From :
.. မဇ္ဈိမ
မြန်မာနိုင်ငံတွင် အချိုးကျကိုယ်စားပြုစနစ် (ပီအာ)ကို ကျင့်သုံးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လက်ခံမည် မဟုတ်ဟု ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ဇွန်လ ၈ ရက်တွင် ပြောဆိုလိုက်သည်။
အင်န်အယ်ဒီ ပါတီအနေနှင့် လက်မခံနိုင်သဖြင့် ပါတီတွင်း ပီအာနှင့်ပတ်သက်၍ ဆွေးနွေးသွားမည် မဟုတ်ဟု ဦးဥာဏ်ဝင်းက ပြောသည်။
“ပီအာမှာပါတဲ့ အချက်တွေကို လက်ရှိ ဖွဲ့စည်းပုံ ဥပဒေက ခွင့်ပြုမလား၊ မပြုနိုင်ဘူး၊ အဲ့အတွက် ဖွဲ့စည်းပုံကို စဆုံးပြင်ရမယ်၊ နောက် ရွေးကောက်ပွဲ ဥပဒေပြင်ရမယ်၊ ရွေးကောက်ပွဲကော်မရှင် ဥပဒေပြင်ရမယ်၊ နောက်ပါတီ မှတ်ပုံတင်တဲ့ ဥပဒေတွေပါ အကုန်ပြင်ရမယ်၊ တကယ် အကောင်အထည်ဖော်မယ်ဆို ၂ဝ၁၄ ကြားဖြတ်မပြောနဲ့ ၂ဝ၁၅တောင် မဖြစ်နိုင်ဘူး" ဟု ဦးဥာဏ်ဝင်းက ဆိုသည်။
အချိုးကျကိုယ်စားပြု စနစ်မှာ မဲပေးသူများအနေနှင့် ကိုယ်စားလှယ်များကို ရွေးချယ်ရခြင်း မဟုတ်ဘဲ ပါတီကို ပေးရခြင်းဖြစ်ကာ မဲသတ်မှတ်ချက်ဖြင့် အချိုးကျခွဲဝေခြင်းဖြစ်သည်။ ပါတီကို မဲပေးသည့်အခါ မဲမရရှိသည့် ပါတီများအနေနှင့်လည်း ညွန့်ပေါင်းအစိုးရတစ်ခု ဖွဲ့စည်းနိုင်ပြီး ပါတီအားလုံးမှ ကိုယ်စားလှယ် အားလုံး ပါဝင်လာမည်ဖြစ်သည်။
ပီအာစနစ်ရည်ရွယ်ချက်မှာ ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီတိုင်းမှ ကိုယ်စားလှယ် တိုင်း လွှတ်တော်သို့ ရောက်ရှိနိုင်ရေးဖြစ်ကာ လက်ရှိမြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် နိုင်သူအကုန်ယူ (Winner Takes All-First Past the Post) စနစ်၏ အားနည်းချက်ကိုလည်း ပီအာလိုလားသူများက ပြုပြင်နိုင်ရန် ကြိုးစားနေကြခြင်းဖြစ်သည်။
PR စနစ်အား ကျင့်သုံးရန် ၁၉၉ဝ ခုနှစ်၊ ရွေးကောက်ပွဲ မကျင်းပမှီတွင် ရွေးကောက်ပွဲ ကော်မရှင်သို့ ဒီမိုကရေစီပါတီမှ တင်ပြခဲ့ခြင်းဖြစ်သည်။ တိုင်းရင်းသားပါတီများအနေဖြင့်လည်း ရွေးကောက်ပွဲတွင် မိမိတို့ အနိုင်ရရှိရန် ခက်ခဲသဖြင့် ထိုကဲ့သို့သော PR စနစ်ကို ကျင့်သုံးရန် (သို့) မဲအများဆုံးရရှိသူအား အနိုင်ပေးနှင့် PR စနစ် ရောယှက်ကျင့်သုံးရန် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် သဘောထားတင်ပြမှုများရှိခဲ့သည်။
.. www.MyanmarExpress.net

3 comments:
U Nyan Win Did not point out the constitutional clause that ruled out the PR system. I do not think there is any clause that bars any election system. It is up to recognized political parties that participate the election.
