Subscribe to our RSS Feed

မဟာသန္တိသုခ ကျောင်း ဖြစ်ရပ်မှန်


မဟာသန္တိသုခ ကျောင်း ကို သာသနာရေး ဝန်ကြီး ဦးဆန်းဆင့် ဒုတိုင်းမှူး ဘဝမှာ ပန္နက်ချ ဆောက်ခဲ့ပြီး ကျပ်သိန်းပေါင်း သောင်းကျော် ကုန်ကျကာ ၁၉၉၉ မှာ ဖွင့်လှစ်တာဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ အိုးအိမ်၊ စည်ပင်ဌာနတွေ ပေါင်းပြီး သိန်းပေါင်း သောင်းနဲ့ချီ အကုန်ခံ ဆောက်ထားတာဖြစ်ပြီး နိုင်ငံတော် သံဃမဟာနာယက သို့ လှူတန်းကာ နိုင်ငံတော် အထင်ကရ သာသနာရေး ကျောင်းတိုက်အဖြစ် ဖွင့်လစ်ဖို့ ရည်ရွယ်ထားပါတယ်။

ဒါပေမယ့် နိုင်ငံခြားမှာ အနှစ် ၃၀ ကျော် သီတင်းသုံးခဲ့ပြီးမှ ပြန်လာတဲ့ ပီနန် ဆရာတော်ကြီး ကျောင်းပေါ်ရောက်လာချိန်မှာ ဆရာတော်မှ တရားအားမထုတ်ပဲ ကျောင်းပေါ်မှာ ပွဲလမ်းသဘင်များ လုပ်ခဲ့ခြင်းကြောင့် မဟာသန္တိသုခ ကျောင်း ရဲ့ ဂုဏ်ကျက်သရေတွေ ညိုးနွမ်းစေခဲ့ရပါတယ်။ ဆရာတော်ရဲ့ တပည့်များ လှူဒါန်းငွေက သိန်း ၉ဝဝ ကျော် ၁ဝဝဝ လောက်ပဲ ရှိခဲ့ပါတယ်။

သာသနာရေး ဝန်ကြီးဌာန နှင့် နိုင်ငံတော် သံဃနာယက ဝါတော်ကြီးမြတ်သော ဆရာတော်ကြီးများမှ နေရာဖယ်ခိုင်းချိန်မှာ ပီနန်ဆရာတော် ဦးပညာဝံသကက အစိုးရက သူ့ဆီမှာ ရေစက်ချဖူးတာကြောင့် သူပိုင်ဆိုင်ကြောင်း Myanmar Express ကို မိန့်ပါတယ်။ သူ့ကို အရင်လှူပြီးမှ ၂ဝဝ၂ ခုနှစ် ပီနံဆရာတော် နိုင်ငံခြား အပျော်ခရီးထွက်ချိန်မှာ အစိုးရက သံဃာ့ မဟာနာယက အဖွဲ့ကို ရေစက်ချ လှူဒါန်းတာ ဖြစ်တာကြောင့် နေရာဖယ်မပေးနိုင်ကြောင်း ဆရာတော်က ဆိုပါတယ်။

ကျောင်းကြီးကို ရေစက်ချ လှူဒါန်းတယ်ဆိုတာ သာသနာတော်ကို လှူတာသာ ဖြစ်ကြောင်း အဲဒီ အချိန်က သံဃာ့ မဟာနာယက ဥက္ကဋ္ဌ မကွေး ဆရာတော်ကြီးက မိန့်ပြီးသားဖြစ်တယ် လို့ သာသနာရေး ဝန်ကြီး ဦးဆန်းဆင့်က ဆိုပါတယ်။ ဒါကြောင့် သံဃာ့အရေး ကိစ္စတွေ ဆုံးဖြတ်ရာမှာ အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်ပြီး ဝါရင့် တန်ခိုးကြီး ဆရာတော်ကြီးများ၏ သြဝါဒအရ သာသနာရေးဝန်ကြီးဌာနက ဆရာတော်ကြီးကို မေလ ၃၁ရက် နောက်ဆုံးထားကာ ကျောင်းမှ ထွက်ခွာပေးရန် ထုတ်ပြန်ထားသော်လည်း ပီနန်ဆရာတော်မှာ မိမိထက် ဝါရင့် ဆရာတော်ကြီးများ စကားကို မထီမဲ့မြင် ပြုနေသဖြင့် ဖယ်ရှားလိုက်ခြင်းဖြစ်ပါတယ်။

