From :
..မြစ်မခ
မန္တလေးတိုင်းဒေသကြီး၊ မိထ္တီလာမြို့တွင် အစိုးရအနေဖြင့် လုံခြုံရေးကို ပိုမိုတင်းကြပ်ပေးသင့်ကြောင်း ဒေသခံပြည်သူလူထုက တောင်းဆိုလျက်ရှိသည်။
မတ်လ ၂၀ ရက်နေ့ နံနက် ပိုင်းတွင် မိတ္ထီလာရွှေဆိုင်ကတဆင့် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် မတ်လ ၂၀ ရက်နေ့ ညပိုင်းတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သော်လည်း အကြမ်းဖက်မှုများ ဆက်လျက်ဖြစ်ပွားနေသောကြောင့် အစိုးရအနေဖြင့် ပြည်သူလူထုအတွက် လုံခြုံရေးကို ပိုမိုတင်းကြပ်သင့်ပြီး အကြမ်းဖက်ခြင်းကို အရေးယူထိန်းသိမ်းဖို့ လိုအပ်နေကြောင်း မိထ္တီလာရှိ တပ်မတော်အရာရှိတစ်ဦး၏ အမည်မဖော်လိုသူဇနီးဖြစ်သူက မြစ်မခသို့ဆက်သွယ်ပြောဆိုလာသည်။
“ အာဏာပိုင်တွေကသာ အခြေအနေကိုအချိန်မီထိန်းနိုင်ခဲ့ရင် ခုလောက်ထိဖြစ်လာမယ်မဟုတ်ဘူး ၊ ညရောက် တော့ဘယ်ကဟာတွေမှန်းမသိဘူး တော်တော်လေး အကြမ်းဖက်လာတယ် ” ဟု အဆိုပါ တပ်မတော်အရာရှိ တစ်ဦး၏ ဇနီးဖြစ်သူက ပြောဆိုသည်။
မတ်လ ၂၀ ရက်နေ့မှ စတင်ပြီး နှစ်ဖက်စလုံးက မီးများရှို့ခြင်းအကြမ်းဖက်ခြင်းများကို ဆက်တိုက်ပြုလုပ်လာသောကြောင့် ဒေသခံများမှာ စိုး၇ိမ်ကြောင့်ကျနေကြကြောင်း သိရသည်။
လက်ရှိအခြေအနေမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း သက်ဆိုင်ရာအစိုးရအဖွဲ့နှင့်တာဝန်ရှိသူများက ဝင်ရောက်ဖြန်ဖြေမှု မရှိပဲ ရပ်ကြည့်နေခြင်းကြောင့် အကြမ်းဖက်မှုများ တိုးလာခြင်းဖြစ်ကြောင်း ဒေသခံအချို့က သုံးသပ်ဝေဖန်သည်။
“ မီးငြိမ်းဖို့သွားတယ် ၊ သွားတဲ့အခါမှာ ကုလားအိမ်ကိုမီးသွားငြိမ်းရင် ဗမာက ရန်ရှာတယ် ၊ ဗမာအိမ်မီးသွားငြိမ်းရင် ကုလားက ရန်ရှာတယ် ၊ ဗမာဖက်ကနေ ကျနော်တို့ကို ဓါးရှည်နဲ့ လှမ်းပစ်တာ လူတော့ မမှန်လိုက်ဘူး ၊ ဓါးတော့ကားပေါ်ပါလာတယ် ” ဟု မီးသတ်ကတာဝန်ရှိသူက ပြောသည်။
မိထ္တီလာမီးသတ်သည် လက်ရှိအချိန်တွင် သာစည် ၊ မလှိုင် ၊ ၀မ်းတောနှင့်
ပျော်ဘွယ်မြို့မှ မိးသတ်အဖွဲ့များ လာရောက်ပူးပေါင်းထားကြပြီး မီးသတ်သမား
(၃၀)ီးနှင့် မီးသတ်ကား (၁၁)စီးရှိကြောင်းသိရသည်။
လက်ရှိအခြေအနေတွင် သက်ကြီးရွယ်အိုများနှင့်ဒေသခံအချို့မှာ ၊ ကူညီမည့်သူများ အရေးပေါ်လိုအပ်လျက်ရှိကြောင်းပြောသည်။
“ ပိုက်ဆံတတ်နိုင်တဲ့သူတွေကတော့မန္တလေးဘက်တို့ ပျော်ဘွယ်ဘက်တို့ကို ပြေးကုန်ပြီ ၊ တစ်ချို့မတတ်နိုင်တဲ့သူတွေကတော့ အမျိုးသမီးတွေကအစ ကိုယ့်အထုတ်ကိုပိုက်ပြီး တုတ်ကိုင်ပြီးထိုင်စောင့်နေကြရတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ရဲအင်အားများနည်းပါးနေပြီး ရဲများပင်လုံခြုံမှုမရှိကြောင်းသိရပြီး ပြသနာဖြစ်ပွားနေသောနေရများမှ ဒေသခံ များကို
