From : 7day
မိထ္ထီလာမြို့တွင် မတ်လ၂၀ရက်မှ ယနေ့အထိ ဖြစ်ပေါ်နေသော လူအုပ်စုဖွဲ့ အကြမ်းဖက်မှုများကို ရဲတပ်ဖွဲ့များ၊ လုံခြုံရေးဝန်ထမ်းများမှ နိုင်နင်းစွာထိန်း သိမ်းနိုင်ခြင်းမရှိခြင်းမှာဆူပူမှုကို အခွင့်ကောင်း ယူဖန်တီး သူများေ ကြာင့် ဖြစ်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။
လက်ရှိအချိန်တွင် မိထ္ထီလာမြို့တွင်း၌ မြို့ခံများမှာ နေအိမ်များကို စွန့်ခွာထွက်ပြေးနေရပြီး မြို့၏ပဋိပက္ခကို သတင်းလာရောက်ရယူသော သတင်းထောက်အချို့မှာ ခြိမ်းခြောက်ခံရခြင်း၊ မြို့တွင်း ပိတ်မိနေခြင်းတို့ ကြုံတွေ့နေရကာ လုံခြုံရေးအခြေအနေ အားနည်းမှုကြောင့် အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများအပေါ် ဝေဖန်မှုထွက်ပေါ်လျှက်ရှိသည်။
အကြမ်းဖက်မှုများ နိုင်နင်းအောင် ထိန်းသိမ်းနိုင်ခြင်း မရှိခြင်းမှာရဲအင်အား မလုံလောက်ခြင်း က အဓိကမကျဘဲ လူဦးရေ ခြောက်သိန်းခန့်ရှိသည့် မြို့ကြီးကို တည်ငြိမ်အောင် ထိန်းသိမ်းရသည်မှာ မြို့ခံများကိုယ်တိုင်၏ ပူးပေါင်းပါဝင်မှု၊ တရားဥပဒေစိုးမိုးမှုအပေါ် လိုက်နာမှု အဓိကကျကြောင်း ဦးရဲထွဋ်က ပြောသည်။
“ခုဟာက ရဲက မြောက်သွားရင် တောင်က လုတယ်။ တောင်သွားရင် မြောက် ကလုတယ်။ အဲဒီလိုဖြစ်နေတယ်။ အဓိကက ရဲအင်အားမလုံလောက်တာ မဟုတ်ပါဘူး။ လူဦးရေ လေးငါးခြောက်သိန်းလောက်ရှိတဲ့ မြို့ကြီးကို ကာကွယ်ဖို့က လူတွေကိုယ်တိုင်က မဆူချင်မပူချင်မှရတာ။ ခုဟာက ကျွန်တော်တို့ သိရသလောက် လုချင်ယက်ချင်တဲ့ သူက များနေတယ်”ဟုပြောသည်။
“သတင်းထောက်တွေကိုလည်း ဓာတ်ပုံရိုက်ရင် ရန်ရှာတယ်လို့ သတင်းတွေကြားထားပြီးပြီ။ အဲဒီလိုလူမျိုးတွေရှိတဲ့ နေရာမှာ ရဲတွေအလုပ်လုပ်ရတာ ဘယ်လောက်ခက်လဲ စဉ်းစားကြည့်ပါ”ဟု ဦးရဲထွဋ်က ပြောသည်။
လက်ရှိအချိန်တွင် မိထ္ထီလာမြို့၌ ရဲတပ်ရင်းသုံးရင်း၊ မိထ္ထီလာမြို့တောင်ဘက်ရမည်းသင်းခရိုင်မှ ရဲတပ်ဖွဲ့များ၊ ရမည်းသင်း ရဲသင်တန်းကျောင်းမှ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးအပြည့်ယူထားကြောင်း ဦးရဲထွဋ်က အတည်ပြုပြောကြားသည်။
မတ်လ ၂၂ ရက်(ယနေ့)တွင် ထပ်မံဖြစ်ပွားခဲ့သည့် ပဋိပက္ခအခြေအနေ သတင်းများကို ယနေ့ညနေ မြန်မာ့ရုပ်မြင်သံကြားသတင်းများ တွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့နေ့လည်ပိုင်းမှ စတင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တုတ်၊ဓား ကိုင်ဆောင်ထားသူများထံမှ တုတ်ဓားများကို သိမ်းဆည်းနေပြီး လုံခြုံရေးအတွက် တင်းကြပ်စွာ ဆောင်ရွက်နေကြောင်း
မိတ္ထီလာမြို့မှ သတင်းထောက်က သတင်းပေးပို့သည်။
.... www.MyanmarExpress.net
မိထ္ထီလာမြို့တွင် မတ်လ၂၀ရက်မှ ယနေ့အထိ ဖြစ်ပေါ်နေသော လူအုပ်စုဖွဲ့ အကြမ်းဖက်မှုများကို ရဲတပ်ဖွဲ့များ၊ လုံခြုံရေးဝန်ထမ်းများမှ နိုင်နင်းစွာထိန်း သိမ်းနိုင်ခြင်းမရှိခြင်းမှာဆူပ
