Subscribe to our RSS Feed

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး တပ်မတော် စိုးရိမ်



 လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းအား ဆန္ဒပြသူများက ရှေ့မှပိတ်ဆို့ တားဆီးကာ ပဠိပက္ခဖြစ်ပွားမှုများကြောင့် အသက် ၇၀ နီးပါး အရွယ်ရှိသော ဒေါ်အောင်ဆန်းစုကြည် အတွက် နေပြည်တော်မှ တပ်မတော် အဆင့်မြင့် အရာရှိကြီးများက စိုးရမ်လျှက်ရှိကြောင်း သတင်းရရှိသည်။


ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ယနေ့ နေ့လည် ၁၁ နာရီ မိနစ် ၃၀ ခန့်က မုံရွာမြို့အတွင်းသို့ ၀င်ရောက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်   လိုက်ပါလာသော ယာဉ်တန်းသည်
ပုသိမ်-မုံရွာ လမ်းဆုံနှင့် ကျော်ရွာအကြားတွင်အင်အား ၁,၀၀၀ ခန့်ရှိသည့် ဆန္ဒပြသူ လူအုပ်စုမှ ၀ိုင်းဝန်းပိတ်ဆို့ခဲ့၍ ပဋိပက္ခဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
 ဆန္ဒပြခေါင်းဆောင်များ လိုက်ပါလာသော ဆိုင်ကယ်က ယာဉ်တန်းအရှေ့တွင် ပိတ်ဆို့၍ ဆက်လက်ထွက်ခွာခြင်းမပြုရန် တားဆီးသဖြင့် ယာဉ်တန်းရှေ့တွင် လိုက်ပါလာသော အင်န်အယ်လ်ဒီ လုံခြုံရေးအဖွဲ့ဝင်များနှင့် အကြီးအကျယ်  ပဋိပက္ခဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်အား ယာဉ်တန်းတွင် လိုက်ပါလာသည့် တာဝန်ရှိသူအချို့၏ ၀င်ရောက်ထိန်းသိမ်းမှုကြောင့် ဆန္ဒပြသူများသည် ပုသိမ်-မုံရွာလမ်းအတိုင်း ၀မ်ပေါင်ကုမ္ပဏီ တည်ရှိရာဘက်သို့ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။


ဒေါ်အောင်ဆန်းစုကြည်သည် စီမံကိန်းဧရိယာအနီးရှိ ကံကုန်းကျေးရွာသို့ သွားရောက်နေပြီး ၎င်းလမ်းကြောင်းအတိုင်းပင် ဆန္ဒပြသူအုပ်စုမှာ လိုက်ပါသွားပြီး ပဠိပက္ခလည်း မပြီးဆုံးသေးကြောင်း သတင်းရရှိသည်။


ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် အစိုးရဖက်က အထူးသတိပြုကာ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရာ လမ်းကြောင်းတစ်လျှောက်တွင် လုံခြုံရေးရဲ အစောင့်အရှောက်များ ချထားပြီး သူမ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်တန်းတွင် ရဲလုံခြုံရေးကားတစ်စီး ပါရှိကြောင်း သိရသည်။

လုံခြုံရေးချထားသော်လည်း ရွာသားအင်အားနှင့် လုံခြုံရေး အင်အားမမျှသဖြင့် အရေးကြုံလာပါက ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ရန် နယ်မြေခံတပ်များအား သတိပေးထားကြောင်း သိရသည်။

   www.MyanmarExpress.net
 

18 comments:

စိုးရိမ်စရာမလိုပါဘူး အကြမ်းဖက်မဲ့ကောင်တွေကို ပစ်ဖို့ ပစ်မိန့်သာပေးလိုက်ပါ။

စနစ်တကျ အချိန် ယူလေ့လာပြီး ရေးသော အစီရင်ခံစာ နဲ့ ဘာမှ မလေ့လာဘဲ စီမံကိန်းရပ်လို့ ရေးသော အစီရင်ခံစာ ကြိုက်တာပြောပါ

