Subscribe to our RSS Feed

“အမေစုကို တကယ်ချစ်ကြတယ်ဆိုရင် အမေစုကို ဝိုင်းထိန်းပေးကြပါဗျာ” တဲ့

From : Wira Thu

ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစရိ (တရားစောင့်သူကို တရားက ပြန်စောင့်တယ်) ဆိုတဲ့ စကား ရှိသလို။ဓမ္မေ ဌိတံ န ဝိဇဟတိ ကိတ္တိ-(တရားမှာတည်နေသူကို ကျော်ကြားမှုက စွန့်ခွာသွားမှာမဟုတ်ဘူး) ဆိုတာလည်း ရှိပါတယ်။ နှစ်ခုစလုံး ဘုရားဟောတွေပါ။
ပေါက်မြောက်ဆိုတဲ့ စကားရှိသလို ပေါက်ရောက်ဆိုတဲ့ စကားလည်းရှိပါတယ်။ ပေါက်ပြီးရင် မြောက်တတ်သလို ပေါက်ပြီး အရာရောက်တဲ့သူတွေလည်းရှိတယ်။ အမြဲတမ်း ပေါက်ရောက်နေမှ ကောင်းတာ။
ကမ္ဘာပတ်ပြီး အပူဇော်ခံနေတာတွေ ရပ်တန့်ခိုင်းပြီး ၂၀၁၅ အတွက် ပြင်ဆင်ခိုင်းကြပါလား…?။
သူတစ်ယောက်တည်း အစီအစဉ်တွေရေးဆွဲပြီး သူသဘောတစ်ခုတည်းနှင့် ဆောင်ရွက်နေတာတွေ ရပ်တန့်ခိုင်း ပြီး၊ ပါတီကိုယ်စားပြု CEC များနှင့် တိုင်တိုင်ပင်ပင် လုပ်ခိုင်းကြပါလား…?။





အခုအမေစုကို ဝေဖန်သူက နှယ်နှယ်ရရမဟုတ်ဘူးနော်။ ပြည်သူထဲကွင်းဆင်းပြီး၊ ပြည်သူ့အသံနားဆင်ပြီး အပြုသဘောနဲ့ ဝေဖန်ပြခဲ့တဲ့ နိုင်ငံခြား သတင်းစာဆရာတစ်ယောက်ပါ။ ဝီရသူလို ပိစိကွေးလေးမဟုတ်ဘူး ဆိုတာတော့ သိထားစေချင်ပါတယ်။
အတွဲ(၄) အမှတ်(၂၉) 9.12.2013 ရက်စွဲပါ Messenger ဂျာနယ်မှ အချို့အဝက်ကိုသာ တစ်ဆင့်မျှဝေ ပေးလိုက်ပါတယ်။
“NLD ခေါင်းဆောင်တွေက ဒါကို အံ့အားသင့်သွားကြတယ်။” “မြန်မာ့အရေးကျွမ်းကျင်သူ ဘာတီးလင့်တနာ နှင့် တွေ့ဆုံခြင်း”
ဘာတီးလင့်တနာသည် ဆယ်စုနှစ်သုံးစုနီးပါး အာရှအကြောင်း ဆောင်းပါးများရေးသားခဲ့သူဖြစ်သည်။ ထို့အပြင် Far Eastern Economic Review အတွက် မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၈၅-၁၉၈၇ ခုနှစ်များတွင် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် မြန်မာနယ်စပ်များသို့ ဇနီးဖြစ်သူ ရှမ်းတိုင်းရင်းသူနှင့်အတူ ခရီးကြမ်းကိုသွားလာခဲ့ပြီး တိုင်းရင်းသားခေါင်းဆောင်များ ဗမာပြည်ကွန်မြူ နစ်ပါတီ ခေါင်းဆောင်များ တွေ့ဆုံမေးမြန်းခြင်းများပြုလုပ်ခဲ့သည်။ ထို့နောက် Burma In Revoit Rise And Fall Of Burmese Communism ကဲ့သို့သော နာမည်ကျော်စာအုပ်များကိုရေးသားခဲ့သည်။ မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတီးလင့်တနာသည် နိုဝင်ဘာလ(၂၉)ရက်နေ့က မန္တလေးတွင်ကျင်းပသည့် လူထုဒေါ်အမာ မွေးနေ့ပွဲသို့ တက်ရောက်ခဲ့သည်။ ဘာတီးလင့်တနာရောက်ရှိနေခိုက် နိုဝင်ဘာလ(၃၀)ရက်နေ့တွင် မန္တလေးမြို့ လူထုစာကြည့်တိုက်တွင် မြန်မာမီဒီယာသမားများဖြစ်သည့် ဝင်းဖေမောင်နှင့် စိုးကျော်သူတို့မှ တွေ့ဆုံမေးမြန်းခဲ့ သည်။ မြန်မာမြောက်ကိုးရီးယား ဆက်ဆံရေး၊တိုင်းရင်းသားလက်နက်ကိုင်များအရေး၊ ဒေါ်အောင်ဆန်းစုကြည် ၏ သမ္မဖြစ်နိုင်ခြေ၊ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ ကဏ္ဍစသည်တို့နှင့် ပတ်သက်ပြီး ဘာတီးလင့်တနာ၏ သုံးသပ်ချက်များကို ဖော်ပြလိုက်ပါသည်။

ဘာတီရေအခုကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး မေးချင်တယ်ဗျ။ ဘာလို့လဲဆိုတော့ခင်ဗျားက ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ကောင်းကောင်းသိထားလို့ပါ။ ပြီးတော့ ခင်ဗျားက သူနဲ့ပတ်သက်ပြီး Aung San Sukyi And Burma s Struggle For Democracy စာအုပ်လည်း ရေးခဲ့တယ်ဗျာ။ အခုဆို အချို့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တချို့နဲ့ ပြည်တွင်းပြည်ပ ဝေဖန်ရေးဆရာအချို့က သူနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုနေတာတွေ ရှိတယ်။ လက်ပံတောင်းအရေးမှာ ပါဝင်ပတ်သက်တာ၊ အစိုးရနဲ့ KIO အပစ်အခတ်ရပ်စဲရေးမှာ နှုတ်ဆိတ်နေတာ၊ ရခိုင်းအရေးနဲ့ ပတ်သက်ပြီး ငြိမ်သက်နေတာတွေပေါ့။ ဒီကိစ္စတွေ ကြောင့် သူရဲ့ နိုင်ငံရေးပုံရိပ် လျော့ကျသွားတယ်လို့ အချို့က ဆိုပါတယ်။ ဒီကိစ္စတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လိုမြင်ပါသလဲ။

မေး=အချို့ ပညာရှင်တွေက ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားတိုင်းပြည်တွေကို အလည်သွားမယ့်အစား ပြည်တွင်းမှာ ပဋိပက္ခဖြစ်တဲ့နေရာတွေကို သွားသင့်တယ်လို့ ဝေဖန်ပါတယ်။ သူရဲ့ မဟာဗျူဟာက အချို့အချက် တွေမှာ မှားယွင်းတယ်လို့ ခင်ဗျားထင်ပါသလား။