လုံခြုံရေးပေးပြီး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေသည်ဟု သိရသည်။
“ နေရာအနှံ့မှာဖြစ်နေတယ် ၊ ကျနော်ရှိတဲ့နေရာမှာတော့
ရဲကိုမတွေ့ရသလောက်ဖြစ်နေတယ် ၊ ခုသိထားတာကတော့
အပြစ်မဲ့ပြည်သူတွေကိုဘေးကင်းရာရွှေ့ဖို့အတွက် ရဲတပ်ဖွဲ့က အကူအညီပေးနေတယ် ”
ဟု၎င်းကပြောကြားသည်။
ထိုအကြမ်းဖက်ခြင်းများကြောင့် လူသေမှုများရှိနိုင်သော်လည်း စာရင်းအတိအကျ ရရှိနိုင်ရန် ခက်ခဲလျက်ရှိကြောင်း သိရှိရသည်။
မိထ္တီလာမြို့သို့ရောက်ရှိနေသော မန္တလေးမြို့မစိုးရိမ်တိုက်သစ်မှ ဆရာတော်ဝီရသူက နှစ်ဖက်လုံးအပြန်အလှန်တိုက်ခိုက်မှုများရှိေ
နပြီး ရဲတပ်ဖွဲ့မှ အစ္စလာမ် ဘာသာဝင်များအား
ဘေးကင်းရာသို့ ခေါ်ဆောင်သွားသည်ကို တွေ့မြင်နေရကြောင်း ၊ လူအသေအပျောက်
များရှိနိုင်သော်လည်းစာရင်းအတိအကျမသိရသေးကြောင်းဆရာတော်အနေဖြင့် ဆေးရုံးသို့
ဝင်ခွင့်မရသေးကြောင်း မိန့်ကြားခဲ့သည်။
.. www.MyanmarExpress.net

3 comments:
မသိလို့မေးပါရစေအဲ့ဒီလုံခြုံရေးရဲတပ်ဖွဲ့ဆိုတာဗုဒ္ဓဘာသာမြန်မာလူမျိုးတွေကိုကာကွယ်ဖို့ထားတာလားမူဆလင်ကုလားတွေကိုကာကွယ်ပေးဖို့လား
အခုမြင်တွေ့နေရတဲ့အနေအထားတွေကိုကြည့်ရင်မြန်မာပြည်တွင်းမှာဖြစ်တဲ့ကိစ္စဖြစ်ပြီးဖြစ်လိုက်တာနဲ့မြန်မာတွေပဲပိုခံရပိုသေကြရခိုင်တိုင်းရင်းသားတွေပဲပိုခံရပိုသေကြဖြစ်နေကြတယ်မူဆလင်တွေကသူတို့ကလည်းစော်ကားသေးသူတို့ကပဲလုပ်သွားသေးဖြစ်နေတယ်လုံခြုံရေးယူတဲ့အာဏာပိုင်အဖွဲ့အစည်းတွေကလည်းမူဆလင်ဆိုအကာအ
ကွယ်ပေးပြီးမြန်မာဆိုနှိပ်ကွပ်နေကြတယ်ကြည့်ရတာသူတို့တွေလည်းမူဆလင်ဖြစ်ကုန်ပြီနဲ့တူတယ်ဒီအတိုင်းဆက်သွားရင်တော့တိုင်းပြည်အတွက်ရင်လေးစရာပဲ"အမျိုးဘာသာ သာသနာပျောက်မှာစိုးကြောက်လှပါသည်"
iမှန်တယ် စစ် အ စိုး ရ လက် ထက် က တည်း က ကု လား ကို ကာ ကွယ် ပေး တယ် တ ရုတ် က်ု ကာ ကွယ် ပေး တယ် မ ထူး ပါ ဘူ တရုတ် ပြည် နယ် ဘဲ လုပ် လုပ် ကု လား ပြည် နယ် လုပ် လုပ် လုပ လိုက် ကြ တော့ ဧို့
ငါ တို့ ကို ကာ ကွယ် ပေး ခဲ့ တဲ့ သူ က ဥိး နေ ဝင်း တ ယောက် ကွ အ ကြောင်း စုံ ကို လေ့ လာ ကြည့် ကြ ပေါ့
တရားဥပဒေ စိုးမိုးရေးအတွက် မိတ္ထီလာ အကြမ်းဖက်မှုမှာ ပါဝင်တဲ့ ကုလားရော ဗမာရော ဘုန်းကြီးရော အကုန်လုံး ကျောသားရင်သား မခွဲခြားပဲ မှတ်တမ်း ဓာတ်ပုံ Video ဖိုင်များနှင့် သတင်းပေးသူ များမှတဆင့် ရှာဖွေစီစစ် ဖော်ထုတ်ပြီး ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးကြပါ။ x
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်