မှန်ပါတယ်။ လက်ရှိအခြေအနေက ရှုပ်ထွေးနေတယ်။ ပွင့် ပွင့်လင်းလင်း ပြောရရင် သွေးဆူနေတဲ့ လူထုကြီးက သူတို့ ရဲ့ဆန္ဒနဲ့ ကိုက်ညီတဲ့ အစီရင်ခံစာ မဟုတ်တဲ့အတွက်( တစ် ချိန်က သူတို့ချစ်လှပါတယ်ဆိုတဲ့) ဒေါ်စုရဲ့ ဖြောင့်ဖျ စကား တွေကိုတောင် ခုချိန်မှာ နားဝင်ဘို့ သိတ်မလွယ်လှဘူး။ ဒီကြားထဲ အသိဥာဏ် မိုက်မဲတဲ့ ဒေသခံ တစ်ချို့ကြောင့် ဖြစ်စေ၊ သွေးထိုး မြှောက်ပင့်ပေးသူ တွေကြောင့်ဖြစ်စေ၊ ဒေါ်စုအနီးကပ် လုံခြုံရေး တာဝန်ယူထားတဲ့ NLD လူငယ် တွေနဲ့ ထိပ်တိုက် တွေ့ရာက မလိုလားအပ်တဲ့ ပြသနာတွေ တမဟုတ်ချင်း ဖြစ်သွားနိုင်တယ်။

ဒီအခြေအနေကို သိသိကြီးနဲ့ သွေးဆူနေတဲ့ ဒေသခံလူထု တွေကို ဖြောင့်ဖျချင်တဲ့ ဒေါ်စုရဲ့ စေတနာကို အသိအမှတ်ပြု လေးစားပေမယ့် ဒီလိုအချိန်မှာ ဒေါ်စုအနေနဲ့ ဒီလောက် မစွန့်စားသင့်ဘူးလို့ မြင်တယ်။ အစိုးရပိုင်း အနေနဲ့လည်း ဒေါ်စုရဲ့ လုံခြုံရေးကို လုံလောက်တဲ့အင်အား၊ ထိရောက်တဲ့ အစီအမံတွေနဲ့ ကာကွယ် ပေးရမယ့် အချိန်ပဲ။ မဟုတ်ရင် အမှိုက်ကစ ပြသာဒ်မီးလောင် ဖြစ်သွားနိုင်တယ်နော်။

အမေအမြန်ပြန်ခဲ့ပါ အမေ့စေတနာနဲ့ဒီစောက်ရူးတွေကမတန်ဘူး အဲ့ဒီကောင်တွေကသေပန်းပွင့်နေပြီ သူထိုက်နဲ့သူကံလွှတ်ပေးလိုက်စမ်းပါ နောက်မှသွေးရူးသွေးတန်းနဲ့အမေ့ကိုတကြရလိမ့်မယ်

