လိ မ့်  မ ယ်
မင်းဒေါ်စုဥပဒေမလိုက်နာလို့တောက်လျှောက်အိမ်ထဲထည့်ကြိုးနဲ့ချီထားရတာမေ့နေပြီလား
ယခင်က ..ကယ်တင်ရှင်ကြီးပေါ့အပြောလေးကလဲ ..ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူအသံသာအဓိကပေါ့ .. ဟုတ်လို့  ဟုတ်ငြား ..ယုံကြည်မိတော့တတိုင်းပြည်လုးံက အားကိုးတကြီးနဲ့  အမေစု .. အမေစုရောလေရာတိုင်းက ခေါ်ကြပြောကြ ယုံကြည်ကြတာ .. ဖွတ်ဖွတ်ထွက်မှ တောင့်ပို့ မှန်းသိခဲ့ရတာ ...မိထွေးစိတ် ...မိထွေးဥာဏ်IT ခေတ် ဒေါ်စုရေ .. အချိန်နဲ့ တပြေးညီ အားလုးံသိနေ တွေ့ နေကြပြီတကောင်ကြွေး ၂ကောင်စားပြီး ကင်းဝယ်အကွက်ရွေ့ တာမဟုတ်လားဘာမှမဖြစ်လာလောက်တဲ့ ရခိုင်အရေးကြတော့လက်ရှောင်နေတယ်မအူပင်အရေးကြတော့လဲ မသိသလိုနေတယ် ..အလုပ်သမားရေးတွေလဲ ဘာမှမဖြစ်သလိုဘဲ မသိသလိုနေလိုက်တယ်လယ်သိမ်း ယာသိမ်း မြေသိမ်းတွေလဲ မကြားချင်ယောင်ဆောင်နေတယ်ကချင်ငြိမ်းချမ်းရေး အစိုးရကတာဝန်ပေးရင်လုပ်မယ်ဆိုပြီး ရူးချင်ယောင်ဆောင်နေတယ် ဒါဆိုဘာလို့  အမေအမည်ခံနေမလဲ.တောင်းပန်ပါတယ် နောက်ပြည်သူတွေနဲ့  စကားပြောရင် အမေ အမေ ဆိုပြီး သုးံနူန်းမပြောပါနဲ့  ... မိခင်ဆိုတဲ့ အမေတွေ သိတ်ခါကျပါတယ်ဗျာ
ငါတို့မြန်မာတွေရယ်နိုးထကြပါတော့။အများကောင်းစားဖို့အတွက်ပါ။အားလုံးးညီအစ်ကိုမောင်နှမတွေပဲလေ။
နှစ်၁၀၀ကျော်ကျွန်ဖြစ်ခဲ့ပါပီ။
ဒေါ် စု မှန် ပါ တယ်
စား ထား တာ ကို။ ရို ဟင် ဂျာ အ ရေး တုန်း က လည်း ကု လား တွေ အ ပင်း စို့ ထား တော့ စောက် သံ ထွက် မ လာ ဘူး။ ခု လဲ ဘာ တွေ မျို စို့ ထား လဲ မ သိ။
ယခင်က ..ကယ်တင်ရှင်ကြီးပေါ့အပြောလေးကလဲ ..ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူအသံသာအဓိကပေါ့ .. ဟုတ်လို့  ဟုတ်ငြား ..ယုံကြည်မိတော့တတိုင်းပြည်လုးံက အားကိုးတကြီးနဲ့  အမေစု .. အမေစုရောလေရာတိုင်းက ခေါ်ကြပြောကြ ယုံကြည်ကြတာ .. ဖွတ်ဖွတ်ထွက်မှ တောင့်ပို့ မှန်းသိခဲ့ရတာ ...မိထွေးစိတ် ...မိထွေးဥာဏ်IT ခေတ် ဒေါ်စုရေ .. အချိန်နဲ့ တပြေးညီ အားလုးံသိနေ တွေ့ နေကြပြီတကောင်ကြွေး ၂ကောင်စားပြီး ကင်းဝယ်အကွက်ရွေ့ တာမဟုတ်လားဘာမှမဖြစ်လာလောက်တဲ့ ရခိုင်အရေးကြတော့လက်ရှောင်နေတယ်မအူပင်အရေးကြတော့လဲ မသိသလိုနေတယ် ..အလုပ်သမားရေးတွေလဲ ဘာမှမဖြစ်သလိုဘဲ မသိသလိုနေလိုက်တယ်လယ်သိမ်း ယာသိမ်း မြေသိမ်းတွေလဲ မကြားချင်ယောင်ဆောင်နေတယ်ကချင်ငြိမ်းချမ်းရေး အစိုးရကတာဝန်ပေးရင်လုပ်မယ်ဆိုပြီး ရူးချင်ယောင်ဆောင်နေတယ် ဒါဆိုဘာလို့  အမေအမည်ခံနေမလဲ.တောင်းပန်ပါတယ် နောက်ပြည်သူတွေနဲ့  စကားပြောရင် အမေ အမေ ဆိုပြီး သုးံနူန်းမပြောပါနဲ့  ... မိခင်ဆိုတဲ့ အမေတွေ သိတ်ခါကျပါတယ်ဗျာ
ဒေါ်စုရဲ့ကျွန်သားပေါက်လောက်ကောင်သခင်အားရကျွန်ပါးဝနဲ့ငါ့ကိုလာမဟောင်နဲ့
အင်းသေခါနီးမှအနေအထိုင်မတတ်တော့ပြည်သူ့ချဉ်ဖတ်
ဖြစ်သွားရှာပေါ့...တစ်သက်လုံးလုပ်ခဲ့သမျှသဲထဲရေသွန်ဖြစ်သွားပြီ...လွှတ်တော်ထဲမှာဘယ်လိုမျက်နှာမျိုးနဲ့ဝင်ထိုင်အုံးမှာလဲ...ရှက်စရာတော့ကောင်းသား
ဒို့အရေး ဒို့အရေး ဘယ်သူလာလုပ်လုပ် အလိုမရှိရေး ။
ငါတို့မြေကို ငါတို့ပိုင်တယ် ငါတို့ကာကွယ်မယ် ငါတို့နယ်မြေကိုဘယ်သူမှ ၀င်ရောက်စွက်မဖက်ရေး ဒို့အရေး ဒို့အရေး
ဒို့အရေး ဒို့အရေး ဘယ်သူလာလုပ်လုပ် အလိုမရှိရေး ။
ငါတို့မြေကို ငါတို့ပိုင်တယ် ငါတို့ကာကွယ်မယ် ငါတို့နယ်မြေကိုဘယ်သူမှ ၀င်ရောက်စွက်မဖက်ရေး ဒို့အရေး ဒို့အရေး
ဒို့အရေး ဒို့အရေး ဘယ်သူလာလုပ်လုပ် အလိုမရှိရေး ။
ငါတို့မြေကို ငါတို့ပိုင်တယ် ငါတို့ကာကွယ်မယ် ငါတို့နယ်မြေကိုဘယ်သူမှ ၀င်ရောက်စွက်မဖက်ရေး ဒို့အရေး ဒို့အရေး
like
like
မင်း တို့  ကေ၇ာ အ မေ အ ၇ွယ် ကို ဖာ နဲ့ နှိုင်း ကိုယ့်  အ ဆင့် အ တန်း ကို သိ စမ်း ပါ ခွေး သူ တောင်း စား တွေ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်