ဖြေ= ဟုတ်ကဲ့၊ သူရဲ့ မဟာဗျူဟာ မှားတာ မှန်တာကိုတော့ ကျွန်တော်မပြောနိုင်ပါဘူး။ ကျွန်တော်ပြောနိုင်တာ က နိုင်ငံအတော်များများက နိုင်ငံရေးသမား အများစုက သူ့နိုင်ငံလူထုကို ပထမဆုံး အရင်ကြည့်ချင်ကြပါတယ်။ အထူးသဖြင့်တော့ ဝမ်းနည်းမှုတွေ၊ ပဋိပက္ခတွေ ကြုံတွေ့နေတဲ့ နေရာတွေကိုပေါ့။ သူက ဘယ်ဘက်မှ မရပ်တည်ခဲ့ဘူး။ လူတွေ မြေယာဆုံးရှုံးမှုတွေ ကြုံတွေ့နေရတယ်။ အိုးအိမ်တွေစွန့်ပစ်ပြီး ဒုက္ခသည် စခန်းမှာ နေထိုင်ရတယ်။ ဒါပေမဲ့ သူက အေးအေးလူလူဖြစ်နေတယ်လို့ ထင်ရပါတယ်။ နိုင်ငံခြားခရီးတွေ၊ တက္ကသိုလ်ခရီးစဉ်တွေပေါ့။ ပြောစရာတွေကတော့ အများကြီးပေါ့။ ကျွန်တော် ရန်ကုန်မှာ ဦးဝင်းတင်နဲ့တွေ့ခဲ့ တယ်။ သူ(ဦးဝင်းတင်) စိတ်ပျက်နေတယ်။ သူကပြောတယ် ကျွန်တော်တို့ ၈၈ ကတည်းက အတူလက်တွဲခဲ့တာပါ။ ကျွန်တော်တို့ သူကို တစ်နှစ်တစ်ကြိမ်ု၊ နှစ်ကြိမ်လောက်ပဲ တွေ့တယ်။ သူက အတူဆွေးနွေးဖို့ ကိစ္စတွေမပြောဘူး။ ပြီးတော့ တစ်လောက တိုင်းရင်းသားခေါင်းဆောင်တွေ ရန်ကုန်ကိုရောက် တော့ မွန်က နိုင်ဟံသာတို့က NLD နဲ့ တွေ့ချင်တယ်ဆိုတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူတို့ကို သူ့အိမ်မှာ ဖိတ်ခေါ်ခဲ့ပါတယ်။ တက္ကသိုလ်ရိပ်သာလမ်းက သူ့အိမ်မှာပါ။ NLD ရုံးမှာ မဟုတ်ပါဘူး။ အဲဒီမှာ အခြား NLD ခေါင်းဆောင်တွေမရှိပါဘူး။ The Lady တစ်ယောက်တည်းကိုပဲ တွေ့ရပါတယ်။ ကျွန်တော်ပြောနိုင်တာက အခြား NLD ခေါင်းဆောင်တွေက ဒါကို အံ့အားသင့်သွားကြတယ်။ သူမက သူတို့ကို မဖိတ်ခေါ်ခဲ့ပါဘူး။ တိုင်းရင်းသား လူမျိုးပေါင်းစုံကိစ္စက တစ်သီးပုဂ္ဂလမဟုတ်ပါဘူး။ သူ ဒီကိစ္စကို အခြား NLD ခေါင်းဆောင်တွေနဲ့ ပိုပြီး ဆွေးနွေးသင့်ပါတယ်။ 

မေး= ခင်ဗျား ဦးဝင်းတင်နဲ့တွေ့တဲ့အခါ ဦးဝင်တင်က ဒေါ်အောင်ဆန်းစုကြည်အပေါ် စိတ်ပျက်တယ်လို့ ပြောခဲ့ လို့လား။

ဖြေ= စိတ်ပျက်တယ်ဆိုတဲ့ စကားလုံးတော့ မသုံးခဲ့ပါဘူး။ သူက သူတို့နဲ့ အခြား NLD ခေါင်းဆောင်တွေနဲ့ လက်တွဲအလုပ်မလုပ်တာ၊ မဖိတ်တာတော့ အံအားသင့်သွားတယ်လို့ ဆိုတယ်။ ဘာလိုပဲဖြစ်ဖြစ် ဒါက နိုင်ငံရေး ပါတီလေ One Lady Show မဟုတ်ဘူးလေ။

မေး= အခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဖို့ ကြိုးစားတာ မအောင်မြင်သေးပါဘူး။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က ကာချုပ်နဲ့ မတွေ့ဖြစ်ရင် ဘာတွေများ ဖြစ်လာနိုင်သလဲ။

