From :
..သမ္မတရုံး
..
www.MyanmarExpress.net
နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သော
အမိန့်အမှတ် (၁/၂၀၁၃) ဖြင့် အရေးပေါ် အခြေအနေကြေညာခြင်းကို မတ် ၂၂ ရက်တွင်
ထုတ်ပြန်ခဲ့ပြီးနောက် မိတ္ထီလာမြို့၏ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းခဲ့ရာ မတ်
၂၂ ရက် ညပိုင်းမှ စတင်၍ အခြေအနေမှာ တည်ငြိမ်အေးချမ်းနေပြီ ဖြစ်သည်။
မီးလောင်ပျက်စီးဆုံးရှုံးခဲ့သော ဒုက္ခသည်များအား
ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ နေရာချထား ဆောင်ရွက်ပေးလျက်ရှိပြီး
၎င်းတို့အတွက် အခြေခံ စားသောက်ကုန်များ ဖြစ်သော ဆန်၊ ဆား၊ ပဲနှင့်
ထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဝေပေးလျက်ရှိသည်။ ကယ်ဆယ်ရေး လုပ်ငန်းများကို
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဘုန်းဆွေနှင့်
တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်
ဦးစီးသည့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးစခန်းအသီးသီးရှိ
ဒုက္ခသည်များ၏ စားသောက် နေထိုင်ရေးအတွက် လိုအပ်သည့် ကိစ္စအဝဝကို
ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပြီး မိတ္ထီလာခရိုင်
အုပ်ချုပ်ရေးမှူးရုံးတွင် အလှူခံဌာန ဖွင့်လှစ်ထားရှိ၍ စီစဉ်
ဆောင်ရွက်ပေးလျက် ရှိသည်။
ထို့ပြင် ယနေ့ နံနက်ပိုင်းတွင် ဒုက္ခသည်များအား
ရေသန့်၊ ခေါက်ဆွဲခြောက်နှင့် စားသောက်ကုန်များကို ဖြန့်ဝေပေးလျက်ရှိပြီး၊
စေတနာရှင်၊ အလှူရှင်များက လာရောက် လှူဒါန်းလျက်ရှိရာ ဧဒင်ကုမ္ပဏီ၊
မန္တလေးမြို့ရှိ သံဃာများနှင့် အလှူရှင်များ၊ The Action Time Foundation၊
Sky Net ရုပ်သံ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဦးအောင်ကျော်ဦး၊
ရမည်းသင်း ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်
တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဦးတို့က
ခေါက်ဆွဲခြောက်ထုပ်များ၊ မုန့်မျိုးစုံ၊ ရေသန့်ဗူးများ၊ အအေးဗူးများ၊
ဆန်အိတ်များ၊ ဆေးဝါးများ၊ မိုးကာတဲများ၊ အထည်မျိုးစုံ၊ ကော်ဖီမစ်ထုပ်များ၊
ဓါတ်ဆားထုပ်များနှင့် အလှူငွေများကို လာရောက်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
ကယ်ဆယ်ရေးစခန်းများ၌ ယာယီနေထိုင်လျက်ရှိသော
ဒုက္ခသည်များအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ပေးပို့သည့်
ထောက်ပံ့ရေးပစ္စည်းများသည် ရန်ကုန်မြို့မှ မိတ္ထီလာမြို့သို့ ယနေ့
မွန်းလွဲပိုင်းတွင် Y-8 လေယာဉ်ဖြင့် ရောက်ရှိလာသည်။
ကယ်ဆယ်ရေးစခန်းများမှာ နေရပ်အသီးသီးရှိ မိမိတို့
နေအိမ်သို့ ပြန်လိုသူများကိုလည်း သက်ဆိုင်ရာက လုံခြုံရေး တာဝန်ယူ၍
လိုက်ပါပို့ဆောင်လျက်ရှိကြောင်း သိရှိရသည်။
လုံခြုံရေးတာဝန်ကျ ဝန်ထမ်းများသည်
