From :
..eleven

ဆားလင်းကြီးမြို့နယ် တုံကျေးရွာသပိတ်စခန်းတွင် ယနေ့ မတ်လ ၁၃ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က လူအင်အား ၂၀၀ ခန့် လက်ပံတောင်းတောင် စီမံကိန်းအစီရင်ခံစာနှင့် ပတ်သက်၍ လမ်းလျှောက်ဆန္ဒပြပွဲတစ်ခု ပြုလုပ်လျက်ရှိကြောင်း သိရသည်။
လက်ပံတောင်းစီမံကိန်း လုံးဝဖျက်သိမ်းရန် တောင်းဆိုနေကြခြင်းဖြစ်ပြီး မတ် ၁၂ ရက် အစိုးရပိုင် သတင်းစာမှတစ်ဆင့် ထုတ်ပြန်ခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာအားလည်း ကျေနပ်မှုမရှိကြောင်း ဒေသခံများက ဆိုသည်။
"ဒီတောင်ကြီးတွေက ဒေသခံတွေရဲ့ အသက်ပါ။ ဒီစီမံကိန်းကို လုပ်ခဲ့တုန်းကလည်း ခြိမ်းခြောက်မှုတွေနဲ့ လုပ်ခဲ့တယ်။ တောင်သူတွေရဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်ရတဲ့အပြင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှုတွေလည်း လုပ်ခဲ့တယ်။ အခုအစီရင်ခံစာမှာ ဒီလောက် မီးလောင်ဒဏ်ရာတွေ ရတာကို မီးခိုးဗုံးလို လုပ်ထားတုန်းပဲ။ ပြီးတော့ စီမံကိန်း လုံးဝရပ်ဆိုင်းဖို့ တစ်ခုပဲ အဓိကတောင်းဆိုတာ ဖြစ်တဲ့အတွက် ဒီအစီရင်ခံစာကို သဘောမတူပါဘူး။ ဆက်လက်တောင်းဆိုမှုတွေ ပြုလုပ်သွားမှာပါ" ဟု သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရမှုတွင် ပါဝင်ခဲ့သော တုံကျေးရွာသပိတ်စခန်းမှ ဒေသခံတစ်ဦးက ဆိုသည်။
သိမ်းဆည်းခံခဲ့ရသော မြေယာများအတွက် လျော်ကြေးညှိနှိုင်းသွားမည် မဟုတ်ကြောင်း၊ လျော်ကြေးလိုချင်သည့်အတွက် ဆန္ဒပြရခြင်း မဟုတ်ဘဲ စီမံကိန်းဖျက်သိမ်းရန်သာ တောင်းဆိုသွားမည်ဖြစ်ကြောင်း တုံကျေးရွာသပိတ်စခန်းမှ မစန္ဒာဝင်းက ဆိုပါသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာပါ ကော်မရှင်၏ တွေ့ရှိအကြံပေးချက်များအတိုင်း လုပ်ဆောင်ပါက အကျိုးရှိသည့် အချက်များ ပါဝင်သော်လည်း ဒေသခံများနှင့် အငြင်းပွားစရာ အချက်များပါဝင်နေဆဲဖြစ်ကြောင်း ပညာရှင်အချို့က သုံးသပ်ထားသည်။
လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ ပါဝင်ဆောင်ရွက်ခြင်းသည် ယင်းဒေသ အကျိုးတစ်ခုတည်းအတွက် မဟုတ်ဘဲ နိုင်ငံ၏ အနာဂတ်ကို မျှော်ကိုး၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မတ် ၁၂ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သတ္တုတွင်းနယ်မြေတွင် ဖြစ်ပွားခဲ့သော လူမှုဝန်းကျင်ပြဿနာများသည် မြေယာသိမ်းဆည်းမှုနှင့် ပြောင်းရွှေ့နေရာချထားမှု အပေါ်တွင် အဓိကအားဖြင့် အခြေပြုခဲ့သည်ဟု သုံးသပ်ရကြောင်း၊ ကြေးနီသတ္တုတွင်း လုပ်ငန်းအဆင့်ဆင့်အား ပွင့်လင်းမြင်သာစေမှု (Transparency)၊ သတ္တုတူးဖော် ထုတ်လုပ်ရန်အတွက် မြေလိုအပ်ချက်အား စနစ်တကျသိရှိ နားလည်စေမှုနှင့် အဆိုပါလုပ်ငန်းများကြောင့် နိုင်ငံတော်နှင့် သက်ဆိုင်ရာ အရပ်ဒေသအတွက် အကျိုးကျေးဇူး ရှိနိုင်ပုံများအား သိသာသော အထောက်အထား၊ အချက်အလက်များ ပြသမှု၊ ထိုက်တန်သော ပေးလျော်မှု၊ အစားထိုး တည်ဆောက်ပေးမှုနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်း ဘ၀အတွက် ထိရောက်သော စီမံဆောင်ရွက်ပေးမှုများ လိုအပ်သည်ဟု အကြံပြုကြောင်း အပြီးသတ် အစီရင်ခံစာ၌ ဖော်ပြထားသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ကြေးနီစီမံကိန်းတစ်ခုဖြစ်ပြီး ယင်းသို့ ကြီးမားသော လုပ်ငန်းမှ နိုင်ငံတော်အတွက် အကျိုးကျေးဇူးရှိသည် မှန်သော်လည်း ရရှိသည့် အကျိုးကျေးဇူးမှာ နည်းပါးသည်ဟု ကော်မရှင်နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ဤအချက်ကို သုံးသပ်၍ အလေးထားပြောကြားခဲ့ကြောင်း အပြီးသတ် အစီရင်ခံစာ၌ ဖော်ပြထားသည်။
လက်ပံတောင်းတောင် အစီရင်ခံစာပါ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာအပေါ် မြန်မာ့စီးပွားရေး ဦးပိုင်မှ သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို မတ် ၁၂ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။
ထို့ပြင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်အနေဖြင့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတွင် ဖော်ပြအကြံပြုထားသော မြေယာလျော်ကြေး ကိစ္စများ၊ စိုက်ပျိုးမြေ ပြန်လည်ဖော်ထုတ်ရေး ကိစ္စများ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်အား ပြန်လည်ပြင်ဆင် ချုပ်ဆိုရေးကိစ္စများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု/ထုတ်လုပ်မှု/လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှု အပြည်ပြည်ဆိုင်ရာ လက်မှတ်များရရှိရေး ကိစ္စရပ်များ၊ ဒေသခံ လူထုအတွက် အကျိုးကျေးဇူး ရရှိစေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ၊ ဆာလ်ဖျူရစ်အက်ဆစ်စက်ရုံဆိုင်ရာ ကိစ္စရပ်များ စသည့်အကြံပြုချက်များကို ၀န်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည့်အပြင် နိုင်ငံတကာအဆင့်မီ ပြည်ပကျွမ်းကျင်သူ ကုမ္ပဏီများအား ငှားရမ်း၍ စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ၀မ်ပေါင်ကုမ္ပဏီက မတ် ၁၃ ရက်နေ့ရက်စွဲဖြင့် သတင်းမီဒီယာများသို့ ပေးပို့ခဲ့သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအပေါ် ရှင်းလင်းထုတ်ပြန်ချက်တွင် ကျွန်တော်တို့ ၀မ်ပေါင်ကုမ္ပဏီသည် ဒေသခံပြည်သူများ၏ အကျိုးစီးပွားအပြင် မြန်မာနိုင်ငံ ပြည်သူလူထုများအတွက်ပါ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများ၌ ထိထိရောက်ရောက် စဉ်ဆက်မပြတ် ဆောင်ရွက်အကျိုးပြုသွားမည်ဟု ကျွန်တော်တို့မှ အလေးအနက် ပြောကြားကတိပြုပါသည်ဟု ဖော်ပြထားသည်။