ဖယ်ရှားခြင်း ဆိုသည်မှာလည်း ဆရာတော်များကို အတင်း အဓမ္မမောင်းထုတ်ခြင်းမဟုတ်ပဲ ကျောင်းအတွင်းမှ ဆရာတော်များကို ဇွန်လ ၁၁ရက် နံနက် ဝဝ နာရီ ၃ဝခန့်တွင် မှန်လုံကားကြီးများဖြင့် နိုင်ငံတော်ပရိယတ္တတက္ကသိုလ်သို့ ပင့်ဆောင်သွားသာဖြစ်ပါတယ်။  ရုတ်ရုတ်သဲသဲ မဖြစ်ရန် ညအချိန် စီစဉ်ခဲ့သော်လည်း ဆရာတော်က ဒကာ၊ ဒကာမများကို ဖုန်းဆက်ခေါ်ခဲ့ခြင်းကြောင်း အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရပါတယ်။  ဆရာတော်ဦး ပညာဝံသ သည် ပီနန်-စင်ကာပူကျောင်းတိုက် တွင် သီတင်းသုံးတာ များပြီး စင်္ကာပူကျောင်းရော၊ ရန်ကုန်ကျောင်းကိုပါ အပိုင်စီးလိုသူဖြစ်ပါတယ်။
 .

 www.MyanmarExpress.net
 

6 comments:

monks are not suppose to own anything. no ???

လူလူချင်း ထိကပါး၊ ရိကပါး၊ စော်ကားတဲ့စကားလုံးများ သုံးရင် သင့်လျော်တော်လည်း၊ ဘုရားသားတော်ကိုတော့ အပျော်ခရီးထွက်တဲ့စကားက အပယ်ကို မကြာက်တဲ့စကားလုံးဖြစ်ပါတယ်။

ဒီဆရာတော်က ပီနံဆိုတော့မလေးကပေါ့ သိတယ်မလားမွတ်တိုင်းပြည်ကလာတဲ့ကုလားဘုန်ကြီးလေ မထေရ် ကြီးတွေကိုတောင်စော်ကားနဲ့ သူလာမှကျောင်းမှာပါတီ ဒင်းနားလုပ် မွတ်ကျောင်းမဖြစ်ခင် နိုင်ငံတော်မှအချိန်မှီထိန်းလိုက်တာဘာမကျေနပ်စရာရှိလဲ ဘုန်းကြီးကဘုန်းကြီးလိုမနေဘဲဒကာမတွေနဲ့ခရီး သွားလိုသွား လူဝတ်လဲပေးလိုက်မွတ်ဘုန်းကြီးကို

နဲနဲတော့ ရေးကြည့်ချင်ပါတယ်.............
ညကြီးအချိန်မတော် ထီးတွေဆောင်းနေကြတာက ဘာဖြစ်လို့ရယ်မသိဘူး........လုပ်ရပ်ကိုသိလို့ မလွန်ဆန်နိုင်လို့ ပါရပြီး ဘယ်ဆရာတွေပါတယ်ဆိုတာ လူသိမခံချင်လို့ ထီးနဲ့ ကွယ်ဖို့လား........?
ဒါမှမဟုတ် အခြေနေမကောင်းရင် ရိုက်ဖို့လား ဆိုတာတော့ မသိဘူး............ည ၁ နာရီလောက်မှာ ထီးဆောင်းတာကို နဲနဲဝေဖန်ကြည့်တာပါ..............
ပြီးတော့ မလေးလို အစ္စလန် ကြီးဆိုးတဲ့ နိုင်ငံမျိုးမှာတောင် အခုလိုမျိုး အဖယ်ရှားမခံရဘူး...........ဒါလဲ နဲနဲတွေးစရာပါ

မွတ်​စလင်​နိုင်​ငံမှာ​တောင်​သွားပြီး​တော့ဗုဒ္ဓသာသနာပြန်​ပွား​အောင်​​ဆောင်​​ရွက်​​နေတဲ့သာသနာပြုဆရာ​တော်​[အာဇာနည်​]တစ်​ပါးကိုအခုလို​ဆော်းကားတာမ​ကောင်းပါဘူး..ဗုဒ္ဓရဲ့လမ်းစဉ်​ကဘာလဲး..သိခံခြင်းမဟုတ်​ဘူးလာ..သိခံခြင်းမရိုဘဲး​အာဏာသုံးခြင်​ဟာ..ဗုဒ္ဓလမ်းစဉ်​မဟုတ်​ဘူး
စဉ်းစာ​တော်​မူကြပါဘုရား

better wait and see the outcome.
people like to know the true back ground cause.
sangha to sangha control by using dhamma;
sangha to sangha must follow the dhamma orders
if order is refusing,the government will taking over
and use the government order to settle the disputes.
this kind of action taken at the time of KING ASOKA,
of India about 2300 years ago that is 304 B.C.
traditionally it is a common practice;all kings and all governments taking the legal actions.
control of all disputes in their countries.
please look at British history,the king taken actions against the ABBOT of CANTERBURY.
please also look the record of BRITISH BURMA court order regarding "THA YET TAW KYAUNG TAIK".
in Rangoon.
one of the religious group sold the property to a buyer but authority of same religious could not control and stop the case...why?

may be this is a warning signs to all concern.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်