ကျနော် အမြင်ပြောရရင် စီမံကိန်းရပ်ချင်ကြတဲ့ဒေသခံတွေဟာ သွေးထိုးလှုံ့ဆော် ပုံစံသွင်းခံရ မှန်းမသိ ပုံစံသွင်းခံနေရတာပါ။ နောက်တစ်ခုကတော့ စီမံကိန်းရပ်သွားရင် သူတို့ကိုယ်တိုင်က လက်ပတောင်းတောင်ကြီးမှာ ရှိတဲ့ ဒုတ္ထာမြေတွေကို အလုအယက် လာရောက်တူးကြမှာပါပဲ။ သဘာဝပတ်ဝန်းကျင် ထိခိုက်တယ်ဆိုတာ သူများသင်ပေးထားတဲ့အတိုင်း ပြောနေတာပါ။ ပညာရှင်တွေ ကိုယ်တိုင် စစ်ဆေးတာတောင် လက်မခံဘူး ဆိုတာတော့ တရားလွန်လာပြီ။ ဒါဟာ သူတို့ ကိုယ်ပိုင် ဦးနှောက် လုံးဝမဟုတ်နိုင်ပါဘူး။ သူတို့ အနေနဲ့ မကျေနပ်နိုင်သေးရင် သူတို့ ကိုယ်တိုင် ပညာရှင်တွေ ငှားပြီး စစ်ဆေးနိုင်တာပဲလေ။ မျက်စိစုံမှိတ် ငြင်းနေရင် ဆက်အလိုလိုက်စရာ မလိုပါဘူး။ သူတို့ထဲက အချို့ဆိုရင် မြေတန်ဖိုးထက် အဆမတန် လျော်ကြေးရပြီသားပါ။ အချို့ကတော့ ကောင်းကောင်ကြီးမဟုတ်ပေမယ့် ထိုက်တန်တဲ့ကြေးတော့ ရပြီသားပါ။ လူ့လောဘက ခက်တယ်လေ။ လျော်ကြေး မညီမျှမှုကနေ ထပ်တောင်းကြတယ်။ ရပြီသားသူကလည်း ထပ်ရနိုးနဲ့ ရောကြိတ်။ ၈၈ နဲ့ ဗကသက ဓါတ်ဆီလောင်း။ မီဒီယာက ဖွ။ ဒီကြားထဲ ဆရာတော်များကပါ ဆန္ဒပြအဖွဲ့နဲ့ ပူးပေါင်း။ ပိုဆိုးတာက အဓိကရုန်းကို ဘယ်လိုဖြေရှင်းရမယ် ဆိုတာ နားမလည်တဲ့ ရဲကြောင့် အမှုက ပိုကြီးရပြန်ရော။ ကိုင်း ကောင်းကြသေးလား။ အခုအချိန်က အတိုက်အခံလုပ် ဆန္ဒပြရမယ့် အချိန်မဟုတ်တော့ ပါဘူး။ အတူလက်တွဲပြီး နိုင်ငံတော် တိုးတက်အောင် စ လုပ်ရမယ့် အချိန်ပါ။ ဟိုနား ဆူဆူ ဒီနား ဆူဆူနဲ့။ အားလုံးကို ကျနော် မေးချင်ပါတယ်။ တိုင်းပြည်ကို ချစ်ရော ချစ်ကြလားလို့။ အနာဂါတ်ကို ရှည်မျှော်တွေးပေးကြပါ လို့ တိုက်တွန်းချင်ပါတယ်။
ဘူးဂါး

Have a good team work for our Tatmataw and DASSK

ဖာစုကြည် ဖာသည်မကြိး ကုလားဖြူမယား မွတ်ကုလား

ခွေး တရုပ်ရှေ့ နေ အမေရိကန်ကျွန် တဇူးပေါက်တဇောက်ကန်း ညာဏ်မရှိ အရည်အချင်းမရှိသူ ဖာပါတီ အရုးအဖွဲ့ ဧ။ိ ခေါင်းရှောင်
အာဏာရုး အမျိုးသားရေးကိုသစ္စာမဲ့ ဖေါက်ပြန်ရေးသမား ဖြစ်တယ် မောင်းထုတ်ကြ

မှန်လိုက်တာဗျာ သူတို့ဘဲ အမေစု ဘာဆုံးဖြတ်ဖြတ် ကြေနပ်မယ်. ပြောပြီး အခုတမျိုး တော်ကြာတမျိုး တတ်လဲတတ်နိုင်ကြပါပေတယ် အစကထဲက ကျုပ်မြန်မာပြည်သူ

အမေစုကမှ လူအနည်းစုအမုန်းခံပီး တိုင်းပြည်ကိုချစ် တချို့ တိုင်းပြည်ကိုချစ်တယ်ဆိုတဲ့လူတွေကတော့ ပါးစပ်က သာပြောပီး ခေါင်းရှောင်သွားကြတာ.... ဒီပညာမဲ့ အခြေအမြစ်မရှိ လူတန်းစားတွေ ရဲ့ ဦးနှောက်မဲ့ လုပ်ရပ်တွေကို ဘာမှဂရုစိုက်စရာအ ကြောင်းမရှိဘူး လူနည်းစုပဲဒီကစ္စကို လက်မခံတာ လူအများစုကတော့အမေကိုနားလည်ပေးပီးသားပါ အမေသာငွေမက်တယ်ဆိုရင် နိုဘယ်ဆုကရတဲ့ ပိုက်ဆံတွေနဲ့ မိသားစုနဲ့အေးအေးဆေးဆေး တသက်မကထိုင်စားလို့ရတယ် အဲ့လိုမလုပ်ဘဲ တိုင်းပြည်အတွက် အားလုံးကိုစွန့်လွတ်ပီး အနစ်နာခံလာတဲ့အမေစုကွ ဘာမှမသိဘဲနဲ့လျှောက်ပြောမနေကြနဲ့