ဖြေ=ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဖို့ ကြိုးစားတာက အခြေခံဥပဒေပြင်ဆင်တဲ့နေရာမှာ စစ်တပ်ရဲ့ ထောက်ခံမှု ရဖို့အတွက်ဆိုတာ ရှင်းပါတယ်။ အခြေခံ ဥပဒေမှာ ပါတဲ့အချက်တွေကို ကြည့်ပါ။ သမ္မတနဲ့ ဒုတိယသမ္မတဖြစ်ဖို့အတွက် ပုဒ်မတွေကို ပြင်ဆင်ဖို့က ၇၅%ရာခိုင်နှုန်းကျော်၊ ၇၅%ရာခိုင်နှုန်းကျော် ထောက်ခံဖို့ လိုပါတယ်။ ၂၅% ရာခိုင်နှုန်းက ယူနီးဖောင်းဝတ်ဆိုတာ ခင်ဗျားမြင်မှာပါ။ ပြီးတော့ လွှတ်တော် အမတ်တစ်ဝက်လောက်ကလည်း ယခင်စစ်သားဟောင်းတွေ များပါတယ်။ ဒီတော့ ဥပဒေပြင်ဆင်ဖို့အတွက် လွှတ်တော်အတွင်းမှာ ၇၅%ရာခိုင်နှုန်းကျော်ထောက်ခံမှု လိုအပ်တယ်။ ဒါတွင် မကသေးပါဘူး။ ပြည်သူ့ဆန္ဒ ခံယူပွဲလည်း လုပ်ရဦးမှာပါ။ သဘောတူညီချက်ကလည်း ၇၉%ရာခိုင်နှုန်းရှိရမယ်။ ကျွန်တော်ထင်တာကတော့ အဲဒီအခြေအနေက ၂၀၁၅ မတိုင်မီ ပြီးမယ်လို့ မထင်ဘူး။





14 comments:

အ မေ စု လဲ ထိမ်း ကြ အုးံ

ခင် ဗျား တို့ အုပ် ခူပ် ရေး မူးတွေ လည်း စား လွန်း လို့ အ ပင်း ဆို့ နေ မယ် ထိမါး ကြ အုးံ

မှန် ပ ခင် ဗျား တို့ အုပ် ခူပ် ရေး မူး အ ခို့ ဝန် ကြိး တွေ ပေါင်း စား နေ ကြ တာ ကြ ပြော ကြ လေ

ဘု ရင် စ နစ် လို ပါ ဘဲ တ လ တ ခါ ၄ လ တ ခါ တ ဆင့် ပြိး တ ဆင့် ဂါ ရ ဝ သွား ပြု ကြ ရတာ
မ သိ ကြ ဘူး လား ဒေါ်စု ဘဲ ပြော မ နေ နဲ့
လက် ရှိ အာ ဏာ ပိုင် ကော ကောင်း နေ လို့ လား

စား မှ စား အ ပင်း ဆို့ ပြိး သေ နေ အုးံ မယ်

ပြည် သူ ကို တ ကယ် ကူ ညီ ချင် တယ် ဆို ရင်


ပခုက္ကူ က မြို နယ် အုပ် ခူပ် ရေး မူး ခ ရိုင် အုပ် ခူက် ရေး မူး လုပ် ချင် တိုင်း လုပ် နေ ကြ တယ်
ထိမ်း ပေး ကြ ပါ အုးံ
PKU

ထောက်ခံပါတယ် သတ်ပြစ်ဖို့းးးးးးးးးး

သူမကနိုင်ငံခြားမှာ၊သမတအရွေးခံမလို့လား။ထင်ပေါ်ချင်
လို့လား။

မြန်မာပြည်အကြောင်း၊ကမ္ဘာလှည့်တရားဟောယင်ဆုတွေ၊
အလှူတွေအများကြီးရတယ်နှော။BBC မှာလဲကြော်ငြာခတွေ
အများဝင်တယ်။

Q: Burma might perhaps look to Thailand as an example of economic development, but a centralized system there has focused much national wealth in Greater Bangkok while rural poverty remains elsewhere. What can Naypyidaw do to avoid that negative trend? Is a federal system the answer?

A: I’m an economist, not a political scientist. The question reminds me of a quotation attributed to [the late Chinese leader] Deng Xiaoping: It doesn’t matter if a cat is black or white, so long as it catches mice. It seems to me it doesn’t matter what kind of political system Myanmar chooses as long as it leads to internal peace and releases the energy that exists in the Myanmar population to build a prosperous society.

Why would Myanmar look to Thailand for an example of economic development? I see a lot of unhappy people in Thailand. Why would Myanmar want to consider any other country to be a model for its development?

The world will not benefit from having a Myanmar that looks like a clone of Thailand or Vietnam or Singapore. It will benefit from a Myanmar that finds better solutions to the problems that diminish the quality of life in these countries and many others. I hope the government and people of Myanmar aspire to developing their economy better than other countries have done and thus become a model for others.