. www.MyanmarExpress.net

10 comments:
ပြကြပြကြ ရွာထဲက ကလေးတွေကုန်သွားရင် ခွေးတွေရှိသေးတယ်မဟုတ်လား? သူတို့ကိုလည်းခေါ်ပြီးပြခိုင်းလိုက်အုံး မင်းတိုလည်းအနားယူလို့ရတာပေါ့ မင်းတို့အသိနဲသူတို့အသိညဏ်ကအတူတူလောက်ပဲဟာ
ပြည်သူကိုမစော်ကားနဲ့ခွေးသား
ဖာစုအလိုမရှိ
ဖာစုထွက်သွား
ထမင်းစားပြီကြီးလာတဲ့သူ ကိုယ်ပိုင်အတွေးနဲစဉ်းစားတတ်တဲ့ပြည်သူကိုမစော်ကားဘူး ခွေးဦးနှောက်နဲ့ချီးစားပြီးကြီးတဲကောင်တွေကိုတော့စော်ကားတယ် မင်းရောဘယ်လိုကြီးလာလဲစဉ်းစားပေါကွာ
အပေါ်ဆုံးကတယောက်.............ဘာအသိညဏ်နဲ.ေ၇းတာလည်း မင်းကိုကြည်.၇တာစစ်ခွေးထင်တယ်သူတောင်းစား
သေလေ
အမိယုတ် လို့ နှုတ်ကြမ်းလားမသိဘူး ခွေးသား အဘွားအရွယ် လဲ ဆဲ နေတယ် အဲလောက် သတ္တိရှိ ရင် ဖုန်း နဲ့ လိပ်စာပေးစမ်းခွေးမျိုးရဲ့ မင်းဆဲ လွန်းလို့ တဘက်ကလူတွေ တောင် သူ့ သနား နေပြီ ခွေးရဲ့၊ နားလည်လား:-)
ယခင်က ..ကယ်တင်ရှင်ကြီးပေါ့အပြောလေးကလဲ ..ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူအသံသာအဓိကပေါ့ .. ဟုတ်လို့  ဟုတ်ငြား ..ယုံကြည်မိတော့တတိုင်းပြည်လုးံက အားကိုးတကြီးနဲ့  အမေစု .. အမေစုရောလေရာတိုင်းက ခေါ်ကြပြောကြ ယုံကြည်ကြတာ .. ဖွတ်ဖွတ်ထွက်မှ တောင့်ပို့ မှန်းသိခဲ့ရတာ ...မိထွေးစိတ် ...မိထွေးဥာဏ်IT ခေတ် ဒေါ်စုရေ .. အချိန်နဲ့ တပြေးညီ အားလုးံသိနေ တွေ့ နေကြပြီတကောင်ကြွေး ၂ကောင်စားပြီး ကင်းဝယ်အကွက်ရွေ့ တာမဟုတ်လားဘာမှမဖြစ်လာလောက်တဲ့ ရခိုင်အရေးကြတော့လက်ရှောင်နေတယ်မအူပင်အရေးကြတော့လဲ မသိသလိုနေတယ် ..အလုပ်သမားရေးတွေလဲ ဘာမှမဖြစ်သလိုဘဲ မသိသလိုနေလိုက်တယ်လယ်သိမ်း ယာသိမ်း မြေသိမ်းတွေလဲ မကြားချင်ယောင်ဆောင်နေတယ်ကချင်ငြိမ်းချမ်းရေး အစိုးရကတာဝန်ပေးရင်လုပ်မယ်ဆိုပြီး ရူးချင်ယောင်ဆောင်နေတယ် ဒါဆိုဘာလို့  အမေအမည်ခံနေမလဲ.တောင်းပန်ပါတယ် နောက်ပြည်သူတွေနဲ့  စကားပြောရင် အမေ အမေ ဆိုပြီး သုးံနူန်းမပြောပါနဲ့  ... မိခင်ဆိုတဲ့ အမေတွေ သိတ်ခါကျပါတယ်ဗျာ
စစ်ခွေးကမင်းဖင်ချနေလို့လား စစ်ခွေးကခွေးဝဲစားထက်သာတယ်ကွ ခွေးဝဲစားရ
ဒီလို လုပ်ပေးမယ် ဟိုလိုလုပ်ပေးမယ်နဲ့
ပျားရည်နဲ့ဝမ်းချ
ခုမှ ဆားရည်နဲ့ ပက်တာခံရတယ်။
ဒီလို ဖြစ်စေရမယ်၊ ဟိုလိုဖြစ်စေရမယ်နဲ့
အလွယ်စကားတွေပြောပြီး အဆွယ်တရားတွေဟောတဲ့
ဇရာနှောင်းပေမယ့် မာယာကောင်းတဲ့ ဒေါင်းကဝေကြောင့်
ခြင်္သေ့ကို အငြိုးထား
ခွပ်ဒေါင်းကို ကိုးစားမိတဲ့
ရိုးသားတဲ့တို့ပြည်သူတွေမှာ
ခုထိလည်း ထူးမခြားနား။
( လုလင်- ပြောသည် )
ဟေ့ မအေပေးတွေ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်