ဒေသတည်ငြိမ်အေးချမ်းရေးကို အပြည့်အဝ ဆောင်ရွက်နိုင်ခဲ့ပြီးနောက် နယ်မြေ
ရှင်းလင်းရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းမှ စတင် ဆောင်ရွက်လျက်ရှိရာ
ရပ်ကွက် အပျက်အစီးများအတွင်းမှ စုစုပေါင်း သေဆုံးသူ (၂၁) ဦး၏
ရုပ်အလောင်းများကို ထပ်မံ ရှာဖွေ တွေ့ရှိခဲ့သည်။
အဆိုပါ ရုပ်အလောင်းများသည် ရုပ်ဆင်းအင်္ဂါပျက်ယွင်းနေပြီး အမည်နှင့် လူမျိုး ဘာသာ ခွဲခြားနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
မိတ္ထီလာမြို့၌ ဖြစ်ပွားသည့် ဆူပူအကြမ်းဖက်မှု
ဖြစ်စဉ်ကြောင့် ယနေ့ ညနေပိုင်းအထိ ရရှိသော သတင်းများအရ သေဆုံးသူ စုစုပေါင်း
(၃၂) ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
2 comments:
ရှင်းနေတာကို လာမရှုပ်နဲ့: အင်တာနက်မှာ မြန်မာမလေးတွေကို မွတ်ဆလင်ကုလား စော်ကားနေတာ တမင် ယုတ်မာပြနေတာ တွေ့တယ် မဟုတ်လား ဒါတောင် ကုလားတကောင်ပဲ ရှိသေးတယ် မနာတတ်ဘူးလား
24 Mar 13, 11:42 PM
ရှင်းနေတာကို လာမရှုပ်နဲ့: အင်တာနက်မှာ ကြည်မလား ယခင် မြန်မာမယူရင် ဗလီကငွေထောက်ပံ့မယ်ဆိုတာ ဖတ်မလား မြန်မာပြည်မှာ နေပြီး မြန်မာကို စော်ကားယုတ်မာဖို့ ကြံနေတဲ့ အကျိုးဆက်တွေပဲ ဒါကိုအရင်ရှင်းရမယ်
24 Mar 13, 11:39 PM
ရှင်းနေတာကို လာမရှုပ်နဲ့: တခုပဲ ရှင်းရှင်းပြောမယ် မွတ်ဆလင်တွေက စပြီး မစော်ကားခဲ့ရင် ရခိုင်မှာပဲဖြစ်ဖြစ် မိတ္တီလာမှာပဲဖြစ်ဖြစ် ဘယ်နေရာဒေသမှာဖြစ်ဖြစ် ဘာမှ ဖြစ်လာစရာမရှိဘူး ဖြစ်လာမှ အချင်းချင်းစောက်ပြစ်တင်နေတဲ့ သူတွေကိုပြောချင်တယ်
ပြဿနာဖြစ်တိုင်း မြန်မာကစတာမဟုတ်ခဲ့ပဲ မွတ်ဆလင်ကုလားများကသာ လူပါးဝလို့ ဖြစ်ခဲ့ရတာကို ပြန်စဉ်းစားသုံးသပ်ဖို့လိုတယ် ပြီးရင် အရင်ဆုံးငိုပြတတ်တာလည်း ဒီမွတ်ဆလင်ကုလားမျိုးပါပဲ တခြား ကုလားတွေက ပြဿနာမရှာဘူး မြန်မာလိုနေတယ် မြန်မာစိတ်ထားတယ် မြန်မာအပေါ် မယုတ်မာဘူး ဒီ မွတ်ဆလင်ကုလားမျိုးက ယုတ်မာကောက်ကျစ်တယ် တခြား ဘာသာဝင်ကုလားများအပေါ်တောင် ယုတ်မာတယ် အမြဲ ဆင်ကြံ ကြံနေကြတာ သိထားသဘောပေါက်ထားသင့်တယ် မွတ်ဆလင်ကုလားကို ဦးစားပေးလို့မရပါ အရင်က မွတ်ဆလင်ကို အရောဝင်ခဲ့တဲ့ သနားကြင်နာတတ်သူ အုပ်ချူပ်ရေးပိုင်းက သူတွေကြောင့် မွတ်ဆလင်တွေ ရောင့်တက်လာနေပြီး သူတို့အင်အားများလို့ကတော့ မြန်မာကလေး မိန်းမ ရှောင်မှာမဟုတ်ဘူး မြန်မာမတွေ မုဒိန်းကျင့်ခံရမယ် ဗလီထဲမှာ အင်တာနက်မှာတောင် မွတ်ဆလင်ကုလားက မြန်မာမတွေကို စော်ကားပြီး တင်နေတာကလည်း လက်တွေ့ပဲ ဒါအခြေခံတွေပဲ ဒီတော့ မွတ်ဆလင်တွေအပေါ် ဒေါသတကြီးတုန့်ပြန်တာကို လူကြီးတွေ နားလည်ဖို့လိုတယ် မင်းကိုနိုင်အကြောင်းလည်း ပေးစာပို့ပါဦးမယ် ဒီခွေးမျိုး စောက်သုံးမကျပုံကို ကျူပ်တို့လည်း ကြင်နာတတ်ပါတယ် ဒါပေမယ့် လုပ်သင့်တာတော့ လုပ်ကြရမယ် ကာကွယ်ရမယ် တားဆီးရမယ် ဒါပါပဲ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်