From : popular
www.MyanmarExpress.net
မန်းတိုင်းဒေသကြီးတံတားဦးရဲ့စခန်းရှေ့တွင်ယနေ့မနက်က
မျက်မမြင်အသက်၇၀ကျော်မိခင်အားလုပ်ကြွေးနေသူမိန်းကလေးတစ်ဦး
အသတ်ခံရမှုနှင့်ပတ်သက်၍
ဒေသခံများ၏တောင်းဆို ဆန္ဒထုတ်ဖော်မှုတစ်ခုဖြစ်ခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်မှာ ယခုလ ၈ရက်နေ့တွင် တံတားဦးမြို့ရှိ မြင်း
ဝန်သုသန်ထဲတွင် လူသေအလောင်းတစ်လောင်းတွေ့ရှိခဲ့ပြီး အဆိုပါ
အဆိုပါလူသေအလောင်းမှာ တံတားဦးမြို့ တွင် နေထိုင်သူ မစန်းစန်းဝင်း(ခ)
မဂွတိုဖြစ်ကြောင်း၊ မုဒိမ်းကျင့်၊ လူသတ်ကာ၊ လုယက်မှုများ
ကျူးလွန်ထားခံရပြီး တရားခံဆိုသူအား အဆိုပါနေ့တွင် နေ့ချင်းဖမ်းမိကြောင်းသိရသည်။
လူသတ်တရားခံဟု ယူဆရသူ ကို----သည် မြို့သာ မြို့
လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် သေဆုံးသူထံမှ ရယူထားသည့် နားကပ်၊
လက်စွပ်နှင့်အတူ ဖမ်းမိထားပြီးဖြစ်ဖြစ်ကြောင်း သိရသည်။
အဆိုပါသေဆုံးသူ မစန်းစန်းဝင်း(ခ)မဂွတိုမှာ မျက်မမြင်အသက်၇၀ကျော်
မိခင်အားလုပ်ကြွေးနေပြီး အတန်းပညာကောင်းစွာမရှိခြင်း၊ စကားမပီခြင်း၊
မိခင်အား ခေါင်းရွက်ဈေးသည်အဖြစ် ဈေလှည့်လည်ရောင်းကာ
ကျုံရာကျပန်းလုပ်ကိုင်ပြီး မိခင်အားလုပ် ကြွေးနေသူဖြစ်သောကြောင့်
စာနာစိတ်ဖြင့် အခုလိုတောင်းဆိုရခြင်းဖြစ်ကြောင်း ဆန္ဒထုတ် ဖော်ရာတွင်
ပါဝင်သူများထံမှ သိရသည်။
ဒါမလုပ်သင့်ပါဘူး။ ဒီအမျိုးသမီးက မိခင်မျက်မမြင်ကြီးကို
လုပ်ကြွေးနေတာ။ စာတောင်ကောင်းကောင်း တတ်တာမဟုတ်ဘူး။
သေဒဏ်ပေးသင့်တယ်ဟုဒေသခံတစ်ဦးက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တံတားဦးမြို့နယ်ရဲစခန်းမှ
တရားခံအား ပုဒ်မ ၃၀၂၊ ၃၉၂တို့ဖြင့် အရေးယူထားပြီး
တရားခံအားထိန်းသိမ်းထားကြောင်း ဥပဒေအတိုင်းဆက်လက်လုပ်ဆောင်သွားမည်ဖြစ်
ကြောင်း တာဝန်ကျ ရဲမှူးက ပြောသည်။
ဒီအမှူအတွက် အထက်ကတော့ ဘာမှ မညွှန်ကြားသေးဘူး။ မနက်က
သူတို့ဆန္ဒကို တောင်းဆိုတဲ့လူ ပါသလို တရားခံကို
ရုံးထုတ်မယ်ဆိုလို့မြင်ဘူးချင်လို့ လာကြည့်တဲ့ သူတွေလည်း ပါတယ်။
ဥပဒေအတိုင်း လုပ်ဆောင်သွားမှာပါ ဟု အဆို ရဲမှူးက ပြောသည်။သတင်း-ဖိုးလပြည့်၊ဓာတ်ပုံ - ဒိုးကြီး

9 comments:
May god bless her.
လူမဆန်တဲ့လုပ်ရပ်ကျူးလွန်းတဲ့ခွေးလိုကောင်ကို သေဒါဏ်နဲ့ပဲထိုက်တန်တယ်။
မူဆလင်ဆိုင်တွေမှာဈေးမဝယ်နဲ့
မူဆလင်တွေကိုလူရာသွင်းမဆက်ဆံနဲ့
ကိုယ့်ဗုဒ္ဓဘာသာမြန်မာလူမျိုးနဲ့မူဆလင်တွေအမှုအခင်းဖြစ်လာရင်မူဆလင်တွေကိုဝိုင်းတီးကြမယ်...အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ညီညီညွတ်ညွတ်ဆောင်ရွက်ကြပါစို့
ခွေးသခိုး ကို ကုန်းကုန်းလုပ်ပြစ်လိုက်ပါ
ခွေးသခိုး ကို ကုန်းကုန်းလုပ်ပြစ်
ရက်စက်လှချည်လား ဒီကောင့်ကို သေဒဏ် ပေး ကွာ
အဲဒီခွေးနာမည်ဘာလို့မရေးတာလဲ?
အဲဒီခွေးနာမည်ဘာလို့မရေးတာလဲ?
အဲဒီခွေးနာမည်ဘာလို့မရေးတာလဲ?
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်