Subscribe to our RSS Feed

တက္ကစီများကို ရောင်းချသည့် CNG ဈေး ပြင်ဆင်သတ်မှတ်မည်

From : ..the voice
 
အများပြည်သူအတွက် သက်သာ ချောင်ချိမှု မရှိစေဘဲ ယာဉ်ပိုင်ရှင် လူအနည်းစုကိုသာ အကျိုးရှိ စေသဖြင့် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG-Compressed) ဈေးနှုန်းကို ပြင်ဆင် ရောင်းချ သွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ဇွန်လ ၁ ရက်တွင်သတင်းထုတ်ပြန်လိုက်သည်။

ယင်းကဲ့သို့ ပြုလုပ်ရန် စီစဉ်ခြင်းမှာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ် အဖွဲ့ရုံးသို့ ယခုနှစ် ဧပြီလတွင် CNG ငှားယာဉ် များကို စက်သုံးဆီ အသုံးပြုမောင်းနှင်သော အငှားယာဉ်များ နှင့် ဈေးနှုန်းတစ်ပြေးညီ သတ်မှတ်ကာ မီတာဖြင့် ပြေးဆွဲစေမည်ဆိုပါက ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်းများ နည်းတူ CNG ဈေးကို တိုးမြှင့်ရောင်းချသင့်ကြောင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့ရုံးသို့ တင်ပြလာခြင်းကြောင့် ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါ တင်ပြချက်အတိုင်း ဓာတ်ဆီ၊ ဒီဇယ် ဈေးနှုန်းများနည်းတူ CNG ဈေးကို တိုးမြှင့်ရောင်းချခြင်းကို မပြုလုပ် သေးသော်လည်း ပထမအဆင့်အနေဖြင့် အငှားယာဉ်များကို ရောင်းချသည့် CNG ဈေးကို သင့်တင့်မျှတသော ဈေးနှုန်းအဖြစ် ပြင်ဆင်ရောင်းချခြင်းကို မကြာမီစတင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
“CNG နဲ့ဆွဲရတာ အုံနာကြေးက များတယ်ဆိုပေမယ့် ဆီခ သက်သာတယ်၊ ပတ်ဆွဲနိုင်တယ်။ ဈေးမြင့်မယ် ဆိုတာတော့ မဖြစ်သင့်ဘူး။ တကယ်ဆို အားလုံးကို CNG ရအောင် လုပ်ပေးရမှာ။ အဲဒါကမှ တကယ့်အဖြေ” ဟု CNG အငှား ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

ဈေးနှုန်းသို့ ပြောင်းလဲသတ်မှတ်ခြင်းမှ ရရှိသည့် ဝင်ငွေအား နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် သုံးစွဲခြင်း သို့မဟုတ် သဘာဝဓာတ်ငွေသုံး လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းများတွင် သုံးစွဲသွားမှသာ အများပြည်သူ ပိုမိုအကျိုးရှိမည် ဖြစ်ကြောင်း ထပ်မံဖော်ပြထားသည်။

CNG ယာဉ်များမှာ ဈေးမြင့်သကဲ့သို့ ယာဉ်မောင်းများက ငှားရမ်း မောင်းနှင်လျှင်လည်း နေ့စဉ် (အုံနာကြေး) ကြေး မြင့်မားသဖြင့် ခရီးသည်များကို ဈေးလျှော့ချ ယူနိုင်ခြင်း မရှိသောကြောင့် အများပြည်သူ များအတွက် အကျိုးထူးခြားမှုမရှိကြောင်း ရောင်နီဦး အငှာယာဉ် ဝန်ဆောင်မှုကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ ဓာတ်ဆီ၊ ဒီဇယ်ဆီဈေးနှုန်း များနှင့် CNG ဈေးများ ကွာဟမှုကြောင့် မီတာစနစ် အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း၊ နိုင်ငံတကာတွင်လည်း CNG ဈေးမှာ သက်သာသောကြောင့် ဈေးကွာဟ ချက်ကို ညှိနှိုင်းနိုင်မည်မဟုတ်သဖြင့် အငှားယာဉ်များ အားလုံးကို CNG ပေးနိုင်မှ သာလျှင် ပြဿနာများ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။


 .. www.MyanmarExpress.net
 

5 comments:

***FOR OUR COUNTRY AND FOR OUR PEOPLE***

OUR GENERAL PUBLIC SUFFERING MANY YEARS
BECAUSE WE HAVE TO PAY MORE AND MORE
MONEY FOR TAXI FARES.
WAITING FOR MANY YEARS TO PAY ACCORDING
TO THE TAXI METERS BUT STILL WAITING FOR
HOW LONG? DON'T KNOW.