ထောက်ခံတယ်

အများလက်ခံသည့် ၈၈ အဖွဲ့ဝင်များအနေဖြင့် ကော်မရှင်၏ အစီရင်ခံစာကို လေ့လာပြီး ဒေသခံလူထုကို အခေအြနေအရပ်ရပ်ကို ချပြဆွေးနွေးသင့်သည်။ နောက်ကွယ်ကနေ လှုံဆော်နေသူများရှိနိုင်သည်။ အစီရင်ခံစာကို လေ့လာကြည့်ရင် ကော်မရှင်၏ သုံးသပ်ချက်မှန်ကြောင်း တွေ့ရသည်။ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ၀န်ကြီးဌာနများ၊ ဦးပိုင်တို့က တာဝန်ယူရှင်းရမည်ဖြစ်သော်လည်း ကော်မရှင်က ရှင်းနေရသည်။ ပြည်သူအားလုံးကို ကိုယ်စားပြုသည့် လွှတ်တော်ကြီးက ဒီအတိုင်းလက်ပိုက်ကြည့်နေသည်။ ကော်မရှင်၏အစီရင်ခံစာအပေါ် ဒေါ်ခင်စန်းလှိုင် ဘယ်လိုမှထင်မြင်ချက်မပေးသေးတာ အံသြရပါသည်။

ပြည်သူကိုသစ္စာစောင့်သိမှုမရှိတဲ့ဒေါ်စုနဲ့NLDအခန်းကဏ္ဍနိဂုံးချုပ်လေပြီ

ကု လား တွေ 1/ 2 ရိုက် နေ ပြီ ထင် တယ်။ မြ အေး က လည် စ လာ ပြီ။

စစ် တပ် ကို ပြစ် မိန့် ပေး လိုက် ပါ။ ဒေါ် စု အ တွက် စိုး ရိမ် နေ ရ ရင်။ ဒေါ် စု ကို ထောက် ခံ ပါ တယ်။

ဒေါ် စု စား ထား တယ် ထင် တာ ဘဲ

ဘယ်ကောင်လည်းကွ ““အများလက်ခံသည့် 88 အဖွဲ့များဖြင့် အစီရင်ခံစာကို လေ့လာပြီး ပြည်သူတွေကိုချပြခိုင်းတာ””၊ ရူးနေတာလား၊ အဲဒီကောင်တွေ စုံစမ်းရေးကော်မရှင်ထဲ ခေါ်တော့ အမှန်းခံရမှာရော၊ နားလည်တတ်ကျွမ်းတာမဟုတ်လို့ မှားယွင်းမှာရော ကြောက်ပြီး အမြီးတန်းအောင် ထွက်ပြေးတဲ့ကောင်တွေကွ၊ ခုမှ ပွဲလန့်တုန်း ဖျာခင်းချင်လို့ ရမလား၊ ဒီအစီရင်ခံစာက ပညာရှင်တွေရဲ့သုံးသပ်ချက်နဲ့ ထွက်လာတာကွ။ နောက်ကနေ မြှောက်ပေးနေတဲ့ ခွေးသူတောင်းစားတွေ ရှိနေလို့ ခုလိုဖြစ်နေရတာ။ ပြည်သူဆိုတာ အဖြူထည်သက်သက်ကွ။ အဲဒီ 88 ကျောင်းသားအရေခြုံ တစ်ဆင့်ချိုင့်တွေကို ဘယ်သူမှ အထင်မကြီးဘူး။ မင်းက 88 က ကောင်ဆိုရင်တော့ ငါ ပြောရတာ ပို အရသာရှိတယ်မောင်။ ခု ဒေါ်စုတောင် ဒီလိုကြုံတွေ့နေရတာ မင်းတို့လို 88 ကောင်တွေဆိုရင် သံပုံးတီးပြီး တောချောက်သလို မောင်းထုတ်ခံရမှာ မှတ်ထားကွ။ ဒီ 88 ကောင်တွေက မစာမနာပြောရရင် ဒီအစိုးရ ဘာလုပ်လုပ် သူများကျွေးတဲ့ အမဲရိုးလေးကိုက်ပြီး ထဟောင်တတ်ဖို့လောက် သိတဲ့ကောင်တွေကွ။
( လုလင် ပြောသည် )

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်