လက်ရှိအချိန်တွင် မိထ္ထီလာမြို့တွင်း၌ မြို့ခံများမှာ နေအိမ်များကို စွန့်ခွာထွက်ပြေးနေရပြီး မြို့၏ပဋိပက္ခကို သတင်းလာရောက်ရယူသော သတင်းထောက်အချို့မှာ ခြိမ်းခြောက်ခံရခြင်း၊ မြို့တွင်း ပိတ်မိနေခြင်းတို့ ကြုံတွေ့နေရကာ လုံခြုံရေးအခြေအနေ အားနည်းမှုကြောင့် အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများအပေါ် ဝေဖန်မှုထွက်ပေါ်လျှက်ရှိသည်။
အကြမ်းဖက်မှုများ နိုင်နင်းအောင် ထိန်းသိမ်းနိုင်ခြင်း မရှိခြင်းမှာရဲအင်အား မလုံလောက်ခြင်း က အဓိကမကျဘဲ လူဦးရေ ခြောက်သိန်းခန့်ရှိသည့် မြို့ကြီးကို တည်ငြိမ်အောင် ထိန်းသိမ်းရသည်မှာ မြို့ခံများကိုယ်တိုင်၏ ပူးပေါင်းပါဝင်မှု၊ တရားဥပဒေစိုးမိုးမှုအပေါ် လိုက်နာမှု အဓိကကျကြောင်း ဦးရဲထွဋ်က ပြောသည်။
“ခုဟာက ရဲက မြောက်သွားရင် တောင်က လုတယ်။ တောင်သွားရင် မြောက် ကလုတယ်။ အဲဒီလိုဖြစ်နေတယ်။ အဓိကက ရဲအင်အားမလုံလောက်တာ မဟုတ်ပါဘူး။ လူဦးရေ လေးငါးခြောက်သိန်းလောက်ရှိတဲ့ မြို့ကြီးကို ကာကွယ်ဖို့က လူတွေကိုယ်တိုင်က မဆူချင်မပူချင်မှရတာ။ ခုဟာက ကျွန်တော်တို့ သိရသလောက် လုချင်ယက်ချင်တဲ့ သူက များနေတယ်”ဟုပြောသည်။
“သတင်းထောက်တွေကိုလည်း ဓာတ်ပုံရိုက်ရင် ရန်ရှာတယ်လို့ သတင်းတွေကြားထားပြီးပြီ။ အဲဒီလိုလူမျိုးတွေရှိတဲ့ နေရာမှာ ရဲတွေအလုပ်လုပ်ရတာ ဘယ်လောက်ခက်လဲ စဉ်းစားကြည့်ပါ”ဟု ဦးရဲထွဋ်က ပြောသည်။
လက်ရှိအချိန်တွင် မိထ္ထီလာမြို့၌ ရဲတပ်ရင်းသုံးရင်း၊ မိထ္ထီလာမြို့တောင်ဘက်ရမည်းသင်းခရိုင်မှ ရဲတပ်ဖွဲ့များ၊ ရမည်းသင်း ရဲသင်တန်းကျောင်းမှ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးအပြည့်ယူထားကြောင်း ဦးရဲထွဋ်က အတည်ပြုပြောကြားသည်။
မတ်လ ၂၂ ရက်(ယနေ့)တွင် ထပ်မံဖြစ်ပွားခဲ့သည့် ပဋိပက္ခအခြေအနေ သတင်းများကို ယနေ့ညနေ မြန်မာ့ရုပ်မြင်သံကြားသတင်းများ
ယနေ့နေ့လည်ပိုင်းမှ စတင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တုတ်၊ဓား ကိုင်ဆောင်ထားသူများထံမှ တုတ်ဓားများကို သိမ်းဆည်းနေပြီး လုံခြုံရေးအတွက် တင်းကြပ်စွာ ဆောင်ရွက်နေကြောင်း
မိတ္ထီလာမြို့မှ သတင်းထောက်က သတင်းပေးပို့သည်။
.... www.MyanmarExpress.net
7 comments:
"ခွေးကိုနှိုင် လေ သေနတ် ပစ်နေ သည်" လုံးချင်း ဝထ္ထု မကြာမီ မျော် စာရေးတပည့် ရှမ်းကြီး ကြော်ငြာပါ။ လုံခြုံ ရေး နဲ တယ်လို့ ဘယ်ငလည် က ပြောတာလဲ များတော့ အင် အား သုံးနိန်နင်း တယ်လို့ ခေါင်းစဉ်တပ်ချင် တာလား
လုံ ခြုံ ရေး အား နည်း သည် ဟု ဝေ ဖန် သူ များ ကိုယ့် မိ သား စု လုံ ခြုံ ရေး ပဲ နိုင် အောင် ထိန်း
ကြည့် ပါ ဦး
Ko Ye yal,soe yain lite tar.
Ko lote tha hmya ko pyan khan ya mye.a thi shi kya.
ကူ ညီ ဖို့ မ စ ဉ်း စား တ တ် တာေ ၀ ဖ န် အ ပြ စ် တ င် ဖို့ နဲ့ အ စိုး ရ မေ ကာ င်းေ ကြာ င်း ပြော ဖို့ ပဲ သိ ထား ကြ လို့ ပါ ခွ င့် လွ တ် လို က် ပါ။
right
လုံခြုံရေး ယူတာတောင် စောနေသေး တယ်။ မြန်မာပြည် မှာနေပြီး မြန်မာတွေ ကိုစော်ကား ချင်တဲ့ကုလား တွေကို အကုန်သတ်ပစ် ရမယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်