MANY TIMES PRICES ARE INCREASING WITHOUT
WARNING.
SIMILARLY DAILY CONSUMABLE PRICES ARE INCREASING WITHOUT WARNING.
OUR GOVERNMENT KEEP ADJUSTING ALL
EMPLOYEES SALARIES ACCORDING TO THE
INFLATIONS AND LOST OF BUYING POWER BUT
NEVER CATCH UP CONSUMERS PRICE BECAUSE ALL COMPANIES AND ALL MERCHANTS ARE RUNNING
AHEAD AND MAKING MORE AND MORE MONEY
ALL THE TIMES.

BUSINESS MAN AND WOMEN NEVER SUFFER BECAUSE
THEY ALL PASSING THE HIGH PURCHASE PRICE
TO THE CONSUMERS.
THEY ALL ARE ABOVE THE INFLATIONS AND NEVER
AFFECT TO THEM.BUT CONSUMERS ARE SUFFERINGS.

NEARLY ALL CHINESE AND INDIAN FAMILIES
WORKING AS BUSINESS MEN AND WOMEN.
THEY ALL GETTING RICHER AND RICHER FROM
THEIR OWN BUSINESSES.

BUT NEARLY ALL MYANMAR FAMILIES ARE WORKING
IN SERVICES AND SALARY EARNERS AND NEARLY
ALL SUFFERING IN THEIR DAILY LIFE.

***WE SHOULD NOT IGNORE THIS KIND OF THINGS
HAPPENING.***
***WE NEED TO ENCOURAGE ALL OF OUR YOUNG
MYANMARS TO DO OWN BUSINESSES***
***OUR GOVERNMENT NEEDS PLANS FOR SMALL
BUSINESS LOAN TO OUR YOUNG NATIONALS/
ENTREPRENEURS SAME LIKE FARMERS SMALL AND MEDIUM SIZE LOANS.

CHINESE AND INDIANS UNDERSTAND THEY MUST
SAFE MONEY TO START OWN BUSINESSES.
CHINESE GET HELP FROM CHINESE "BON KYAUNG"=
CHINESE COMMUNITY GROUP AND INDIANS ALSO
GET HELP FROM MUSLIM COMMUNITY AND ALSO
GET HELP FROM OUTSIDE THE COUNTRY.

MANY MYANMAR YOUNG MEN AND WOMEN SAID I WISH
LIKE TO DO BUSINESSES IF I HAVE MONEY.
LOOK LIKE THEY EXPECTING SOME KIND OF HELP.
WE NEED TO GUIDE AND HELP ALL OUR YOUNG MEN AND WOMEN HOW TO SAVE MONEY,HOW TO START
THE OWN BUSINESSES.
ALL THE ABOVE BUSINESS TRAINING SHOULD START
FROM THE MIDDLE SCHOOL TO HIGHER EDUCATIONS.

***NEED EDUCATION REFORM.ALL STUDENTS MUST
COMPLETE INTERNSHIP/PRACTICAL TRAINING.

***THE MAIN GOAL IS WE NEED PLANS AND CONTROL
ALL MARKETS.***

WE NEED INCOME,COST OF LIVING,STANDARD OF
LIVING AND INFLATION GRAPHS ARE NARROW
OR SLIGHT DIFFERENT.

NATIONALISM AND 969
WUNTHANU...

လူ ကြီး ပိုင်း ​တွေ လဲ ဘယ်
်​​တော့ မှ အရူး ထ လို့ ပီး မ လဲ မသိ ဘူး ​အောက်​​ခြေ ကို ​သေချာ ဆင်း ပီး စစ်​ တမ်း ​ကောက်​ ပါ ဦး လား

အချိန်တွေ ငွေတွေပေးပြီး ရှေ့ကနေအနစ်နာခံခဲ့ရတာ CNG သမားတွေပါ

CNGဈေး တက် လဲ ပိုဆိုး ဖို့ပဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်