From :
..bbc
လက်ပံတောင်းတောင် စီမံကိန်း အစီရင်ခံစာကို လက်ပံတောင်းတောင် ကယ်ဆယ်ရေး ကော်မီတီက အဖွဲ့အတွင်း ဆွေးနွေးပြီး လက်ခံနိုင်စရာ မရှိဘူးလို့ ကော်မီတီ နာယာက ဦးအံ့မောင်က ဘီဘီစီကို ပြောပါတယ်။ အဓိကအားဖြင့် ကြေးနီတူးဖေါ်ရေးကို ဆက်လက် ဆောင်ရွက်သင့်တယ်လို့ ထောက်ခံ ရေးသားချက်ကို ကန့်ကွက်တာလို့သိရပါတယ်။
ဒေသခံပြည်သူတွေက လက်ပံတောင်း တောင်ကြီးပျောက်ကွယ်မှာ မလိုလားကြဘူးလို့ ဦးအံ့မောင်က ပြောပါတယ်။
ဒီအစီရင်ခံစာ တွေ့ရှိချက်တွေမှာ လက်ပံတောင်းကြီး ပျောက်ကွယ်မသွားအောင် ဆောင်ရွက်မယ့် အစီအစဉ်တွေ မပါတဲ့အတွက် ဒေသခံတွေက လက်မခံဘဲ လူထုဆန္ဒပြပွဲတွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။
အခုအစီရင်ခံစာနဲ့ ပတ်သက်လို့ ဒေသခံပြည်သူတွေကို ကော်မရှင်ဥက္ကဌ ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကွင်းဆင်း ရှင်းပြနေပါတယ်။ ဒီစီမံကိန်းကို ဖျက်သိမ်းရင် ဒေသအတွက်ကော တိုင်းပြည်းအတွက်ပါ အကျိုးမရှိလို့ ရေရှည် အကျိုးကိုကြည့်ပြီး ဆောင်ရွက်သင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ အစီရင်ခံစာ ထွက်လာပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ်လူထုယုံကြည် အားကိုးမှု ဘယ်လိုဖြစ်သွားမလဲလို့ မေးစရာရှိပါတယ်။ လူထုရော တိုင်းပြည်ကပါ ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုလေးစားသလို လူထုအကျိုးဆက်သယ်ပိုးမယ်ဆိုရင် ခေါင်းပေါ်တင်ထားမှာဖြစ်ကြောင်း ဒါပေမယ့် လူထုအကျိုးကို ထိခိုက်လာအောင်လုပ်ဆောင်လာ ရင်တော့ ဘယ်လမ်း ဘယ်ပုံဆိုက်ကြမယ်ဆိုတာ မပြောနိုင်ဘူးလို့ စာရေးဆရာ ဦးအံ့မောင်က ဘီဘီစီကို ပြောကြားသွားပါတယ်။
.. www.MyanmarExpress.net

7 comments:
အင်္ဂလန်သာမြန်မြန်ပြန်ပါတော့မလည်ရှုပ်ချီးထုပ်ကြီးရယ်
Give them martial law!
စောက်ရှုး........
ဟဲဟဲ..လက်ပန်းတောင်းတောင်ကယ်ဆယ်ရေးကော်မတီတဲ့..ဓါတ်ပုံထဲ ကဆန္ဒပြတဲ့ရွာသူတွေကလည်း ပြုံးပြုံး..ပြုံးပြုံးနဲ့ တော်တော်ပျော်နေကြတဲ့ပုံပဲ..ဘာတွေမှန်းလဲမသိဘူး
အုန်း မောင် ပြော နေ တဲ့ ပုံ က "သူဉီး နှောက် မ ရှိ ဘူး ဆို သိ သာ တယ်။အ မေ စု ပြော တာ ကို စဉ်း စား သင့် တယ်။စီ မံ ကိန်း တိုင်း သာ ဖျက် ရ ရ င် တို့ နိုင် ငံ ခွေး ဖြစ် ပြီ။
စောက်ကြီးစောက်ကျယ်တွေပြေနေတာ လက်ပတောင်းတောင်ကယ်တင်ရေးတဲ့ ကိုယ့်မိသားစုအဆင့်အတန်းတောင်မြင့်တက်လာအောင်မပြုနှိုင်ပဲနဲ့စောက်ကြီးစောက်ကျယ်ပြောနေတာ ဖိနပ်ကြားကနတ်စကားထွက်နေသလိုဖြစ်နေပီစောက်ရူးရေ
ယခင်က ..ကယ်တင်ရှင်ကြီးပေါ့အပြောလေးကလဲ ..ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူအသံသာအဓိကပေါ့ .. ဟုတ်လို့  ဟုတ်ငြား ..ယုံကြည်မိတော့တတိုင်းပြည်လုးံက အားကိုးတကြီးနဲ့  အမေစု .. အမေစုရောလေရာတိုင်းက ခေါ်ကြပြောကြ ယုံကြည်ကြတာ .. ဖွတ်ဖွတ်ထွက်မှ တောင့်ပို့ မှန်းသိခဲ့ရတာ ...မိထွေးစိတ် ...မိထွေးဥာဏ်IT ခေတ် ဒေါ်စုရေ .. အချိန်နဲ့ တပြေးညီ အားလုးံသိနေ တွေ့ နေကြပြီတကောင်ကြွေး ၂ကောင်စားပြီး ကင်းဝယ်အကွက်ရွေ့ တာမဟုတ်လားဘာမှမဖြစ်လာလောက်တဲ့ ရခိုင်အရေးကြတော့လက်ရှောင်နေတယ်မအူပင်အရေးကြတော့လဲ မသိသလိုနေတယ် ..အလုပ်သမားရေးတွေလဲ ဘာမှမဖြစ်သလိုဘဲ မသိသလိုနေလိုက်တယ်လယ်သိမ်း ယာသိမ်း မြေသိမ်းတွေလဲ မကြားချင်ယောင်ဆောင်နေတယ်ကချင်ငြိမ်းချမ်းရေး အစိုးရကတာဝန်ပေးရင်လုပ်မယ်ဆိုပြီး ရူးချင်ယောင်ဆောင်နေတယ် ဒါဆိုဘာလို့  အမေအမည်ခံနေမလဲ.တောင်းပန်ပါတယ် နောက်ပြည်သူတွေနဲ့  စကားပြောရင် အမေ အမေ ဆိုပြီး သုးံနူန်းမပြောပါနဲ့  ... မိခင်ဆိုတဲ့ အမေတွေ သိတ်ခါကျပါတယ်ဗျာ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်