Subscribe to our RSS Feed

ဘုရင့်နောင်တံတားအနီး Premier Petrol ဆီသိုလှောင်ရုံမီးလောင်မှုဖြစ်ပွား

From :hot news



ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ ဒိုင်စုကျေး ရွာ ဘုရင့်နောင်ကမ်းနားလမ်းရှိ Premier Petrol ကုမ္ပဏီပိုင် စက် သုံးဆီသိုလှောင်ရုံတွင် မတ်လ ၁၂ ရက်၊ နေ့လည် ၁၂နာရီတွင် ဆီဘောက်ဆာသို့ ဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားကြောင်း သိရ သည်။

အဆိုပါမီးလောင်မှုနှင့်ပတ် သက်၍ လှိုင်သာယာမြို့နယ် မီးသတ်ဦးစီးမှူးဦးသန်းမြင့်ဦးက ““ဘယ်က စလောင်သလဲဆိုတော့ ဒီဇယ်ဆီလှောင်တဲ့ကန်ကနေ ဆီ ဘောက်ဆာကားထဲကို ဆီလှည် တော့ ဆီလှောင်ကန်ကပန့်ခေါင်း နဲ့ ဘောက်ဆာဆီထည့်ဘောက် ဘောင်နဲ့ ရိုက်မိရာက မီးပွင့်ပြီး စလောင်တာပေါ့ဟု ပြောကြား ”” သည်။ မီးလောင်ရာသို့ မြို့နယ် မီးသတ်တပ်ဖွဲ့များမှ မီးသတ် ယာဉ် ၅၈ စီး၊ မီးသတ်ယာဉ် ၃စီး၊ ရေသယ်ယာဉ် ၁စီး၊ မီးသတ်ရေ ယာဉ် ၁စီး၊ ဘုရင့်နောင်ပွဲရုံမှ မိတ်ဖက်ယာဉ် ၁စီး၊ ကွပ်ကဲမှု ယာဉ် ၅ စီး ရောက်ရှိမီးငြိမ်းသတ် ခဲ့ရာ နေ့လည် ၁၂း ၄၅ မိနစ်တွင် တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် လူနှစ်ဦး အနည်းငယ်ထိခိုက်မိပြီး ဆီဘောက်ဆာကားနှစ်စီး ပေ ၁၀၀ x ပေ ၄၀ရှိအဆောက်အဦ တစ်လုံး၊ ပေ ၂၀ x ပေ ၂၀ သွပ် မိုးပျဉ်ကာ လိုင်ခန်းအိမ် တစ်အိမ် မြင့်သက်ဦး ၄၅၁ စက်လှေတစ်စီး မီးလောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်လပိုင်းကလည်း သီရိမင်္ဂလာဈေးသစ်အနီး လှိုင် မြစ်ကမ်းရှိ မြ၀တီဒရေးရှင်းပိုင်  ဆီသိုလှောင်ကန်တွင် ဆီတင် သင်္ဘောသို့ ဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားပြီး သင်္ဘော တစ်စီး မီးလောင်ခံရကာ တစ်စီး နစ်မြှပ်ခြင်းမျိုးဖြစ်ခဲ့သည်။


  www.MyanmarExpress.net
 

1 comments:

မူဆလင်ဆိုင်တွေမှာဈေးမဝယ်နဲ့
မူဆလင်တွေကိုလူရာသွင်းမဆက်ဆံနဲ့
ကိုယ့်ဗုဒ္ဓဘာသာမြန်မာလူမျိုးနဲ့မူဆလင်တွေအမှုအခင်းဖြစ်လာရင်မူဆလင်တွေကိုဝိုင်းတီးကြမယ်...အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ညီညီညွတ်ညွတ်ဆောင်ရွက်ကြပါစို့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်