မိုးသီးဇွန် မြန်မာဗီဇာ လျှောက်မှု မြန်မာအာဏာပိုင်များက ဒုတိယအကြိမ် ထပ်မံ ငြင်းပယ်လိုက်ပြန်ပြီ
10 June
မြန်မာနိုင်ငံတွင်နေထိုင်ခွင့် ဗီဇာသက်တမ်း ကုန်နေသဖြင့် မြန်မာအာဏာပိုင်များ၏ မြန်မာနိုင်ငံတွင်နေထိုင်ခွင့် ငြင်းပယ်ခံခဲ့ရသည့် ၈လေးလုံး ကျောင်းသားခေါင်းဆောင် အမည်ခံ ABSDFလူသတ်သမား မိုးသီးဇွန်သည် ဇွန်လ(၉)၇က်နေ့က ဘန်ကောက်အခြေစိုက် မြန်မာသံရုံးကတဆင့် ဗီဇာသက်တမ်းတိုးပေးရန် ပြန်လျှောက်ရာမှာလည်း ထပ်မံ ငြင်းပယ်ခံခဲ့ရပြန်သည်။
"ကျနော့ကို ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ဗီဇာသက်တမ်းတိုးပေးဘို့ ငြင်းခဲ့တယ်" ဟု လူသတ်သမား မိုးသီးဇွန်က ဆိုသည်။
ABSDFလူသတ်သမား မိုးသီးဇွန်ကို မြန်မာ့လေကြောင်းလိုင်းပိုင် လေယာဉ်များကို စီးနင်းခွင့် မပြုစေ၇န် စာထုတ်ထားပြီးဖြစ်သည်ဟုလည်း သိ၇သည်။
မိုးသီးဇွန်သည် တောင်ပိုင်းABSDFတွင် ကျောင်းသား၇ဲဘော် ဌေးနိုင်ကို စစ်အစိုး၇၏သူလှျိုဖြစ်သည်ဟု မဟုတ်မမှန်စွပ်စွဲကာ လပေါင်းများစွာ ၇က်၇က်စက်စက် ငြင်းပမ်းနှိပ်စက်ပြီးမှ နောက်ဆုံးတွင်သတ်ဖြတ်၇န် အမိန့်ပေးမှုနှင့် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ရဲစခန်းမှ လူသတ်မှု၇ာဇသတ်ကြီးပုဒ်မ(၃၀၂)ဖြင့် အမှုဖွင့်ခွင့်ပြုထားခံ၇ပြီးသော ABSDFလူသတ်တ၇ားခံတစ်ဦး ဖြစ်သည်။
မန္တလေး ကျောင်းသားခေါင်းဆောင် ထွန်းအောင်ကျော်ကို သတ်မှုဖြင့် မန္တလေးတိုင်း ချမ်းအေးသာဇံမြိုနယ် အမှတ်(၈)ရဲစခန်းတွင် လူသတ်မှုဖြင့် တိုင်ချက်အဖွင့်ခံထား၇သူ ABSDFလူသတ်တ၇ားခံ နောက်တစ်ဦးမှာ ဒေါက်တာနိုင်အောင် ဖြစ်သည်။
ABSDFလူသတ်မှုများ၏ အဓိကလူသတ်တရားခံ ဒေါက်တာနိုင်အောင်သည် ကျောင်းသားတပ်မတော် မြောက်ပိုင်း နှင့် တောင်ပိုင်းတွင် ရှစ်လေးလုံးအရေးတော်ပုံ ပါဝင်လှုပ်ရှားခဲ့သော ကျောင်းသားပေါင်း ၁၀ဝ ကျော်ကို ရက်ရက်စက်စက် ငြင်းပမ်းနှိပ်စက်ကာ ကျောင်းသား၇ဲဘော် ၄၀ ကျော်ကို အချင်းချင်း သတ်ဖြတ်ခဲ့သည့် ABSDF လူသတ်မှုများ၏ အဓိကလူသတ်တရားခံ ဖြစ်သည်။
နိုင်ငံတော်နဲ့ပြည်သူ့အကျိုးစီးပွားအတွက် အန္တရာယ်ရှိတဲ့ မိုးသီးဇွန် တို့လို လောက်ကောင်တွေ လူသတ်သမားတွေကို ပြည်ဝင်ခွင့်မပေးတာ မှန်ပါတယ်။
သိပ်ကောင်းပါတယ်။
သာဓုခေါ်ပါတယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်