မြန်မာနိုင်ငံဟာ ဒီမိုကရေစီကိုရတာ အခုမှရတာမဟုတ်ဘူး အခုတစ်ကြိမ်နဲ့ပါဆို
သုံးကြိမ်ရှိပါပြီ။

ပထမအကြိမ် (၁၉၅၉- ဝန်ကြီးချုပ် ဦးနု အစိုးရ)၊ ဝန်ကြီးချုပ်ဦးနု အစိုးရကို
၁၉၆၂-မှာ ဗိုလ်ချုပ်ကြီး ဦးနေဝင်း အာဏာသိမ်းပြီး၊ တော်လှန်ရေးကောင်စီဖွဲ့စည်းတယ်၊
ဦးနေဝင်းကိုယ်တိုင်တော်လှန်ရေးကောင်စီ ဥက္ကဌ လုပ်ပြီး
တိုင်းပြည်ကို နှစ်ပေါင်းနှစ်ဆယ်ကျော်အုပ်ချုပ်ခဲ့တယ်။
ပထမအကြိမ် ဒီမိုကရေစီ သက်တမ်းဟာ သုံးနှစ်ပဲခံတယ်။

၁၉၈၈ မှ ၁၉၉၀ ထိ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)အုပ်ချုပ်ခဲ့တယ်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)အဖွဲ့မှ ၁၉၉၀ မှာ ဒုတိယအကြိမ်
ဒီမိုကရေစီ အစိုးရအတွက် ရွေးကောက်ပွဲလုပ်ပေးခဲ့တယ်။

ဒုတိယအကြိမ် (၁၉၉၀- ၀န်ကြီးချုပ် ဦးစိန်ဝင်း အစိုးရ )
၉၀ ရွေးကောက်ပွဲအနိုင်ရပါတီ အစိုးရအဖွဲ့အဖွဲ့ကြတယ်။
၁၉၉၃ မှာ အမျိုးသားညီခံခေါ်ယူပြီး ကျင်းပေးတယ်။
ဒေါ်စုကြည် ခေါင်းဆောင်တဲ့ ရွေးကောက်ပွဲအနိုင်ရ ပါတီ NLD က အမျိုးသားညီခံမှာ
သပိတ်မောက်သည့်အတွက် ညီလာခံရပ်နားလိုက်ရတယ်။
ဒုတိယအကြိမ် ဒီမိုကရေစီ သက်တမ်းဟာလဲ သုံးနှစ်ပဲခံတယ်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က နောက်ထပ်
တိုင်းပြည်ကို နှစ်ပေါင်းနှစ်ဆယ်ကျော် အုပ်ချုပ်ခဲ့ပြန်တယ်။

အခု တတိယအကြိမ် (၂၀၁၁ သမ္မတ ဦးသိန်းစိန် အစိုးရ)
တတိယအကြိမ် ဒီမိုကရေစီသက်တမ်းဟာလဲ နှစ်ပြည့်တော့မယ်။

မပြည့်ခင်မှာ အပျက်အမှောက်ပေါ်နေပြန်ပြီး၊

ဒေါ်စုကြည်သည် (၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ)ကို
ပြင်ဆင်ဖို့တောင်းဆိုလာသည်၊ ပြင်ဆင်ရေးမအောင်မြင်ပါက အမျိုးသားညီခံကို
သပိတ်မောက်မည်၊ ထိုအခါ အမျိုးသားညီခံရပ်နားမယ်။
အမျိုးသားညီခံရပ်နားပါက ဒီမိုကရေစီခရီးစဉ်ပျက်မယ်၊
ဒီမိုကရေစီ ခရီးစဉ်ပျက်ခဲ့လျင် တတိယအကြိမ် ဒီမိုကရေစီသက်တမ်းဟာလဲ သုံးနှစ်ပဲခံမယ်။

ဒီမိုကရေစီပျက်ခဲ့လျင် ပြည်သူများဆင်းရဲအတွင်းရောက်မယ်၊ ဒီတခါ ပြည်သူများဆင်းရဲအတွင်း
ပြန်ရောက်လာပါက ပြည်သူများရဲ့ ဆင်းရဲမှုသက်တမ်းမှာ(၇၅ နှစ်) ပြည့်လာတော့မည်ဖြစ်၍
ဆင်းရဲမှုသက်တမ်းဟာလဲ စိန်ရတု ဖြစ်လာမှာပါ။
ဒီအတွက်ကြောင်း မိမိရဲ့ကိုယ်ကျိုးကို မကြည့်ပဲ ပြည်သူတို့ရဲ့အကျိုးကိုရှေ့ရှုး၍
ဒေါ်စာကြည် အနေဖြင့် အကောင်းဆုံးကို အကောင်းဆုံးဖြစ်အောင်
စဉ်းစဉ်းစားစားလုပ်စေချင်တယ်။
၂၀၁၅ မှာ ဘယ်သူ သမ္မတ ဖြစ်ဖြစ်မဖြစ်ဖြစ် အရေးမဟုတ်ဘူးပါ၊ သမ္မတဖြစ်တဲ့သူက
တိုင်းပြည်တိုးတက်အောင်၊ ပြည်သူတွေဆင်းရဲအတွင်းက အချိန်တိုတိုနဲ့လွတ်မြောက်
အောင်လုပ်ပေးနိုင်ဖို့ အဓိကပါ။

ဒေါ် စု တင် ပြော် မ နေ နဲ့

ခင် ဗျား တို့ တ ပည့် တွေ ဖြစ် တဲ့
အုပ် ခူပ် ရေး မူး တွေ ဝန် ကြိး အ ခို့ ပြော ကြ အုးံ

ကာ ရာ အို ကေ ကာ ဆီ နို တ ရား မ ဝင် ပန့် ဆီ ဆိုင်
အ မူ အ ခင်း ဖြစ် ရင် တ ရား ရုးံ မ သွား ဘဲ နဲု့
မြို့ နယ် အုပ် ခူပ် ရေး မူး ရုးံ ခန်း ထဲ ဝင် ရှင်း နေ ကြ တယ်


စား ရ တာ ပေါ့ ဗျာ ဆယ် သက် စာ
အာ ဏာ က မြို့ နယ် အုပ် ခူပ် ရေး မူး လက် ထဲ ရောက် သွား တော့ လဒ် ရွှင် နေ တာ ပေါ့

ရဲ တွေ အ ခြား ဌာ န တွေ ငုတ် တုတ် မေ့ ကုန် တာ ပေါ့

မြို့ နယ် ခ ရိုင် အုပ် ခူပ် ရေး မူး တွေ လဲ ထိမ်း ကြ ပါ အုးံ ဗို့
အိပ် ဖေါင်း နေ ပြိ PKU

အ ခြား မြို့ မှာ တ ရား မ ဝင် ပန့်ဆီ ဆိုင် ထောင် ရောင်း တာ ကို လုးံ ဝ ခွှင့် မ ပြု ဘူး

ပခုက္ကူ မှာ တရား မ ဝင် ပန့် ဆီ ဆိုင် ထောင် ရောင်း တာ ကို အုပ် ခူပ် ရေး မူး က ငွေ ယူ ပြိး ခွှင့် ပြုး တယ်

နိုင် ငံ တော် က ပန့် ဆီ ဆိုင် အ တွက် ဥ ပေ အ မီူး မီူး ချ မှတ် ထား ဘို့ လား

မ သိ လို့ မေး တာ ပါ ချာ

တိုသ်း ပြည် ကို တ ကယ် ချစ် ကြ ရင်
ခင် ဗျား တို့ တ ပည့် တွေ ဖြစ် တဲ့ အုပ် ခူပ် ရေး မူး တွေ ဥပ ဒေ မဲ့ လုပ် စား တာ တွေ
အ ရေး ယူ ကြ ပါ အုးံ ဗို့

A British man journalist with a Shan wife and a supporter of a British man's wife Aung San Su Kyi. How can these people do the good of Myanmar People is beyond imagination. I for one do not take this man words seriously. Instead of listening seriously to these people we should think and build our country by our selves and live with content.

ကော မက် က မ တက် လာ ဘာ ဖြစ် လို့ လဲ ဓျာ

ဖွတ်ချီးမနောက်လိုက်တွေ လဲ ထမီအောက်ဝင်ပြီးဆောက်ချီးစားဖို့ ကလွဲရင်ဘာမှမတတ်ဘူး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်